Monday 23 April 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ 1

As a matter of fact/    For goodness' sake/    In all honesty/   Not to mention

As a matter of fact (အမှန်တကယ်ကတော့)

အခြေအနေမှန်က အဲဒီလို မဟုတ်ဘူး ဒီလိုပါလို့ ပြောချင်ရင် as a matter of fact ကို သုံးနိုင်တယ်။

Your hotel was in the middle of town and so I suppose it is rather noisy.
No, as a matter of fact it is very quiet. They have good double glazing and we had rooms at the back.
ခင်ဗျားတည်းတဲ့ ဟိုတယ်က မြို့လယ်ခေါင်မှာဆိုတော့ အသံဆူညံမယ်ထင်တယ်နော်။
မဆူညံပါဘူး။ တကယ်တော့ အင်မတန် တိတ်ဆိတ်ပါတယ်။ မှန်နှစ်ထပ်တပ်ထားပြီး အခန်းကလည်း နောက်ထဲက အခန်းတွေလေ။

I suppose your daughter will have left home by now.
No, as a matter of fact she is still at home. She is studying at the local university.
အခုလောက်ဆို သမီးက အိမ်မှာ မနေတော့ဘူးထင်တယ်နော်။
ဟင့်အင်း၊ တကယ်တော့ သမီးက အိမ်မှာနေတုံးဘဲ။ အနားက တက္ကသိုလ်မှာ တက်နေတယ်။

ပြောလက်စ စကားမှာ ထပ်ဖြည့်ပြီး စိတ်ဝင်စားစရာ ဒါမှမဟုတ် အံ့သြစရာကို as a matter of fact ကို သုံးနိုင်တယ်။

I've decided to accept the job offer. As a matter of fact I start on Monday.
အလုပ်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ။ တကယ်တော့ တနင်္လာနေ့မှာ အလုပ်စတက်မှာ။


For goodness' sake (အမလေး)

အံ့သြတယ်၊ တုန်လှုပ်တယ်၊ စိတ်တိုတယ်လို့ ပြောချင်ရင် for goodness' sake ကို သုံးနိုင်တယ်။

For goodness' sake, Jane. You can't go to a formal party wearing those jeans.
အမလေး ဂျိန်းရယ်၊ ဒီဂျင်းဘောင်းဘီဝတ်ပြီး ပွဲနေပွဲထိုင်သွားလို့ ဘယ်ဖြစ်မှာလဲ။

For goodness' sake, hurry up. We'll miss the plane if we don't leave now.
အမလေး မြန်မြန်လုပ်ပါ။ အခုအိမ်ကမထွက်ရင် လေယာဉ်မီတော့မှာ မဟုတ်ဘူး။


In all honesty (အမှန်အတိုင်း အားမနာတမ်း ပြောရရင်)

အခုပြောမယ့်စကား လုံးဝမှန်တယ်လို့ အလေးအနက်ပြုချင်ရင် in all honesty ကို သုံးနိုင်တယ်။

Jack studies hard, but in all honesty, he is not a good enough student to get into university.
ဂျက်က စာကြိုးစားပါတယ်။ ဒါပေမယ့် မှန်တာပြောရမယ်ဆိုရင် တက္ကသိုလ် တက်ရလောက်အောင် စာမတော်ရှာဘူး။

You can certainly apply for the job, but, in all honesty, I don't think you'll get it.
မင်း အလုပ်လျှောက်မယ်ဆိုရင်တော့ လျှောက်လို့ ရတာပေါ့။ ဒါပေမယ့် မှန်တဲ့အတိုင်း ပြောရမယ်ဆိုရင် မင်း အဲဒီအလုပ်ကို ရလိမ့်မယ်လို့ မထင်ဘူး။


Not to mention (မဆိုထားနဲ့။)

ပြောမယ့်စကားကို အလေးအနက်ပြုဖို့ နောက်ထပ် အချက်အလက်တစ်ခု ထပ်ဖြည့်ချင်ရင် not to mention ကို သုံးနိုင်တယ်။

Jim has a lot of property. He owns three flats in London, not to mention the house in the south of France and one in Scotland.
ဂျင်မ်မှာ အိမ်တွေ အများကြီးဘဲ။ ပြင်သစ်တောင်ပိုင်းက အိမ်နဲ့ စကော့တလန်က အိမ်ကို ထည့်မပြောနဲ့အုံး၊ လန်ဒန်မှာ တိုက်ခန်း သုံးခန်းပိုင်တယ်။

