Monday 23 April 2012

စီးပွားရေးလုပ်ငန်းအစည်းအဝေးဆိုင်ရာ အဓိကကျသော စကားစုများ - အစည်းအဝေးကျင်းပခြင်း

Key Business Meeting Phrases - Conducting a Meeting
 
The following phrases are used to conduct a meeting. These phrases are useful if you are called on to conduct a meeting. (အောက်ဖော်ပြပါစကားစုတို့သည် အစည်းအဝေးတစ်ခု ကျင်းပသည့်အခါမှာ အသုံးပြုပါတယ်။ သင့်အား အစည်းအဝေးတစ်ခုကို ဆောင်ရွက်ရန် တောင်းဆိုလာသည့်အခါတွင် ဒီစကားစုတွေဟာ အသုံးဝင်ပါလိမ့်မည်။)

Opening (အဖွင့်)
Good morning/afternoon, everyone.
(အားလုံးပဲ ကောင်းသော နံနက်ခင်း/ နေ့လည်ခင်းပါ ခင်ဗျာ/ရှင်)
If we are all here, let’s get started/ start the meeting/ start.
(လူအားလုံးစုံကြပြီဆိုရင် အစည်းအဝေး စလိုက်ကြပါစို့)

Welcoming and introducing (ကြိုဆိုခြင်းနှင့် မိတ်ဆက်ပေးခြင်း)
Please join me in welcoming (name of participant).
((အစည်းအဝေးတက်ရောက်သူ၏အမည်) ကို ကျွန်တော်နှင့် အတူ ကြိုဆိုပေးကြပါခင်ဗျာ)
We’re pleased to welcome (name of participant).
((အစည်းအဝေးတက်ရောက်သူ၏အမည်) ကို ၀မ်းမြောက်စွာနှင့် ကြိုဆိုပါတယ် ခင်ဗျာ)
I’d like to extend a warm welcome to (name of participant).
((အစည်းအဝေးတက်ရောက်သူ၏အမည်) ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ် ခင်ဗျာ)
It’s a pleasure to welcome (name of participant).
((အစည်းအဝေးတက်ရောက်သူ၏အမည်)ကို ကြိုဆိုခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်ခင်ဗျာ)
I’d like to introduce (name of participant).
((အစည်းအဝေးတက်ရောက်သူ၏အမည်) နှင့် မိတ်ဆက်ပေးလိုပါတယ်)

Stating the Principal Objectives (အဓိက ရည်ရွယ်ချက်များ ဖော်ပြခြင်း)
We’re here today to…
(ကျွန်တော်တို့ ဒီနေ့ ဒီနေရာကို ရောက်ရှိလာရတာကတော့ … … အတွက်ပဲဖြစ်ပါတယ်)
I’d like to make sure that we…
(ကျွန်တော်တို့ဟာ … … ဆိုတာကို သေချာအောင် ဆောင်ရွက်ပေးလိုပါတယ်)
Our main aim today is to…
(ဒီနေ့ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ … … ရန်ဖြစ်ပါတယ်)
I’ve called this meeting in order to…
(ကျွန်တော် ဒီအစည်းအဝေးကို … … အတွက် ခေါ်လိုက်ရခြင်း ဖြစ်ပါတယ်)

Giving apologies for someone who is absent (အစည်းအဝေးတက်ရန် ပျက်ကွက်သူ တစ်ဦးတစ်ယောက်အတွက် တောင်းပန်ခြင်း)
I’m afraid… (name of participant) can’t be with us today. She is in…
(စိတ်မကောင်းစွာနဲ့ပဲ (ပျက်ကွက်သူ၏အမည်) ဟာ ဒီနေ့တော့ အစည်းအဝေးကို မတက်ရောက်နိုင်ပါဘူး။ သူမဟာ … )
Unfortunately, (name of participant)… will not be with us today because he…
(၀မ်းနည်းစွာနဲ့ပဲ (ပျက်ကွက်သူ၏အမည်) ဟာ ဒီနေ့တော့ ကျွန်တော်တို့နဲ့အတူ မရှိနိုင်ပါဘူး)
I have received apologies from absence from (name of participant), who is in (place).
 ((နေရာ၏အမည်) မှာရောက်နေတဲ့ (ပျက်ကွက်သူ၏အမည်) ဆီက ပျက်ကွက်တဲ့အတွက် တောင်းပန်စာကို ရထားပါတယ်)

Reading the Minutes (notes) of the Last Meeting (ပြီးခဲ့တဲ့အစည်းအဝေး၏ အစည်းအဝေးမှတ်တမ်းကို ဖတ်ရှုခြင်း)

To begin with I’d like to quickly go through the minutes of our last meeting.
(ပထမဦးဆုံး ကျွန်တော့အနေနဲ့ ပြီးခဲ့တဲ့ အစည်းအဝေးရဲ့ အစည်းအဝေးမှတ်တမ်းကို မြန်မြန်လေး တင်ပြလိုပါတယ်)

