Monday 23 April 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ 3

call/     crack/      hand/      mind/      move

That's what I call ...  (ဒါမျိုးမှ …. လို့ခေါ်တာ)

You say that's what I call when you think that something is very good, as though it were a perfect example: 
(ဒါမျိုးမှ….လို့ခေါ်တာ (that’s what I call..) ဆိုတဲ့ အသုံးအနှုန်းကို အရာတစ်ခုခုသည် စံနမူနာယူလောက်အောင် ကောင်းတယ်လိုံ့ ထင်တဲ့အခါမှာ သုံးပါတယ်။)

  • Now that's what I call a good cup of tea.
    (ကဲ။ ဒါမျိုးမှ လက်ဖက်ရည်ကောင်းတစ်ခွက် လို့ခေါ်တာ။)
  • That's what I call a fine portrait.
    (ဒါမျိုးမှ ပုံတူ ပန်းချီကားကောင်းတစ်ချပ် လို့ခေါ်တာ။)

Get cracking (မြန်မြန်လုပ်)

You say get cracking in an informal context when you mean that there is a need for hurry or speed:
(မြန်မြန်လုပ် (get cracking) ကို ရင်းနှီးတဲ့အခြေအနေမှာ အလောတကြီးဆောင်ရွက်ဖို့ လိုအပ်တဲ့အခါ အရှိန်မြှင့်တင်ပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့အခါ ပြောပါတယ်။)

  • Get cracking! That work has to be finished today!
    (မြန်မြန်လုပ်! ဒီအလုပ်က ဒီနေ့ပြီးမှဖြစ်မှာ။)
  • We should get cracking. The last bus leaves in half-an-hour.
    (ငါတို့ မြန်မြန်လုပ် မှပဲ။ နောက်ဆုံး ဘတ်(စ)ကားက နောက်နာရီဝက်နေရင် ထွက်တော့မှာ။)

You've got to hand it to (…ကို အသိအမှတ်တော့ ပြုရမယ်။)

You say you've got to hand it to someone when you mean that someone is very successful or skilful in some way and deserves to be praised:
(… ကို အသိအမှတ်တော့ ပြုရမယ် (you’ve got to hand it to) ဆိုတဲ့အသုံးအနှုန်းကို တစ်စုံတစ်ယောက်က နည်းလမ်းတစ်ခုခုနဲ့ အောင်မြင်သွားတဲ့အတွက် (သို့) ကျွမ်းကျင်သွားတဲ့အတွက် ချီးကျူးသင့်တဲ့အခါတွင် သုံးပါတယ်။)

  • Meg's not very popular in the firm, but you've got to hand it to her. She's a very good salesperson.
    (မက်(ဂ) (Meg) ကို အလုပ်ထဲမှာတော့ လူတွေက သိပ်သဘော မကျကြပေမယ့် သူမကိုအသိအမှတ်တော့ပြုရမယ်။ သူမက အလွန်တော်တဲ့ အရောင်းစာရေးမပဲ။)
  • You've got to hand it to Bob. He's not one of the brightest students, but he worked very hard and passed all his exams.
    (ဘော့(ဘ) (Bob) ကိုအသိအမှတ်တော့ပြုရမယ်။ သူဟာ အတော်ဆုံးကျောင်းသားတွေထဲက တစ်ယောက်တော့ မဟုတ်ပေမယ့် သူက အရမ်းကြိုးစားပြီး စာမေးပွဲအားလုံးကို အောင်သွားတယ်။)

Never mind! (ကိစ္စမရှိပါဘူး။ နေပါစေ)

You say never mind! to someone to tell them that something is not important and does not matter:
(ကိစ္စမရှိပါဘူး / နေပါစေ (never mind!) ကို လူတစ်ဦးတစ်ယောက်အား အကြောင်းအရာတစ်ခုခုသည် အရေးမကြီးကြောင်း နေလို့ရကြောင်းပြောလိုတဲ့အခါတွင် သုံးပါတယ်။)

  • 'I'm going to be a bit late for the meeting.'
    (ငါအစည်းအဝေးကို နည်းနည်းနောက်ကျမယ်။)
    'Never mind!
    The important business is at the end.'
    (ကိစ္စမရှိဘူး။ အရေးကြီးတဲ့ ကိစ္စက နောက်ဆုံးမှပါ။)
  • 'I'm sorry. I've spilt some wine on the tablecloth.'
    (တောင်းပန်ပါတယ်။ စားပွဲခင်းပေါ်ကို ၀ိုင် နည်းနည်းပေသွားတယ်။)
    'Never mind!
    The stain will wash out.'
    (ကိစ္စမရှိပါဘူး။ အစွန်းက လျော်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။)

