Saturday 21 April 2012

ချီးမွမ်းပြောဆိုနည်း (How to pay a compliment)


နည်းလမ်းတကျ ချီးမွမ်းပြောဆိုတတ်ဖို့ လေ့လာထားပါ။


  • Man: Good morning!
    အမျိုးသား - နှုတ်ဆက်စကား
    Woman: Morning!
    အမျိုးသမီး - တုံ့ပြန်နှုတ်ဆက်
  • Man: By the way, I just wanted to say well done on clinching that deal!
    အမျိုးသား - စကားမစပ် ပြောရဦးမယ်။ အဲဒီသဘောတူညီချက်ရအောင်လုပ်လိုက်တာ သိပ်ကောင်းတာဘဲ။
    Woman: Oh, thanks. It wasn’t too difficult.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ သိပ်မခက်ပါဘူး။
  • Man: You’re being modest! You did really well.
    အမျိုးသား - ကိုယ့်ကိုယ်ကို နှိမ့်ချပြောတာပါ။ တကယ်တော့ အင်မတန် တော်တဲ့ လုပ်ရပ်ပါ။
    Woman: Thank you.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
  • Man: You’re a great manager, you know.
    အမျိုးသား - ခင်ဗျားက အင်မတန်တော်တဲ့ မန်နေဂျာဘဲ သိတယ်မဟုတ်လား။
    Woman: Do you think so?
    အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
  • Man: Oh yeah.
    အမျိုးသား - ထင်ပါတယ်။
    Woman: I appreciate that. (Pause)
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
    (ခေတ္တငြိမ်သက်)
  • Man: Have you cut your hair?
    အမျိုးသား - ဆံပင်ညှပ်ထားလား။
    Woman: Oh yes, I did actually. Thanks for noticing!
    အမျိုးသမီး - ဟုတ်တယ်။ ညှပ်လိုက်တယ်။ သတိပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • Man: Where did you get it done?
    အမျိုးသား - ဘယ်မှာညှပ်တာလဲ။
    Woman: Oh, just thatplace on the high street.
    အမျိုးသမီး - လမ်းမတန်းက ဆိုင်မှာပါ။
  • Man: They did a great job and it looks great with the out fit.
    အမျိုးသား - ဆံပင်ညှပ်တဲ့သူတွေ တကယ်တော်တာဘဲ၊ အ၀တ်အစားနဲ့လည်း သိပ်လိုက်တယ်။
    Woman: Do you think so?
    အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
  • Man: Oh yeah. Very …fashionable.
    အမျိုးသား - ထင်ပါတယ်၊ သိပ် ဖက်ရှင်ကျတာဘဲ။
    Woman: Oh, it’s just an old thing.
    အမျိုးသမီး - ပုံဟောင်းနေပါပြီ။
  • Man: Well, you’ve got a great sense of style.
    အမျိုးသား - ခင်ဗျား စတိုင် သိပ်ကောင်းတာဘဲ။
    Woman: Thank you, youtoo.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ ရှင်လည်း ဒီလိုပါဘဲ။
  • Man: Thank you.
    (pause)
    အမျိုးသား - ကျေးဇူးတင်ပါတယ်။
    (ခေတ္တငြိမ်သက်)
  • Man: Nice perfume, too.Is that Dream?
    အမျိုးသား - ရေမွှေးလည်းကောင်းတယ်နော်။ Dream ရေမွှေးလား။
    Woman: Well, yes it is,actually.
    အမျိုးသမီး - ဟုတ်တယ်။
  • Man: You wear it well.
    အမျိုးသား - ခင်ဗျားနဲ့ လိုက်တယ်။
    Woman: I’m flattered.
    အမျိုးသမီး - သိပ်မြှောက်တာဘဲ။
    Man: My pleasure.
    အမျိုးသား - တကယ်ပြောတာပါ။
  • Woman: Listen, do you want something?
    အမျိုးသမီး - နေပါဦး။ ရှင်တစ်ခုခု လိုချင်တာရှိလို့လား။
    Man: No. I’m just being polite, you know.
    အမျိုးသား - မရှိပါဘူး။ စကားကို ယဉ်ကျေးအောင် ပြောတာလေ။
    Woman: Hmmm.
    အမျိုးသမီး - သြော်။
by Saw Hosea
Myanmar Network

0 comments:

Post a Comment