First, let’s go over the report from the last meeting, which was held on (date).
(ပထမဆုံးအနေနဲ့ (နေ့စွဲ) မှာ ကျင်းပခဲ့တဲ့ နောက်ဆုံး အစည်းအဝေးရဲ့ အစီရင်ခံစာကို တင်ပြလိုပါတယ်)

Here are the minutes from our last meeting, which was on (date). (ဟောဒီမှာ (နေ့စွဲ) နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးရဲ့ အစည်းအဝေးမှတ်တမ်းတွေ ဖြစ်ပါတယ်)

Dealing with Recent Developments (လတ်တလောတိုးတက်မှုများကို ကိုင်တွယ်ဖြေရှင်းခြင်း)

Jack, can you tell us how the XYZ project is progressing
(ဂျက် XYZ စီမံချက်ရဲ့ တိုးတက်မှုအခြေအနေဟာဘယ်လိုရှိတယ်ဆိုတာကိုပြောပြနိုင်မလား)

Jack, how is the XYZ project coming along?
(ဂျက် XYZ စီမံချက်ဟာ ဘယ်လောက်တောင် တိုးတက်နေပြီ လဲ)

John, have you completed the report on the new accounting package?
(ဂျွန် စားရင်ကိုင်ချောထုပ်အသစ်နဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ပြီးပါပြီလား)

Has everyone received a copy of the Tate Foundation report on current marketing trends?
(လက်ရှိ ဈေးကွက်စီးပွားရေးရေစီးကြောင်းနဲ့ပတ်သက်တဲ့ Tate Foundation ရဲ့ အစီရင်ခံစာကို လူတိုင်းရပါပြီလား)

Moving Forward  (ရှေ့ဆက်ခြင်း)


So, if there is nothing else we need to discuss, let’s move on to today’s agenda.
(ကဲဒီလိုဆို တစ်ခြားဆွေးနွေးစရာ ဘာမှမရှိတော့ဘူးဆိုရင် ဒီနေ့အစီအစဉ်ကို စလိုက်ကြရအောင်)

Shall we get down to business?
(လုပ်ငန်းစလိုက်စို့လား)

Is there Any Other Business?
(တစ်ခြားကိစ္စရှိပါသေးလား)

If there are no further developments, I’d like to move on to today’s topic.
(နောက်ထပ်တိုးတက်မှုတွေ မရှိတော့ဘူးဆိုရင် ဒီနေ့ရဲ့ အကြောင်းအရာကို စလိုက်ချင်ပါတယ်)

Introducing the Agenda (အစီအစဉ်ကို တင်ဆက်ခြင်း)


Have you all received a copy of the agenda?
(လူတိုင်း အစီအစဉ်စာရွက် ရပါပြီလား)

There are X items on the agenda. First, … second, … third,… lastly,…
(အစီအစဉ်ထဲမှာ အကြောင်းရာ X ခု ပါ ပါတယ်။    ပထမ … …၊ ဒုတိယ … …၊ တတိယ … … ၊ နောက်ဆုံး …)

Shall we take the points in this order?
(အချက်အလက်တွေကို ဒီအစီအစဉ်အတိုင်း စဉ်းစားကြရအောင်လား)

If you don’t mind, I’d like to … go in order today (OR) skip item 1 and move on to item 3. I suggest we take item 2 last.
(ကိစ္စမရှိဘူးဆိုရင် ဒီနေ့ကျွန်တော့အနေနဲ့ အစီအစဉ်အတိုင်းသွားချင်ပါတယ်။ (သို့) ပထမအကြောင်းအရာကို ကျော်ပြီး တတိယ အကြောင်းအရာကို စလိုက်ချင်ပါတယ်။ ဒုတိယ အကြောင်းအရာကိုတော့ နောက်ဆုံးမှ စဉ်းစားဖို့ အကြံပြုလိုပါတယ်)



Allocating Roles (secretary, participants) (တာဝန်များ ခွဲဝေပေးခြင်း (အတွင်းရေးမှုး၊ ပါဝင်သူများ)


(name of participant) has agreed to take the minutes.
((ပါဝင်သူ၏အမည်)က အစည်းအဝေးမှတ်တမ်းရေးဖို့ သဘောတူပါတယ်)

(name of participant), would you mind taking the minutes.
((ပါဝင်သူ၏အမည်) ကျေးဇူးပြူ၍ အစည်းအဝေးမှတ်တမ်း ရေးပေးနိုင်ပါမလား)

(name of participant) has kindly agreed to give us a report on…
((ပါဝင်သူ၏အမည်) က … … နဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို တင်ပြဖို့ သဘောတူပါတယ်)

