Monday 23 April 2012

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ 2

Not anywhere near     /Believe it or not/     Fancy/     You’ll never guess!

Not anywhere near (အများကြီး လိုသေးတယ်)

အများကြီးနည်းသေးတယ်၊ လိုသေးတယ်လို့ အလေးအနက် ပြောချင်ရင် not anywhere near ကို သုံးနိုင်တယ်။

I've not done anywhere near enough work to pass the exam.စာမေးပွဲအောင်ဖို့ စာတွေ အများကြီး ထပ်ကျက်ဖို့ လိုသေးတယ်။ 
We haven't anywhere near the money it takes to rent a flat there.
အဲဒီရပ်ကွက်မှာ အခန်းငှားနိုင်ဖို့ ဒို့မှာ ရှိတဲ့ငွေနဲ့ဆို အများကြီး လိုသေးတယ်။

Believe it or not (မယုံနိုင်စရာဘဲ)

အံ့သြစရာကောင်းတယ်၊ မဖြစ်လောက်ဖူးလို့ ထင်ရတယ်၊ ဒါပေမယ့် အမှန်ဖြစ်တယ်လို့ ပြောချင်ရင် believe it or not ကို သုံးနိုင်တယ်။

Believe it or not, it didn't rain all the time we were in London.
မယုံနိုင်စရာဘဲ၊ ကျွန်တော် ၊ကျွန်မတို့ လန်ဒန်မှာ ရှိနေတဲ့တစ်ချိန်လုံး မိုးမရွာဘူး။
Believe it or not, we found a cheap and comfortable place to stay right in the city centre. မယုံနိုင်စရာဘဲ၊ ကျွန်တော်၊ကျွန်မတို့ မြို့လယ်ခေါင်မှာ အခန်းငှားခသက်သာပြီး ကောင်းကောင်းမွန်မွန် တည်းလို့ရတဲ့နေရာ တွေ့ခဲ့တယ်။

Fancy (ကြားသားမိုးကြိုး၊ ဟန်ကျလိုက်တာ)
အံ့သြတုန်လှုပ်တဲ့အခါ် Fancy ကို သုံးနိုင်တယ်။

Fancy the boss given an extra day's holiday at Christmas! He's usually so mean!
ကြားသားမိုးကြိုး၊ ခရစ်စမတ်ကျရင် ဘော့စ်က အားလပ်ရက်တစ်ရက် အပိုဆောင်းပေးမယ်တဲ့။
Fancy! My new boyfriend's parents have just moved in next door to my uncle and aunt.
ဟန်ကျလိုက်တာ၊ ဒို့ကောင်လေးရဲ့ အဖေနဲ့အမေက ဒို့ ဦးလေးနဲ့ အဒေါ် နေတဲ့အိမ်ရဲ့ ဘေးအိမ်ကို ပြောင်းလာတယ်။

You’ll never guess! (မင်းအံသြသွားမှာ)

အံ့သြစရာ၊ စိတ်လှုပ်ရှားစရာတစ်ခုခုကို ပြောတော့မယ်ဆိုရင် you’ll never guess! နဲ့ အစပျိုးနိုင်တယ်။

You'll never guess what the boss wanted to talk to me about! He wants me to be the office manager!
ဘော့စ်က ငါ့ကို ဘာခေါ်ပြောသလဲ မင်းသိရင် အံ့သြသွားမှာ။ ငါ့ကို ရုံးခန်းရဲ့ မန်နေဂျာ လုပ်ခိုင်းမလို့။
You'll never guess who was at the charity reception last night! Prince William!
မနေ့ညက ရန်ပုံငွေဧည့်ခံပွဲကို ဘယ်သူလာသလဲ မင်းသိရင် အံ့သြသွားမှာ။ မင်းသား ဝီလီယံ လာတယ်။

Guess what? ကို အလားတူ သုံးနိုင်တယ်။

Guess what? I've just got a big pay rise!
မင်းသိရင် အံ့သြသွားမှာ၊ ငါအခုလေးတင် လစာအများကြီး တိုးသွားပြီ။
I didn't win the first prize but guess what? I was commended highly for good citizenship!
ငါ ပထမဆုတော့ မရဘူး။ ဒါပေမယ့် မင်းသိရင် အံ့သြသွားမှာ၊ ငါ နိုင်ငံသားကောင်းပီသမှုအတွက် ဂုဏ်ပြု မှတ်တမ်းတင်ခံရတယ်။

Heaven knows/  Goodness knows/  Talk about...!/  There is nothing to touch/  What about it?

