Sunday 22 April 2012

အတိတ်ကိုပြန်ကောက်ခြင်း (Back to the Past by Guy Perring)

တက္ကသိုလ်များနှင့် ကော်ပိုရေးရှင်းများမှ ပညာရှင်များနှင့် မကြာသေးမီက တွေ့ဆုံခဲ့ရာ past perfect tense သုံးစွဲရာတွင် အမှားအယွင်း ရှိကြသည်ကို သတိပြုမိပါသည်။

အင်္ဂလိပ်ဘာသာတွင် past perfect tense ကို သုံးစွဲရာ၌ ဖြစ်ရပ် ၂ ခုအကြား ဆက်သွယ်မှုရှိမှသာ သုံးစွဲရန် ဖြစ်ကြောင်း သတိပြုပါ။ ဥပမာ

After he had written the report, he made a vital phone call. (အစီရင်ခံစာ ရေးသားပြီးနောက် အရေးကြီးသော ဖုန်းခေါ်ဆိုမှုကို ပြုလုပ်သည်။)

ဖုန်းခေါ်ခြင်းကို အတိတ်က ပြုလုပ်ခဲ့ပါသည်။ ဖုန်းမခေါ်မီ အစီရင်ခံစာကို ရေးခဲ့ပါသည်။

ဝေးလံသောအတိတ်ကာလတွင် ဖြစ်ခဲ့ကြောင်း ဖော်ပြရန် past perfect ကို သုံးစွဲခြင်းသည် မှားယွင်း ပါသည်။ မကြာခဏ တွေ့ရတတ်သော အမှားဖြစ်ပါသည်။ ဥပမာ

ကျွန်တော် Hull တက္ကသိုလ်က ကျောင်းပြီးခဲ့တာကြာပါပြီ ဟု ပြောလိုသည်ကို  I had graduated from the University of Hull. ဟု သုံးနှုန်းမည်ဆိုလျှင် မှားပါသည်။ .(နှစ်တွေကြာခဲ့ပြီဖြစ်၍ past perfect ကို သုံးသင့်သည်ဟု ထင်မြင်ယူဆပြီး မှားယွင်းသုံးစွဲမိခြင်း ဖြစ်ပါသည်။)

ဝေးလံသော အတိတ်အတွက် သီးခြားကာလ tense ထားရှိသော ဘာသာစကားများကို ပထမဘာသာ စကားအဖြစ် ပြောဆိုကြသူများအတွက် ဤအမှားမျိုး အမှားတတ်ဆုံးဖြစ်ပါသည်။

Past perfect ၏ တည်ဆောက်ပုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

had + past participle


she had eaten (had နှင့် eat ၏ past participle ဖြစ်သော eaten)


we had read (had နှင့် read ၏ past participle ဖြစ်သော read)


they had completed (had နှင့် complete ၏ past participle ဖြစ်သော completed)


I had been (had နှင့် be ၏ past participle ဖြစ်သော been)


I had got (had နှင့် get ၏ past participle ဖြစ်သော got)


အထက်ပါဥပမာများကို ကြည့်ခြင်းဖြင့် past participle ၏ ပုံသဏ္ဍာန် အမျိုးမျိုးရှိသည်ကို တွေ့နိုင်ပါသည်။ စင်စစ် စည်းမျဉ်းများကို ဖော်ထုတ်နေခြင်းထက် အတွဲလိုက်မှတ်သားထားခြင်းက အကောင်းဆုံးဖြစ်ပါသည်။ ကျောင်းတွင် ငယ်ရွယ်စဉ်ကပင် အလွတ်ကျက်ခဲ့သော verb form အတွဲများ V1, V2, V3 တို့ ဖြစ်ပါသည်။ (drink, drank, drunk, sing, sang, sung) အင်္ဂလိပ်သဒ္ဒါတွင် V1ကို base form, V2ကို past simple နှင့် V3ကို past participle ဟု ခေါ်ပါသည်။ ပြည့်စုံကောင်းမွန်သော သဒ္ဒါစာအုပ်နှင့် အဘိဓာန်အများစုတွင် စည်းမျဉ်းအတိုင်းမဟုတ်သော irregular ပုံစံများကို စာရင်းပြုလုပ်ဖော်ပြထားပါသည်။ အထက်ဖော်ပြပါ ဥပမာများတွင် အမေရိကန်အသုံးအနှုန်းမှာ “I had got” မဟုတ်ဘဲ “I had gotten” ဖြစ်သည်ကို သတိပြုပါ။

