Sunday 22 April 2012

ဘယ်အချိန်တွေ့ကြမလဲ။ (Could We Fix a Time to Meet? by Guy Perring)

တယ်လီဖုန်းဆက်ရခြင်းအကြောင်းတွေထဲမှာ လူချင်းတွေ့ဖို့ အချိန်းအချက်လုပ်တာ အတော်များပါတယ်။ အီးမေးလ် ပို့လို့ရပေမယ့်၊ ဗွီဒီယိုနဲ့ ချိတ်ဆက်ဆွေးနွေးလို့ ရပေမယ့်၊ သမားရိုးကျနည်းအတိုင်း တယ်လီဖုန်း ဆက်လိုက်လို့ ရပေမယ့် လုပ်ငန်းခွင်ထဲက လူတွေ အတော်များများဟာ ပြဿနာ ဖြေရှင်းဖို့နဲ့ အလုပ်သဘော ဆက်ဆံရေး ကောင်းမွန်အောင် တည်ဆောက်ထားဖို့ လူချင်းတွေ့ပြီး ပြောရတာကို ပိုသဘောကျကြတယ်။

လူချင်းတွေ့ဖို့ အချိန်းအချက်လုပ်ရာမှာ ဘယ်လိုစကား စ ပြောရမလဲ ဆိုတာကို ဖော်ပြလိုက်ပါတယ်။ (မြန်မာလို လုံးကောက်ဘာသာပြန်ဆိုပြီး ကွင်းခတ် ဖော်ပြပေးထားပါတယ်။)
  • I was wondering if we could fix a time to meet?
(တွေ့နိုင်မယ့် အချိန်တစ်ခုကို သတ်မှတ်နိုင်မလား ကျွန်တော် စဉ်းစားနေခဲ့ပါတယ်။)
  • I was hoping we could meet up sometime this week?
(အခုအပတ်တစ်ချိန်ချိန်မှာ တွေ့လိုက်နိုင်မလားလို့ ကျွန်တော် မျှော်လင့်နေခဲ့ပါတယ်။)
  • Could we arrange a time to meet in the next few days?
(လာမယ့် ရက်အနည်းငယ်အတွင်းမှာ တွေ့ဖို့ အချိန်တစ်ချိန် ကျွန်တော်တို့ စီစဉ်နိုင်မလား။)
  • Would it be possible to meet in the next few days?
(လာမယ့် ရက်အနည်းငယ်အတွင်းမှာ တွေ့ဖို့ ဖြစ်နိုင်မလား။) ဒါပြီးရင် တွေ့ဆုံဖို့ သင့်တော်တဲ့အချိန်ကို ဆက်ပြီး ညှိနှိုင်းရပါမယ်။
  • What time would suit you?
(ဘယ်အချိန် သင့်အတွက် သင့်တော်မလဲ)
  • When would be convenient?
(ဘယ်အချိန် အဆင်ပြေမလဲ)
  • When are you free?
(ဘယ်အချိန် အားသလဲ)

Convenient အဆင်ပြေတယ် ဆိုတာ free အားတာပါဘဲ၊ တကယ်တော့ မကွာပါဘူး။ သို့သော် convenient က ပိုပြီး ခန့်ခန့်ငြားငြား ပြာရာရောက်တယ်။တွေ့ဆုံနိုင်မယ့်အချိန်ကို အကြမ်းအားဖြင့် တောင်းခံချင်ရင် ဒါမှမဟုတ် အချိန်တစ်ချိန် စဉ်းစားထားတာ ရှိရင် အခု ဆက်လက် ဖော်ပြထားသလို ပြောနိုင်ပါတယ်။
  • How about Tuesday lunchtime?
(အင်္ဂါနေ့ နေ့လည်စာစားချိန်ဆိုရင် ဘယ်လိုလဲ)
  • What about Monday morning?
(တနင်္လာနေ့ နံနက်ဆိုရင် ဘယ်လိုလဲ)
  • Is Wednesday morning good for you?
(ဗုဒ္ဒဟူးနေ့ နံနက်ဆိုရင် သင့်အတွက်ကောင်းသလား)
  • Are you free on Friday morning?
(သောကြာနေ့ နံနက် သင် အားသလား)
  • Is Tuesday morning possible for you?
(အင်္ဂါနေ့နံနက်ဆိုရင် သင့်အတွက် ဖြစ်နိုင်သလား)
  • Shall we say Monday afternoon?
(တနင်္လာနေ့ နေ့လည်ပိုင်း ဖြစ်မလား)