Why are you buying more clothes? You have a wardrobe full of them, not to mention the ones in the attic.
ဘာဖြစ်လို့ အဝတ်အစားတွေ နောက်ထပ်ဝယ်နေတာလဲ။ ထပ်ခိုးက အဝတ်အစားတွေကို ထည့်မပြောနဲ့အုံး၊ တစ်ဘီဒိုစာအပြည့် ရှိတယ်လေ။

Basically, In any case, I dread to think, Easier said than done, I'm easy


Basically (အဓိကအချက်ကတော့)

အခြေအနေတစ်ခုမှာ အဓိက ဒါမှမဟုတ် အရေးအကြီးဆုံး အချက်၊ သွင်ပြင်လက္ခဏာကို ပြောချင်ရင် basically ကို သုံးနိုင်တယ်။

'Why did Anne decide not to marry Jim?'
'Basically, because she fell out of love with him.'
Anne က ဘာဖြစ်လို့ Jim ကို လက်မထပ်ဖို့ ဆုံးဖြတ်လိုက်တာလဲ။
အဓိကအကြောင်းကတော့ မချစ်တော့လို့။

Basically, Jim has recovered well from the accident, although he still has a slight limp.
အရေးကြီးတာကတော့ Jim မတော်တဆဖြစ်တဲ့ ဒဏ်ရာက ပြန်ကောင်းသွားပြီ၊ ဒါပေမယ့် နဲနဲတော့ ထော့နဲ့ထော့နဲ့ ဖြစ်နေသေးတယ်။

စကားစတဲ့အနေနဲ့ basically ကို အထူးအဓိပ္ပာယ်မပါဘဲ မကြာခဏ သုံးကြတယ်။

Basically, we have no holiday plans as yet.
ပြောရမယ်ဆိုရင် အားလပ်ရက် အစီအစဉ် မဆွဲရသေးဘူး။

In any case (ဘာဘဲဖြစ်ဖြစ်)

ဘာဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဘာဘဲဖြစ်ခဲ့ဖြစ်ခဲ့၊ အဖြစ်ကတော့ ဒါမှမဟုတ် အခြေအနေကတော့ ဒီအတိုင်းပါဘဲလို့ ပြောချင်ရင် in any case ကို သုံးနိုင်တယ်။

The flight may be delayed, but we've to check in at the usual time in any case.
လေယာဉ်နောက်ကျချင် နောက်ကျလိမ့်မယ်၊ ဒါပေမယ့် ဘာဘဲဖြစ်ဖြစ် ပုံမှန်အချိန်မှာဘဲ check in ဝင်ရမယ်။

I'll give you a lift to the city, if you want. I'm going there today in any case.
လိုက်ခဲ့ချင်ရင် မြို့ထဲကို ကားကြုံလိုက်ခဲ့လေ။ ကနေ့မြို့ထဲသွားမှာမို့ လမ်းကြုံတယ်။

I dread to think (မစဉ်းစားဝံ့ဘူး)

အခြေအနေ ဘယ်လောက်ဆိုးကြောင်း၊ ဆိုးသွားနိုင်ကြောင်း အလေးအနက်ပြုချင်ရင် dread to think ကို သုံးနိုင်တယ်။

I dread to think what would happen if there was a fire in this building. The fire doors are all locked.
ဒီအဆောက်အအုံထဲမီးလာင်ရင်ဘာဖြစ်မလဲမစဉ်းစားရဲဘူး။မီးလောင်ရင်သုံးရမယ့် ထွက်ပေါက်တွေ အားလုံးကို သော့ခတ်ထားတယ်။

I dread to think what my father will say when he hears that I crashed his car.
အဖေ့ကားယူမောင်းရင်း တိုက်မိလို့ အဖေသိရင်ဘာပြောမလဲ မစဉ်းစားရဲဘူး။

I hate to think ကိုလည်း အလားတူ သုံးနိုင်တယ်။

I hate to think how much money Mary owes the bank.
မေရီဘဏ်ကို ဘယ်လောက် အကြွေးတင်နေသလဲ မစဉ်းစားရဲဘူး။

I hate to think he will do better than me when I study a lot harder.
ကျွန်တော်က စာအများကြီး ပိုကြိုးစားတဲ့အချိန်မှာ သူက ကျွန်တော့်ထက် တော်နေတာကို တွေးတောင် မတွေးမိချင်ဘူး။

