Saturday 21 April 2012

မတွေ့တာကြာတဲ့သူကို နှုတ်ဆက်နည်း (How to greet someone you haven't seen for ages)


It's always good to keep in touch with old friends.

မတွေ့တာကြာတဲ့သူကို နှုတ်ဆက်နည်း
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အဆက်အသွယ် မပြတ်အောင် နေတာ ကောင်းတယ်။

  • Woman: Hey! Hello there! Haven’t seen you in ages!
    အမျိုးသမီး - ဟေး၊ အဲဒီက ဟယ်လို။ မတွေ့တာကြာလှပြီနော်။
    Man: Oh… all right yeah.
    အမျိုးသား - ဟင် ... ဟုတ်တယ် ဟုတ်တယ်။
  • Woman: Great to see you again! You’re looking really well!
    အမျိုးသမီး - ပြန်တွေ့ရတာ ကောင်းလိုက်တာ။ အခြေအနေအရမ်းကောင်းနေတဲ့ ပုံဘဲ။
    Man: Oh! You think so? Thanks...
    အမျိုးသား - အင်း။ ဟုတ်လား။ ကျေးဇူးဘဲ ...
  • Woman: So, how are you?
    အမျိုးသမီး - အင်း၊ အခြေအနေ ဘယ်လိုလဲ။
    Man: Well, you know, mustn’t grumble.
    အမျိုးသား - ဟိုလေ၊ သိတယ်မဟုတ်လား၊ ညည်းနေလို့ မဖြစ်ဘူး။
  • Woman: What’ve you been up to? Still working in that coffee shop?
    အမျိုးသမီး - ဘာတွေလုပ်နေလဲ။ အရင်ကော်ဖီဆိုင်မှာ လုပ်နေတုန်းဘဲလား။
    Man: Yeah...same one...
    အမျိုးသား - ဟုတ်တယ် ... အဲဒီဆိုင်မှာဘဲ ...
  • Woman: Still trying to be an actor?
    အမျိုးသမီး - မင်းသားဖြစ်ဖို့ ကြိုးစားတုန်းဘဲလား။
    Man: Well, yeah, you know...
    အမျိုးသား - အင်း၊ ဟုတ်တယ်၊ သိတယ်မဟုတ်လား။
  • Woman: So Hollywood hasn’t called in yet?
    အမျိုးသမီး - ဟောလီးဝုဒ်က လာမခေါ်သေးဘူးပေါ့။
    Man: Not yet...
    အမျိုးသား - မခေါ်သေးဘူး။
  • Woman: Still living in…that …er…little flat?
    အမျိုးသမီး - အဲဒီ ဟို အခန်းလေးမှာဘဲ နေတုံးဘဲလား။
    Man: Yeah. Same one.
    အမျိုးသား - ဟုတ်တယ်။ အဲဒီအခန်းမှာဘဲ။
  • Woman: Well, great.
    အမျိုးသမီး - အင်း။ ဟုတ်ပြီ။
    Man: How about you? You still there…working in the fast food place?
    အမျိုးသား - မင်းကရော။ မင်းကရော အဲဒီ ဟမ်ဘာဂါဆိုင်မှာ လုပ်တုံးဘဲလား။
  • Woman: No! Stopped that a long time ago! I’m working in the city now, financial industries!
    အမျိုးသမီး - မလုပ်တော့ဘူး။ မလုပ်တော့တာ ကြာလှပြီ။ အခု မြို့ထဲမှာ လုပ်နေတယ်။ ဘဏ္ဍာရေး လုပ်ငန်းပေါ့။
    Man: Oh. Great. Are you still sharing that house with all those other people?
    အမျိုးသား - သြော်၊ သိပ်ကောင်းတာပေါ့။ အဲဒီအိမ်မှာဘဲ လူတွေအများကြီးနဲ့ အတူ ငှားနေတုံးဘဲလား။
  • Woman: No way! I bought a big house with… four bedrooms, and a garden… the works.
    အမျိုးသမီး - ဘယ်ကလာ။ အိမ်အကြီးကြီးတစ်လုံး ၀ယ်လိုက်ပြီ၊ အိပ်ခန်း ၄ခန်း၊ ပန်းခြံလေးနဲ့ ... အလုပ်သမားရုံကလေးလည်း ပါတယ်။
    Man: Hmm…good for you.
    အမျိုးသား - အင်း ... ကောင်းတာပေါ့။
  • Woman: Listen! We should get together for a drink sometime! Catch up!
    အမျိုးသမီး - နေပါဦး။ တစ်နေ့လောက် ချိန်းပြီး တစ်ခုခု သောက်ရအောင်။
    Man: Yeah, I’d love to.
    အမျိုးသား - ဟုတ်တာပေါ့။ သိပ်ကောင်းတယ်။
    Woman: Let’s do it! Keep in touch then!
    အမျိုးသမီး - ချိန်းလိုက်မယ်လေ။ ဒါဆို အဆက်အသွယ် မပြတ်နဲ့နော်။
by Saw Hosea
Myanmar Network

0 comments:

Post a Comment