Saturday 21 April 2012

ဖိတ်ကြားချက်ကို ငြင်းပယ်နည်း (How to turn down an invitation)

How to videos - နည်းလမ်းပြဗီဒီယိုအတွဲကို ကြည့်ပြီး မတူညီသော အခြေအနေအသီးသီးတွင် သင့်တော်မှန်ကန်စွာ မည်သို့ ပြောဆိုရမည်ကို လေ့လာပါ။


ဖိတ်ကြားချက်ကို ငြင်းပယ်နည်း


ပါတီတစ်ခုကို ဖိတ်ပေမယ့် မသွားချင်တာမျိုး ကြုံဖူးသလား။ နောင်အခါ အဲဒါမျိုးကြုံရတဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ ဘယ်လို ငြင်းပယ်ရမယ်ဆိုတာကို လေ့လာကြည့်ပါ။


  • Man: Oh no!
    အမျိုးသား - ဒုက္ခပါဘဲ။
    Woman: What is it?
    အမျိုးသမီး - ဘာဖြစ်လို့လဲ။
  • Man: “Josh and Henrietta would like to have the pleasure of your company at a drinks party, next Saturday evening...”
    အမျိုးသား - ဂျော့ရှ်နဲ့ ဟန်ရိုင်ယက်တာတို့က လာမည့် စနေ့ညနေမှာ အဖျော်ယမကာ ပါတီပွဲ ကြွရောက်ပါမည့်အကြောင်း လူကြီးမင်းတို့ကို ဖိတ်ကြားပါသည် တဲ့။
    Woman: Oh no, Josh and Henrietta... they’re not that couple who...?
    အမျိုးသမီး - ဒုက္ခပါဘဲ။ ဂျော့ရှ်နဲ့ ဟန်ရိုင်ယက်တာ ဆိုတာ ... ... ဟို စုံတွဲ မဟုတ်လား။
  • Man: Yeah exactly! Andit gets worse...
    အမျိုးသား - သိပ်ဟုတ်တာပေါ့။ ပိုဆိုးတာ ရှိသေးတယ် ...
    Woman: How?
    အမျိုးသမီး - ဘယ်လိုလဲ။
  • Man: “Formal dress...”
    အမျိုးသား - “ပွဲတက်ဝတ်စုံ ..”
    Woman: Argh.... it means you’ve got to wear a suit....
    အမျိုးသမီး - အမလေး ... အနောက်တိုင်း ၀တ်စုံဝတ်ရမယ်ပေါ့ ...
  • Man: At the bottom it says “RSVP”. What does it mean?
    အမျိုးသား - အောက်ဆုံးမှာ “RSVP”လို့ ရေးထားတယ်။ ဘာအဓိပ္ပာယ်လဲ။
    Woman: You’ve got to reply.
    အမျိုးသမီး - အကြောင်းပြန်ပါလို့ ပြောတာ။
  • Man: But I don’t want to go, so what can I say?
    အမျိုးသား - မသွားချင်ဘူး၊ ဘယ်လို အကြောင်းပြန်ရမလဲ။
    Woman: Tell them you’ve got a dentist’s appointment..
    အမျိုးသမီး - သွားဆရာဝန်နဲ့ ချိန်းထားတာ ရှိတယ်လို့ ပြောလိုက်ပေါ့။
  • Man: Josh is my dentist!
    အမျိုးသား - ဂျော့ရှ်က သွားစိုက်ဆရာဝန်ဟာကို။
    Woman: Tell them it’s your grandmother’s 100th birthday party.
    အမျိုးသမီး - အဖွားရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့လို့ ပြောလိုက်။
  • Man: But they know my granny died ages ago.
    အမျိုးသား - အဖွားဆုံးသွားတာ ကြာလှပြီဆိုတာ သူတို့ သိတယ်။
    Woman: Tell them your dog’s sick and you’ve got to take him to see the vet.
    အမျိုးသမီး - ခွေးနေမကောင်းလို့ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ သွားပြရမယ်လို့ ပြော။
  • Man: It’s no use – I’m just going to have to tell them the truth..
    .အမျိုးသား - မဖြစ်သေးပါဘူး။ အမှန်အတိုင်း ပြောလိုက်မှပါ ...
    Woman: The truth? “I’m not coming to your birthday party because I think you’re boring and stupid?”
    အမျိုးသမီး - ဘယ်လိုအမှန်အတိုင်း ပြောမှာလဲ။ ‘ခင်ဗျားတို့က ပျင်းစရာကောင်းပြီး ‘
  • Man: Maybe not then...
    အမျိုးသား - အဲဒီလိုတော့ မပြောဘူးပေါ့။
    Woman: Tell them this:“I’m unable to attend because I have a prior engagement.”
    အမျိုးသမီး - ဒါဆိုဒီလိုပြော။ “ကျွန်တော့်မှာ ချိန်းဆိုထားပြီး ကိစ္စတစ်ခု ရှိနေပါ၍ တက်ရောက်နိုင်မည် မဟုတ်ပါ”
  • Man: “Prior engagement”?! And… they won’t be offended?
    အမျိုးသား - “ချိန်းဆိုထားပြီး ကိစ္စတစ်ခု” တဲ့လား။ ဒါဆို သူတို့ စိတ်မဆိုးလောက်ပါဘူးနော်။
    Woman: Absolutely not.
    အမျိုးသမီး - ဘယ်စိတ်ဆိုးမှာလဲ။
    Man: Perfect!
    အမျိုးသား - အဲဒါအကောင်းဆုံးဘဲ။
by Saw Hosea
Myanmar Network

0 comments:

Post a Comment