Get a move on (မြန်မြန်လုပ်)

You say get a move on in an informal context when you mean that there is a need for hurry or speed:
(မြန်မြန်လုပ် (get a move on) ကို ရင်းနှီးတဲ့ အခြေအနေမှာ အလောတကြီးဆောင်ရွက်ဖို့လိုတဲ့အခါ (သို့) အရှိန်မြှင့်တင်ပြီးဆောင်ရွက်ဖို့လိုတဲ့အခါမှာ အသုံးပြုပါတယ်။)

  • Get a move on! You're going to be late for school.
    (မြန်မြန်လုပ်! မင်းကျောင်းနောက်ကျတော့မယ်။)
  • We must get a move on or we'll be late for dinner.
    (ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်။  မဟုတ်ရင် ညစာစားဖို့အတွက် နောက်ကျကြလိမ့်မယ်။

problem/      rest/       step/      think

No problem! (ပြဿနာမရှိပါဘူး)

You say no problem! when you think that something will be easy to do or get:
(ပြဿနာမရှိပါဘူး (no problem!) ကို အကြောင်းအရာတစ်ခုခုကို လွယ်လင့်တကူလုပ်နိုင်တယ် (သို့) ရရှိနိုင်တယ်လို့ ထင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။)

  • 'I need my car back by Saturday'
    ငါ့ကားကို စနေနေ့ ပြန်လိုချင်တယ်။
    'No problem!
    It will be ready by tomorrow evening.'
    ပြသနာမရှိပါဘူး။
    နက်ဖြန်ညနေဆိုရင် အဆင်သင့် ဖြစ်နေပါပြီ။
  • 'I'm looking for a one-bedroom flat in this area.'
    ဒီရပ်ကွက်ထဲမှာ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ရှာနေပါတယ်။
    'No problem!
    There are quite a few vacant just now.'
    ပသနာမရှိပါဘူး။ အခုလောလောဆယ် လွတ်နေတဲ့အခန်းအချို့ ရှိနေပါတယ်။

You can also say no problem! to show that you can do something that somebody has asked you to do and that you are willing to do so:
(ရပါတယ်/ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က သင့်အား တစ်စုံတစ်ခု လုပ်ပေးရန်တောင်းဆိုသည်ကို  လိုလို လားလား လုပ်ပေးချင်ကြောင်း ဖေါ်ပြသည့် အနေဖြင့် ပြောနိုင်သည်။)

  • 'Can you mend this torn dress for me?'
    ဒီပြဲနေတဲ့ ဂါဝန်ကို ချုပ်ပေးနိုင်မလား?
    'No problem! It will be ready tomorrow.'
    ရပါတယ်၊ နက်ဖြန်ဆိုရင် အသင့်ဖြစ်နေပါပြီ။

You can also use no problem! as an informal reply when somebody thanks you for doing something:
(ရပါတယ်။ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က ကျေးဇူးတင်စကားပြောရာတွင်လည်း ရင်းနှီးစွာ တုန့်ပြန်သည့် အနေဖြင့် သုံးနိုင်သည်။)

  • 'Thanks for giving me a lift to the station.
    ဘူတာရုံကို ကားကြုံတင်လာတဲ့အတွက် ကျေးဇူးပါ။
    'No problem!'
    ရပါတယ်။ ကိစ္စမရှိပါဘူး

And the rest (ကျန်တာကရော)

You say and the rest to show that the actual number or amount of something is more than has been stated:
(ကို တစ်စုံတစ်ခု၏ အရေအတွက် (သို့) ပမာဏသည် ဖော်ပြထားသည်ထက် ပိုမိုများပြားနေသည်ကို ဖော်ပြလိုပါက သုံးပါသည်။)