Easier said than done (အပြောလွယ်အလုပ်ခက်)

သိပ်ခက်တယ်လို့ ထင်ကြောင်း ပြောချင်ရင် easier said than done ကို သုံးနိုင်တယ်။

Try not to worry about your daughter.
That's easier said than done. She's over three hours late and she always phones if she's going to be late.
သမီးအတွက် စိတ်မပူပါနဲ့။
ပြောရတာလွယ်တယ်။ သမီးက ၃နာရီကျော် နောက်ကျနေပြီ၊ နောက်ကျတော့မယ်ဆို အမြဲ ဖုန်းဆက်တာ။

We'd like you to book two single rooms at a local hotel for us.
Easier said than done! It's the middle of the tourist season and accommodation's in very short supply.
အနီးအနားက ဟိုတယ်မှာ တစ်ယောက်ခန်း နှစ်ခန်း ဘွတ်ကင်လုပ်ထားပေးစေချင်ပါတယ်။
ပြောတော့လွယ်တယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အလာဆုံးအချိန်လေ၊ အခန်းရဖို့ လုံးဝမလွယ်ဘူး။

I'm easy (ဘယ်လိုဘဲဖြစ်ဖြစ် အဆင်ပြေပါတယ်။)

ရွေးစရာတွေထဲက ဘာကိုဘဲ ရွေးရွေး ကိစ္စမရှိဘူး၊ အဆင်ပြေပါတယ်လို့ ပြောချင်ရင် I'm easy ကို သုံးနိုင်တယ်။

Would you rather go to the theatre than the cinema?
I'm easy! You choose.
ပြဇာတ်ကြည့်မလား၊ ရုပ်ရှင်ကြည့်မလား။
ကျွန်တော်ကတော့အဆင်ပြေပါတယ်။ ခင်ဗျားကြိုက်တာကြည့်ပါ။

Would you like tea or coffee?
I'm easy! I'll have what you are having.
လက်ဖက်ရည်သောက်မလား၊ ကော်ဖီသောက်မလား။
ဘာဘဲဖြစ်ဖြစ်ပါ။ ခင်ဗျားမှာတာဘဲ သောက်မယ်။

Let’s see (စဉ်းစားကြည့်လိုက်ပါဦးမယ်)

စဉ်းစားနေတယ်၊ မေ့နေလို့ ပြန်အစဖော်နေတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ let's see ကို သုံးနိုင်တယ်။

You say that you are looking for accommodation for the night. Let's see. You could try the George Hotel on the High Street.
ဒီညတည်းဖို့ နေရာ ရှာနေတာလား၊ နေပါဦး။ လမ်းမတန်းက George ဟိုတယ်မှာ တည်းကြည့်ပါလား။

Can you recommend a good local restaurant that is not too expensive?
Let's see. There are two or three, but I think Shrimps by the harbour is the best – if you like fish.
သိပ်ဈေးမကြီးတဲ့ အနီးအနားက စားသောက်ဆိုင် ကောင်းကောင်း တစ်ခုလောက် ညွှန်းပေးနိုင်မလား။
နေပါဦး။ နှစ်ဆိုင် သုံးဆိုင်လောက် ရှိတယ်။ ငါးကြိုက်မယ်ဆိုရင် ဆိပ်ကမ်းနားက ပုဇွန်ဆိတ်ဆိုင်က အကောင်းဆုံးဘဲ ထင်တယ်။

Let’s see/   You could always/   Fat chance!/   I haven't the foggiest/   Give or take


Let me see ကိုလည်း အလားတူ သုံးနိုင်တယ်။

Let me see. Where did I put my purse?
နေပါဦး။ ပိုက်ဆံအိတ် ဘယ်မှာ ထားမိပါလိမ့်။

You could always (လုပ်ချင်ရင်လုပ်နိုင်တယ်။)

ဒီလိုတော့ဖြင့် လုပ်လို့ ရတယ်လို့ အကြံပေးချင်ရင် you could always ကို သုံးနိုင်တယ်။

If you need a place to stay tonight you could always have our spare room.
ဒီတစ်ည တည်းဖို့နေရာ လိုနေရင် ဒို့အိမ်မှာ အခန်းပိုတစ်ခန်းရှိတယ်နော်။

