Saturday 21 April 2012

PUT ရဲ့ ထူးထူးခြားခြား အသုံးများ

အင်္ဂလိပ် ကြိယာတွေကို preposition တွေနဲ့ တွဲလိုက်တယ့် အခါ ထူးထူးခြားခြား အဓိပ္ပာယ်တွေထွက်လာပါတယ် ကျွန်တော် စုဆောင်းထားတယ့် Phrasal verb အချို.ကို မျှဝေ ပေးလိုက်ပါတယ် ။

(1) put about (a) သင်္ဘော လမ်းကြောင်းပြောင်းသည် ။
The captain put about the ship .
(b) စိတ်ဒုက္ခရောက် ၊ စိတ်မချမ်းမသာ ဖြစ်သည် ။
It was very much put about by the loud music .
(c) သတင်း ကောလဟာလ ပြန့်သည် ။
Don't believe all the news that are being put about
nowadays .

(2) put aside (a) ဘေးသို့ဖယ်သည် ။ ချထားသည် ။
She put aside the magazine and went to open the door .
(b) ငွေ စုဆောင်းသည် ။
Mg Mg put aside some money for his birthday party .
(c) လျစ်လျူရှုသည် ။ ဂရုမစိုက်ပဲ နေသည် ။
You can't put aside the fact that Bo Aung San was the
father of the Armed Forces .

(3) put away (a) စွန့်လွှတ်သည် ။
He had to put away all ideas of joining the University
when his father died .
(b) အစားအသောက် အလွန်အကျူး စားသည် ။
That fellow is astonishing . He can put away five plates
of fried noddles in one sitting .
(c) လူကို စိတ္တဇဆေးရုံ ပို့သည် ။
He was put away because he was insane .
(d) တိရစ္ဆာန်ကို ( နာရျွ် ၊ အိုရျွ်) သတ်သည် ။
The horse was so old and weak that it had to be put away .
(e) သိမ်းသည် ။ နေရာတကျ ပြန်ထားသည် ။
The teacher told her pupils to put their books away .

(4) put back (a) ပြန်ထားသည် ။
Put the dictionary back on the shelf .
(b) တိုးတက်မှု နှောင့်နှေးစေသည် ။
The strike by the workers has put back production .
(c) သင်္ဘော ပြန်လာသည် ။
The ship put back to harbour .
(d) နာရီကို နောက်ပြန်ရွေ့သည် ။
The clock is fast . Put it back ten minutes .

(5) put by (a) အိုစာမင်းစာ အတွက် စုဆောင်းသည် ။
You should put by at least a quarter of your income .

(6) put down as (a) ထင်မြင်ယူဆသည် ။ (think နဲ့ တူပါတယ် ။)
Don't lie to me . Do you put me down as a fool ?

(7) put forward (a) အကြံအစည် အယူအဆကို တင်ပြသည် ။
The theory was put forward to the committee for consideration .
(b) နာရီကို ရှေ့သို့ ရွှေ့သည် ။
Your watch is slow . Put it forward five minutes .

(8) put down (a) စာဖြင့် ရေးမှတ်သည် ။
Here is my address . Put it down before you forget it .
(b) နှိမ်နှင်းသည် ။
The king ordered the general to put down the rebellion .

(9) put in (a) စကား ကြားဖြတ် ၀င်ပြောသည် ။
It was rude to put in while someone is talking .
(b) သင်္ဘော ဆိပ်ကမ်း တစ်ခုတွင် ၀င်နားသည် ။

(10) put off (a) အချိန် ရွေ့သည် ။
Don't put off going to the dentist .
The meeting was put off because the headmaster was ill .
(b) သင်္ဘော ထွက်ခွာသည် ။
The ship put off from the jetty on time . ( ဒီဝါကျမှာ on time ဆိုတာ
အချိန်မှန်တာကို ပြောတာပါ ။ in time ဆိုရင်တော့ အချိန်မှီပေါ့ ။ jetty ဆို
တာက သင်္ဘော ကပ်တယ့် ဘောတံတား ၊ ဆိပ်ခံ ဘောတံတားကို ပြောတာ
ပါ။ )

(11) put on (a) ၀တ်ဆင်သည် ။ (အင်္ကျီ ၊ ဦးထုပ် ၊ ဖိနပ် စသည် ။ )
She puts on her uniform before going to school .
(b) ဟန်ဆောင်သည် ။
Her modesty is all put on . ( modesty ဆိုတာ နှိမ့်ချတာ ၊
ပလွှားတာကို ဆိုတာပါ ။)


by snm
Myanmar Network

0 comments:

Post a Comment