  • 'A car like that would cost about $60,000.'
    ဒီလိုကားမျိုးက ဒေါ်လာ ၆၀ ၀၀၀ လောက်တော့ ပေးရမယ်။
    'And the  rest! I'd say nearer $70,000.'
    ကျန်တာကရော!  ကျွန်တော့် အမြင်ပြောရရင် ဒေါ်လာ ၇၀ ၀၀၀ နားကပ်နေတယ်။
  • It’ll take us at least three days to finish this work.'
    ဒီအလုပ်ကိုပြီးဖို့ အနည်းဆုံး ၃ ရက်လောက်တော့ ငါတို့လိုလိမ့်မယ်။
    'And the  rest! Only half the workers are working on this project.
    ကျန်တာကရော!   ဒီစီမံကိန်းမှာ အလုပ်သ္မားက တစ်ဝက်ပဲ အလုပ်လုပ်နေတာ။

Step on it (မြန်မြန်မောင်းပါ)

You say step on it in an informal context when you mean that there is a need for hurry or speed, especially with reference to driving a car:
(မြန်မြန်မောင်းပါ (step on it) ဆိုတဲ့ အသုံးအနှုန်းကတော့ ကားမောင်းတာနဲ့ ပိုပြီး ဆီလျော်ပါတယ်။ အဓိပ္ပါယ်ကတော့ အလျင်လိုတယ် မြန်မြန်မောင်းပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။)

  • You'll have to step on it or be late for the interview.
    မန်မြန်မောင်းပါ ! မဟုတ်ရင် အင်တာဗျူးနောက်ကျတော့မယ်။
  • Step on it. I promised my mother that we wouldn’t be late for lunch.
    မြန်မြန်မောင်းပါ !
    အမေ့ကို နေ့လည်စာစားဖို့နောက်မကျပါဘူးလို့ ကတိပေးထားတယ်။

I thought as much (ငါ ထင်သားပဲ)

You say I thought as much when you have found out that you were right about something that you thought or suspected:
ငါထင်သားပဲ (I thought as much) ကို တစ်စုံတစ်ရာအား သင်တွေးထင် (သို့) သံသယရှိထား တဲ့အတိုင်း ဟုတ်မှန်နေသည့်အခါတွင် အသုံးပါပြုပါသည်။)

  • I thought as much. That boy who's making all the noise is our neighbour's son.
    ငါထင်သားပဲ။
    အဲဒီဆူညံသံတွေကို လုပ်နေတဲ့ ကောင်လေးက ငါတို့ အိမ်နီးချင်းရဲ့ ကလေးပဲ။
  • I thought as much. The girl who got the job is the manager's daughter.
    ငါထင်သားပဲ။
    အလုပ်ရသွားတဲ့ကောင်မလေးက မန်နေဂျာရဲ့ သမီးပဲ။

Beat/     Come/      Die/     First/     Habit

It beats me (ငါတော့နားမလည်နိုင်ဘူးကွာ)

You say it beats me when you cannot understand something.
(It beats me (ငါတော့နားမလည်နိုင်ဘူးကွာ) ဆိုတဲ့အသုံးအနှုန်းကို အကြောင်းအရာ တစ်ခုခုကို နားမလည် တဲ့အခါမှာ အသုံးပြုပါတယ်။)

  • It beats me why Jack stays with this firm. He could get a much better job elsewhere.
    (ဂျက်(ခ)(Jack)ဟာ ဘာ့ကြောင့် ဒီကုမဏီမှာ ဆက်နေတယ် ဆိုတာကို ငါတော့နားမလည်နိုင်ဘူးကွာ။ တခြားနေရာမှာဆိုရင် ဒီထက်ပိုကောင်းတဲ့အလုပ်ရနိုင် ရဲ့သားနဲ့။)
  • It beats me why Jim decided to work in the family factory. He could have gone to university.”
    ဂျင်(မ)(Jim) ဟာ ဘာ့ကြောင့် မိသားစုစက်ရုံမှာ ၀င်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်တာလဲ ဆိုတာကို ငါတော့ နားမလည် နိုင်ဘူးကွာ။ တက္ကသိုလ် သွားနိုင်ရဲ့သားနဲ့။)

Come off it! (သွားစမ်းပါ/လုပ်မနေစမ်းပါနဲ့)

You say come off it! to someone ,informally and rather rudely , when you think that they have said something that
You disagree with or that you think is untrue or stupid:
(သင့်အနေနဲ့ သဘောမတူတဲ့ အကြောင်းအရာ တစ်ခုခု (သို့) မမှန်ဘူး (သို့) အဓိပါယ်မရှိဘူး လို့ထင်နေတဲ့ အကြောင်းအရာတစ်ခုခုကို တစ်စုံတစ်ယောက်က ပြောလာတဲ့အခါ ထိုသူအား come off it! (သွားစမ်းပါ/လုပ်မနေစမ်းပါနဲ့!) လို့ပြောပါတယ်။ ရင်းနှီးပြီး သိပ်မယဉ်ကျေးလှတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