If you are looking for a job you could always try the local factory. I heard they were looking for people.
အလုပ်လိုချင်ရင် အနီးအနားက စက်ရုံမှာ သွားစုံစမ်းလို့ ရတယ်နော်၊ အလုပ်သမား လိုနေတယ် ကြားတယ်။

Fat chance! (ဝေးသေး)

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ အဲဒီလိုဖြစ်ဖို့ အလားအလာ မရှိဘူး၊ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောချင်ရင် fat chance! ကို သုံးနိုင်တယ်။

Do you think that the boss would let us leave early to watch the football match?
Fat chance!
ဘောလုံးပွဲအမီ ဘော့စ်က အလုပ်စောစော ပေးဆင်းမယ်လို့ ထင်လား။
ဝေးသေး။

I wonder if Mum and Dad would let us have a party while they're away.
Fat chance!
အမေနဲ့ အဖေ ခရီးထွက်တုန်း ပါတီလုပ်ခွင့် ပေးမလားမသိဘူး။
ဝေးသေး။

I haven't the foggiest (လုံးဝမသိပါဘူး။)

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ လုံးဝမသိပါဘူးလို့ ပြောချင်ရင် haven't the foggiest ကို သုံးနိုင်တယ်။

How often do the trains run to the city?
I haven't the foggiest! I always go by car.
မြို့ထဲရောက်တဲ့ ရထားက ဘယ်လောက်ကြာရင် တစ်စင်းထွက်သလဲ။
လုံးဝမသိဘူး။ ကားနဲ့ဘဲ အမြဲသွားလို့။

I have in the foggiest where Jack's working now.
ဂျက် အခု ဘယ်မှာ အလုပ်လုပ်နေလဲ လုံးဝမသိဘူး။

I haven't the foggiest idea လို့လည်း အပြည့်အစုံ ပြောနိုင်ပါတယ်။ ခုနက ပြောပုံပြောနည်းက တိုအောင် စာတစ်လုံးလျှော့ထားတာဖြစ်တယ်။

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ I haven't the faintest လို့လည်း သုံးနိုင်တယ်။ အဓိပ္ပါယ်နဲ့ အသုံးအနှုန်းကတော့ အတူတူပါဘဲ။

Give or take (ပိုလည်းနည်းနည်း လျော့လည်း နည်းနည်း)

ကိန်းဂဏန်းအတိအကျ မပြောဘဲ ခန့်မှန်းခြေ ကိန်းဂဏန်းကို ပြောချင်ရင် give or take ကို သုံးနိုင်တယ်။

Mark's been with the firm ten years, give or take a couple of months.
မာ့ခ် ဒီအလုပ်မှာ ၁၀နှစ်ရှိပြီ၊ ပိုလည်း ၂လ-၃လ၊ လျော့လည်း ၂လ-၃လ ပါဘဲ။

Its 300 kilometres to the city, give or take a kilometre or two.
မြို့ကို ရောက်ဖို့ ကီလိုမီတာ ၃၀၀ လောက် လိုသေးတယ်။ ပိုလည်း ၁ကီလို ၂ကီလို၊ လျော့လည်း ၁ကီလို ၂ကီလိုပေါ့။

How’s it going/   I hate to think/   You never know/   Not on your life!/   Tell me about it!

How’s it going (အဆင်ပြေရဲ့လားကွ။?)

သူငယ်ချင်း အချင်းချင်း ပြောတဲ့ အခြေအနေမျိုးမှာ နေကောင်းရဲ့လား အနေအထိုင် အလုပ်အကိုင် အဆင်ပြေလားလို့ မေးချင်ရင် how's it going ကို သုံးနိုင်တယ်။

Hi, Jack. How's it going? I haven't seen you for ages.
ဟေ့ကောင် ဂျက် ဘာတွေလုပ်နေလဲ၊ မင်းကို မတွေ့တာ ကြာလှပြီ။

I hear you're studying French at university. How's it going?
တက္ကသိုလ်မှာ ပြင်သစ်စာ သင်နေတယ်ကြားတယ်။ လိုက်နိုင်လား

How are you? How are you getting on?
နေကောင်းရဲ့လား၊ အဆင်ပြေရဲ့လား။

I hate to think (တွေးတောင်မတွေးကြည့်ချင်)