အသံထွက်ရာတွင် had ကို ’d ဟု အဖျားဆွတ်၍ အသံထွက်လေ့ရှိပါသည်။ ထို့ကြောင့် she’d eaten, we’d read နှင့် they’d completed ဟု အသံထွက်နိုင်ပါသည်။ would ကိုလည်း အလားတူ ’d ဟု အဖျားဆွတ်၍ အသံထွက်လေ့ရှိခြင်းကြောင့်ဆိုသည်မှာ I had နှင့် I would နှစ်မျိုးဖြစ်နိုင်ပါသည်။

Past perfect အသုံးအနှုန်းအချို့ကို လေ့လာပါမည်။

၁။       By four o’clock they had made their decision and the election began for a new CEO.

(၄နာရီမှာ ဆုံးဖြတ်ချက်ချမှတ်ပြီးဖြစ်နေပြီး CEO အသစ်ရွေးချယ်ပွဲ စတင်ပြုလုပ်ပါတယ်။) (ဆုံးဖြတ်ချက် ချမှတ်သော လုပ်ငန်းစဉ်မှာ ရွေးချယ်ပွဲ မစတင်မီ ပြုလုပ်ခဲ့ပါသည်။)

၂။       When he arrived the presentation had started.

(သူရောက်တော့ ပွဲက စ နေပြီ) (ရောက်ရှိခြင်းနှင့် ပွဲစတင်ခြင်း ဖြစ်ရပ်၂ခုစလုံးအတိတ်တွင်ဖြစ်ပြီး ပွဲစတင်ခြင်းက စောကြောင်း ပြသသည်။ past perfect ကို when နှင့် တွဲသုံးလေ့ရှိသည်။)

၃။       It was Wednesday before I’d read the report.

(အစီရင်ခံစာကို ဖတ်လို့ မပြီးခင်မှာဘဲ ဗုဒ္ဓဟူးနေ့ကို ကူးသွားခဲ့တယ်) (ယခု ကြာသပတေးနေ့ ရောက်နေပါပြီ။ ဗုဒ္ဓဟူးနေ့မတိုင်မီ ဖတ်၍ပြီးမည်ဟု ထင်ခဲ့သော်လည်း မပြီးခဲ့ပါ။)

၎။       After I’d taken the job, I discovered the local tax rates.

(အလုပ်ဝင်ပြီးမှဘဲ နယ်မြေတွင်း အခွန်နှုန်းကို သိရတယ်) (နောက်ကျနေပြီ၊ အလုပ်ဝင်ပြီးပြီ။)

၅။       It had been a good year for Canseco Corporation…..

(Canseco ကော်ပိုရေးရှင်းအတွက် လုပ်ငန်းကောင်းမွန်ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်) (အင်္ဂလိပ် ဘာသာတွင် စာရေးဟန်ဖြင့် မိတ်ဆက်ခြင်း၊ နောက်ခံအချက်အလက် တင်ပြခြင်းများတွင် အသုံးပြုလေ့ ရှိပါသည်။)

၆။       I had hoped you would finish earlier.

(ပိုပြီးစောစော ပြီးခဲ့မယ်လို့ မျှော်လင့်ခဲ့တယ်) (စကားပြောဟန်တွင်သာ သုံးနှုန်းပါသည်။ had ကို ဖိ၍ ပြောရမည်။ ထို့ကြောင့် အဖျားဆွတ်၍ ’d ဟု မပြောရပါ။ စိတ်ပျက်ခြင်း သို့မဟုတ် သဘောမကျခြင်း ကို ဖော်ပြသည်။)

၇။       He told me she had just completed the report.

(သူမဟာ အစီရင်ခံစာကို ရေးပြီးတာ မကြာသေးဘူးလို့ သူက ပြောခဲ့တယ်) (အခြားသူပြောစကားကို ပြန်ပြောသောစကား reported speech တွင် မူရင်းစကား၌ present perfect ကို သုံးထားပါက အတိတ်သို့ ''ရွှေ့၍'' past perfect ကို သုံးရပါသည်။ နမူနာ ဝါကျတွင် မူရင်းပြောစကားမှာ “I’ve just completed the report” ''ကျွန်မ အခုလေးတင် အစီရင်ခံစာရေးပြီးတယ်'' ဟူ၍ ဖြစ်ပါလိမ့်မည်။)

(Guy Perring ၏ Back to the Past အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

Myanmar Network

0 comments:

Post a Comment