  • “I think Dad’s mean not to give me the money for that dress.”
    (အဲဒီအကျီ င်္ ၀ယ်ဖို့အတွက် အဖေပိုက်ဆံ မပေးတာကတော့ ကပ်စေးနဲလွန်းတယ်လို့ ငါထင်တယ်။)
    Come off it, Meg! He gave you money for clothes only yesterday.”
    (လုပ်မနေစမ်းပါနဲ့မဂ်(ဂ)ရာ! အ၀တ်အစားအတွက် ပိုက်ဆံကို မနေ့ကပဲ မင်းကို အဖေပေးတယ်လေ။)
  • “I hope our team wins today.”
    (ဒီနေ့ ငါတို့အသင်း နိုင်ဖို့ မျှော်လင့်ပါတယ်)
    Come off it! Three of our best players are injured. We’re bound to lose.
    (သွားစမ်းပါ! ငါတို့ရဲ့ အကောင်းဆုံး အားကစားသမား သုံးယောက်က ထိခိုက်ဒဏ်ရာ ရထားတယ် ငါတို့ရှုံးမှာသေချာနေပါတယ်။)

I’m dying for (………….. ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ)

You say that you are dying for something in an informal context if you want it very much.
(ရင်းနှီးတဲ့ အခြေအနေမျိုးမှာ အရာ တစ်ခုခုကို အရမ်း လိုချင်တဲ့အခါ I’m dying for…..(……….ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ။)  ဆိုတဲ့အသုံးအနှုန်းကို အသုံးပြုပါတယ်။)

  • “It’s very hot and I’m dying for a glass of cold water.” (ပူလိုက်တာ၊ရေအေးအေးလေး တစ်ခွက်လောက် သောက်ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ။)
  • I’m dying for something to eat. I haven’t eaten since breakfast. (တစ်ခုခု စားချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ မနက်စောစောစာ စားပြီးကတည်းက ဘာမှမစားရသေးဘူး။)

First things first (အရေးကြီးတာ အရင်လုပ်ရအောင်)

You say first things first to show that what you think is the most important thing should be done first before anything else:
(first things first (အရေးကြီးတာ အရင်လုပ်ရအောင်) ကို သင့်အနေနှင့် အရေးကြီးဆုံးလို့ထင်တဲ့ အကြောင်းအရာကို တစ်ခြားကိစ္စ တွေထက် အရင်ဦးဆုံးလုပ်ရမယ်လို့ ပြောချင်တဲ့အခါ သုံးပါတယ်။)

  • We've a lot to do this morning, but first things first. Let's open the mail.
    (ငါတို့ ဒီမနက်လုပ်စရာအများကြီးရှိတယ်၊ ဒါပေမယ့် အရေးကြီးတာ အရင်လုပ်ရအောင်။  စာတွေ ဖောက်ရအောင်။)
  • The police will want to investigate the cause of the accident, but first things first. We must attend to the injured.
    (ရဲတွေ့တော့ မတော်တဆထိခိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံးစမ်းချင်မှာပဲ၊ ဒါပေမယ့် အရေးကြီးတာ အရင်လုပ်ရအောင်။ ဒါဏ်ရာရထားတဲ့လူတွေကို ပြုစုရအောင်)

Why break the habit of a lifetime? (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မှာလဲ?)

You say why break the habit if a lifetime? as rather a rude, disapproving comment about someone who is doing something, usually something annoying or unpleasant, that they are in the habit of doing:
(တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မှာလဲ? (why break the habit of a lifetime?) ကို လူတစ်ဦးတစ်ယောက်ဟာ သူ့အကျင့်အတိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ (သို့) မနှစ်သက်စရာ ကိစ္စတစ်ခုခုကို လုပ်နေတဲ့အခါ ထိုသူကို ရည်ရွယ်ပြီးပြောတဲ့စကားဖြစ်ပါတယ်။ မယဉ်ကျေးတဲ့အပြင် သဘောမကျကြောင်းကိုပါ ဖော်ပြသော စကား ဖြစ်ပါတယ်။)

