Saturday 21 April 2012

ဘယ်မှာဝယ်သလဲလို့ မေးနည်း (How to ask someone where they got that)


Ask the right questions to find out where people got their things.

ပစ္စည်းတွေ ဘယ်မှာဝယ်သလဲ သိချင်ရင် မှန်မှန်ကန်ကန် မေးတတ်အောင်ပါ။

  • Man: Hey, nice shoes!
    အမျိုးသား - ဟေး၊ ရှူးဖိနပ်က ကောင်းလိုက်တာ။
    Woman: Thanks!
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
  • Man: Could do with a pair like that myself.
    အမျိုးသား - ကျွန်တော်လည်း အဲဒါမျိုးတစ်ရံလောက် ၀ယ်စီးချင်တယ်။
    Woman: Oh really? They’re very comfortable.
    အမျိုးသမီး - တကယ်ပြောတာလား။ စီးလို့ သက်တောင့်သက်တာ သိပ်ရှိတာဘဲ။
  • Man: Yeah. Where did you get them?
    အမျိုးသား - အင်း။ ဘယ်မှာဝယ်တာလဲ။
    Woman: Just that place on the high street.
    အမျိုးသမီး - လမ်းမတန်းက ဆိုင်မှာပါ။
    Man: Oh yeah, I’ll have to go and take a look sometime.
    (Pause)
    အမျိုးသား - သြော် ဟုတ်လား။ တစ်ခါလောက် သွားကြည့်ဦးမှဘဲ။
    (ခေတ္တငြိမ်သက်)
  • Man: Hey!
    အမျိုးသား - ဟိုလေ
    Woman: What?
    အမျိုးသမီး - ဘာလဲ
  • Man: I’ve been looking for that book for ages!
    အမျိုးသား - ကျွန်တော်အဲဒီစာအုပ်ကို ရှာနေတာ ကြာလှပြီ။
    Woman: Really?
    အမျိုးသမီး - ဟုတ်လား။
  • Man: Yeah...where did you get it?
    အမျိုးသား - ဟုတ်တယ်၊ ဘယ်မှာ ၀ယ်တာလဲ။
    Woman: I bought it online. I just did a search and found it, you know...
    အမျိုးသမီး - အင်တာနက်က ၀ယ်လိုက်တာ။ အင်တာနက်မှာ ရှာလိုက်တော့ တွေ့တာဘဲလေ။
  • Man: Really?
    အမျိုးသား - ဟုတ်လား။
    Woman: Yes. It’s not that difficult.
    အမျိုးသမီး - အင်းပေါ့။ သိပ်မခက်ပါဘူး။
    Man: I’ll have to havea look.
    (Pause)
    |အမျိုးသား - ကျွန်တော်လုပ်ကြည့်ဦးမယ်။
    (ခေတ္တငြိမ်သက်)
  • Man: Hey!
    အမျိုးသား - ဟိုလေ
    Woman: What?
    အမျိုးသမီး - ဘာလဲ
  • Man: That’s a tasty-looking sandwich!
    အမျိုးသား - အသားညှပ်မုန့်က အရသာရှိမယ့် ပုံဘဲ။
    Woman: It’s a tasty-tasting sandwich too...
    အမျိုးသမီး - အသားညှပ်မုန့်က တကယ်လည်း အရသာရှိပါတယ်။
  • Man: Where did you er...
    အမျိုးသား - ဟိုလေ ... ဘယ်ကနေ ...
    Woman: Where did I get it?
    အမျိုးသမီး - ဘယ်က ၀ယ်သလဲလို့ မေးမလို့လား။
  • Man: Yeah! That’sexactly what I was going to say....!
    အမျိုးသား - ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲဒါဘဲ မေးမလို့။
    Woman: I made itmyself.
    အမျိုးသမီး - ကျွန်မကိုယ်တိုင် လုပ်တာ။
    Man: Oh.
    အမျိုးသား - သြော်။
  • Woman: Here – have it!
    အမျိုးသမီး - ဒီမှာ၊ စားပါဦး။
by Saw Hosea
Myanmar Network

0 comments:

Post a Comment