Sunday 22 April 2012

လက်တွေ့အသုံးချ ရုံးသုံးအင်္ဂလိပ်စာ

ဒီကဏ္ဍမှာ ရုံးတွေမှာ လက်တွေ့သုံးနိုင်မဲ့ အင်္ဂလိပ်စာ စကားစုလေးတွေကို အပတ်စဉ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အောက်ပါစကားစုများ ကို နှုတ်ဖြင့်ပြောရာ၌ ဖြစ်စေ၊ စာဖြင့်ရေးသားရာမှာဖြစ်စေ သင့်တော်သလို အနည်းငယ်ပြင်ဆင်သုံးစွဲနိုင်ပါတယ်။

Asking for a meeting
အစည်းအဝေးပြုလုပ်ရန်ချိန်းဆိုခြင်း

-Could we schedule a time to meet next week?
နောက်အပတ်မှာတွေ့ဖို့ အချိန်သတ်မှတ်ကြမလား?

-I’d like to schedule a meeting as soon as possible.
ကျွန်တော် အစည်းအဝေးလုပ်ဖို့ အမြန်ဆုံး အချိန်သတ်မှတ်ချင်ပါတယ်။

-Can we meet and go over this together?
ကျွန်မတို့လူချင်းတွေ့ပြီး ဒီကိစ္စကိုဆွေးနွေးကြရအောင်လား?

-Perhaps we could meet and go over the details in person?
ကျွန်တော်တို့ လူချင်းတွေ့ပြီး အသေးစိပ်အချက်အလက်တွေကို ဆွေးနွေးကြရရင်မကောင်းဘူးလား?


Suggesting a meeting time
အစည်းအဝေးပြုလုပ်ရန်အချိန်အကြံပြုခြင်း

-How about Monday at nine?
တနင်္လာနေ့ နံနက် ကိုးနာရီမှာ တွေ့လို့ရမလား?

-How about sometimes after lunch?
နေ့လယ်စာစားပြီး တစ်ချိန်ချိန်ဆိုရင်ရော?

-Could we meet next week?
နောက်အပတ်မှာကျွန်တော်တို့တွေ့ကြရအောင်လား?

-Can I suggest 7:30 on Thursday evening?
ကြာသပတေးနေ့ ညနေ ခုနှစ်နာရီခွဲ မှာတွေ့မယ်ဆိုရင်ရော?

-Would half past five suit you?
ငါးနာရီခွဲဆိုရင်ရော အဆင်ပြေမလား?


Saying that you aren’t able to attend
အစည်းအဝေးအားမတက်ဖြစ်ကြောင်းပြောရာ၌ သုံးသော စကားစုများ

-Sorry I can’t make it then.
စိတ်မကောင်းပါဖူး ရှင်။ ကျွန်မအဲဒီအချိန်မလာနိုင်ပါဘူး။

-I’m afraid I have another appointment then.
 အားတော့နာပါရဲ့။ ဒါပေမဲ့ ကျွန်မ အဲဒီအချိန်မှာ အခြားအစည်းအဝေး အတွက်ချိန်းဆိုထားပြီးသား ရှိနေလို့ပါ။

-I’m a bit tied up then. How about another time?
အဲဒီအချိန် မှာ  ကျွန်တော် အလုပ် နည်းနည်း မအားဖြစ်နေမယ်။ နောက်တစ်ခါမှ တွေ့ကြရအောင်လား။


Saying that you can attend
အစည်းအဝေး တက်ဖြစ်ကြောင်း ပြောရာ၌ သုံးသော စကားစုများ

-Sounds good.
ကောင်းသားပဲ။

-Yes, that works for me.
ကောင်းပါပြီ။အဲံဒီအချိန်ဆိုရင် ကျွန်မ အတွက် အဆင်ပြေပါတယ်။

-Yes, that would be fine.
ဟုတ်ကဲ့။ အဲဒီအစီအစဉ်လေး အဆင်ပြေမယ်။

Confirming the day and time
အစည်းအဝေးပြုလုပ်ရန် အချိန် နှင့် နေရာအား အတည်ပြုရန်  အသုံးပြုသော စကားစုများ။

-See you on Monday at seven.
တနင်္လာနေ့ နံနက် ခုနှစ်နာရီမှာ ပြန်တွေ့မယ်နော်။

-So, I look forward to seeing you on Tuesday at four.
ကဲ…ဒါဆိုရင် အင်္ဂါနေ့ နေ့လည် လေးနာရီမှာ ခင်ဗျားနဲ့တွေ့ဖိုကျွန်တော် မျှော်နေမယ်နော်။


Welcoming Participants (လှိုက်လှဲစွာကြိုဆိုရာ၌ သုံးသော စကားစုများ)