Heaven knows (ဘုရားမှ သိမယ်။)


မသိဘူးလို့ အလေးအနက် ပြောချင်ရင် heaven knows ကို သုံးနိုင်တယ်။

  • 'Why has Anne changed her mind about marrying Jack?'
    'Heaven knows! She hasn't even given Jack a reason.'
    အန်းက ဂျက်ကို ဘာဖြစ်လို့ လက်မထပ်တော့ဘဲ စိတ်ပြောင်းသွားတာလဲ။
    ဘုရားမှ သိမယ်။ ဂျက်ကိုတောင် ဘာကြောင့်ဆိုတာ မပြောဘူး။
  • Heaven knows why Jim and Lucy bought a dog. The poor animal’s in the house on its own all day. ဂျင်မ်နဲ့ လူစီ ခွေးဘာဖြစ်လို့ ၀ယ်မွေးသလဲ ဘုရားမှ သိမှာဘဲ၊ ခွေးလေးခမျာ တစ်နေ့လုံး အိမ်ထဲမှာ တစ်ကောင်ထဲ။
Goodness knows ကို အလားတူ သုံးနိုင်တယ်။
  • Goodness knows where I put my purse. I can't find it anywhere.
    ပိုက်ဆံအိတ် ဘယ်မှာ ထားမိလဲ မသိတော့ဘူး။ ဘယ်မှာမှ ရှာလို့ မတွေ့ဘူး။
  • Goodness knows what she is up to. She hasn't said a word to anyone the whole day. သူဘာလုပ်မလို့လဲ ဘုရားမှသိမယ်၊ တစ်နေ့လုံး ဘယ်သူ့ကိုမှ စကား တစ်ခွန်းတစ်လေတောင် မပြောဘူး။
Talk about...! … (တဲ့အကြောင်း ပြောရအုံးမယ်။)

အလေးအနက်ပြောတာလို့ သိစေချင်ရင် talk about...! နဲ့ အစပျိုးနိုင်တယ်။
  • Talk about rich! James is one of the wealthiest men in New York. ချမ်းသာတဲ့အကြောင်း ပြောရအုံးမယ်။ ဂျိမ်းစ်က နယူးယောက်မှာ အချမ်းသာဆုံးသူဌေးတွေထဲမှာ ပါတယ်။
  • Talk about stupid! My new assistant can't get anything right. တုံးတဲ့အတဲ့အကြောင်း ပြောရအုံးမယ်။ ကျွန်တော့် လက်ထောက်အသစ်က ဘာတစ်ခုမှ အပေါက်တည့်အောင် မလုပ်တတ်ဘူး။
There is nothing to touch (ဘာကမှ လိုက်မမီ၊ ပြိုင်စံရှားဘဲ။)

အကောင်းဆုံးဘဲ၊ အကြိုက်ဆုံးဘဲလို့ ပြောချင်ရင် there is nothing to touch ကို သုံးနိုင်တယ်။
  • There is nothing to touch my mum's cooking. အမေချက်တဲ့ဟင်းကို ဘယ်ဟင်းမှ မမီနိုင်ဘူး။
  • There is nothing to touch a glass of chilled white wine on a really hot day. အင်မတန်ပူတဲ့ နေ့မှာ ရေခဲစိမ် ၀ိုင်ဖြူတစ်ခွက် သောက်ရတဲ့ အရသာကို ဘယ်အရသာကမှ လိုက်မမီဘူး။
What about it? (ဘယ်လိုသဘောရလဲ။ ဘယ့်နဲ့လဲ။)

ကမ်းလှမ်းချက်၊ အကြံပြုချက် တစ်ခုခုကို သဘောတူရဲ့လားလို့ အလွတ်သဘော မေးချင်ရင် what about it? လို့ မေးနိုင်တယ်။
  • We'd like to offer you the job of manager. What about it? မန်နေဂျာ အလုပ်ကို ကမ်းလှမ်းချင်ပါတယ်။ လုပ်မှာလား
  • I'll give you $10,000 for your car. What about it? မင်းရဲ့ ကား ရောင်းမယ်ဆိုရင် ဒေါ်လာ တစ်သောင်းမေးမယ်။ ရောင်းမလား။

    Wonders will never cease!/  Don’t bank on it/  No big deal/   Talk of the devil!/  Not exactly

    Wonders will never cease!  (အံ့သြမကုန်နိုင်ဘွယ်ပါလား)


    အံ့သြတယ်လို့ သိစေချင်ရင် wonders will never cease! လို့ ပြောနိုင်တယ်။

  • Wonders will never cease! There were no delays at the airport. အံ့သြမကုန်နိုင်ဘွယ်ပါလား။ လေဆိပ်မှာ မစောင့်ရဘူး။
  • Wonders will never cease! We're getting quite a large pay rise this year. အံ့သြမကုန်နိုင်ဘွယ်ပါလား။ ဒီနှစ်အတွက် လစာ အများကြီး တိုးရတော့မှာ။
Don’t bank on it (အပိုင်တွက်ထားလို့ မရဘူးနော်)

တစ်ခုခုအပေါ်မှာ လုံးလုံးလျားလျား မှီခိုအားထားပြီး ကြိုတွက်မထားနဲ့လို့ အကြံပေးချင်ရင် don’t bank on it လို့ ပြောနိုင်တယ်။
  • 'According to the weather forecast it's going to be a fine day for a picnic tomorrow.'
    'Don't bank on it!
    The weather forecasters often get things wrong.
    'မိုးလေဝသခန့်မှန်းချက်မှာ မနက်ဖြန် ပျော်ပွဲစားထွက်ဖို့ ရာသီဥတုကောင်းမယ်လို့ ပါတယ်။
    အပိုင်တွက်ထားလို့ မရဘူးနော်။ မိုးလေ၀သ ခန့်မှန်းချက်ထုတ်တဲ့ လူတွေ မကြာမကြာ မှားတယ်နော်။
  • Jim said that he'd help us move house, but don't bank on it. He's not very reliable. ဒို့အိမ်ပြောင်းတဲ့အခါ ဂျင်မ်က ကူမယ်လို့ ပြောတာဘဲ။ ဒါပေမယ့် အပိုင်တွက်မထားနဲ့။ ဒီလူက သုံးခွက်တစ်ခွက်တင် လူစားမျိုး။
No big deal (ရေးကြီးခွင်ကျယ်မဟုတ်ပါ။)

ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူးလို့ ပြောချင်ရင် no big deal ကို သုံးနိုင်တယ်။
  • Many people considered that John was a hero for rescuing the boy from the fire, but he said modestly that it was no big deal. ကောင်လေးကို မီးထဲက ကယ်ထုတ်ခဲ့လို့ ဂျွန်ကို သူရဲကောင်းလို့ အများက သဘောထားကြပေမယ့် ဂျွန်ကတော့ ဒါဘာမှ ကြီးကျယ်တဲ့ လုပ်ရပ်မဟုတ်ပါဘူးလို့ နှိမ့်ချစွာနဲ့ ပြောပါတယ်။
  • Bob said it was no big deal when he borrowed the firm's van for his personal business, but the boss was furious when he found out.
    ဘော့ဘ်က ဘာမှ ရေးကြီးခွင်ကျယ်ကိစ္စမဟုတ်ဘူးလို့ ဆိုပြီး ကုမ္ပဏီက ဗင်ကားကို ကိုယ်ရေးကိုယ်တာ အတွက် ယူသုံးတယ်၊ ဘော့စ်လဲသိရော ဒေါသူပုန်ထပါလေရော။
Talk of the devil! (အသက်ရှည်အုံးမယ်။)

လူတစ်ယောက်အကြောင်း ပြောနေတုံး အဲဒီလူကို ရုတ်တရက် အနားရောက်လာတာ တွေ့ရတဲ့အခါ talk of the devil! လို့ ပြောနိုင်တယ်။
  • Talk of the devil! We were just saying that we hadn't seen you for a long time.
    အသက်ရှည်အုံးမယ်။ မင်းကို မတွေ့တာကြာပြီလို့ အခုဘဲ ပြောနေတာ။
  • Talk of the devil! I'd have just remarked that I don't see many of my old student friends these days when two of them came into the pub.
    ဒီလူတွေ အသက်ရှည်အုံးမယ်၊ ကျောင်းတုံးက သူငယ်ချင်းဟောင်းတွေ တော်တော်များများ ပြန်မဆုံတော့ဘူးလို့ ပြောရုံရှိသေး၊ (လက်ဖက်ရည်/အရက်) ဆိုင်ထဲ သူငယ်ချင်းဟောင်း ၂ယောက်ဝင်လာတယ်။
Not exactly ... (တော့ မ...ဘူး။)

အကြောင်းအရာတစ်ခုခု မမှန်ကြောင်း ပြောချင်တဲ့အခါ not exactly ကို သုံးနိုင်တယ်။
  • The neighbours are not exactly friendly. They all ignored us.
    အိမ်နီးချင်းတွေက ရင်းရင်းနှီးနှီးတော့ မရှိဘူး။ ဆေးဖော်ကြောဖက်ကို မလုပ်တာ။
  • Property is not exactly cheap in this area. I am amazed that Lucy was able to afford a flat here.
    ဒီရပ်ကွက်ထဲမှာ အိမ်ခြံမြေဈေး မသေးဘူး။ ဒီရပ်ကွက်ထဲမှာ လူစီ အိမ်ခန်းဝယ်နိုင်တာ သိပ်အံ့သြတာဘဲ။
ကိုယ့်ကို တစ်ခုခု လာပြောတဲ့အခါ မဟုတ်သေးဘူးလို့ ပြန်ပြောချင်ရင် not exactly ကို သုံးနိုင်တယ်။
  • 'Was Jack happy to be transferred to the London office?'
    'Not exactly, but he didn't complain because he thought the transfer would lead to   promotion.'   
    ဂျက် က လန်ဒန်ရုံးကို ပြောင်းသွားရတာ ပျော်ရဲ့လား။
    ပျော်တော့ မပျော်ဘူး။ ဒါပေမယ့် ပြောင်းပြီးရင် ရာထူးတက်မယ်ထင်လို့ အောင့်အည်းပြီး နေနေတယ်။

Funny you should say that/   That’s news to me/   Come to think of it/   Too true!/   No way

Funny you should say that (တိုက်ဆိုင်လိုက်တာ)

