Sunday 22 April 2012

Deal စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ cut a deal, backroom deal, sweetheart deal နဲ့ no big deal အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ cut a deal ဖြစ်ပါတယ်။ Cut =  ဖြတ်သည်၊ A = တခု၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သဘောတူညီမှုတခုကို ဖြတ်လိုက်သည် ဖြစ်ပါသည်။ အီဒီယံအသုံးသဘောအရတော့ အထူးသဖြင့် စီးပွားရေး၊ နိုင်ငံရေးမှာ တဖက်နဲ့တဖက်၊ တဦးနဲ့တဦး နားလည်းမှု ရယူတာ၊ အပေးအယူ ရယူတဲ့ သဘောမျိုးဖြစ်ပါတယ်။ Cut a deal က အပေးအယူ တည့်တည့်သဘောလည်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

The two political parties tried to cut a deal with the annual budget, but both sides refused to give in. So, we might face a government shutdown.

နိုင်ငံရေး ပါတီနှစ်ရပ်စလုံးက နှစ်ပတ်လည် အသုံးစရိတ်နဲ့ ပတ်သက်လို့ အပေးအယူတည့်ဖို့ ကြိုးစားကြည့်ကြသေးတယ်။ ဒါပေမဲ့ နှစ်ဖက်စလုံးက မလျှော့ကြတော့ အစိုးရရပ်နားပိတ်ရမယ့် အခြေအနေ ဖြစ်လာလိမ့်မယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက backroom deal ဖြစ်ပါတယ်။ Backroom = အနောက် (ဖက်) ခန်း၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အနောက်ဖက်ခန်းမှာ ရရှိတဲ့ သဘောတူညီမှု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ အနောက်ခန်းဆိုကတည်းက တိတ်တိတ်လျှို့ ဝှက်လုပ်တာ၊ ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ လက်သိပ်ထိုးလုပ်တဲ့ သဘောတူညီမှုမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ရှေ့ ကျတော့တမျိုး နောက်ကွယ်မှာတော့ တိုးတိုးတိတ်တိတ် အချင်းချင်းကြား အပေးအယူလုပ်တာကို backroom deal လို့ ရည်ညွှန်းပြောကြပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The foreign oil company gave the government officials a lot of money in the backroom deal they made earlier.

ဒီ နိုင်ငံခြားရေနံကုမ္မဏီက အစောပိုင်း လက်သိပ်ထိုးလုပ်ခဲ့တဲ့ သဘောတူညီမှုမှာ အစိုးရအရာရှိတွေကို ငွေတွေအများကြီးပေးခဲ့တယ်။
နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweetheart deal ဖြစ်ပါတယ်။ Sweetheart = ချစ်သူရည်စား၊ Deal = သဘောတူညီမှု တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ချစ်သူရည်စား သဘောတူညီမှု ဖြစ်ပေမယ့် အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ sweetheart ဆိုတဲ့ ချစ်သူ ဝေါဟာရကို သုံးထားခြင်းအားဖြင့် ချစ်စရာကောင်းတဲ့၊ နှလုံးခိုက်စရာဖြစ်တဲ့၊ သွားရည်ကျစရာဖြစ်တဲ့ သဘောတူညီမှုမျိုးကို ဆိုလိုတာမို့ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သတ်လို့ ရာထူးပေးတဲ့ ကမ်းလှမ်းချက်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် အဆုံးအဖြတ် ပေးနိုင်တယ်။ ဒါမှမဟုတ် အာဏာရှိတဲ့ လူတဦးဦးကို အဲဒီလို ပီတိဖြစ်စရာ၊ သွားရည်ကျစရာ၊ ငြင်းရက်စရာမရှိတဲ့ ကမ်းလှမ်းချက် ပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကမ်းလှမ်းချက်မျိုးဟာ အများအားဖြင့် ဥပဒေနဲ့မညီ၊ ကျင့်ဝတ်နဲ့ မကိုက်ညီဘဲ လာဘ်ပေးတာမျိုးလည်း ရောက်နိုင်တယ်လို့ ဖြည့်ဆည်းတင်ပြလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

A sweetheart deal has been made between our boss and mayor, who promised to give him all the city road-repaving contracts. In return, our boss will donate funds for the city projects.

ကျနော်တို့ဆရာနဲ့ မြို့ တော်ဝန်ကြားတော့ နှစ်ဖက်အကျိုးသိပ်ရှိတဲ့ သွားရည်ကျစရာ သဘောတူညီမှု ရနေပြီ။ မြို့ တွင်းလမ်းတွေပြင်တဲ့ ကန်ထရိုက်ကို သူကိုပေးဖို့ မြို့ တော်ဝန်က ကတိပေးထားသလို၊ အပြန်အလှန်အားဖြင့် ကျနော်တို့ဆရာက မြို့ ရဲ့  စီမံကိန်းတွေအတွက် အလှူငွေထည့်ဖို့ သဘောတူခဲ့တယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ no big deal ဖြစ်ပါတယ်။ No = မဟုတ်၊ Big = ကြီးမားသော၊ Deal = (ဒီနေရာမှာ) အရေးကိစ္စ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အရေးကိစ္စ မကြီးဘူး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဆင်တူပါတယ်။ ကိုယ်အတွက် တခုခုက ရေးကြီးခွင်ကျယ်မဟုတ်ဘူး၊ မခက်ဘူး၊ ပြဿနာ မဟုတ်ဘူး၊ ကိစ္စသိပ်မများဘူးဆိုရင် no big deal လို့ ဆိုပြီး အီဒီယံအသုံးရ ရည်ညွှန်းသုံးနိုင်ပါတယ်။ တခါတရံလည်း ဒီအသုံးနဲ့ ဆင်တူတဲ့ no problem ဆိုတဲ့ ပြဿနာမဟုတ်ဘူးဆိုတဲ့ စကားစုကိုလည်း သုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
It’s no big deal to come and pick you up from your home this evening. It’s on the way.

ဒီညနေ ခင်များအိမ်မှာလာပြီး ခေါ်ဖို့က ပြဿနာ မဟုတ်ပါဘူး။ လမ်းကြုံနေပါတယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network

0 comments:

Post a Comment