This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Monday, 30 April 2012

အဘိဓါန်ဆိုင်ရာမေးခွန်းတစ်ချို့

အဘိဓါန်ဆိုတာဘာသာစကားလေ့လာသူတွေအတွက်မရှိမဖြစ်ဆောင်ထားရမယ့်စာအုပ်တစ်အုပ်ဆိုတာ လူတိုင်းနားလည်ပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဘယ်အဘိဓါန်ကိုသုံးသင့်သလဲ၊ အဘိဓါန်ကို ဘယ်လိုသုံးမလဲဆိုတဲ့မေးခွန်းတွေ ဖြေရဖန်များလာတဲ့အခါ မသိသေးတဲ့သူတွေလည်းရှိပါ သေး လားဆိုတာ သတိထားမိလာပြီးသူတို့လိုလူမျိုးတွေအတွက် ဒီဆောင်းပါးလေးဖြစ်လာပါတယ်။ အဘိဓါန်ကောင်းတစ်အုပ်ဟုတ်မဟုတ်ဘယ်လိုစစ်မလဲ။စာဖတ်သူတို့ မိမိလက်ဝယ်ပိုင်ဆိုင်ထားတဲ့ အဘိဓါန်စာအုပ်ဟာအားကိုး လောက်စရာရည်ညွှန်း စာအုပ်တစ်အုပ်ဖြစ်ရဲ့လားဆိုတာ...

English Lesson for Beginners 1 - 7

...

Sunday, 29 April 2012

Eyes ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းပတ် eyes ကို အခြေခံပြီး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ catch one’s eye, set eyes on, see eye to eye နဲ့ keep an eye on တို့ ဖြစ်ကြပါတယ်။ ပထမဦးဆုံး အီဒီယံအသုံးအနှုန်းမှာ catch one’s eye ဖြစ်ပါတယ်။ Catch = ဖမ်းသည်၊ အမိအရ ဖြစ်စေသည်, One’s = တဦးတယောက်၏, Eye = မျက်စိ၊ မျက်လုံး ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်၏ မျက်စိကို ဖမ်းသည် ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်က လူတဦးတယောက်ကို သတိထားမိအောင် ပြုလုပ်တာ၊သူ့ရဲ...

Wood အီဒီယံ အသုံးအနှုန်းများ

ဒီသတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ knock on wood (touch wood),  dead wood, Not out of the woods နဲ့ can’t see the wood (forest) for the trees တို့ကို တင်ပြထားပါတယ် ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ knock on wood ဖြစ်ပါတယ်။ Knock = ခေါက်သည်။ On = အပေါ်မှာ။ Wood = သစ်သား တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ သစ်သားပေါ်ကို ခေါက်သည် ဖြစ်ပါတယ်။ ဒီအသုံးက အယူသီးမှုကနေ ဆင်းသက်လာတယ်လို့...

Black & White အီဒီယံ အသုံးအနှုန်းများ

ဒီသတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ black sheep, black eye, white lie နဲ့ white wash စတဲ့ အီဒီယံ အသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။ အဖြူ (ရောင်) ဟာ သန့်စင်မှု၊ မွန်မြတ်မှုဆိုတဲ့ သဘောကိုဆောင်ပြီး၊ အမဲ (ရောင်) ကတော့ ရက်စက်မှု၊ အမင်္ဂလာ သဘောဆောင်တယ်လို့ အစဉ်အလာအားဖြင့် ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတပတ် အမဲ (ရောင်) နဲ့ ပတ်သက်ပြီး ပထမဦးဆုံးတင်ပြမယ့် အီဒီယံ အသုံးအနှုန်းက black sheep ဖြစ်ပါတယ်။ Black = အမဲရောင်၊ Sheep = သိုး...

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart and soul, eat your heart out နဲ့ lose heart အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ heart and soul  ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ Soul = အသက်ဝိညာဉ် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသဲရော၊ အသက်ရော...

လက်မြှောက်အရှုံးပေးခြင်း အီဒီယံ စကားလုံးများ

ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဦးတည်ပြီး လက်ရှိ ရီပတ်ဘလင်ကန်ပါတီ (Republican Party) က သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးကောက်ပွဲတွေကို တဆင့်ပြီးတဆင့် ကျင်းပခဲ့ရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကြိုးစားခဲ့ကြသူတချို့ လည်း လက်မြှောက်အရှုံးပေးခဲပြီး ယှဉ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ကြပါပြီ။  ဒါကြောင့်လည်း လက်မြှောက်အရှုံးပေးတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ final curtain call, throw in the towel နဲ့ the last hurrah စတဲ့ ...