တစ်ယောက်ယောက်က ပြောလက်စ စကားအကြောင်း မသိဘဲ ၀င်ပြောတာ အံ့သြစရာ၊ မမျှော်လင့်ဘဲ အကြောင်းအရာချင်း ဆက်စပ်နေရင် Funny you should say that လို့ ပြောနိုင်တယ်။
  • 'This area needs a good cheap restaurant.'
    Funny you should say that
    ! A friend of mine is planning to open one in a month or two.'
    ဒီနားမှာ ဈေးသိပ်မကြီးတဲ့ စားသောက်ဆိုင်ကောင်းကောင်း တစ်ခုလောက် ရှိဖို့ လိုနေတယ်။
    တိုက်ဆိုင်လိုက်တာ
    ၊ ဒို့ သူငယ်ချင်းတစ်ယောက်က တစ်လ နှစ်လလောက်နေရင် စားသောက်ဆိုင်ဖွင့်မလို့ လုပ်နေတာ။
  • 'Frank really should think of marrying again. It's a long time since his wife died and he's very lonely.'
    'Funny you should say
    that! He's just told me that he is joining a dating agency.'
    ဖရင့်ကတော့ နောက်အိမ်ထောင်ပြုဖို့ ကောင်းနေပြီ။ သူ့ဇနီးဆုံးတာလဲ ကြာပြီ၊ သူလည်း တစ်ယောက်တည်း ဖြစ်နေတယ်။
    တိုက်ဆိုင်လိုက်တာ
    ၊ ဖရင့်က အိမ်ထောင်ဖက်ရှာတဲ့ အဖွဲ့မှာ နာမည်စာရင်းသွင်းထားမယ်ဆိုပြီး အခုဘဲ ပြောသွားတယ်။
That’s news to me (ဒို့တောင်မသိရသေးဘူး။)

အကြောင်းအရာတစ်ခုကို ကြားသိရတဲ့အခါ မသိသေးဘူး၊ သိခဲ့ဖို့ ကောင်းတယ်ဆိုတဲ့သဘော ပြန်ပြောချင်ရင် that's news to me ကို သုံးနိုင်တယ်။
  • 'Bill and Jane were never married.'
    'That's news to me.
    He always referred to her as his wife.'
    ဘီလ်နဲ့ ဂျိန်းက လက်မထပ်ရသေးဘူးတဲ့။
    ဒို့လည်း မသိရပါလား။
    ဘီလ်က ဂျိန်းကို အမြဲတမ်း သူ့မိန်းမ အနေနဲ့ဘဲ ပြောဆိုနေတဲ့ဟာ။
  • 'Apparently they are building a huge new office block near the public park.'
    'That's news to me
    and I live in that area.'
    လူထုဥယျာဉ်နားမှာ ရုံးအဆောက်အအုံကြီး ဆောက်မလို့ လုပ်နေကြတယ်။
    ဒို့တောင်မသိသေးဘူး။
    အဲဒီရပ်ကွက်ထဲမှာ နေရက်သားနဲ့။
Come to think of it (နေပါဦး ၊စကားမစပ်)

တစ်ခုခုကို အခုဘဲ သတိရလာပြီ ၊အမှတ်ရလာပြီလို့ ပြောချင်ရင် come to think of it ကို သုံးနိုင်တယ်။
  • Jane wasn't at tonight's meeting. Come to think of it, she wasn't there last week either.
    ကနေ့ည အစည်းအဝေးကို ဂျိန်း လာမတက်ဘူး။ နေပါဦး ပြီးခဲ့တဲ့ အပတ်ကလည်း လာမတက်ဘူး။
  • The doctors said that Bob has heart disease. Come to think of it, his father had something wrong with his heart.
    ဆရာဝန်က ဘော့ဘ်မှာ နှလုံးရောဂါရှိတယ်လို့ ပြောတယ်။ နေပါဦး သူ့အဖေလည်း နှလုံးမကောင်းဘူးလေ။
Too true! (သိပ်ဟုတ်တာပေါ့။)

စကားတစ်ခွန်း အင်မတန် မှန်ကြောင်း၊ လုံးဝသဘောတူညီကြောင်း ပြောချင်ရင် too true!  လို့ ပြောနိုင်တယ်။
  • 'So you think that the hotel porter could be the thief.'
    'Too true!
    We've just discovered that he was sacked from his last job for theft.'
    ဟော်တယ်က ပစ္စည်းသယ်ပို့ပေးတဲ့သူ သူခိုးဖြစ်နိုင်တယ်လို့ ထင်တာလား။
    သိပ်ဟုတ်တာပေါ့။
    ဟိုတယ်မှာ မလုပ်ခင်က ခိုးမှုနဲ့ အလုပ်ပြုတ်လာတာတဲ့လေ။ အခုဘဲ သိခဲ့ရတယ်။
  • 'I think we all deserve a day off.'
    'Too true!
    We have been working overtime for weeks now.'
    ဒို့အားလုံး အားလပ်ရက် တစ်ရက်လောက်တော့ ရသင့်ပါတယ်။
    မှန်လိုက်လေ။
    အချိန်ပိုဆင်းနေရတာ ဘယ်နှပတ်ရှိနေပြီလဲ။
No way (မဖြစ်နိုင်တာချည်းကို။)