  • 'We all bought John drinks but he left without buying us any.'
    (ကျွန်တော်တို့အားလုံးက ဂျွန် (John) ကို အရက်ဝယ်တိုက်ပေမယ့် သူကတော့ ကျွန်တော်တို့ကို ဘာမှဝယ်မတိုက်ဘဲ ပြန်သွားတယ်
    Why break the habit of a lifetime?
    John is too mean to buy anyone a drink.'
    (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မလဲ။ ဂျွန်(John) က တစ်ခြားသူတွေကို အရက်ဝယ်တိုက်ဖို့ ကပ်စေးနည်း လွန်းတယ်) 
  • 'I'd like to go to the beach but Sue is insisting on going shopping.'
    (ကျွန်မက ပင်လယ်ကမ်းခြေကို သွားချင်ပေမယ့်၊ ဆူး (Sue) ကတော့ဈေးသွားဝယ်ထွက်ဖို့ကိုပဲ ဇွတ်ပြောနေတယ်)
    Why break the habit of a lifetime?
    All Sue ever wants to do on holiday is to go round the shops.'
    (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မလဲ? ပိတ်ရက်မှာ ဆူး(Sue) အမြဲတမ်းလုပ်ချင်တာကတော့ ဈေးဝယ် ထွက်ဖို့ပဲ)

Pass!/  Take it from me/  I'll tell you what! /  What a thought! /  About time too!

Pass! (ထားလိုက်ပါ/ရှိပါစေ)

You say pass! in an informal context when you cannot or do not want to answer a question.
(Pass(ထားလိုက်ပါတော့ /ရှိပါစေတော)့ကို မေးခွန်းတစ်ခုခုကို မဖြေနိုင်တဲ့အခါ (သို့) မဖြေချင်တဲ့အခါ အသုံးပြုပါတယ်။)

  • 'How can Jim possibly prefer Sue to his beautiful wife?'
    ( ဘယ်လိုလုပ်ပြီး ဂျင်(မ)(Jim)ဟာ ချောမောလှပတဲ့ သူ့မိန်းမထက် ဆူ(Sue)ကို ပိုပြီးတော့ နှစ်သက်နေရတာလဲ?)
    'Pass!
    It seems unbelievable.'
    (ယုံချင်စရာ မကောင်းပေမဲ့လည်း ထားလိုက်ပါ!။)
  • 'Do you think Tom's a good workman?'
    တွမ်(Tom)ဟာ လုပ်သားကောင်းတစ်ယောက်လို့ မင်းထင်လား?)
    'Pass!
    He's my brother-in-law.'
    (ထားလိုက်ပါ!။ သူဟာငါ့ရဲ့ ယောက်ဖပါ။)

The expression pass! comes from a quiz or a game show where a contestant cannot answer a question. (Pass ! ဟူသော အသုံးအနှုန်းသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးဦးက မေးခွန်းကို မဖြေနိုင်သော ပဟေဠိ (သို့) ကစားနည်း အစီအစဉ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။)

Take it from me (ငါပြောတာကိုယုံ)

You say take it from me when you ask someone to believe or accept what you say:
(take if from me(ငါပြောတာကိုယုံ) ကို တစ်စုံတစ်ယောက်အား သင်ပြောသည်ကို ယုံကြည်လာစေရန် (သို့) လက်ခံလာစေရန် တိုက်တွန်းရာတွင် ပြောသည်)

  • Take it from me. Anne is not to be trusted.
    (ငါပြောတာကိုယုံ၊ Anne (အန်း(န))က ယုံကြည်လောက်စရာ မရှိဘူး။)
  • Take it from me. Jack will be a famous actor one day.
    (ငါပြောတာကိုယုံ။  Jack (ဂျက်) က တစ်နေ့ကျရင် နာမည်ကြီး မင်းသား ဖြစ်လာလိမ့်မယ်။)

I'll tell you what! (ငါပြောပြမယ်!)