အဓိပ္ပာယ်ကတော့ တကယ်တမ်း မကွာပါဘူး။ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ အချိန်ကို ညှိနှိုင်းနေတုန်း အလဲအလှယ် သုံးနိုင်အောင် ခပ်များများ လေ့ကျင့်ထားဖို့ပါဘဲ။ How about ...၊ ချည်း ထပ်ခါတလဲလဲ ဖြစ်မနေအောင်ပါ။ အားတဲ့နေ့၊ အားတဲ့အချိန်၊ မအားတဲ့နေ့၊ မအားတဲ့အချိန်ကိုလည်း ပြောတတ်ဖို့ လိုတယ်။
  • I’m free on Monday morning and Tuesday afternoon.
(တနင်္လာနေ့ မနက်ပိုင်းနဲ့ အင်္ဂါနေ့ နေ့လည်ပိုင်း အားတယ်)
  • I am out of the office all day Wednesday.
(ဗုဒ္ဓဟူးနေ့တစ်နေ့လုံး ရုံးမှာ ရှိမှာမဟုတ်ဘူး။)
  • I’m in meeting most of Friday.
(သောကြာနေ့တစ်နေ့လုံးနီးနီး အစည်းအဝေးတွေ တက်ရမယ်။)
  • I’m not available on Thursday afternoon.
(ကြာသပတေးနေ့ နေ့လည်ပိုင်း မအားဘူး)
  • I’m flying to Brunei on Wednesday.
(ဗုဒ္ဓဟူးနေ့ကျရင် ဘရူနိုင်းကို လေယာဉ်နဲ့ သွားဖို့ရှိတယ်)

နောက်ဆုံးဥပမာမှာ present continuous tense ကို သုံးထားတယ်ဆိုတာ သတိပြုပါ။ နောင်အခါ လုပ်ဖို့ အပြီးသတ် စီစဉ်ထားတာတွေကို ပြောချင်ရင် အသုံးအများဆုံး ပုံစံဖြစ်ပါတယ်။ ဒါကြောင့် ဒိုင်ယာရီထဲ ရေးထားတဲ့ လုပ်စရာတွေ၊ အချိန်ဇယားဆွဲထားတဲ့ လုပ်စရာတွေကို ပြောချင်ရင် present continuous နဲ့ ပြောရပါတယ်။ အောက်မှာ ပြထားတဲ့ ဒိုင်ယာရီကို ကြည့်ပါ။
  • Thursday 24th May - Presentation to board of results
(ကြာသပတေးနေ့၊ မေလ ၂၄ – ဘုတ်အဖွဲ့ကို ရလဒ်များ တင်ပြ။)
  • Friday 25th May - Meet with Marketing Team
(သောကြာနေ့၊ မေလ ၂၅ – မားကက်တင်း အဖွဲ့နဲ့ တွေ့။)
  • Saturday 26th May - Annual Office Ball
(စနေနေ့၊ မေလ ၂၆ – နှစ်ပတ်လည် ရုံး က ပွဲ)
  • Monday 28th May - Fly to KK
(တနင်္လာနေ့၊ မေလ ၂၈ – KK သို့ လေယာဉ်ဖြင့် သွား)

အဲဒီ လုပ်စရာ စီစဉ်ထားတာတွေကို present continuous သုံးပြီး ၀ါကျဖွဲ့ကြည့်ပါ။ နမူနာအဖြေတွေကို အောက်ဖက်မှာ ပေးထားပါတယ်။

နောက်ဆုံးအနေနဲ့ အချိန်ကပ်ပြီးမှ ချိန်းထားတာကို အပြောင်းအလဲ လုပ်ရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခြေအနေမှာ သုံးနိုင်မယ့် အသုံးအနှုန်းတွေကို လေ့လာကြည့်ပါ။
  • I’m very sorry, but I need to cancel our appointment on________. Could we arrange another time?
(အလွန်ဝမ်းနည်းပါတယ်၊ သို့သော် ---- ရက်နေ့မှာ ချိန်းထားတာကို ဖျက်ဖို့ လိုအပ်လာပါတယ် (မလာနိုင်တော့ဘူး)။ အခြားအချိန် စီစဉ်နိုင်မလား။)
  • We have had a bit of a crisis here, so I need to reschedule our meeting.
(ဒီမှာ ပြဿနာနဲနဲ ဖြစ်နေလို့ တွေ့မဲ့အချိန်ကို ပြန်ချိန်းဖို့ လိုပါတယ်။)
  • I’m afraid I can’t manage our meeting on Friday. Can we meet next week instead?
(မပြောမဖြစ် ပြောရမှာကတော့ သောကြာနေ့ တွေ့ဖို့ မလာနိုင်တော့ဘူး။ အဲဒီအချိန်အစား နောက်အပတ် တွေ့နိုင်မလား။)

နမူနာအဖြေများ
  • I’m giving a presentation to the board on Thursday.
(ကြာသပတေးနေ့မှာ ဘုတ်အဖွဲ့ကို တင်ပြဖို့ ရှိတယ်။)
  • I’m meeting the Marketing Team on Friday.
(သောကြာနေ့မှာ မားကက်တင်းအဖွဲ့နဲ့ တွေ့ဖို့ရှိတယ်။)
  • I’m attending the Annual Office Ball on Saturday.
(စနေနေ့မှာ ရုံးကလုပ်တဲ့ နှစ်ပတ်လည် ကပွဲကို တက်ရမယ်။)
  • I’m flying to KK on Monday.
(တနင်္လာနေ့မှာ KK ကို လေယာဉ်နဲ့ သွားဖို့ ရှိတယ်။)

(Guy Perring ၏ Could We Fix a Time to Meet? အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

Myanmar Network

0 comments:

Post a Comment