လုံးဝမလုပ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ်၊ မဖြစ်နိုင်ဘူးလို့ ပြောချင်ရင်ဖြစ်ဖြစ် no way ကို သုံးနိုင်တယ်။
  • 'Are you going to accept the job?'
    'No way!
    It's very badly paid.'
    အဲဒီအလုပ်ကို လုပ်မှာလား။
    လုံးဝဥဿုံဘဲ
    ၊ လခက တစ်အားနည်းတယ်။
  • 'Do you think that Bob will come on holiday with us?'
    'No way!
    He never has any money!'
    ဘော့ဘ်က ဒို့နဲ့တူတူ အားလပ်ရက် ခရီးထွက်မယ်လို့ ထင်သလား။
    မဖြစ်နိုင်တာ။
    သူ့မှာ ဘယ်တုံးက ပိုက်ဆံရှိလို့လဲ။
  • There is no way that Jim would give Pete a job. He really dislikes him.
    ဂျင်မ်ကတော့ ပီတာကို အလုပ်ခန့်စရာ အကြောင်းမရှိဘူး။ ကြည့်လိုမှ မရတဲ့ဟာကို။

It's beyond me/     Not my cup of tea/    Dream on!/    That's a first!/    Too good to be true

It's beyond me (ဒို့တော့ ဥာဏ်မမီဘူး။)

နားမလည်ကြောင်း အလေးအနက် ပြောချင်ရင် it's beyond me လို့ ပြောနိုင်တယ်။
  • It's beyond me where Meg gets all that money to spend on clothes.
    Meg တစ်ယောက် ဘယ်က အ၀တ်အစားဖိုး အဲဒီလောက်ငွေတွေ ရနေသလဲ စဉ်းစားလို့မရဘူး။
  • It's beyond me how Anne puts up with her husband's rude behaviour.
    Meg က သူ့ယောက်ျားရဲ့ ရိုင်းစိုင်းတဲ့ အပြုအမူကို ဘယ်လိုလုပ် သည်းခံနိုင်သလဲ ဥာဏ်မမီဘူး။
Not my cup of tea (ဒို့ကတော့ မကြိုက်ပေါင်။)

သူငယ်ချင်းတွေ လွတ်လွတ်လပ်လပ် ပြောကြဆိုကြတဲ့ အနေအထားမှာ တစ်ခုခုကို မနှစ်သက်ကြောင်း၊ စိတ်မ၀င်စား ကြောင်း ပြောချင်ရင် not my cup of tea လို့ သုံးနှုန်းနိုင်ပါတယ်။
  • Beach holidays are not my cup of tea.
    ပင်လယ်ကမ်းခြေမှာ အားလပ်ရက်ထွက်ဖို့ ဒို့ကတော့ စိတ်မ၀င်စားဘူး။
  • Opera's not my cup of tea.
    ဒို့ကတော့ အော်ပရာ မကြိုက်ပေါင်။
Dream on!  (စိတ်ကူးယဉ်လိုက်ပုံများ)

လက်တွေ့မကျဘူး၊ ဖြစ်လာဖို့ မနီးစပ်ဘူးလို့ သူငယ်ချင်း အချင်းချင်း လွတ်လပ်စွာ ပြောချင်ရင် dream on! လို့ ပြောနိုင်တယ်။
  • 'I'd love to have a car like that.'
    'Dream on! You probably couldn't even afford the petrol for it.'
    အဲဒီလို ကားမျိုး စီးချင်လိုက်တာ။
    စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီကားထဲ ထည့်တဲ့ ဓာတ်ဆီဖိုးတောင် မင်း တတ်နိုင်မှာ မဟုတ်ဘူး။
  • I'm thinking of getting some kind of a job in Hollywood to try to get a part in a film.
    'Dream on! Hollywood is full of people doing that and hardly any of them get into films.'
    ဟောလီးဝုဒ်မှာ အလုပ်တစ်ခုခု ရှာပြီး ရုပ်ရှင်ဝင်ရိုက်လို့ ရအောင် ကြိုးစားမလားလို့ စဉ်းစားနေတယ်။
    စိတ်ကူးယဉ်လိုက်ပုံများ။ အဲဒီလို လုပ်ချင်နေတဲ့သူတွေ ဟောလီးဝုဒ်မှာ ဒုနဲ့ဒေး၊ ရုပ်ရှင်ထဲ ပါနိုင်တဲ့သူကတော့ မရှိသလောက်ဘဲ။
 အလားတူ အခြားအသုံးအနှုန်း တစ်မျိုးကတော့ in your dreams လို့ ပြောတာဖြစ်ပါတယ်။

That's a first!  (မကြုံစဖူးပါလား)

သူငယ်ချင်းအချင်းချင်း ပြောကြဆိုကြတဲ့အနေအထားမှာ အံ့သြစရာ မျှော်လင့်မထားတာ တစ်ခုခု ဖြစ်လာရင် that's a first! လို့ ပြောနိုင်တယ်။
  • 'Jane was the first to arrive at the party.'
    'That's a first! She's usually late.'
    ပါတီပွဲကို ပထမဆုံးရောက်လာတာ ဂျိန်းပါဘဲ။
    မကြုံစဖူးပါလား။ ဂျိန်းက ခါတိုင်းဆို နောက်ကျတတ်တယ်။
  • Tom says that he's going to start saving.'
    'That's a first! He's always been very extravagant.'
    တွမ်က ပိုက်ဆံစုတော့မယ်တဲ့။
    ကြားသားမိုးကြိုး၊ အမြဲတမ်း အသုံးအဖြုန်းကြီးတဲ့လူက။
Too good to be true (ကောင်းလွန်းအားကြီးနေတယ်။)

ကောင်းလွန်းအားကြီးနေတယ်၊ မဖြစ်နိုင်လောက်အောင် အဆင်ပြေနေတယ်၊ မဟုတ်လောက်ဘူးလို့ ပြောချင်ရင် too good to be true လို့ ပြောနိုင်တယ်။
  • The bank manager originally said that I might get a bank loan to start my new business, but it was too good to be true. He refused to lend me money when he studied the figures.
    ကျွန်တော် စီးပွားရေး လုပ်ငန်းအသစ်စလုပ်ဖို့ ဘဏ်မန်နေဂျာက ပထမတော့ ငွေထုတ်ချေးမယ်လို့ ပြောတယ်။ အဆင်ပြေလွန်းအားကြီးနေတယ်။ ကိန်းဂဏန်းတွေကိုလည်း လေ့လာပြီးရော ငွေမချေးနိုင်တော့ဘူးလို့ ဖြစ်သွားပါလေရော။
  • I thought that I had won the lottery last week, but it was too good to be true. I have read the numbers wrongly.
    လွန်ခဲ့တဲ့အပတ်က ကျွန်တော် ထီပေါက်တယ် ထင်တာ။ ဒါပေမယ့် ကောင်းလွန်းအားကြီးနေတယ် မဖြစ်နိုင်ဘူး။ နံပါတ်မှားဖတ်မိတာ။

That's all I need!/   So what's new?/   Quite right, too!/    Speak for yourself/    What's up?

That's all I need!  (ဒီထက်ပိုပြီး မခံနိုင်တော့ဘူး။)

ပြဿနာတွေ များနေတဲ့ကြားမှာ အခက်အခဲ ဒါမှမဟုတ် မကောင်းတာတစ်ခု ထပ်ဖြစ်တဲ့အခါ that's all I need!  လို့ ပြောနိုင်တယ်။
  • That's all I need! I've spent the morning trying to sort out the catering arrangements for the wedding reception and now you say that the band has cancelled.
    ဖြစ်ရလေ။ တစ်မနက်လုံး မင်္ဂလာဧည့်ခံပွဲအတွက် အကျွေးအမွေးတွေ စီစဉ်လိုက်ရတာ၊ အခုတော့ တီးဝိုင်း အစီအစဉ်ကို ဖျက်လိုက်တယ်တဲ့လား။
  • That's all I need! I already have a house full of guest and my son has just rung to say that he's coming home for the weekend and bringing to friends.
    တကယ်ပါဘဲ။ အိမ်မှာ ဧည့်သည်တွေ တစ်အိမ်လုံးပြည့် ရောက်နေပါတယ်ဆိုမှ သားက စနေ တနင်္ဂနွေ ကျရင် သူငယ်ချင်းတွေခေါ်ပြီး အိမ်ပြန်လာမယ်လို့ ဖုန်းဆက်ပြီး ပြောတယ်လေ။
So what's new? (ဘာထူးဆန်းလို့လဲ။)

ခင်မင်ရင်းနှီးသူအချင်းချင်း အားမနာတမ်း ပြောကြဆိုကြတဲ့ အခြေအနေမှာ မအံ့သြတော့ဘူး၊ ထင်သားဘဲလို့ ပြောချင်ရင် so what's new? ကို သုံးနိုင်တယ်။
  • John promised to attend the meeting but he didn't turn up.
    So what's new? He's completely unreliable.
    ဂျွန်က အစည်းအဝေး တက်မယ်ပြောပြီး လာလည်း မလာဘူး။
    ဘာထူးဆန်းလို့လဲ။ အဲဒီလူက ယုံလို့ရတဲ့လူမှ မဟုတ်တာ။
  • We had to cancel the picnic yesterday because it was raining.
    So what's new? It's very risky holding outdoor events in this climate.
    မိုးရွာနေလို့ မနေ့က ပျော်ပွဲစားအစီအစဉ် ဖျက်လိုက်ရတယ်။
    ဒါများ။ ဒီရာသီဥတုနဲ့ အဆောက်အအုံ အပြင်မှာ ပွဲလုပ်လို့ကတော့ မိုးဖျက်ဖို့ များတယ်။
Quite right, too! (ဖြစ်သင့်တာပေါ့။)

သဘောတူကြောင်း အလေးအနက် ပြောချင်ရင် quite right, too! လို့ ပြောနိုင်တယ်။
  • The principal has threatened to suspend any student who was found guilty of bullying.
    Quite right, too! The rest of the students must be protected from bullies.
    အနိုင်ကျင့်တဲ့ ကျောင်းသားတွေကို ကျောင်းတက်ခွင့် ဆိုင်းငံ့မယ်လို့ ကျောင်းအုပ်ကြီးက သတိပေးတယ်။
    လုပ်သင့်တာပေါ့။ ကျောင်းသူကျောင်းသားတွေကို အနိုင်ကျင့်တတ်တဲ့သူတွေ ဒုက္ခမပေးအောင် ကာကွယ် ပေးရမယ်။
  • I'm planning to take a few days off next month.
    Quite right, too! You work too hard!
    နောက်လကျရင် ခွင့်နဲနဲ ယူမလားလို့။
    ယူသင့်တာပေါ့။ အလုပ်တွေနဲ့ ပိနေတာ မဟုတ်လား။
Speak for yourself (အခြားသူတွေကို ဆွဲမထည့်နဲ့လေ။)