(name of participant) will lead point 1, (name of participant) point 2, and (name of participant) point 3.
((ပါဝင်သူ၏အမည်) က ပထမအချက်ကို ဦးဆောင်ပါလိမ့်မည်၊ (ပါဝင်သူ၏အမည်) က ဒုတိယအချက်နဲ့ (ပါဝင်သူ၏အမည်) ကတော့ တတိယအချက်)

(name of participant), would you mind taking notes today?
((ပါဝင်သူ၏အမည်) ဒီနေ့အချက်အလက်တွေကို မှတ်စု လိုက်ရေးပေးနိုင်ပါမလား)

Agreeing on the Ground Rules for the Meeting (contribution, timing, decision-making, etc.) (အစည်းအဝေးအတွက်အခြေခံစည်းမျဉ်းများကိုသဘောတူခြင်း (ပါဝင်ခြင်း၊အချိန်ကိုက်ခြင်း၊ဆုံးဖြတ်ခြင်း၊)


We will first hear a short report on each point first, followed by a discussion of …
(ပထမဥိးဆုံး အကြောင်းအရာတစ်ခုစီရဲ့ အစီရင်ခံစာအကျင်းချုပ်ကိုနားထောင်ပါမယ် ပြီးမှ --------------ကိုဆွေးနွေးပါမယ်)

I suggest we go round the table first.
(ပထမဦးဆုံး စာပွဲ တစ်ပတ်လှည့်ဖို့ အကြံပြုချင်ပါတယ်)

Let’s make sure we finish by …
(-----------ကျရင်အဆုံးသတ်နိုင်အောင် သတိထားကြစို့)

I’d suggest we…
(ကျွန်တော်တို့ … … ဖို့ အကြံပြုလိုပါတယ်)

There will be five minutes for each item.
( အကြောင်းအရာတစ်ခုစီအတွက် အချိန် ၅မိနစ် ရပါမယ်).

We’ll have to keep each item to 15 minutes. Otherwise we’ll never get through.
(ကျွန်တော်တို့ အကြောင်းအရာတစ်ခုစီကို ၁၅ မိနစ်စီပဲ အချိန်ရပါမယ်။ ဒီလိုမှမဟှတ်ရင်မပြီးနိုင်ပါဘူး)


Introducing the First item on the Agenda.(အစီအစဉ်မှာပါရှိတဲ့ပထမအကြောင်းအရာကိုမိတ်ဆက်ခြင်း)


So, let’s start with …
(ဒီလိုဆိုရငိ----------နဲ့စလိုက်ကြရအောင်လား)

I’d suggest we start with…
(…. နဲ့ စဖို့ အကြံပြုလိုပါတယ်)

Why don’t we start with…
(…. နဲ့ စကြရအောင်လား)

So, the first item on the agenda is…
(ဒါဆို အစီအစဉ်ရဲ့ ပထမ အကြောင်းအရာကတော့ ……….ပဲဖြစ်ပါတယ်)

Pete, would you like to kick off?
(ပိ(တ) (Pete) ခင်ဗျား စ ချင်လား)

Shall we start with …
(….နဲ့ စရအောင်လား)

(name of participant), would you like to introduce this item?
((ပါဝင်သူ၏အမည်) ဒီအကြောင်းအရာကို မိတ်ဆက်ပေးနိုင်မလားx)


Closing an item (အကြောင်းအရာတစ်ခုကို အဆုံးသတ်ခြင်း)


I think that takes care of the first item.
(ပထမအကြောင်းအရာကို အဆုံးသတ်ပြီလို့ထင်ပါတယ်).

Shall we leave that item?
(ဒီအကြောင်းအရာကို ချန်ထားခဲ့ရအောင်လား)

Why don’t we move on to…
(…. ကို ဆက်သွားရအောင်လား)

If nobody has anything else to add, lets…
(ဘယ်သူမှ ဘာမှထပ်မဖြည့်တော့ဘူးဆိုရင် … ကြစို့)

Next item (နောက်အကြောင်းအရာ)


Let’s move onto the next item
(နောက်အကြောင်းအရာကို စလိုက်ကြစို့)

Now that we’ve discussed X, let’s now…
(X ကိုဆွေးနွေးပြီးပြီဆိုတော့ အခု … ကြစို့)

The next item on today’s agenda is…
(ဒီနေ့ အစီအစဉ်ရဲ့ နောက်အကြောင်းအရာကတော့ … …ဖြစ်ပါတယ်)

Now we come to the question of…
(အခုဆွေးနွေးရမယ့် ပြဿနာကတော့ … …)

Giving Control to the Next Participant  (အခြား ပါဝင်သူကို လုပ်ပိုင်ခွင့် ပေးခြင်း)