You use I'll tell you what! when you wish to suggest something: (I’ll tell you what (ငါပြောပြမယ်) ကို အကြံ တစ်စုံတစ်ခု ပေးလိုလျှင် သုံးသည်)

  • 'It's Dad's birthday next week and I can't think what to give him.'
    (နောက်တစ်ပါတ်ဆို အဖေ့မွေးနေ့ပဲ။ သူ့ကိုဘာပေးရမလဲ စဉ်းစားလို့မရသေးဘူး။)
    I’ll tell you what!
    We could give a surprise party for him.'
    (ငါပြောပြမယ်! သူ့ကို မထင်မှတ်ထားတဲ့ ပါတီလုပ်ပေးလိုက်ရအောင်။)
  • 'I've asked some people to dinner tonight and I can't think what to cook for them.
    ( လူအနည်းငယ်ကို ညစာစားဖို့အတွက် ဒီည ငါဖိတ်ထားတယ်။ ငါဘာချက်ပေးရမလဲ မသိသေးဘူး။)
    I”ll tell you what! Let's have a barbecue!'
    ငါပြောပြမယ်! အသားကင် လုပ်စားရအောင်!)

What a thought! (စိတ်ညစ်လိုက်တာ)

You say what a thought! when you refer to what you think is a very unpleasant  idea.
(What a thought! (စိတ်ညစ်လိုက်တာ) ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းအရာတစ်ခုခုသည်  နှစ်သက်စရာမကောင်းဘူးလို့ ယူဆတဲ့အခါမှာ အသုံးပြုပါတယ်။)

  • 'Perhaps your father will marry Sara?'
    (မင်းအဖေ ဆာရာ့(Sara) ကို လက်ထပ်ဖြစ်မှာလား?)
    'What a thought!
    We all dislike her'.
    ( စိတ်ညစ်လိုက်တာ! သူ့ကို ငါတို့အားလုံးက  ဒီလောက်မုန်းတာ။)
  • According to the weather forecast we're going to have a long, cold winter.
    (မိုးလေ၀သ သတင်းထုတ်ပြန်ချက်အရ ရှည်လျားပြီး အေးတဲ့ဆောင်းရာသီနဲ့ ကြုံရဦးမယ်။)
    What a thought!
    I think I’ll emigrate to somewhere warm and sunny!')
    (စိတ်ညစ်လိုက်တာ! ငါတော့ နွေးပြီး နေသာတဲ့ အခြားတစ်နေရာရာကို ပြောင်းရွှေ့ဦးမှပဲ။)

About time too! (…………ပေဦးမှပဲ )

You say - about time too! When you mean that someone is late or has taken a long time to do something.
(About time too!(............ပေဦးမှပဲ)  ကို တစ်ဦးတစ်ယောက်က အချိန်နောက်ကျပြီး ရောက်လာတဲ့အခါ (သို့) အလုပ်တစ်ခုခုကို အချိန်အကြာကြီးဆွဲ လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။)

  • About time too! I thought you were going to miss the train.”
    (ရောက်လာပေဦးမှပဲ! မင်းရထား မမှီတော့ဘူးလို့ ထင်နေတာ။)
  • “I’ve finished digging the garden”.(ပန်းခြံထဲမှာ မြေကြီးတူးလို့ ပြီးပါ ပြီ။)
    About time too!
    I thought that you would have finished it yesterday.’
    (တူးပြီးပေဦးမှပဲ! မနေ့ကတည်းက တူးလို့ပြီးသွားမယ်ထင်နေတာ။)

 

You and me both!/   guess what?/   we've had it!/   not likely!/   I'm out of here!

You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ)


You say you and me both in an informal context when you agree with someone.
(You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ) ကို တစ်စုံတစ်ယောက်နှင့် သဘောတူသည့်အခါတွင် အချင်းချင်း ရင်းနှီးသည့် အသုံးအနှုန်းအဖြစ် သုံးသည်။)


  • ‘I like to spend my holidays somewhere sunny’
    (ငါ့ရဲ့အားလပ်ရက်တွေကို နေသာတဲ့ တစ်နေရာရာမှာ ကုန်ဆုံးချင်တယ်။)
    'You and me both!'

    (ငါရောပဲ!)
  • ‘I don't like flying.'
    (ငါလေယာဉ်ပျံ စီးရတာ မကြိုက်ဘူး။)
    'You and me both!’
    I'd far rather go by train
    (ငါရောပဲ)။ ဖြစ်နိုင်ရင် ရထားနဲ့ပဲသွားချင်တယ်။)

Guess what? (မထင်မိဘူးဟုတ်လား?)