တစ်ယောက်ယောက်ကို ကိုယ်ထင်တာ ကိုယ်ပြောနေတာ မဟုတ်လား၊ အခြားသူတွေရဲ့ ထင်မြင်ချက်က အဲဒီလို ဟုတ်ချင်မှ ဟုတ်လိမ့်မယ်လို့ သတိပေးချင်ရင် speak for yourself လို့ ပြောနိုင်တယ်။
  • This year's exams were much easier than last year's.
    Speak for yourself! I thought they were much more difficult.
    ဒီနှစ်စာမေးပွဲက မနှစ်ကနဲ့စာရင် အများကြီး ပိုလွယ်တယ်။
    မင်းအတွက်တော့ ဟုတ်ချင်ဟုတ်မှာပေါ့။  ငါကတော့ ဒီနှစ် အများကြီး ပိုခက်တယ်လို့ ထင်တာဘဲ။
  • The lecture on local history was very boring.
    Speak for yourself! I found it very interesting.
    ဒီနယ်မြေသမိုင်းကြောင်းကို ပို့ချနေတာ ပျင်းစရာ ကောင်းလိုက်တာ။
    မင်းသာ ပျင်းတာ။ ငါကတော့ စိတ်ဝင်စားတယ်။
What's up? (ဘာဖြစ်နေတာလဲ။)

တစ်ခုခုများ ဖြစ်သလား၊ အထူးသဖြင့် မကောင်းတာ တစ်ခုခု ဖြစ်သလား၊ ဘာဖြစ်လို့ မကျေမနပ် ဖြစ်နေတာလဲ လို့ မေးချင်ရင် what's up? ကို သုံးနိုင်တယ်။
  • What's up? Everyone's looking miserable.
    ဘာဖြစ်နေတာလဲ။ အားလုံး မျက်နှာ မကောင်းပါလား။
  • I just met Jane and she was crying. What's up?
    ဂျိန်းကို အခုလေးတင် တွေ့ခဲတာ ငိုနေတယ်၊ ဘာဖြစ်တာလဲ။

တစ်ခါတစ်လေ what's up with ____ ?  လို့လည်း ကွက်လပ်နေရာမှာ လူနာမည်ထည့်ပြီး သုံးလေ့ရှိတယ်။
  • What’s up with Jim? He looks angry.
    ဂျင်မ်က ဘာဖြစ်နေတာလဲ၊ ဒေါကန်နေတဲ့ မျက်နှာနဲ့။ 

Lost    /Talk/        Tell/         That/       Up

    Get lost! ((ဝေးဝေး)သွားစမ်းကွာ!)


    You say get lost! when you tell someone rudely to go away:
    (get lost ((ဝေးဝေး)သွားစမ်းကွာ ကို တစ်ယောက်ယောက်အား သင့်အနားကနေ ဝေးဝေးသွားစေလိုတဲ့အခါ ပြောသည့် မယဉ်ကျေးသော အသုံးအနှုန်းဖြစ်သည်။)

    • Get lost! Can't you see I'm busy?
      (ဝေးဝေးသွားစမ်း
      ကွာ ငါအလုပ်များနေတာ မမြင်ဘူးလား။)
    • Get lost? I'm trying to work!
      (ဝေးဝေးသွားစမ်း။ ငါအလုပ်လုပ်ဖို့ ကြိုးစားနေတယ်။)


    Look who's talking!  (မင်းကပဲ ပြောရတယ်ရှိသေး!)


    You say look who's talking! when you tell someone that they are criticizing someone for doing something that they do themselves:
    (လူတစ်ဦးတစ်ယောက်က ကိုယ်ကိုယ်တိုင်လုပ်တတ်တဲ့ အပြုအမူမျိုးနှင့် ပါတ်သက်ပြီး တစ်ခြားသူ တစ်ဦးဦးကို အပြစ်တင် ဝေဖန်တဲ့အခါ ထိုသူအား look who's talking! (မင်းကပဲပြောရတယ်ရှိသေး!) ဆိုပြီး ပြောတဲ့ အသုံးအနှုန်းပင်ဖြစ်သည်။)

    • 'Joe shared my room last night and he kept me awake all night by snoring.'
      (ညက ဂျိုး (Joe) ကျွန်တော့အခန်းမှာ လာအိပ်တယ်။ သူ့ဟောက်သံကြောင့် ကျွန်တော် တစ်ညလုံးအိပ်လို့မရဘူးဗျာ။)

      'Look who's talking! Everyone in the flat can hear you snoring every night.'