I’d like to hand over to (name of participant) who is going to lead the next point.
(နောက်အကြောင်းအရာကို ဦးဆောင်သွားမယ့် (ပါဝင်သူ၏အမည်) ကို နေရာလွှဲပေးလိုပါတယ်)

Next, (name of participant) is going to take us through…
(ဆက်လက်ပြီး(ပါဝင်သူ၏အမည်) က … ကို တင်ပြသွားမှာဖြစ်ပါတယ်)

Now, I’d like to introduce (name of participant) who is going to…
(ယခု … ပြုလုပ်မည့် (ပါဝင်သူ၏အမည်) ကို မိတ်ဆက်ပေး လိုပါတယ်)

Summarizing (အကျဉ်းချုပ်ခြင်း)


Before we close today’s meeting, let me just summarize the main points.
(ဒီနေ့ အစည်းအဝေးကို မရုတ်သိမ်းမီ အဓိက အချက်များကို အကျဉ်းချုပ်တင်ပြခွင့်ပြုပါ)

Let me quickly go over today’s main points.
(ဒီနေ့ရဲ့ အဓိက အချက်တွေကို ကျွန်တော် မြန်မြန်လေး ပြန်တင်ပြပါ့မယ်)

To sum up, …
(အကျဉ်းချုပ်ရမယ်ဆိုရင်တော့… …)

OK, why don’t we quickly summarize what we’ve done today.
(ကောင်းပြီ ဒီနေ့ဆောင်ရွက်ခဲ့သမျှကို မြန်မြန်လေး အကျဉ်းရုံးလိုက်ရအောင်လား)

In brief,…
(အတိုချုပ်ကတော့ … …)

Shall I go over the main points.
(အဓိကအချက်တွေကို ကျွန်တော်ပြန်ပြောရမလား)

Finishing Up (အဆုံးသတ်ခြင်း)


Right, it looks as though we’ve covered the main items.
(ကောင်းပြီ၊ အဓိက အကြောင်းအရာတွေကို ခြုံငုံမိသွားပြီလို့ ထင်ပါတယ်)

If there are no other comments, I’d like to wrap this meeting up.
(တစ်ခြားအစီအရင်ခံစရာ မရှိတော့ဘူးဆိုရင် ဒီအစည်းအဝေးကို ရုတ်သိမ်းချင်ပါတယ်)

Let’s bring this to a close for today.
(ဒီနေ့အတွက် ဒီလောက်နဲ့ပဲ အဆုံးသတ်ကြရအောင်)

Is there Any Other Business?
(တစ်ခြားကိစ္စများ ရှိပါသေးလား)

Suggesting and Agreeing on Time, Date and Place for the Next Meeting
(နောက်အစည်းအဝေးအတွက် အချိန်၊ ရက်နှင့် နေရာကို အကြံပြုခြင်း၊ သဘောတူခြင်း)

Can we set the date for the next meeting, please?
(နောက်အစည်းအဝေးအတွက် ကျေးဇူးပြု၍ ရက် သတ်မှတ်ပေးနိုင်ပါမလား)

So, the next meeting will be on … (day), the … (date) of … (month) at …
(ဒါဆို နောက် အစည်းအဝေးက … (နေ့)…(ရက်)… (လ) …. မှာ ကျင်းပတာပေါ့)

Let’s next meet on … (day), the … (date) of … (month) at … What about the following Wednesday? How is that?
(နောက်ထပ်… (နေ့)…(ရက်)… (လ) …. မှာ တွေ့တာပေါ့။ အခုလာမယ့် ဗုဒ္ဓဟူးနေ့ဆိုရင်ရော။ ဘယ်လိုလဲ?)

Thanking Participants for Attending (ပါဝင်တက်ရောက်သူများအား ကျေးဇူးတင်ခြင်း)


I’d like to thank Marianne and Jeremy for coming over from London.
(လန်ဒန်ကနေ တစ်ကူးတစ်က လာပေးတဲ့ Marianne နဲ့ Jeremy ကို ကျေးဇူးတင်ရှိပါတယ်)

Thank you all for attending.
(အစည်းအဝေးတက်ရောက်တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်)

Thanks for your participation. (အစည်းအဝေးမှာ ပါဝင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်)

Closing the Meeting (အစည်းအဝေးကို ရုတ်သိမ်းခြင်း)


The meeting is finished, we’ll see each other next…
(အစည်းအဝေး ပြီးပါပြီ။ ကျွန်တော်တို့ နောက် … မှ တွေ့ကြတာပေါ့)

The meeting is closed.
(အစည်းအဝေး ပြီးဆုံးသွားပါပြီ)

I declare the meeting closed.
(အစည်းအဝေးပြီးမြောက်ကြောင်း ကြေငြာအပ်ပါတယ်)

By Language Republic
Myanmar Network 

0 comments:

Post a Comment