- It’s nice to see everyone.
အခုလို အားလုံးကိုတွေ့ရတာ ဝမ်းသာပါတယ်။

- Thanks for being here today.
ဒီနေ့ဒီမှာ ရှိနေပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။


Stating objectives (ရည်ရွယ်ချက်ကို ဖော်ပြရာ၌ သုံးသော စကားစုများ)

- We’ll be discussing….
ကျွန်တော်တို့ ......... အကြောင်းကိုဆွေးနွေးပါမယ်။

- Joaquin will be examining …..
Joaquin က ....... ကိုသုံးသပ်ဆွေးနွေးနေမယ်။


Asking participants to introduce (ပါဝင်သူတို့အား စတင်မိတ်ဆက်ရန် ပြောဆိုရာ၌ သုံးသော စကားစုများ)

- Why don’t you introduce to yourself to everyone?
ခင်ဗျား ကိုယ့်ကိုကိုယ် အားလုံးနဲ့ မိတ်ဆက်လိုက်ရင်မကောင်းဖူးလား။

- Tell us a bit about yourself.
ကျွန်တော်တို့ကို ခင်ဗျားနဲ့ ပတ်သက်တဲ့ အကြောင်းလေးအနည်းငယ်ပြောပြပေးပါ။

- Could you tell us all who you are and say something about yourself?
ခင်ဗျားဘယ်သူလည်း ဆိုတာရယ် ခင်ဗျားနဲ့ ပတ်သက်တဲ့ အကြောင်းလေးအနည်းငယ်ကို ကျွန်တော်တို့ အားလုံးကိုပြောပြပေးပါ။


Introducing yourself (ကိုယ်ကိုကိုယ် မိတ်ဆက်ရာ၌ သုံးသော စကားစုများ)

- I’m the business development manager.
ကျွန်တော်က business development manager ပါ။

- I’ve been with Offitech SA since 2002.
ကျွန်တော် Offitech SA မှာ ၂ဝဝ၂  ခုနှစ် ကတည်းကလုပ်နေတာပါ။

- I’ve worked for the company for four years.
ကျွန်တော်ဒီကုမ္ပဏီမှာ လေးနှစ်အလုပ်လုပ်ခဲ့ပါတယ်။

- I’m based in the Valencia office.
ကျွန်မ Valencia ရုံးခွဲမှာ တာဝန် ထမ်းဆောင်ပါတယ်။

- I work at our Bilbao branch.
ကျွန်တော် Bilbao ကုမ္ပဏီရုံးခွဲမှာ အလုပ်လုပ်ပါတယ်။

Rejecting an offer (ကမ်းလှမ်းချက်အား ငြင်းဆိုရာ၌ အသုံးပြု နိုင်သော စကားစုများ)
  • Sorry, but I’m not able to go along with that.  (အားနာပါတယ်။ ဒါပေမဲ့ ကျွန်မ အဲ့ဒါကိုတော့သဘောမတူနိုင်ပါဘူး။)
  • Unfortunately, I won’t be able to take you up on that. (စိတ်မရှိပါနဲ့ဗျာ၊ ဒီကိစ္စမှာတော့ ခင်ဗျားနဲ့ သဘောတူနိုင်မယ်မထင်ဖူး။)
  • I’m afraid I can’t agree to that. (ကျွန်မ ဒီလိုလုပ်တာကို သဘောမတူနိုင်ပါဘူး။)
    I don’t think that would be possible. (ကျွန်မ အဲဒီကိစ္စဖြစ်နိုင်မယ်လို့ သိပ်မထင်ဘူး။)   

Accepting an offer (ကမ်းလှမ်းချက်အား လက်ခံရာ၌ အသုံးပြု နိုင်သော စကားစုများ။)

  • I think we’ll go for that. (ကျွန်တော်တို့ ဒီအတိုင်းပဲ လုပ်ဖြစ်မယ်လို့ ထင်တယ်။)
  •  That sounds good to me. (အဲဒါ ကောင်းသားပဲဗျာ။)
  •  That would be great. (အဲဒီအစီအစဉ်လေး အဆင်ပြေမယ်။)

Asking for time to consider (ကမ်းလှမ်းချက်အား စဉ်စားရန် အချိန်တောင်းဆိုရာ၌ အသုံပြု နိုင်သော စကားစုများ။)

  • I’d like a couple of days to think this over. (ကျွန်တော် ဒီကိစ္စကို စဉ်စား ဖို့ ရက်အနည်းငယ် လိုအပ်တယ်။)          
  • Can I get back to you on that? (ကျွန်တော် အဲဒီကိစ္စကို နောက်မှ ခင်ဗျားကို ပြန်ပြောလို့ရမလား။)
  • I need some time to think it over. (ကျွန်တော် ဒီကိစ္စကို စဉ်စားဖို့ အချိန်နဲနဲလိုတယ်။)

By Kyaw Kyaw Oo
Myanmar Network

0 comments:

Post a Comment