You say guess what? when you want to tell someone something surprising or exciting:
(guesswhat?(မထင်မိဘူးဟုတ်လား?) ကို တစ်စုံတစ်ယောက်အား အံ့သြစရာကောင်းသော(သို့) စိတ်လှုပ်ရှားစရာ ကောင်းသော  အကြောင်းအရာ တစ်ခုခုကို ပြောရာတွင် အသုံးပြုပါသည်။)

  • Guess what?Jill and Pete are expectinga baby.
    (မထင်မိဘူးဟုတ်လား?။ ဂျေ(လ) (Jill) နဲ့ ပီတာ (Peter) တို့ ကလေးရတော့မယ်။)
  • Guess what? I've won a prize in a holiday competition. Would you like to come to Italy with me?
    (မထင်မိဘူးဟုတ်လား? အားလပ်ရက်ပြိုင်ပွဲတစ်ခုမှာ ငါဆုရထားတယ်။ မင်းငါနဲ့အတူတူ အီတလီလိုက်ချင်လား?)

You’ll never guess ကိုလည်း အလားတူ သုံးနိုင်ပါတယ်။

You’ll never guess what happened. I’ve got a part in a TV play.
(ဘာဖြစ်လာတယ်ဆိုတာမထင်မိဘူးဟုတ်လား? ။ ကျွန်တော် တီဗွီ (TV) အစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရလာတယ်။)

We've had it! (ပြဿနာတက်ပြီ!)


You say we've (or I've, you've, he's, etc) had it! when someone is likely to be in trouble or danger or to experience something unpleasant.
(we've (or I've, you've, he's, etc) had it! (ပြဿနာတက်ပြ!ီ)ကို တစ်စုံတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုရင် (သို့) အန္တရာယ်ကြုံတွေ့ရတောမယ်ဆိုရင် (သို့) မနှစ်သက်စရာတစ်ခုခုကို ရင်ဆိုင်ရတော့မယ်ဆိုရင် ပြောတတ်ပါတယ်။

  • We've had it!The teacher's found out thatwe've been playing truant!
    (ငါတို့တော့ ပြဿနာတက်ပြီ! ငါတို့ကျောင်းပြေးတာ ဆရာသိသွားပြီ။)
  • You've had it! Mum knows that you stayed out all night!
    (မင်းတော့ ပြဿနာတက်ပြီ! အပြင်မှာတစ်ညလုံးမင်းနေနေတယ်ဆိုတာ အမေသိသွားပြီ။)

Not likely!  (မဖြစ်နိုင်ပါဘူး/လုံးဝပဲ)


You say not likely! to mean that you definitely will not do something: (not likely (မဖြစ်နိုင်ပါဘူ/လုံးဝပဲ) သည် တစ်စုံတစ်ခုကို လုံးဝ လုပ်လိမ့်မည်မဟုတ် ဟု အဓိပ္ပါယ်ရသည်)

  • 'Are you going to study medicine like yourfather?'
    (မင်းအဖေလိုပဲ ဆေးပညာသင်မှာလား?)
    Not likely!
    I get sick at the sight of blood.'
    (လုံးဝပဲ!ငါက သွေးမြင်တာနဲ့ကို ဖျားချင်လာတာ။)
  • 'Are you going to go on holiday with your parents?'
    (အားလပ်ရက်မှာ မိဘတွေနဲ့အတူ လျှောက်လည်မှာလား?)
    'Not likely!
    I'm going camping with some friends.'
    (လုံးဝပဲ! သူငယ်ချင်းတွေနဲ့ပဲ တောစခန်း ထွက်မှာ။)

I'm out of here! (ငါသွားတော့မယ်)


You say I'm out of here! in an informal context when you are leaving somewhere quickly for some reason:
(I’m out of here! (ငါသွားတော့မယ်) ကို တစ်နေရာရာမှ အကြောင်းကိစ္စတစ်ခုခုကြောင့် အလျင်အမြန်သွားရတဲ့အခါ အချင်းချင်းရင်းနှီးသော အသုံးအနှုန်းအဖြစ်သုံးသည်)

  • Is it 8 o'clock already? I'm outof here!I'm late for work!
    (၈နာရီတောင် ထိုးသွားပြီလား?။ ငါသွားတော့မယ်! ငါအလုပ် နောက်ကျနေပြီ။)
  • Dad's just found out that I damaged hiscar. I'm out of here!
    (အဖေ့ကားကို ငါ ထိခိုက်အောင်လုပ်လိုက်တာ အဖေသိသွားပြီ။ ငါသွားတော့မယ်!)
By Language Republic
Myanmar Network 

0 comments:

Post a Comment