အခြေအနေဆိုးနေကြောင်း ဒါမှမဟုတ် ဆိုးသွားနိုင်ကြောင်း အလေးအနက် ပြောချင်ရင် hate to think ကို သုံးနိုင်တယ်။

I hate to think what might have happened if the policeman hadn't stopped the drunk driver.
ရဲက မူးပြီးမောင်းတဲ့သူကို မတားဆီးခဲ့ဘူးဆိုရင် ဘာဖြစ်မလဲ မတွေးဝံ့စရာဘဲ။

I hate to think how noisy the children's party will be.
ကလေးတွေ ပါတီပွဲ ဘယ်လောက်ဆူညံလိုက်မလဲ တွေးတောင် မတွေးကြည့်ချင်ဘူး။

I dread to think ကိုလည်း အလားတူ သုံးနိုင်တယ်။

I dread to think how badly I've done in that exam.
စာမေးပွဲမှာ မဖြေနိုင်လို့ အဲဒီအကြောင်း မတွေးချင်လောက်အောင်ဘဲ။

You never know (ဘယ်သိနိုင်မလဲ။)

ဖြစ်ဖို့ အလားအလာ နည်းပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ဘူးလို့ ပြောချင်ရင် you never know ကို သုံးနိုင်တယ်။

You never know. They might offer you the job even though some of the rest of the candidates are better qualified.
ဘယ်သိနိုင်မလဲ။ အခြား အလုပ်လျှောက်တဲ့သူတွေက အရည်အချင်း ပိုသာပေမယ့် မင်းကို ခန့်ချင်လည်း ခန့်မှာပေါ့။

The hotel's fully booked for the whole of August, but you never know. There may be some cancellations.
ဟိုတယ်မှာ သြဂုတ်လတစ်လလုံးအတွက် ဘွတ်ကင်လုပ်ထားကြတာ အခန်းပြည့် ဖြစ်နေတယ်။ ဒါပေမယ့် ဘယ်သိနိုင်မလဲ။ မလာနိုင်တော့လို့ ဘွတ်ကင်ကို ဖျက်လိုက်တာတွေလည်း ရှိချင်ရှိမှာပေါ့။

Not on your life! (သေတောင်မလုပ်ဘူး။)

လုံးဝမလုပ်နိုင်ဘူးလို့ ငြင်းချင်ရင် not on your life! ကို သုံးနိုင်တယ်။

Are you going to work this weekend?
Not on your life! I am going to spend the day at the beach.
လာမယ့် စနေတနင်္ဂနွေမှာ အလုပ်လုပ်မှာလား။
လုံးဝမလုပ်နိုင်ဘူး။ တစ်နေ့လုံး ပင်လယ်ကမ်းခြေမှာ သွားနေမလို့။

Would you like to help with the garden?
Not on your life! I hate gardening.
ပန်းခြံထဲမှာ ကူပေးမလား။
လုံးဝဥဿုံဘဲ၊ အပင်စိုက်တာ ဝါသနာမပါဘူး။

Tell me about it! (မှန်လိုက်တဲ့စကား)

သူငယ်ချင်း ဒါမှမဟုတ် ရင်းနှီးသူချင်း ပြောတဲ့ အနေအထားမှာ အဲဒီလိုမျိုး ကြုံဖူးတယ် သဘောတူတယ်လို့ အလေးအနက် ပြောချင်ရင် tell me about it! ကို သုံးနိုင်တယ်။

It takes so much work to keep the garden of this size tidy.
Tell me about it! I'm having to pay someone to look after mine and I can't really afford it.
ဒီလောက်ကြီးတဲ့ ပန်းခြံကို သပ်သပ်ရပ်ရပ် ဖြစ်နေအောင် အတော်လုပ်ယူရတယ်။
သိပ်မှန်တာပေါ့။ တို့ပန်းခြံဆိုရင် လူငှားနဲ့ ထားရတယ်။ တကယ်တော့ လူငှားခ မတတ်နိုင်ဘူး။

Rents in this town seem very high!
Tell me about it! Most of my salary goes on rent.
ဒီမြို့မှာ အိမ်(ခန်း)ငှားခ သိပ်ဈေးကြီးတာဘဲ။
ဟုတ်လိုက်လေ။ ရတဲ့လခ အိမ်ငှားခပေးတာနဲ့ ကုန်သလောက်ဖြစ်သွားတယ်။

Ref: VOA
By Language Republic
 Myanmar Network

0 comments:

Post a Comment