      (မင်းကပဲပြောရတယ်ရှိသေး!
      ညတိုင်းမင်းဟောက်သံကို တိုက်ခန်းမှာရှိတဲ့လူတိုင်း ကြားနေရတယ်။)
    • 'Sara spends a huge amount of money on clothes.'
      (ဆာရာ (Sara) ဟာ အ၀တ်အစားနဲ့ ပတ်သက်ပြီး ငွေပမာဏ အများကြီး သုံးတယ်။)

      'Look who's talking!
      You buy something new to wear every week.'
      (မင်းကပဲပြောရတယ်ရှိသေး! မင်းလည်း အပတ်တိုင်း အ၀တ်အစားအသစ်ကို ၀ယ်တာပဲလေ။)


    I told you so (ငါပြောသားပဲ)


    You say I told you so when you had warned someone that something bad would happen and it did:
    (တစ်ဥိးတစ်ယောက်ကို မကောင်းတဲ့ ကိစ္စတစ်ခုခုဖြစ်လိမ့်မယ်လို့ ကိုယ်ကသတိပေးထားပြီး ထိုကဲ့သို့ သတိပေးထားသည့် အတိုင်း ဖြစ်လာသည့်အခါတွင် (I told you so) ငါပြောသားပဲ လို့ ပြောလေ့ပြောထ ရှိပါတယ်။)

    • 'The second-hand computer which I bought isn't very reliable.'
      (ငါဝယ်လာတဲ့ တစ်ပါတ်ရစ်ကွန်ပျူတာက သိပ်စိတ်မချရဘူး။)

      I told you so
      when you were buying it, but you wouldn't listen.'
      (မင်းဝယ်နေတုန်းက ငါပြောသားပဲ။  ဒါပေမယ့် မင်းမှ နားမထောင်တာ။)

    • 'The heating system doesn't work properly.'
      (အပူပေးစနစ်က ကောင်းကောင်းအလုပ်မလုပ်ဘူး။)

      'I told you so
      when you rented the flat, but you wouldn't believe me.'
      (
      မင်းတိုက်ခန်းငှားတုန်း ငါပြောသားပဲ။ ဒါပေမယ့် မင်းငါ့ကို မယုံခဲ့ဘူး။)


    The expression what did I tell you? has a similar meaning:
    (What did I tell you? ဆိုတဲ့ အသုံးအနှုန်းဟာလည်း တူညီတဲ့ အဓိပ္ပါယ်ရပါတယ်။)

    •  I offered Jim the job, but he didn't turn up for work.'
      (ကျွန်တော် ဂျင်(မ) (Jim) ကို အလုပ်ပေးခဲ့ပေမယ့် သူဟာ အလုပ်လုပ်ဖို့ ရောက်မလာပါဘူး။)
      What did I tell you?
      Jim's lazy and unreliable.'
      ( မင်းကိုငါဘာပြောခဲ့လဲ? ဂျင်(မ) (Jim) က အပျင်းထူပြီး စိတ်မချရပါဘူး။)



    And that's that! (ဒါပဲ!)


    You say and that's that! when you have come to a decision which you will not change and do not want any more discussion about the subject:
    (and that’s that (ဒါပဲ!) ကို မပြောင်းလဲတဲ့ ဆုံးဖြတ်ချက်ချပြီးနောက် အဲ့ဒီကိစ္စနှင့် ပတ်သက်၍ ထပ်ပြီးဆွေးနွေးခြင်း မပြုလိုတဲ့အခါ အသုံးပြုပါတယ်။)

    • You're not having a teenage party here and that's that!
      (ဒီနေရာမှာ မင်းတို့ ဆယ်ကျော်သက်တွေရဲ့ ပါတီမလုပ်ရဘူး။ ဒါပဲ!)

    • I'm not lending you my car and that's that!
      (မင်းကို ငါ့ကားမငှားဘူး။ ဒါပဲ!)

    You can also use and that's that! to mean that something has ended or finished:
    (and that’s that (ဒါပဲ) တစ်စုံတစ်ရာ ပြီးမြောက်ကြောင်း (သို့) အဆုံးသတ်ကြောင်းပြောရာတွင်လည်း သုံးနိုင်သည်။)
    We've both signed the divorce papers and that's that! Our marriage is over.
    (ငါတို့နှစ်ယောက်လုံး ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်တယ်။ ငါတို့ အိမ်ထောင်ရေးကအဆုံးသတ်သွားပြီ။ ဒါပဲ!) 



    I've had it up to here  (စိတ်ကုန်တယ်)


    You say I've had it up to here with someone or something when you are very annoyed with them and do not want to have anything to do with them any more:
    (စိတ်ကုန်တယ် (I’ve had it up to here) ကို လူတစ်ယောက်ယောက် (သို့) အကြောင်းအရာတစ်ခုခုကြောင့် စိတ်အနှောင့် အယှက်ဖြစ်ပြီး ၎င်းတို့နှင့် နောက်နောင်မပတ်သက်လိုတဲ့အခါမှာ ၎င်းအသုံးအနှုန်းကို သုံးပါတယ်။)

    • I've had it up to here with teenagers. I've decided to give up teaching.
      (ဆယ်ကျောက်သက်တွေကို စိတ်ကုန်တယ်။ ငါစာသင်တာကို စွန့်လွှတ်လိုက်ဖို့ စိတ်ကူးလိုက်ပြီ။)

    • I've had it upto herewith this job. I'm going to resign.
      (ဒီအလုပ်ကို စိတ်ကုန်တယ်။ ငါအလုပ်က ထွက်တော့မယ်။)
    Ref: VOA
    By Language Republic
    Myanmar Network

    0 comments:

    Post a Comment