State of the Union အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း (State of the Union Address) မှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ အီဒီယံများအနက် တချို့ ကို ကောက်နုတ် တင်ပြပေးပါမယ်။  သမ္မတ က အင်္ဂါနေ့မိန့်ခွန်းထဲမှာ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ပြောကြားခဲ့တာကတော့ “We can restore an economy where everyone gets a fair shot, and everyone does...

Shape စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် ပုံသဏ္ဍာန်လို့ အဓိပ္ပါယ်ရတဲ့ shape ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in bad shape ဖြစ်ပါတယ်။ In = အထဲမှာ ရှိနေသည်၊ ဖြစ်နေသည်။ Bad = ဆိုးသော။ Shape = ပုံပန်းသဏ္ဍာန်၊ ပုံစံ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဆိုးနေတဲ့ ပုံစံ သို့မဟုတ် ပုံပန်းသဏ္ဍာန် တို့ ဖြစ်ပါတယ်။ လူတဦးအနေနဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းလှဘူး၊ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။ လူပုံပန်းကြည့်ရတာ...

House စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်း စကားလုံးများမှာ put your house in order နဲ့ to clean house တို့ ဖြစ်ကြပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနူန်းကတော့ put your house in order ဖြစ်ပါတယ်။ put ပြုလုပ်သည်၊ your သင်၏၊ in order စနစ်တကျရှိစေသည် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်ရဲ့  အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ ပတ်သက်ပြီး သုံးနိုင်ပါတယ်။ ပထမအသုံးကတော့...

Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ big time, in the nick of time နဲ့ the time of your life တို့ ဖြစ်ပါတယ်။ အခုလို အချိန်ကာလမှာ လူအများစုဟာ New Year Resolution(s) ခေါ်တဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကို...

နှစ်သစ်အကြို အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ take stock of, second wind နဲ့ have a ball တို့ ဖြစ်ပါတယ်။ ကုန်လွန်ခဲ့တဲ့ နှစ်ရဲ့  အဆိုးအကောင်းကို ပြန်ပြောင်းသုံးသပ်ပြီး ဒီလာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်မှန်းထားကြသူများ ရှိကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုနိုင်တဲ့ အီဒီယံအသုံးအနှုန်းက take stock of ဖြစ်ပါတယ်။ Take = ယူဆောင်သည်၊ Stock = သိမ်းဆည်းထား၊ လှောင်ထားသည်...

Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ window dressing, window shopping နဲ့ out off the window တို့ ဖြစ်ပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ window dressing ဖြစ်ပါတယ်။ Window = ပြတင်းပေါက်။ Dressing = အလှဆင်သည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက်ကို အလှဆင်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးကို အများအားဖြင့် ဆိုင်ခန်းရှေ့  မှန်ခန်းထဲမှာ ရောင်းကုန်တွေကို...

Sale အီဒီယံစကားလုံး အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ early bird sale, door buster နဲ့ black Friday sale တို့ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ  အခုလို နှစ်ကုန်ကာလဟာ ပွဲတော်ရက်ကာလလို့ ဆိုရမှာပါ။ မကြာမီရောက်တော့မယ့် နိုဝင်ဘာလကုန်မှာ Thanksgiving ကျေးဇူးတော်နေ့ ရှိသလို ဒီဇင်ဘာ ခရစ်စမတ် Christmas နေ့နဲ့ ဇန်နဝါရီလမှာ နှစ်သစ်ကူးနေ့ စတဲ့ ပွဲတော်တွေဆက်တိုက် ရှိနေပါတယ်။ ဒီကာလဟာ...

Hand စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sit on one’s hand, hand in glove, high handed နဲ့ caught red handed တို့ ဖြစ်ကြပါတယ်။ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sit on one’s hand ဖြစ်ပါတယ်။ Sit = ထိုင်သည်, On = အပေါ်မှာ, One’s = လူတဦးတယောက်၏, Hand = လက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်က သူ့ရဲ့  လက်အပေါ်မှာ တက်ထိုင်နေသည် ...

Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ strike a chord, strike gold နဲ့ strike while the iron is hot အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike a chord ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ တီးသည်။ A = တခု၊ Chord = တူရီယာကြိုး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တူရီယာကြိုးတခုကို တီးခတ်လိုက်သည် ဖြစ်ပါတယ်။ တူရီယာကြိုးကို တီးခတ်လိုက်ရင် ထွက်ပေါ်လာတဲ့သံစဉ်ကို...

Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ deep pocket, bet your bottom dollar, chicken feed နဲ့ cash cow တို့ ဖြစ်ပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ deep pocket ဖြစ်ပါတယ်။ Deep = နက်ရှိုင်းသော, Pocket = အိတ်၊ အိတ်ကပ် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နက်ရှိုင်းသောအိတ် တို့ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အိတ်ကကြီးတယ်၊ နက်တယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ...