This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Showing posts with label GUITE TO ENGLISH. Show all posts
Showing posts with label GUITE TO ENGLISH. Show all posts

Monday, 14 May 2012

ဆရာကြီး ဦးမြကြိုင်နှင့် အင်တာဗျူး


မေး - ဆရာကြီး ဦးမြကြိုင်ခင်ဗျာ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာ့ကို သင်ကြား လမ်းညွှန် ပေးခဲ့ ကြတဲ့ ဆရာ၊ ဆရာမ ကြီးများ အမည်ကို သိပါရစေ။

ဖြေ - ဆရာ့ဘ၀ တစ်လျှောက်မှာ ဆရာတွေကတော့ အများကြီးပဲပေါ့။ အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး ဆရာ့ကို လူလား မြောက်အောင်၊ လောက်လောက် လားလား ဖြစ်အောင် လုပ်ပေးခဲ့တဲ့ ဆရာတွေ ကတော့ လေးယောက်ပေါ့။ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ စာရေးဆရာ ထင်လင်း (ဦးသိန်းမောင်)၊ နောက် အိန္ဒိယက ဆရာ Mr. Das တို့ ဖြစ်ပါတယ်။
မေး - အင်္ဂလိပ်စာကို ဆရာ စတင် လေ့လာခဲ့ချိန်တုန်းက ဆရာ လေ့လာခဲ့ရတဲ့ အခြေအနေ၊ အချိန်ကာလ တွေ့ကြုံခဲ့ ရတဲ့ အခက်အခဲတွေကို ပြောပြပေးပါ ခင်ဗျာ။

ဖြေ - ဆရာတို့ အင်္ဂလိပ်စာကို စတင်လေ့လာတဲ့ အချိန်က တို့တိုင်းပြည်မှာ အင်္ဂလိပ်စာကို စိတ်မ၀င်စားဘူး။ အင်္ဂလိပ်လိုပြောရင် လူရယ်စရာဖြစ်တယ်။ အဲဒီလိုလူမျိုးကို မျိုးချစ်စိတ် မရှိဘူးလို့လည်း ထင်တယ်။ အဲဒီလိုမျိုး ဆရာတို့ ရင်ဆိုင်ခဲ့ ရတယ်။ ဒါပေမယ့် ဆရာက အင်္ဂလိပ်စာ အရမ်း တတ်ချင်တယ်။ အင်္ဂလိပ်ဝတ္ထုတွေ အရမ်းဖတ်ချင်တယ်၊ ကမ္ဘာ့ဗဟုသုတတွေ လေ့လာချင်တယ်၊ အဲဒါကြောင့် အင်္ဂလိပ်စာကို ဆရာ သင်ခဲ့တာပါ။ ဆရာလည်း အလှောင်ခံရပါတယ်။ အလှောင်ခံရ ပေမယ့် ဘာမှတော့ မဖြစ်ပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်တဲ့အတွက် ဘယ်သူနဲ့မှလည်း ရန်မဖြစ်ပါဘူး။ နောက်တစ်ခု အခက်အခဲက အဲဒီ အချိန်တုန်းက အင်္ဂလိပ်စာ ဖတ်ချင်ပေမယ့် ဖတ်ချင်တိုင်း ဖတ်လို့မရဘူး။ အဲဒီတော့ ဆရာပေးတဲ့ စာအုပ်လောက်ပဲ ဖတ်ရတယ်ပေါ့။ တစ်ခြားဟာတော့ လိုက်ရှာလို့ မလွယ်တဲ့ အခြေအနေ ဖြစ်တယ်။ အဲဒီ အခက်အခဲတွေ ရှိခဲ့ပါတယ်။

မေး - အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဆရာ့ ဆရာကြီးများရဲ့ ဆုံးမသြ၀ါဒများကို သိပါရစေခင်ဗျာ။

ဖြေ - ဒီမေးခွန်းနဲ့ ပတ်သက်လို့ ပြောရရင် ဆုံးမသြ၀ါဒတွေက အများကြီးပေါ့။ ဒါပေမယ့် ဆရာ့ဘ၀ ပြောင်းလဲ လာတာကတော့ ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ ရေးတဲ့ `အင်္ဂလိပ်စာ တတ်လိုသော်´ နှင့် `စာအုပ်စင်ကျေးဇူး´ ဆိုတဲ့ စာအုပ်တွေပဲ။ အဲဒီ စာအုပ်တွေထဲမှာ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ညွှန်ကြားချက်တွေ အများကြီးပါတယ်။ ဆရာတွေရဲ့ အကြံပေးချက်တွေ ပြောရရင်တော့ စာအုပ်တစ်အုပ်လုံးပဲ ဖြစ်သွားတော့ မှာပေါ့။ ခြုံငုံပြောရရင်တော့ အင်္ဂလိပ်စာတတ်ချင်ရင် တစ်ဖတ်တည်းဖတ်၊ တစ်မှတ်တည်းမှတ်။ ဖတ်နေရမယ်၊ မှတ်နေရမယ်။ ကိုယ့်ထက် တတ်တဲ့သူနဲ့ တွေ့ရင် မေးမြန်းစုံစမ်းပေါ့။ ဆရာကြီးကတော့ ဒီလိုပဲညွှန်းတယ်။

မေး - ဆရာစာသင်တဲ့ အခါမှာ ဆရာကိုယ်တိုင် တီထွင်ထားတဲ့ Condensed Composition ဇယား ကဒ်ပြားလေးကို အရင်ဆုံး သင်ကြားလေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီဇယားကဒ်ပြားလေးကို ကျွမ်းကျင်သွားရင် အင်္ဂလိပ်စာကို အတိုင်းအတာ တစ်ခုအထိ တတ်မြောက် သွားကြတယ်လို့ ကြားသိရပါတယ် ဆရာ၊ ဒီဇယားကဒ်လေးရဲ့ အသုံးဝင်ပုံနဲ့ ဆရာဘယ်လို ကြိုးစား တီထွင် ခဲ့ရတယ်ဆိုတာ ရှင်းပြ ပေးပါဆရာ။

ဖြေ - ဖြစ်ပုံက ဒီလိုဗျ။ ဆရာတို့ ဆရာကြီး ဦးသိန်းမောင်က Grammar သင်တယ်။ ခြောက်လဆိုရင် Grammar တစ်ပတ်ပြီးတယ်။ ဆရာ Grammar နဲ့ ပတ်သက်ပြီး လေးနှစ်လောက် ဆရာကြီးဆီမှာ သင်တယ်။ ဆရာလဲ ကြိုးစားပြီး လုပ်တယ်။ ဒါပေမယ့် မပေါက်လာဘူး။ စာဖတ်တယ်၊ နောက် Grammar နဲ့ စာလည်း မတွဲမိသေးဘူး။ အဲဒီလို ဆရာ့မှာ ကြုံရတယ် ပေါ့ဗျာ။ ဒီလိုနဲ့ ဆရာတို့ ဖြတ်သန်းလာပြီး ကိုးဆယ့်နှစ်ခုနှစ် အိန္ဒိယကနေ မြန်မာပြည်ကို ပြန်ရောက်လာတော့ ကျောင်းသားတွေကို စာစသင်သင်ခြင်း ကတော့ Grammar သင်တာပါပဲ။ Grammar သင်တော့ အဲဒီတုန်းက A.J Thomsam နဲ့ Martinet တို့ရဲ့ Pocket Grammar စာအုပ်လေးကို အခြေခံပြီးတော့ အင်္ဂလိပ်စာ သင်တယ်။ ကျောင်းသား လေးငါးရှစ်ယောက်လောက် ရပါတယ်။ ပြီးတော့ ထွက်ပြေး ကုန်ကြတာပဲ။ တစ်ယောက်ပဲ ကျန်တယ်။ ဒီ Grammar Method က မဖြစ်နိုင်ဘူးဆိုတာ ဆရာ သွားတွေ့ ရတယ်။ အဲဒီတော့ ဒီထက်ပိုပြီး ကျစ်လျစ်တဲ့ တစ်ထိုင်တည်း အပြီးသိနိုင်တဲ့ဟာမျိုး ရှိမှဖြစ်မယ်။ Grammar ကို တောက်လျှောက် သင်ရိုးကုန်အောင်သင်ရင် ဘယ်သူမှ တတ်မှာမဟုတ်ဘူးဆိုတာ သွားတွေ့ရတယ်။ ဒါဆိုရင် ဘယ်လို လုပ်ရင် ကောင်းမလဲလို့ စဉ်းစားပြီးတော့ စာအုပ်တွေ လိုက်ဖတ်ရတယ် ပေါ့လေ။ လေး၊ ငါး၊ ဆယ်အုပ်မကတဲ့ စာအုပ်တွေ တော်တော်များများ လိုက်ဖတ်ရတယ် ပေါ့လေ။ စာဖတ်ပြီး နောက် သွားပြီးမြင်တာ၊ သွားပြီးတွေ့တာက Grammar အတိုင်း သင်လို့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ကျောင်းသားတွေကို Composition ကို သင်ရမှာပေါ့လေ။ Grammar က အဓိကမဟုတ်ဘူး။ စာကြောင်းတစ်ကြောင်း ဘယ်လို တည်ဆောက်သလဲ ဆိုတာ သိချင်တယ်။ ဆရာသင်ခဲ့ ရတဲ့ စာအုပ်တွေကို ပြန်လေ့လာတယ်။ Grammar သင်ရိုးကိုတော့ ဆရာကြီးက အတိအကျ သင်တာကိုးဗျ။ အဲဒီတော့ ဆရာကြီးဆီကပဲ Sentence ငါးမျိုးကို ပြန်တွေ့ ပြီးတော့ Phrase တွေ Clause တွေ ဆရာကြီးက သင်ပေးတယ်။ အဲဒီ စာအုပ်လေးကို ပြန်လေ့လာတယ် ပေါ့ဗျာ။ ဆရာကြီး ထုတ်ထားတဲ့ Aid to English ဆိုတဲ့ စာအုပ်ကို လေ့လာရင်းနဲ့ အဆက်အစပ် လေးတွေ ပြန်ရလာတယ်။ သူချည်းပဲတော့ မရဘူး။ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ကလေးတွေ ရှိမယ်လို့ ဆရာမြင်လာတယ်။ ကိုယ်ကလည်း Grammar စာအုပ်တွေဖတ် စဉ်းစားတယ်။ စဉ်းစားနေတဲ့ အချိန်တွေမှာ အိပ်လို့ကောင်းကောင်း မပျော်ဘူး။ ညတစ်ရေးနိုးကျ Idea ပေါ် ထရေး၊ idea တစ်ခုထပ်ပေါ် ထရေး၊ idea တစ်ခုထပ်ပေါ် ထရေး၊ အဲဒီလိုနဲ့ပဲ အခြေခံအားဖြင့် စာအုပ်ပါးလေး တစ်အုပ် ဖြစ်လာတယ်။ အဲဒီ စာအုပ်လေးမှာပဲ အခြေခံ sentence ငါးမျိုး၊ phrase တွေ၊ clause တွေ၊ ed/en တွေ၊ to + V1, it စသည်ဖြင့် ပေါ့လေ သိလာတယ်။ Composition မှာ ပါနေတဲ့ အချက်အလက်တွေ နောက် ထပ်ကာထပ်ကာ သွားတွေ့လာတော့ ဒါလေးတွေက အဓိက key အချက်တွေပဲလို့ သိလာတယ်။ သိလာတော့ စာအုပ်ပြုစုလိုက်တယ်။ ကျောင်းမှာ ဒီစာအုပ်ချည်းပဲ သင်ရင်တောင် တော်တော်လေးအချိန်ယူရတယ်။ သုံးလေးရက်လောက် အချိန်ယူ သင်ရတယ်။ ဒါနဲ့ မဖြစ်သေးဘူး။ ဒီထက်ပိုကျုံ့အောင် လုပ်ဦးမယ်ပေါ့။ အဲဒီအထဲကနေ ထုတ်နုတ်ပြီးတော့ နောက်ဆုံး(၇)ချက်ပဲ ထွက်လာတယ်။ (၇)ချက်ပဲ ဖြစ်ပေမယ့် အဲဒါကို ဖြစ်လာဖို့(၃)နှစ်လောက် အချိန်ယူခဲ့ရတယ်။ အဲဒီ ဇယားကွက်လေးရလာတယ်။ Condense of Composition ဟာ ဘယ်စာအုပ်ဖတ်ဖတ် ဒီခုနှစ်ချက်ပဲ သွားတွေ့တယ်။ ဒါတွေဟာ မပါမဖြစ်ဆိုတာ သွားတွေ့တယ်။ အမှန်မှန်တော့ ဆရာမသိတဲ့အချက်တွေပါပဲ။ ဆရာမသိသေးတဲ့ ဆရာသိအောင် လုပ်လိုက်တယ်။ ပြီးတော့ ကျောင်းသားတွေကို သင်ပေးတယ်။ အဲဒီ အခါကျတော့ ကျောင်းသားတွေကို ဒီဇယားကွက်လေးကို သိသိချင်း စာဖတ်လို့ရပါတယ်။ "Reading is root of the all development" လို့ဆိုတဲ့အတိုင်း စာဖတ်လို့ရမှတော့ volcabulary တွေရပြီပေါ့။ အဲဒီတော့ စကားပြောချင်လား၊ writing လုပ်ချင်လား၊ အကုန်ရတယ်။ ဒီဇယားကွက်လေးက အဓိကအကျဆုံးပဲ၊ ဆရာက တစ်ထိုင်တည်း နားလည်နိုင်အောင် လုပ်လိုက်တာပေါ့။

မေး - Language တစ်ခုကို လေ့လာတဲ့ နေရာမှာ Speaking Skill, Listening Skill, Reading Skill နဲ့ Writing Skill ဆိုပြီး (၄)ခု ရှိပါတယ်။ ဒီ Skill (၄)ခုလုံး ရအောင် ကျောင်းသားတွေကို ဘယ်လို "Teaching Method" မျိုးနဲ့ သင်ကြားတယ် ဆိုတာ သိပါရစေ။

ဖြေ - Four Skills ရအောင် ဘယ်လို Teaching Method မျိုးနဲ့ သင်ရမလဲ ဆိုတော့ ကမ္ဘာပေါ်မှာ လက်ရှိ အသုံးပြုနေတဲ့ Teaching Method က (၈)မျိုးလောက် ရှိပါတယ်။ အဲဒီအထဲမှာ Literature ကိုခံစားဖို့က Grammar Translation Method လို့ ခေါ်တယ်။ အဲဒါက Language နဲ့ သိပ်မဆိုင်ဘူး။ Literature နဲ့ အများအားဖြင့် ဆိုင်တယ်။ ကျန်တဲ့ ဟာတွေကတော့ Four Skills ရအောင် ဆရာ Direct Method ကို သုံးတယ်။
Direct Method နဲ့ Audio-lingual Method ဆိုတာ အချိတ်အဆက် ရှိပါတယ်။ နောက်တစ်ခါ Communicative Language သင်တယ်။ အဲဒီ Teaching Method တွေ အားလုံး ပေါင်းစပ်ပြီး စာသင်တဲ့အခါ သုံးရတယ်။ တိုက်ပွဲ တစ်ပွဲကို တိုက်သလိုပေါ့။ စစ်တိုက်နည်းကတော့ စာအုပ်ထဲမှာ တစ်ခုပြီး တစ်ခု ပြထားတာပဲ။ ဒါပေမယ့် လက်တွေ့ စစ်တိုက်တော့ ဒီတစ်ခုတည်းနဲ့ မရဘူး။ ဆရာတို့ လိုအပ်ရင် လိုအပ်သလို ပေါင်းစပ် သင်ရတယ်။ ဒီနေရာမှာ ဘာလိုမလဲ။ Total Physical Respond ဆိုရင် စကားလုံး သုံးပုံသုံးနည်းကို ခန္ဓာကိုယ်လှုပ်ရှားမှုနဲ့ Language နဲ့ သင်ပေးမယ်။ Community Language ဆိုရင် Language နဲ့ အသိုင်းအ၀ိုင်းလေး တစ်ခုဖြစ်အောင် ဖန်တီးပေး ရတာပေါ့။ Suggestopedia ဆိုတာ ကျောင်းသား သက်သောင့် သက်သာလေး နေရအောင် သီချင်းလေးတွေ ဘာလေးတွေနဲ့ သင်ရတယ်။ Silent way က ဆရာက အမူအရာလေးနဲ့ လုပ်ပြရင် ကျောင်းသားတွေက လိုက်ပြောတာမျိုး။ Audio-lingual ဆိုတာ ကျောင်းသားနဲ့ ဆရာ တိုက်ရိုက် အပြန်အလှန် ပြောလိုက် ဆိုလိုက်၊ ကျောင်းသား အချင်းချင်း ပြောလိုက် လုပ်ရတယ်။ Teaching Method က အများကြီးပဲ။ လိုအပ်ရင် လိုအပ်သလို ပေါင်းစပ် သင်ရတယ်။ ဘယ်ဟာလဲဆိုတာ ဆရာ အတိအကျ မပြောဘူး။ ဒါဟာ 'intuition' ပင်ကိုယ် အတွေ့အကြုံ အသိနဲ့လည်း ဆိုင်တယ်။

မေး - စာဖတ်ရာမှာ Reading Skill နားလည်စေဖို့နဲ့ တိုးတက်ဖို့အတွက် ဘယ်လို စာအုပ်မျိုးတွေ ဖတ်သင့်ပါသလဲ ဆရာ။ ဆရာ့ ကျောင်းမှာရော ဘယ်လို စာအုပ်မျိုးတွေကို ပြဌာန်း ထားပါသလဲ။

ဖြေ - Reading Skill နဲ့ ပတ်သက်လို့ကတော့ ဆရာ့ရဲ့ ဆရာကြီး ပြောသလိုပဲ ကိုယ်ကြိုက်တာ ကိုယ်ဖတ်ပေါ့။ လွယ်တာ၊ ကိုယ့်အတွက် နိုင်တာလေး စဖတ်ပေါ့။ ကျောင်းမှာ ဆရာနဲ့ ဖတ်တာတော့ ပြဿနာမရှိဘူး။ ဆရာနဲ့ ဖတ်ရင် ဆရာက ရှင်းပြတာကိုး။ ကိုယ့်ဘာသာ ကိုယ်ဖတ်တာတော့ တစ်ပိုင်းပေါ့။ လက်ရှိ ဆရာတို့ ကျောင်းမှာတော့ Junior Reading နဲ့ Senior Reading နှစ်တန်းခွဲ ထားတာကိုး။ Junior Reading လွယ်တဲ့ ထဲက Ladder Series လေးတွေ၊ Guided Reading လေးတွေ ဆရာက စီစဉ်ထားတဲ့ Level အလိုက် စာအုပ်လေးတွေ Level 1,2,3,4 အဲဒီလို ရှိတာပေါ့။ အဲဒီအထဲက သင့်တော်ရာလေးတွေ ရွေးသင်တယ်။ Senior Reading နဲ့ပတ်သက်လို့ကတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ် စာအုပ်တွေ အကုန် ပြဌာန်းပါတယ်။ တတ်ကျမ်းတွေ ဖြစ်တဲ့ Nepoleon Hill တို့ Dale Carnige တို့ရေးသွားတဲ့ စာအုပ်တွေ အဲဒါမျိုးတွေ ပြဌာန်းတယ်။ အဲဒါတွေက ကျောင်းသားတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ English စာလည်းရမယ်။ သူတို့ဘ၀အတွက် တိုက်ရိုက်အသုံးကျတဲ့ အချက်အလက် တွေမို့လို့ အဲဒီစာအုပ်တွေ ဆရာ ပြဌာန်းခြင်း ဖြစ်ပါတယ်။

မေး - Writing Skill တိုးတက်ဖို့အတွက် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ ညွှန်ပြပေးပါဆရာ။

ဖြေ - Writing Skill တိုးတက်ဖို့ဆိုတာက သူတို့ရဲ့ Language Theory ကိုက "Writing based on Speaking" ဖြစ်တယ်။ Speaking ကို အရင် နားလည်အောင် သင်ရတယ်။ သင်ပြီးမှ ပြောတဲ့စကားကို ထပ်ရေးခိုင်းတာ၊ ရေးခိုင်းတာကနေ စသင်ရတယ်။ အဲဒါမှ မြန်မြန် ရေးတတ်တယ်။ အဆင့်မြင့်မြင့် ရေးသွားတာ ဟိုဘက်ပိုင်းမှာ flowery ဖြစ်အောင်၊ idiom တွေနဲ့ အလှအပရေးတာ၊ ဒါ literature ပိုင်း၊ ဆရာပြောတဲ့ Language ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံဖို့အတွက် ရေးရတော့ Speaking တတ်မှ ရေးလို့ရတယ်ပေါ့။ အဆင့်မြင့် Composition တွေ လုပ်တော့မယ် ဆိုရင် စာအုပ်တွေ အများကြီးဖတ်ရတော့မယ်။ ကိုယ်တိုင်လည်း စာရေးဆရာ တစ်ယောက်ရဲ့ ဟန်လေး၊ စတိုင်လေး နဲနဲယူမယ်ပေါ့။ ထုံးစံအတိုင်းတော့ ဆရာကြီးမင်းသုဝဏ် ပြောသလိုပေါ့။ `စု၊ တု၊ ပြု´ ပေါ့။ ပထမတော့ စာအုပ်တွေ အများကြီးဖတ်ရမယ်။ နောက်ကိုယ်တိုင် တုရတာပေါ့။ တုပြီးမှ ကိုယ်တိုင် ပြုစုရတာပေါ့။ အဲဒီလိုနဲ့ Writing Skill ကို တိုးတက်အောင် လုပ်ရပါတယ်။

မေး - အင်္ဂလိပ်စာကို လေ့လာနေတဲ့ ကျောင်းသားအများစုဟာ စာလုံးတစ်လုံးကို မြန်မာလို တစ်မျိုးတည်း မှတ်ထား တတ်ကြပါတယ်။ အင်္ဂလိပ်စာကို လေ့လာနေသူတွေ အနေနဲ့ English Myanmar အဘိဓါန်ကို အသုံးပြုသင့် ပါသလား။ English-to-English အဘိဓါန်ကိုပဲ အသုံးပြုသင့် ပါသလားဆိုတာ ရှင်းပြ ပေးပါဆရာ။

ဖြေ - English စာကိုသင်တဲ့အတွက် English-to-English ပဲကောင်းပါတယ်။ မြန်မာအင်္ဂလိပ်တွဲတာက Bilangual Dictionary လို့ခေါ်တယ်။ အဲ့ဒါတော့ ဘာသာပြန်သမားတွေ သုံးချင်လည်း သုံးပေါ့။ သို့သော် ဆရာတို့က English ဘာသာစကားကို လေ့လာ နေတဲ့အတွက် English-to-English Dictionary ပဲသုံးရမှာ ဖြစ်တယ်။ ဒါမှသာလျှင် စကားလုံး တစ်လုံးနဲ့တစ်လုံး ဆက်စက်မှုကို နားလည်မယ်။ စကားလုံးတွေကို လေ့လာတဲ့အခါ ”Words must be both acquired and mastered not in isolation, but in association" ဆိုတဲ့ စကားရှိတယ်။ စကားလုံး အဓိပ္ပါယ်တစ်မျိုးတည်း ပုံသေကျက်လို့ မရဘူး။ ဥပမာ-Myanmar Dictionary မှာ Book ကို စာအုပ်ပဲ ပေးထားတယ်။ ပြီးသွားပြီ။ စကားလုံးကို Isolation လုပ်လိုက်တာပဲ။ အဲဒီလိုသင်လို့ မရဘူး။ စကားလုံး တစ်ခုနဲ့ တစ်ခု အဆက်အစပ်နဲ့ သွားရမယ်။ အုပ်စုတူ တွဲရမယ်။ အမျိုးတူ တွဲရမယ်။ association နဲ့သွားရမယ်။ ဆရာ့ idea ကတော့ English - to - English ပဲဖတ်စေချင် ပါတယ်။

မေး - English စကားပြောရာမှာ ဟန်ပန်အမူအရာနဲ့ ပြောခြင်း (Gesture) နဲ့ အသံအတက်အကျ (Intonation)ကို ဂရုပြုရမယ်လို့ ဆိုကြပါတယ်။ မြန်မာမျိုးတွေအဖို့ ဒီဟန်ပန် အမူအရာတွေကို လေ့ကျင့်ဖို့ လိုပါသလား။ Myanmar Accent ကိုရော ပျောက်အောင် ကြိုးစားဖို့ လိုပါသလား။

ဖြေ - Gesture ဆိုတာ လူမျိုးတိုင်းမှာ ရှိပါတယ်။ ကိုယ်ပြောတဲ့စကားကို ကိုယ့်ဟန်ပန် အမူအရာနဲ့ ထပ်ပေါင်းစပ် တာဟာ လူတစ်ဖက်သားကို ငါးဆယ်ရာခိုင်နှုန်း နားလည်စေပါတယ်။ စကားတစ်လုံးမှ မပြောပဲ အမူအရာနဲ့တင် တော်တော် နားလည်နေပါပြီ။ Intonation ဆိုတာလည်း ကိုယ့် Feeling အပေါ် မူတည်တာကိုး။ ဒေါသထွက်ရင် ထွက်သလို၊ ၀မ်းနည်းရင် ၀မ်းနည်းသလို၊ လေသံ အနိမ့်အမြင့် လေးတွေ ရှိပါတယ်။ Original Intonation (English Intonation) အစစ်ရဖို့က မလွယ်ပါဘူး။ အတတ်နိုင်ဆုံး ကြိုးစားပေါ့။ နောက် Myanmar Accent ကို ပျောက်အောင် ကြိုးစားဖို့ မလွယ်ပါဘူး။ တရုတ်က အင်္ဂလိပ်လို ပြောလည်း တရုတ် Accent ပါမှာပဲ။ ဂျပန် ပြောလည်း ဂျပန် Accent ပါမှာပဲ။ ဂျာမန်ပြောလည်း ဂျာမန် Accent ပါမှာပဲလေ။ ပျောက်ဖို့ မလွယ်ဘူး။ ပင်ပန်းလွန်း အားကြီးပါတယ်။ မဖြစ်နိုင်တာကို သွားမလုပ်ပါနဲ့။ နောက်တစ်ခု ဆရာဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲမှာ အဲဒီလို Accent အမျိုးမျိုးနဲ့ English လိုပြောတာကိုက အပြောင်းအလဲပါတဲ့။ ပိုတောင်ပျော်ဖို့ ကောင်းပါတယ်တဲ့။ ဆရာတို့ မြန်မာစကားကို ရှမ်းတွေက ရှမ်းသံဝဲ၀ဲနဲ့ ပြောမယ်။ ကရင်တွေက ကရင်သံဝဲ၀ဲနဲ့ ပြောမယ်။ မွန်တွေက မွန်သံဝဲ၀ဲနဲ့ ပြောမယ်ဆိုရင် ဘယ်လောက် ပျော်ဖို့ ကောင်းလိုက်မလဲ။ အဲဒီလိုပဲ English စကားကို English အသံ တစ်သံတည်းနဲ့ ပြောမယ်ဆိုရင် ပျင်းစရာကြီးပါတဲ့။

 http://umk-library.blogspot.com/

Monday, 23 April 2012

အင်္ဂလိပ်စာကို ဘယ်လိုလေ့လာကြမလဲ

အမြန်ဆုံးနဲ့ အခြေခံအကျဆုံးကို ပြောပါ့မယ်။ တတ်ပြီးသားတွေကို မရည်ရွယ်ပါဘူး။ ခုမှစပြီး လေ့လာမယ့် သူတွေကိုရည်ရွယ်ပါတယ်။ စတင်လေ့လာလိုသူတွေအတွက် အညွှန်းကိုစပြောမယ်။ (လိုရင်း တိုရှင်းပေါ့)

၁။ ကိုယ့်ကိုယ်ကို ကလေးလိုသဘောထားပါ

ကလေးဆိုတာ စကားသင်ရင် ဖြည်းဖြည်းသင်ပေးရတယ်။ ပထမဦးဆုံး သူတို့ နားထောင်တာကို အရင်လုပ်တယ်။ နားရည်ဝရင် ပြောတာကို စလုပ်မယ်။ နောက်မှ အဖတ်နဲ့ အရေးကို လုပ်ကြတယ်။

၂။ အင်္ဂလိပ်စကား နေ့စဉ်နားထောင်ပါ

ရေဒီယိုကို အင်္ဂလိပ်ပိုင်း အစီအစဉ်များများနားထောင်ပါ။ အင်္ဂလိပ်စကားပြော TV တွေကြည့်ပါ။ ရုပ်ရှင် ကြည့်ရင် လည်း အင်္ဂလိပ်ကားတွေ များများကြည့်ပါ။ ဗီဒီယိုမှာ အင်္ဂလိပ်ကားတွေကြည့်ရင် မြန်မာစာတန်းထိုးနဲ့ မကြည့်ဘဲ အင်္ဂလိပ်စာတန်းထိုးကိုပြောင်းကြည့်နိုင်အောင်ကြိုးစားပါ။ အွန်လိုင်းကို တက်ရင်လည်း အင်္ဂလိပ် သင်ခန်းစာ site တွေကို လျှောက်လေ့လာကြည့်ပါ။

၃။ အင်္ဂလိပ်လိုပြောနိုင်သူတွေနဲ့ မိတ်ဆွေဖွဲ့ထားပါ

အင်္ဂလိပ်စကားဆိုတာ ပြောမှတတ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ပေါင်းပြီး များများ ပြောနိုင်အောင် အခွင့်အလမ်းယူပါ။ စပြီး သင်ရင် လွယ်ကူတဲ့ ဖတ်စာအုပ်လေးတွေကိုပဲ ရှာဖတ်ကြည့်ပါ။

၎။ အင်္ဂလိပ်ဇာတ်လမ်း၊ ပုံပြင်တွေများများဖတ်ပါ

ကလေးပုံပြင်စာအုပ်တွေကို အရင်ဆုံးလေ့လာကြည့်ပါ။ ပြီးမှ ESL (English as a Second Language) အနေနဲ့ ပြဌာန်းထားတာတွေကို လေ့လာပါ။ အင်္ဂလိပ်လိုကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ၊ အညွှန်းတွေ လိုက်ဖတ်ကြည့်ပါ။ ခုမှစပြီးလေ့လာတာဆိုရင် EnglishClub.com ကို ၀င်ကြည့်ဖို့ တိုက်တွန်းချင်တယ်။

၅။ ကိုယ်မသိတဲ့ စာလုံးအသစ်တွေတွေ့တိုင်း ချရေးထားပါ

New Words ဆိုပြီး မှတ်စုစာအုပ်တစ်အုပ်လောက်ထားပါ။ အက္ခရာ စဉ်အလိုက် စာမျက်နှာထိပ်တွေမှာ A, B, C … စသဖြင့် ရေးထားပါ။ A နဲ့စတဲ့ စာလုံးတွေကို A စာမျက်နှာမှာပဲ မှတ်ထားပါ။ နမူနာ စာကြောင်းလှလှ လေးတွေကိုလည်း ကြိုက်ရင်မှတ်ထားပါ။ အဘိဓာန်သုံးရင် English-English အဘိဓာန်ကိုပဲ သုံးနိုင်အောင် ကြိုးစားပါ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို တတ်နိုင်သလောက်ရှောင်ပါ။

၆။ ဒိုင်ယာရီရေးရင် အင်္ဂလိပ်လိုရေးပါ

စာကြောင်းတစ်ကြောင်းပဲဖြစ်ဖြစ် စကြည့်ပါ။ ကိုယ်ခံစားရတာကို စရေးကြည့်ပါ။ ရာသီဥတုအကြောင်း ရေးကြည့်ပါ။ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲဆိုတာ ရေးကြည့်ပါ။ မနက်ဖြန်ဘယ်သူတွေနဲ့တွေ့မယ်၊ ဘာတွေ လုပ်မယ်ဆိုတာရေးကြည့်ပါ။

၇။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကို သွားလည်ကြည့်ပါ

အင်္ဂလိပ်စာမြန်မြန်တတ်ချင်ရင် အင်္ဂလိပ်လိုပြောတဲ့လူတွေကြား ရောက်နေတာက ပိုပြီးအဆင်ပြေတယ်။ အင်္ဂလိပ်လိုပြောတဲ့ မိသားစုတွေနဲ့ အတူနေနိုင်အောင်ကြိုးစားမယ်။ ဒေသခံတွေပြောတာကို များများနားထောင် မယ်။ တကယ့်ပျော်စရာကောင်းတဲ့ အတွေ့အကြုံတွေဖြစ်လိမ့်မယ်။

ဘယ်ကနေစကြမလဲ

ဘာကြောင့်အင်္ဂလိပ်စာကို လေ့လာချင်ရတာလဲ

အင်္ဂလိပ်စာမလေ့လာမီ ကိုယ့်ကိုယ်ကို မေးခွန်းလေးတစ်ခုလောက် ပြန်မေးကြည့်ပါ။ “ငါ ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်ရာတာလဲ” လို့ပေါ့။ ကိုယ်တိုင်ကတတ်ချင်လို့လား၊ သူများက လေ့လာခိုင်းလို့လား။ ဘ၀မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေနဲ့ ရပ်တည်နိုင်မှ ခိုင်မြဲတာ။ ဒီလိုမျိုးပဲ အင်္ဂလိပ်စာကိုလည်း ကိုယ်တိုင်က မဖြစ်မနေ သင်မှရမယ်၊ တတ်မှဖြစ်မယ်ဆို တဲ့ စိတ်ဓာတ်မျိုးနဲ့ လေ့လာသင်ယူကြည့်ပါလား။

ဘယ်လောက်အထိ ရည်ရွယ်ထားသလဲ

ကိုယ်တိုင်က လေ့လာချင်တာသေချာရင် ပန်းတိုင်ရောက်ဖို့ဆိုတာ အလွယ်လေးပဲ။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံတစ်နိုင်ငံကို သွားရတော့မယ်ဆိုပါတော့ တကယ့်အခွင့်ကောင်းပဲ။ ကိုယ့်ပန်းတိုင်က အင်္ဂလိပ်လိုတတ်မှဖြစ် တော့မယ်။ ဒါကြောင့် သေရေးရှင်ရေး အင်္ဂလိပ်စာကို လေ့လာရတော့မယ်။ အသုံးများတဲ့ စာလုံး အတော်များများ၊ စကားစုအတော်များများကို သိရတော့မယ်။ ပြန်မပြောတတ်ရင်တောင် သူများပြောတာကို သိအောင် အရင်လေ့လာသွားရမယ်။ အသံထွက်တွေ လေ့လာရတော့မယ်။ ကိုယ်ရည်မှန်းထားတာတွေ အားလုံးကို ချရေးထားလိုက်။

လုပ်ငန်းစဉ်ရေးဆွဲထားပါ

ပန်းတိုင်ရောက်ဖို့ ဘယ်နှနှစ်လောက်လျှောက်မှာလဲ။ ဒီမေးခွန်းကတော့ ဖြေဖို့ခက်မယ်ထင်တယ်။ အရေးကြီး တာက လက်တွေ့ကျကျ လုပ်နိုင်ဖို့ပဲလိုတယ်။ တစ်ပတ်မှာ နာရီ ၆၀ အလုပ်လုပ်မယ်လို့ စိတ်ကူးထားသူတစ် ယောက်ဟာ နာရီ ၄၀ အင်္ဂလိပ်စာလေ့လာမယ်ဆိုပြီး စီမံချက်ရေးထားလို့မရဘူး။ ဖြည်းဖြည်းချင်းစမယ်။ ပုံမှန်လေ့လာနိုင်အောင် စပြီးကြိုးစားမယ်။ အလုပ်အဖြစ်နိုင်ဆုံးကို စပြီးလုပ်မယ်။ ခက်ခက်ခဲခဲတွေကို စပြီးမကိုင်မိစေနဲ့။ တစ်ပတ်လောက် လေ့လာပြီး ကိုယ့်အနေအထားကို ပြန်သုံးသပ်မယ်။ လိုအပ်ရင် လေ့လာမှုကို အတိုးအလျှော့ပြန်ညှိမယ်။ ညဘက် လေ့လာရတာပိုကြိုက်သလား၊ ဘတ်စ်ကားစီးရင်း လေ့လာ သွားရတာကို ကြိုက်သလား၊ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်းလေ့လာရတာကို ကြိုက်သလား၊ သူငယ်ချင်းတွေနဲ့အတူ လေ့လာရတာကို ကြိုက်သလား၊ စာဖတ်ရင် သီချင်းဖွင့်ထားတာ ကို သဘောကျသလား ကိုယ့်စိတ်ကြိုက် လုပ်ငန်းစဉ်ဇယားကို ရေးဆွဲထားဖို့ လိုလိမ့်မယ်။

ဇွဲရှိရှိ ကြိုးစားကြည့်ပါ

အင်္ဂလိပ်စာလေ့လာတယ်ဆိုတာ တွန်းအားတွေ အများကြီးလိုတယ်။ ကိုယ်တိုင်လုပ်ရတဲ့ကိစ္စဖြစ်နေတာကြောင့် ဘယ်သူကမှ ကိုယ့်နေရာကို ၀င်လုပ်ပေးလို့မရဘူး။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်မှရမယ်။ ဇွဲမရှိရင် တတ်မှာမဟုတ်ဘူး။

ပျော်ရွှင်စွာသင်ယူပါ

ဘ၀မှာ အကောင်းဆုံးလုပ်ဆောင်နိုင်တာတွေဟာ၊ စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်စွာ လုပ်ဆောင်ခဲ့တာတွေကြောင့် များတယ်။ အင်္ဂလိပ်စာ သင်တော့သင်နေတယ်၊ စိတ်ထဲမှာ မပျော်ဘူးဆိုရင် တစ်ခုခုလွဲနေပြီလို့ဆိုနိုင်တယ်။ နည်းစနစ် မှားနေသလား၊ လမ်းကြောင်းလွဲနေသလား ပြန်ပြီးသုံးသပ်ကြည့်ရမယ်။ သင်လို့ ပျော်နေတုန်း စိတ်ပျက်တာတွေလည်းရှိနိုင်တယ်။ ကိုယ့်ကိုယ်ကို အားပေးနေဖို့လည်းလိုတယ်။

ရေး၊ ဖတ်၊ ပြော၊ ကြား လေးနားညီအောင်လုပ်မယ်


တကယ်တော့ ရေး ဖတ် ပြော ကြားဆိုတာ အင်္ဂလိပ်လို 4 key skills ကိုပြောတာ။ အင်္ဂလိပ်လိုကတော့ ကြား၊ ပြော၊ ဖတ်၊ ရေး (Listening, Speakingb, Reading, Writing) လို့ဆိုထားတယ်။ အချို့ကျောင်းသားတွေက အင်္ဂလိပ်လိုကောင်းကောင်း ပြောဆိုဆက်သွယ်နိုင်ကြတယ်။ အဲဒီလိုပြောနိုင်ဖို့ ရည်မှန်းထားတယ်ဆိုရင် LSRW ကို မျှတအောင် လေ့လာဖို့လိုတယ်။ ဒီလေးမျိုးက အရေးလည်းကြီးတယ်။ ဘယ်ဘာသာပဲသင်သင် ဒီလေးမျိုး ပိုင်နိုင်မှရတယ်။ တစ်မျိုးတည်းမှာ ထူးချွန်နေလို့မရဘူး။ စာတော့ ကောင်းကောင်းဖတ်နိုင်ပါရဲ့ မရေး တတ်ဘူးဆိုရင်လည်း လိုသေးတာပဲ။ မပြောခင် နားထောင်တတ်အောင်လုပ်ရမယ်။ ဒီ 4 skills ကို အုပ်စုနှစ်စု ခွဲလိုက်လို့ရတယ်။

          INput            /p>
                   နားထောင်ခြင်း (နားဖြင့်)
                   ဖတ်ခြင်း (မျက်လုံးဖြင့်)

          OUTput         >>>>>    
                   ပြောခြင်း (ပါးစပ်ဖြင့်)
                   ရေးခြင်း (လက်ဖြင့်)

အထက်ကနည်းအတိုင်းသွားကြည့်ပါ။ လွယ်သွားပါလိမ့်မယ်။ ပထမဦးဆုံး Input ကို အရင်လုပ်မယ်။ ပြီးမှ Output ကိုသွားမယ်။ ပထမဦးဆုံး မေးခွန်းတွေ မေးတာကို နားထောင်ကြည့်မယ်။ ပြီးရင် မေးတာတွေကို ပြန်ဖြေကြည့်မယ်။ တစ်ယောက်ယောက်က အင်္ဂလိပ်လို ရေးပေးတဲ့စာကို ဖတ်ကြည့်မယ်။ ပြီးရင် ပြန်စာကို ရေးကြည့်မယ်။ ဒါဟာ ဆက်သွယ်နည်းပုံစံပဲ။

Input နဲ့ Output ကို အစီအစဉ်တကျ သွားစရာမလိုဘူး။ တစ်ခါတလေ ပြောတာကို အရင် လုပ်ချင်လည်းလုပ်မယ်။ နားထောင်တာကို ဒုတိယနေရာမှာ ထားချင်လည်းထားမယ်။ ကြားတာကို နောက်မှ ပြန်ရေးတာကိုလည်း လုပ်ချင်လုပ်မယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်တယ်ဆိုတာ နားလည်ဖို့ပဲ။ ကိုယ်နဲ့ ဆက်သွယ်ပြောဆိုတဲ့လူကလည်း အစီအစဉ်အတိုင်း သင်ယူခဲ့တာ ဟုတ်ချင်မှဟုတ်မယ်။

တချို့ကျောင်းသားတွေဟာ ဘယ်အပိုင်းက ပိုပြီးအရေးကြီးသလဲလို့ သိချင်ကြတယ်။ အားလုံး အရေးကြီးတယ်။ တစ်ခုအပေါ်တစ်ခု မှီနေကြတာကြောင့်ပေါ့။ တစ်ခုခုမှာ ကိုယ်က အားသာချင်သာမယ်၊ ပိုပြီး အရေးပါတယ်ဆို တာကတော့ မရှိဘူး။ ဥပမာ အချိန်ရဲ့ ၄၀ ရာခိုင်နှုန်းလောက်ကို နားထောင်တဲ့ အလုပ်လုပ်ကြတယ်။ ပြောတာကို ၃၅ ရာခိုင်နှုန်းလောက်လုပ်တယ်။ ၁၆ ရာခိုင်နှုန်းလောက်က စာဖတ်ကြတယ်။ အရေးကတော့ ၉ ရာခိုင်နှုန်း လောက်ပဲရှိမယ်။ ဒီနှုန်းဟာ အင်္ဂလိပ်စာနဲ့ ဆက်သွယ်ပြောဆိုနိုင်သူတွေကို လေ့လာကြည့်ရာမှာ အမှန်တကယ်ရလဒ်တွေပဲ။ ကိုယ့်အလုပ်အကိုင် အခြေ အနေအရ ကွဲပြားမှုတွေရှိနိုင်တယ်။

ပြောခဲ့တဲ့ 4 skills မှာ သူ့သက်ဆိုင်ရာအပိုင်းကို ကျွမ်းကျင်အောင် နည်းနည်းချင်းတော့ထည့်သွားရမယ်။ ဥပမာ အင်္ဂလိပ်စကားပြောမှာ အသံထွက်အရေးကြီးတယ်။ အသံထွက်နဲ့ လေယူလေသိမ်းမှန်ဖို့ဆိုတာ လေ့ကျင့်မှရ တယ်။ စာရေးရင်လည်း စာလုံးပေါင်း အရေးကြီးတာပဲ။ စာလုံးပေါင်းသတ်ပုံမှန်မှ စာရေးမှန်မယ်။ သဒ္ဒါနဲ့ ဝေါဟာရကြွယ်ဝမှုကလည်း လိုသေးတယ်။ ဒီနေရာမှာ လိုအပ်ချက်တွေကို အကုန်ဖြည့်ရမယ်၊ တစ်ခုပြည့်မှ တစ်ခုကို တက်ရမယ်လို့ မဆိုလိုဘူး။ သူ့အပိုင်းနဲ့သူ လိုအပ်ချက်တွေကို နည်းနည်းချင်းဖြည့်သွားနိုင်ရမယ်လို့ ပြောချင်တာ။

ကိုယ်တိုင်က ဘာကို ဘယ်လို ဘယ်အချိန်မှာ ဘယ်လောက်ဆိုပြီး အစီအစဉ်ဆွဲသွားနိုင်ရင် ပိုကောင်းတာပေါ့။ ပြီးတော့မှ အားလုံးကိုပေါင်းစပ်ရမှာလေ။ ဥပမာ ပုံပြင် သို့မဟုတ် ဇာတ်လမ်းတစ်ခုကို အရင်ဖတ်မယ်။ ပြီးရင် အဲဒီဇာတ်ကြောင်းကို သူငယ်ချင်းတစ်ယောက်ယောက်ကို ပြန်ပြောပြကြည့်မယ်။ ရုပ်ရှင်ကြည့်မယ်။ ကြည့်ပြီးရင် အဲဒီရုပ်ရှင်အကြောင်းလေးကို ပြန်ချရေးကြည့်မယ်။ ဒါတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေတာပဲ။ ဆရာက သင်ရင်လည်း ဒီအတိုင်းပဲ ငါ့ကိုသင်မှာပါလားလို့ သဘောပေါက်ထားစေချင်တယ်။

၁။ Listening Skill ကို ဘယ်လိုလေ့လာမလဲ


# ရေဒီယိုနားထောင်မယ်


လက်ထဲမှာရေးဖို့ ဘော့ပင်ကို အမြဲမကိုင်ထားနဲ့။ နားယဉ်အောင် နားထောင်ကြည့်မယ်။

# အင်္ဂလိပ်ပိုင်းအစီအစဉ် ရုပ်သံ TV ကိုကြည့်မယ်


နိုင်ငံခြားဘာသာသင်သူတွေအနေနဲ့ ကလေးအစီအစဉ်တွေကိုကြည့်သင့်တယ်။
ကိုယ်ကြိုက်တဲ့ပရိုဂရမ်ကို ကိုယ်ရွေးမယ်။ အင်္ဂလိပ်လိုပဲဖြစ်သင့်တယ်။
ရုပ်သံမှာ ဗန်းစကားတွေ ဘယ်လိုပြောတတ်သလဲဆိုတာ မှတ်သားထားမယ်။ (စိတ်ထဲကမှတ်ဖို့ပြောတာ)

# ကက်ဆက်နားထောင်မယ်


အင်္ဂလိပ်လိုအသံသွင်းထားတဲ့ ဇာတ်လမ်းတွေ၊ ဖတ်စာတွေ၊ ၀တ္ထုတွေ အများကြီးပေါ်နေပြီ။ ကက်ဆက်ခေတ် မဟုတ်ဘူး၊ မရှိတော့ဘူးဆိုရင်တောင် MP3, MP4 တွေနဲ့ နားကြပ်တပ်ပြီး နားထောင်နိုင်တယ်။

# ရုပ်ရှင်ကြည့်မယ်


ဒီခေတ်မှာ ဗီဒီယိုကားတွေကလည်း ဈေးသက်သာ၊ စာတန်းထိုးတွေကလည်းပါလာပြီ။ အင်္ဂလိပ်စာတန်းထိုးပါ တဲ့ဇာတ်လမ်းမျိုးတွေဝယ်ကြည့်နိုင်အောင် ကြိုးစားပါ။

# အင်တာနက်မှာရှာကြည့်ပါ


အင်္ဂလိပ်စာကို အွန်လိုင်းမှာဝင်ပြီး နားထောင်၊ လေ့လာနိုင်ခွင့်တွေ ဒီခေတ်များ အများကြီးရနေပါပြီ။

# အသုံးတည့်တဲ့ အွန်လိုင်း Link တွေကိုမှတ်ထားပါ


ဥပမာ http://www.englishclub.com/listening/index.htm လိုနေရာမျိုးတွေကို ၀င်ကြည့်ပါ။

၂။ Speaking နဲ့ Pronunciation Skill တွေကို ဘယ်လိုလေ့လာမလဲ


# တစ်ယောက်တည်းအပြောကျင့်ပါ


ကြိုက်တာကို ပြောကြည့်ပါ။ ပြောချင်တာကိုပြောကြည့်ပါ။ လူမြင်ကွင်းမှာတော့ မလုပ်နဲ့ပေါ့။ အရူးလို့ အပြောခံ နေရဦးမယ်။ ပြောရင်လည်း ကိုယ့်အသံကိုယ်ပြန်ကြားရအောင် ပြောကြည့်။ တတ်နိုင်ရင် အော်ပြောကြည့်မယ်။

# ကိုယ့်အသံကို အသံသွင်းထားကြည့်မယ်


ဒါကတော့ သိပ်ပြီးမလွယ်ဘူးထင်ရပေမယ့် အသံထွက်အားနည်းချက်ကိုသိပြီး အမြန်ဆုံးပြင်နိုင်တဲ့နည်းလို့ သိထားပါ။ စာပဲဖတ်ဖတ်၊ တစ်ခုခုကိုပဲပြောပြော ကိုယ့် အသံကို ပြန်နားထောင်ကြည့်မယ်။ မူရင်း သူများထွက်တဲ့ အသံနဲ့ တိုက်ဆိုင်ကြည့်မယ်။ ဒီခေတ်မှာ ဒါကလည်း မခဲယဉ်းဘူး။ အသံထွက် အဘိဓာန်တွေရှိနေပြီ။

# အတန်းတွေထဲမှာ သူများတွေပြောရင် ကိုယ်လည်းလိုက်ပြောနိုင်အောင် ကြိုးစားမယ်။


# အများသုံး idioms တွေကို လေ့လာမယ်။


# ကိုယ့်ဘာသာစကားမှာ မပါတဲ့ အသံထွက်တွေကို အထူးလေ့ကျင့်မယ်။


ဥပမာ ဘာသာစကားအတော်များများမှာ အင်္ဂလိပ်စာလုံး R နဲ့တူတဲ့ အသံထွက်မျိုးရှားတယ်။ အထူးလေ့ကျင့် သင့်တယ်။

# ဆရာပြောတာဂရုစိုက်ပါ


ဆရာနဲ့သင်နေတာဆိုရင် လိုချင်တဲ့စိတ်နဲ့ နားစိုက်ထောင်ပါ။ သူကချည်းပြောနေတဲ့ဆရာထက် ကိုယ့်ကိုပြော ခွင့်ပေးပြီး အပြန်အလှန်သင်တတ်တဲ့ဆရာမျိုးကိုရွေးချယ်ပါ။

# စာလုံးတွေ စာကြောင်းတွေရဲ့ stress တွေကို လေ့လာပါ။


 လေယူလေသိမ်း၊ အသံအတိုအရှည်၊ အတိမ် အနက် အသံထွက်တတ်ဖို့ အရေးကြီးပါတယ်။

# လျှာခလုပ်တိုက်နိုင်လောက်တဲ့ tongue twister စာလုံးမျိုးတွေနဲ့ လေ့ကျင့်ကြည့်ပါ။


# အသုံးဝင်တဲ့ အင်္ဂလိပ်စကားပြောလိုင်းတွေရဲ့ link တွေကို ပေးလိုက်ပါတယ်။


http://www.englishclub.com/speaking/index.htm
http://www.englishclub.com/pronunciation/index.htm
http://www.englishclub.com/esl-articles/200002.htm
http://www.englishclub.com/esl-articles/200109.htm

၃။ Reading နဲ့ Vocabulary Skill တွေအတွက် ဘယ်လိုလေ့လာမလဲ


# တစ်ခုခုကို နေ့တိုင်းဖတ်ပါ


ကလေးစာအုပ်၊ လွယ်ကူလေ့လာ အင်္ဂလိပ်စာဖတ်စာအုပ်များ၊ သတင်းစာ၊ မဂ္ဂဇင်း၊ အင်တာနက်ဆိုက်၊ ၀တ္ထု တွေကို အင်္ဂလိပ်လို နေ့စဉ်ဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။

# စိတ်ပါတာကိုပဲဖတ်ပါ


ကိုယ်စိတ်ပါတဲ့စာကိုဖတ်တာ ပိုကောင်းပါတယ်။ စိတ်မပါတဲ့၊ မဖတ်ချင်တဲ့စာတွေကို ဇွတ်ဖတ်နေရတာ စိတ်ဖိစီးပါတယ်။

# ကိုယ်နဲ့ကိုက်ညီတဲ့ level ကိုပဲဖတ်ပါ


ဖတ်လို့များများနားလည်ရင်ကောင်းပါတယ်။ ခက်လွန်းတာတွေဖတ်နေရင် နားမလည်တော့ စိတ်ပျက်သွားလိမ့် မယ်။ အင်္ဂလိပ်စာမှာ level အလိုက်ခွဲထားသလို၊ level အလိုက်တက်တာပဲကောင်းတယ်။ ဥပမာ 500 level, 1000 level, 1500, 2000, 3000, 4000 ဆိုပြီးတော့ level အလိုက်မြင့်သွားလိမ့်မယ်။ နိမ့်ရာကနေစပြီးလေ့ လာသင့်တယ်။

# ဇာတ်လမ်းတွေဖတ်ရင် W ငါးလုံးကို ပြန်တွေးတတ်ရမယ်


W ငါးလုံးဆိုတာက (Who, What, Where, When, Why) ဆိုတာကိုပြောတာ။ ဘယ်သူ့အကြောင်းကိုပြောနေ တာလဲ။ ဘာတွေဖြစ်သွားသလဲ။ ဘာကြောင့်အဲဒီလိုဖြစ်သွားတာလဲ။ ဘယ်နေရာမှာဖြစ်သွားတာလဲ။ ဘယ် အချိန်မှာ ဖြစ်သွားတာလဲ စတာတွေကို ပြန်ပြီးသုံးသပ်နားလည်နိုင်ရမယ်။ မြန်မာလိုပြောရင်တော့ “ဘ” ငါးလုံး ပေါ့။ ဒါတွေကို နားလည်ရင် ပြန်ပြောပြဖို့ သို့မဟုတ် ပြန်ဖြေဖို့ အများကြီးအထောက်အကူဖြစ်လိမ့်မယ်။

# အနားမှာ English-English Dictionary ကိုထားပါ


ကိုယ့်ဘာသာစကားတွေနဲ့ ပြန်ဆိုထားတဲ့ dictionary တွေကို အားကိုးအားထားပြုရင် မှားတတ်ပါတယ်။ အင်္ဂလိပ်စာကို အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကလည်း ရှင်းပါတယ်။ နားလည်လွယ်တာကြောင့် အင်္ဂလိပ်ကို အင်္ဂလိပ်လိုရှင်းထားတဲ့ အဘိဓာန်ကိုပဲ သုံးသင့်ပါတယ်။ အင်တာနက်သုံးသူတွေဆိုရင် အွန်လိုင်း ပေါ်က အင်တာနက် dictionary တွေကို အသုံးပြုနိုင်ပါတယ်။

# ကိုယ်ပိုင် dictionary လေးတစ်ခုလုပ်ထားပါ


-       မှတ်စုစာအုပ်လေးတစ်အုပ် သီးခြားထားပါ
-       အက္ခရာစဉ်လိုက် စာမျက်နှာထိုးပြီး ဝေါဟာရတွေကို မှတ်ထားပါ
-       အသုံးများ ပြောစကားတွေကို မှတ်ထားပါ
-       အသုံးများစာကြောင်းတွေ၊ ကိုယ်ကြိုက်တဲ့စာကြောင်းတွေ ရေးမှတ်ထားပါ
-       ညတိုင်း အိပ်ယာမ၀င်မီ တစ်ခေါက်လောက်ပြန်ဖတ်ကြည့်ပါ

# Reading Skill အတွက်လေ့ကျင့်ဖို့ link တွေကိုဖော်ပြပေးလိုက်ပါတယ်


http://www.englishclub.com/reading/index.htm
http://www.englishclub.com/vocabulary/index.htm
http://www.englishclub.com/esl-articles/200003.htm

၎။ Writing Skill အတွက် ဘယ်လိုလေ့လာမလဲ


# ဒိုင်ယာရီရေးပါ


ဂရမ်မာတွေ စနစ်တွေ ဂရုစိုက်မနေပါနဲ့။ လွတ်လပ်စွာ ရေးချင်သလိုရေးပါ။ ပျော်စရာကောင်းပါလိမ့်မယ်။
 ပျော်သွားရင် ပိုရေးချင်လိမ့်မယ်။

# အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးပါ


ဘယ်သူနဲ့ဆက်သွယ်သည်ဖြစ်စေ အီးမေးလ်ကို အင်္ဂလိပ်လိုပဲရေးနိုင်အောင်လုပ်ပါ

# ပြည်တွင်းထုတ်သတင်းစာကို အင်္ဂလိပ်လိုပြန်ရေးကြည့်ပါ


ဒါကနေ့တိုင်းလေ့ကျင့်နိုင်တဲ့ အကောင်းဆုံးနည်းပဲ။ တတ်နိုင်ရင် ပြည်တွင်းထုတ် အင်္ဂလိပ်၊ မြန်မာနှစ်စောင်ဝယ် ပြီး ပြန်တိုက်ဆိုင်ကြည့်ပါ။ အကျိုးများပါတယ်။

# စာလုံးပေါင်းသတ်ပုံဂရုစိုက်ပါ


အင်္ဂလိပ်စာမှာ စာလုံးပေါင်း spelling စနစ်တွေရှိပါတယ်။ ကွန်ပျူတာမှာ စာလုံးပေါင်းမှားတာတွေကို spelling-checking လုပ်ခိုင်းနိုင်ပေမယ့်၊ ကိုယ်တိုင်ရေးနေတာဆိုရင်တော့ ဂရုစိုက်ပြီး စာလုံးပေါင်းမမှားအောင် လုပ်ပါ။

# မှားတတ်သော စာလုံးပေါင်းတွေကို လေ့လာပါ


# မှားတတ်တဲ့ အင်္ဂလိပ်စာကိုလေ့လာပါ


# အပြန်အလှန်ပေးစာတွေကို အင်္ဂလိပ်လိုပေးနိုင်တဲ့ သူငယ်ချင်းတွေထားပါ


# Writing Skill အတွက် လေ့လာသင့်တဲ့ link တွေကတော့


http://www.englishclub.com/writing/index.htm
http://www.englishclub.com/esl-articles/200102.htm

အခြားသိသင့်သောအချက်များ
Grammar ကို မကြောက်ပါနဲ့


# Grammar ဆိုတာ ဆက်သွယ်ဖို့ပါ


လေ့လာသူတွေအများစုရဲ့စိတ်ထဲမှာ ဂရမ်မာဆိုတာကြီးကို ဖိစီးတတ်ပါတယ်။ အင်္ဂလိပ်စာကို နည်းစနစ်ကျကျ စကတည်းက လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတွေမှာ တက်ခဲ့သူတွေဆိုရင်တော့ ကိစ္စမရှိဘူး။ သဘောတရား လောက်ပဲနားလည်ခဲ့သူတွေအနေနဲ့ လေ့ကျင့်ဖို့လိုတယ်ဆိုပေမယ့် များများရေး၊ များများပြောလာနိုင်ရင် အဆင် ပြေသွားပါလိမ့်မယ်။

# အပေါင်းအသင်းနည်းတာပြဿနာ


သဒ္ဒါမတတ်၊ စာမတတ်ဆိုတာကိုမေ့ထားပါ။ ဂရမ်မာနဲ့ချည်း အချိန်ကုန်နေစရာမလိုပါ။ ရေးကြည့်ပါ။ တိုတိုလေး တွေစရေးပါ။ နည်းနည်းရေးပြီး တိုးသွားကြည့်ပါ။ တစ်ယောက်တည်းမနေပါနဲ့။ ဆရာတွေကို ကိုယ်ရေးထားတာ ပြကြည့်ပါ။ ကိုယ့်လို အင်္ဂလိပ်စာဝါ သနာတူသူချင်း ရေးထားတာတွေပြပြီး ဝေဖန်ဆွေးနွေးကြည့်ပါ။ တစ်ယောက်တည်းလေ့လာ တာထက်၊ အများနဲ့လေ့လာတာ ပိုပြီးအကျိုးများတတ်ပါတယ်။

# သင်ရင်တတ်တယ်


ကိုယ့်ထက် ငယ်သူတွေကို ပြန်ပြီးဂရမ်မာသင်နိုင်အောင် ကြိုးစားပါ။ သင်ချင်ရင် ပြင်ဆင်မယ်။ ပြင်ဆင်ရင် တတ်တယ်။ ဆရာလုပ်တယ်ဆိုတာ ဆရာလုပ်နိုင်တဲ့အရည်အချင်းရှိမှဖြစ်တာကြောင့် ဆရာလုပ်ချင်စိတ်က သင်သွားပါလိမ့်မယ်။

# Grammar နဲ့ပတ်သက်ပြီး လေ့လာသင့်တဲ့ link တွေ


http://www.englishclub.com/grammar/index.htm
http://www.englishclub.com/esl-articles/200007.htm
http://www.iei.uiuc.edu/web.pages/grammarsafari.html

By Tin Nyunt
Myanmar Network 

ဝေါဟာရကြွယ်ဝအောင်

တစ်ခါတလေမှာ ကိုယ့်မိခင်ဗမာစကားကိုပြောနေရင်းနဲ့ ကိုယ်ပြောချင်တဲ့စကားလုံး ရှာမရတာမျိုးကြုံဖူးကြပါသလား။ “ဟိုလေ. . . အဲဒါ ဘယ်လိုခေါ်ပါလိမ့်... ကျွန်တော်ပြောချင်တာက ဟိုဒင်းလေ” စတဲ့ ဟိုဒင်း...တို့ ...ဟိုဟာ... တို့နဲ့ လိုရင်းကိုကွက်တိမရောက်နိုင်တဲ့အခါမျိုးမှာ စိတ်အလိုမကျ ဖြစ်ရတတ်ပါတယ်။ ဒါက ကိုယ့်မိခင်ဗမာစကား။

 တခြား နိုင်ငံခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကား ပြော တဲ့အခါကျတော့ တစ်ခါတလေ မကတော့ဘဲ ခဏခဏဖြစ်နေတတ်တော့ စကားတစ်ခွန်းပြောဖို့အရေး စကားလုံးကို လည်းစဉ်းစားရသေး၊ ထွက်လာတဲ့စကားလုံးတွေကိုလည်း ၀ါကျပြန်စီရသေးဆိုတော့ စိတ်ပျက်အားငယ်ရ တတ်တာ လေ့လာကာစ စာသင်သားတို့ မလွဲမသွေ တွေ့ကြုံရတဲ့ ဒုက္ခတစ်ခုပါပဲ။ ဒီလိုနဲ့ စာသင်သက်ကြာ လာတော့ စကားလုံးတွေဟာ မိုးရေမိုးစက်များတစ်ပေါက်တစ်ပေါက်နဲ့ စဥ့်အိုးကြီး ပြည့်လာသလို တဖြည်းဖြည်း များလာတဲ့အခါကျမှ နည်းနည်းအဆင်ပြေလာပါတော့တယ်။ ဒါတောင်မှ နေ့စဉ်သာမန် ပြောဆိုနေကျတာမျိုးမှာအဆင်ပြေနိုင်ပေမယ့် မိန့်ခွန်းလို ဟောပြောပွဲလို နေရာမျိုးမှာ အင်္ဂလိပ်လို့ပြောရတဲ့ အခါမျိုးမှာ စကားလုံးတိုင်းသည် တစ်ဖက်သားရင်ကိုတိုက်ရိုက်ထိမှန်မည့် စကားလုံးမျိုးကို ရွေးချယ်သုံးနှုံးရတဲ့အခါမျိုးမှာ အခက်တွေ့နိုင်ပါတယ်။

ဘာသာစကားဆိုတာ လူသားတို့ရဲ့ အဓိက ဆက်သွယ်ရေးလက်နက်ဖြစ်တဲ့အတွက် ဉာဏ်ပညာကြီးမားတဲ့ လူသားတွေဟာ မိမိတို့ရဲ့လက်နက်ကို ထက်မြက်နိုင်သမျှထက်မြက်နေအောင်အားထုတ်တဲ့အနေနဲ့ စကားလုံးအသစ်တွေတီထွင်ကြ၊ တစ်ချို့စကားလုံးတွေကို ကျောခိုင်းပစ်ကြ၊ တစ်ချို့စကားလုံးတွေကို အဓိပ္ပါယ်ပြောင်း ပစ်ကြ၊ တိုးပစ်ကြနဲ့ မဆုံးနိုင်အောင်ပါပဲ။ ဒီတော့ ကိုယ်က ဘာသာစကားတစ်ခုကို လေ့လာထားမိပြီ။ စထားမိပြီ ဆိုတော့ မဆုံးတမ်းဆက်လျောက်ရပေတော့မည်။ လေ့လာရပေတော့မည်။

ဝေါဟာရ ဆိုရာတွင် အကြမ်းဖျဉ်းအားဖြင့်အောက်ပါအတိုင်းအုပ်စုခွဲကြည့်ကြပါစို့။

(၁) နေ့စဉ်ပြောဆိုဆက်သွယ်ရမည့် အခြေခံမသိမဖြစ်စကားလုံးများ

(၂) ကိုယ်တိုင်ပြောဆိုဖို့အကြောင်း နည်းသော်လည်း သူများပြောလျှင် နားလည်ရန်အတွက်သိထားရမည့်

စကားလုံးများ

(၃) ကိုယ်သိ၍ပြောသော်လည်း တခြားသူ နားလည်ရန်ခက်ခဲသည့် စကားလုံးများ

၎င်းအုပ်စုသုံးစုတွင် အမှတ်စဉ် တစ်အုပ်စုသည် မဖြစ်မနေလေ့လာထားရမည်၊ မကြာခဏ ပြန်လည်ကြည့်ရှုရ မည့်စကားလုံးအုပ်စုဖြစ်သည်။ အောက်စဖို့တက္ကသိုလ်အဘိဓါန်မှ ထုတ်ဝေသည့် Oxford 3000 words TM Keywords သည်စာသင်သားတို့ရည်ညွှန်းရန်ရှိသင့်သည့်စာအုပ်တစ်အုပ်ဖြစ်ပါသည်။ စာသင်သားတို့အတွက် အသုံးအများဆုံးအင်္ဂလိပ်စကားလုံးပေါင်း ၃၀၀၀ ကို ပညာရှင်များက စနစ်တကျစုစည်းပေး ထားခြင်းဖြစ်သည်။ စာလုံးပေါင်းသုံးထောင်ဆို၍ လန့်မသွားပါနှင့်။ ဆယ်တန်းအောင်ပြီးသားကျောင်းသား တစ်ဦးသည် အနည်းဆုံးတော့ ၄င်းတို့ထဲမှ စာလုံး တစ်ထောင်ခန့် သိပြီးဖြစ်ပါလိမ့်မည်။ လေ့လာရမည် ဆိုရာတွင် စာတစ်အုပ်လုံးအလွတ်ကျက်မှတ်ခိုင်းခြင်းမဟုတ်ပါ။ လုပ်လည်းမလုပ်သင့်ပါ။ စာဖတ်ရင်း၊ သတင်းနားထောင်ရင်း စကားလုံးအသစ်တစ်လုံးတွေ့သည်ဆိုပါဆို့။ ၄င်းစာအုပ်ထဲတွင်ရှာလိုက်ပါ။ စာရင်းထဲတွင်ပါပါက အရှေ့ဖက် တွင်ကြယ်အမှတ်အသားဖြစ်စေ၊ highlighter သုံး၍ဖြစ်စေ မှတ်ထားပါ။ ၄င်းစကားလုံး၏အဓိပ္ပါယ်နှင့် အသုံးပြုပုံကို နမူနာဝါကျနှင့်တကွလေ့လာကြည့်ပါ။ နောက်တစ်ကြိမ်စာလုံးအသစ်တွေ့၍စာအုပ်လှန်ရ ချိန်တွင်အရင်မှတ်ထားခဲ့သည်များကို ခရီးသွားဟန်လွှဲပြန်ဖတ်ကြည့်ပါ။ မကြာခဏ မြင်လာတဲ့အခါ အလွတ် ရလာပါလိမ့်မည်။ မိမိစိတ်ထဲ ပိုင်ပိုင်နိုင်နိုင်ရသွားသည့်စကားလုံးများကို အမှန်ခြစ်ပြထားပါ။ သည်လိုနှင့် အချိန်အတိုင်းအတာတစ်ခုအတွင်း စာအုပ်တစ်အုပ်လုံး အမှန်ခြစ်များချည်းဖြစ်လာပါလိမ့်မည်။

စကားလုံးအသစ်တစ်လုံးတွေ့သည်ဆိုပါဆို့။ ပထမအုပ်စု Oxford 3000 words TM Keywords တွင်မပါသည့် စကားလုံးဆိုလျင်ကော။ ကိစ္စမရှိပါ။ ထိုစကားလုံးကို မိမိစိတ်ထဲတွင် အသာတေးထားလိုက်ပါ။ သင်သည် အင်္ဂလိပ်စာ လေ့လာလိုသူတစ်ယောက်ဖြစ်ပြီး စာအုပ်၊ စာစောင်၊ ဂျာနယ် များကိုဖတ်ရှုလေ့ရှိသူဖြစ်ပါက ထိုစကားလုံးကို မကြာခင် နှစ်ခါ၊ သုံးခါ ထပ်တွေ့ပါလိမ့်မည်။ ထိုသို့တွေ့ပါက ၄င်းစကားလုံးသည် ဒုတိယအုပ်စုထဲတွင် ပါနေချေပြီ။ သင်၏ကိုယ်ပိုင် ဝေါဟာရမှတ်စုစာအုပ်တစ်အုပ်အတွင်း ရေးချမှတ်သား ထားလိုက်ပါ။ စကားလုံးတစ်လုံးကိုမှတ်သားရာတွင် အောက်ပါတို့ကိုပါ တပါတည်းတွဲဖက်မှတ်သားရပါမည်။
  •     Pronunciation
  •     Stress (စကားလုံးတစ်လုံးသည် တစ်သံထက်ပိုပါက မည်သည့်အသံတွင် ပို၍အားစိုက်ရွတ်ရသည် ကိုပြသောအရာ)
  •     Grammatical Function (N, V, Adj စသည်)
  •     Definition အဓိပ္ပါယ်မူရင်းအဓိပ္ပါယ်
  •     Collocation (သူနှင့်တွဲသုံးသည့်စကားလုံးများ)
  •     Example Sentence (နမူနာဝါကျ)
၎င်းတို့ကိုသိရှိထားပါမှ ကိုယ်ပြန်လည်အသုံးချနိုင်သည့် ကိုယ်ပိုင်ဝေါဟာရအဖြစ်သို့ရောက်ပါမည်။

 တတိယအုပ်စုကတော့ရှင်းပါသည်။ မိမိပဲသိပြီး သူများတွေအများစုမသိသည့်စကားလုံးများ။ ဒါကလည်းဖြစ် တတ်ပါသည်။ တစ်ချို့ကအဘိဓါန်စာအုပ်ကြီးတွေထဲကရှာပြီး စကားလုံးကြီးကြီးတွေနှင့် လူရှေ့သူရှေ့ ဟိတ် ဟန်ပြချင်ကြသည်။ ကိုယ်ပြောသမျှ ရေးသမျှသည် သူတပါးနားမလည်ပါက ဘာများအဓိပ္ပါယ်ရှိပါမည်နည်း။ ဒီလိုစကားလုံးတွေက စာကြီးပေကြီးတွေထဲမှာပါတတ်သည်။ သူ့နေရာနှင့်သူသုံးလျှင်တော့ရသမြောက်၏။ သို့ရာတွင်ဂန္တ၀င်စာထဲကစကားလုံးကို နေ့စဉ်အပြောစကားမှာသုံးလိုက်ပါက ဆင်ချည်သောကြိုးနှင့်ကြက်ကို ချည်သလိုဖြစ်နေချေမည်။ ထိုစကားလုံးမျိုးကိုတော့ နောက်ဆုံးဦးစားပေးမှာထားရပေမည်။

ဤသည်က ဘာကိုလေ့လာမည်ဆိုသည့် ပထမပိုင်းဖြစ်သည်။


ဒုတိယပိုင်းတွင်တော့ဘယ်လိုလေ့လာမည်ဆိုသည့် ဝေါဟာရလေ့လာရာမှာ အသုံးဝင်မည့်နည်းလမ်းများ ရှာဖွေတင်ပြထားခြင်းဖြစ်ပါသည်။

Make it Personal ကိုယ်ပိုင်မှတ်စုထားပါ။

Spoon Feeding method နဲ့ကြီးပြင်းလာခဲ့ရသူတွေအဖို့ အရာရာကို လက်တင် အဆင်သင့်ရဖို့ပဲ အားသန်ကြပါတယ်။ ဒီတော့ စာအုပ်ဆိုင်တွေမှာ English Meaning ဆိုတဲ့စာအုပ်တွေ၊ ဝေါဟာရပဒေသာ ဆိုတဲ့စာအုပ်တွေ နာမည်အမျိုးမျိုးနဲ့ပုံနေတာပါပဲ။ စာအုပ်တွေဝယ်တာလဲဝယ်တာပါပဲ။ ၀ယ်ပြီး ကိုယ့်ခေါင်းထဲ၊ ရင်ဘတ်ထဲရောက်မလာဘဲ စာမျက်နှာတွေထဲမှာပဲ တိတ်တိတ်ဆိတ်ဆိတ် အိပ်မော ကျနေတာကများတယ်။ ဒါကလည်းသဘာဝကျပါတယ်။ လူဆိုတာ ကိုယ်နဲ့ဆိုင်တာကိုပိုစိတ်ဝင်စားတယ်။ ကိုယ်နဲ့နီးစပ်တာကို ပိုမှတ်မိတယ်။ ကိုယ့်အတွေ့အကြုံနဲ့ယှဉ်ပြီဆိုရင်တော့ မမေ့တတ်တော့ပါဘူး။

 Tell Me I forget, Show Me I remember, Involve Me I understand!

 ဆိုတဲ့စကားလေးရှိတယ်မဟုတ်လား။ ကိုယ်ပိုင်မှတ်စုထဲကို ကိုယ့်လက်ရေးနဲ့ချရေးလိုက်တဲ့အခါ လက်က ရေးတာက (Kinesthetic or tactile learning လို့ခေါ်တဲ့လေ့လာခြင်းတစ်မျိုး)၊ ရေနေတုန်းမျက်လုံးကမြင်တာကျတော့ (Visual learning လို့ခေါ်တဲ့လေ့လာခြင်းတစ်မျိုး)၊ အသံထွက်ရွတ်ဆိုကြည့်တဲ့အခါကျတော့ (Auditory learning လို့ခေါ်တဲ့လေ့လာခြင်း) အပြင် ကိုယ့်အတွေ့အကြုံနဲ့ဆက်စပ်တဲ့အခါ (Associative learning) စတဲ့ လေ့လာနည်းလေးမျိုးနဲ့တပြိုင်တည်းလေ့လာပြီးဖြစ်သွားပါရောလား။ ပထမသုံးမျိုးကို Flemming ရဲ့ VAK/VARK Model လို့ပညာရေးလောကမှာသိထားကြပါတယ်။

ကျွန်တော်လုပ်လေ့ရှိတဲ့နည်းကလေးကိုတင်ပြချင်ပါတယ်။ လူတိုင်းနဲ့တော့ ကိုက်ညီချင်မှကိုက်ညီပါ လိမ့်မယ်။ အသုံးတည့်သူများယူကြပါကုန်။ ဗလာစာအုပ်လေးတစ်အုပ်ထားပါတယ်။ အရင်တုန်းကတော့ မှတ်စုစာအုပ်ထူထူတွေ သုံးတယ်။ ဒါပေမယ့် သယ်ရပြုရလေးတဲ့အတွက်ကြောင့် နောက်ပိုင်း ဗလာစာအုပ်လေးတွေပဲသုံးတော့တယ်။ အဲဒီဗလာစာအုပ်ထဲမှာ စာဖတ်ရင်း၊ အင်တာနက်ကြည့်ရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ သီချင်းနားထောင်ရင်း ကိုယ်စိတ်ဝင်စားတဲ့စာလုံးလေးတွေကို ကျမှတ်ထားတယ်။ အပေါ်က ရက်စွဲနေရာမှာ တနင်္လာ၊ အင်္ဂါ စသည်ဖြင့်ရေးထားတယ်။ ဒီစာအုပ်လေးကို သွားလေရာယူသွားတယ်။ အခုတောင် ရပ်ဝေးရောက်နေချိန်မှာ ပါလာလို့ Scan ဖတ်ပြီးနမူနာတင်ပေးလိုက်ပါတယ်။ ကားစောင့်ရင်း၊ လက်ဖက်ရည်ဆိုင်ထိုင်ရင်းအချိန်ဖြုန်းရတိုင်း ဖတ်ပါတယ်။ ဘယ်လိုဖတ်သလဲဆိုတော့ ဒီနေ့ တနင်္လာနေ့ ဆိုရင် တနင်္လာပါတဲ့ စာရွက်တစ်ရွက်ကိုကောက်လှန်လိုက်ပြီးဖတ်တယ်။ ရက်စွဲအလိုက်ပဲ တစ်နေ့စာ ဖတ်ပါတယ်။ (ဒီလိုရေးထားလို့ ကျွန်တော့်ကို ၀ိရိယကောင်းသူလို့မထင်လိုက်ပါနဲ့။ ကိုယ့်ကိုယ်ကို ပျင်းမှန်း သိလို့ ဒီနည်းကိုသုံးတာပါ။) အဆင်ပြေပါတယ်။ အလွတ်ကျက်စရာမလိုဘူး။ နှစ်ခေါက်သုံးခေါက်ဖတ်ရင် ရသွားပြီ။

Using Every Resource နေရာပေါင်းစုံမှစုစောင်းပါ

ဘယ်ပညာရပ်မဆို သိချင်စိတ်ကရှေ့ဆောင်ပါတယ်။ Curiosity လို့ခေါ်တဲ့သိချင်စိတ်၊ စူးစမ်းချင်စိတ်ကြာင့်ပဲ ကမ္ဘာကြီးဟာဒီနေ့ဒီလောက် တိုးတက်နေတာပါပဲ။ ဝေါဟာရလေ့လာတဲ့အခါ စကားလုံးတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပဲရှိနေကြပါတယ်။ စာအုပ်ထဲမှာမှ မဟုတ်ပါဘူး။ မနက်မိုးလင်းလို့ ကောက်ဖီ ဖျော်ဖို့ ပုလင်းကို ကိုင်လိုက်တဲ့အခါမှာ Nescafé Gold Blend, premium quality ဆိုတဲ့စာတမ်းကိုနေ့တိုင်း တွေ့ရပါမယ်။ ဒါကဥပမာအနေနဲ့ပြောတာပါ။ blend တို့ premium တို့ဆိုတဲ့စကားလုံးလေးတွေမသိရင် သိအောင်လုပ်လိုက်ပေါ့။ တခါတလေ နှာစေးအအေးမိလို့ Decolgen သောက်တဲ့အခါ ဒီလိုမျိုးလေး No drowse ဆိုတဲ့စကားလေးရှိတယ်တွေ့ရဦးမယ်။ မြို့ထဲသွားလို့လာလို့ ဘတ်စကားပေါ်ကနေ ငေးကြည့်ရင်း လည်း စကားလုံးအသစ်ကလေးတွေရတတ်တာပါပဲ။ TV ကနေ သတင်းတွေနားထောင်ရတာဝါသနာပါတဲ့သူဆိုရင် အတိုင်းထက်အလွန်ပါပဲ။ TV ဆိုတာက သတင်းဖြစ်စဉ်တစ်ခုကို အမြဲတမ်း update တင်ပြနေတာဆိုတော့ ကိုယ်မသိတဲ့စကားလုံးတစ်ခုကို ထပ်ကာထပ်ကာ ကြားနေရတတ်တယ်။ အရုပ်ရော၊ အသံရော မြင်ရပြီးတော့ သတင်းရဲ့မူရင်းနောက်ခံအကြောင်းတရားကိုသိထားရင် အဲဒီစကားလုံးရဲ့အဓိပ္ပါယ်ကို ခန့်မှန်း တွက်ဆနိုင်ပါတယ်။ ဥပမာပြရရင် အယ်ဂျာဇီးရားရုပ်သံအင်္ဂလိပ်ပိုင်းဟာကျွန်တော် စွဲစွဲမြဲမြဲကြည့်တဲ့ သတင်းလိုင်းတစ်ခု ပေါ့။ အရေးအခင်းတစ်ခုအကြောင်း သတင်းတစ်ပုဒ်မှာ The police are telling the crowd to disperse. ဆိုတဲ့စာကြောင်းမှာ disperse ရဲ့အဓိပ္ပါယ်ကိုမသိဘူး။ ဒါပေမယ့် လူအုပ်ကြီးရယ်၊ ရဲတွေရယ်၊ အော်လံကြီးနဲ့ပြောနေတာရယ် စတဲ့ contex အရ disperse ဆိုတာ လူစုခွဲဖို့ပြောတာမှန်းခန့်မှန်းနိုင်ခဲ့တယ်။ ဒီစကားလုံးကို အလွတ်ကျက်စရာမလို ဘဲနဲ့တစ်ခါတည်းမှတ်မိခဲ့တယ်။

Knowing the affixes (ရှေ့ဆက်၊ နောက်ဆက်စကားလုံးများသိခြင်း)

ရှေ့ဆက် (prefix)စကားလုံးနဲ့ နောက်ဆက် (suffix) စကားလုံးတွေ သိထားတဲ့အခါ စကားလုံးအသစ်ကို ခန့်မှန်းရတာ ပိုပြီးလွယ်ကူပါတယ်။ ဥပမာအားဖြင့် pre ဆိုတဲ့ရှေ့ဆက်စကားဟာ before အဓိပ္ပါယ်ထွက်တယ်ဆိုတော့ preview, preschool, precede တို့ကိုလည်းသိလာတာပေါ့။ Cide ဟာ killer လို့သိရင် homocide, insecticide, fungicide တို့ကိုခန့်မှန်းနိုင်မှာပါ။ အင်္ဂလိပ်စာမှာ သိပ္ပံ၊ဆေးပညာဝေါဟာရ မဟုတ်တဲ့အရှည်ဆုံးစကားလုံးဖြစ်တဲ့ antidisestablishmentarianism မှာ establish တည်ထောင်သည်/မှု အဓိကသိထားရင် ကျန်တဲ့ anti(ဆန့်ကျင်သည်)၊ dis (ဆန့်ကျင်သည်၊ အနုတ်သဘောဆောင်သည့် အဓိပ္ပါယ်)၊ ment (နာမ်ပြုစကား)၊ arian (ပြုသူ၊ ဖြစ်သူ ဆိုတဲ့အဓိပ္ပါယ်) ism (၀ါဒ) စတဲ့ prefix, suffix တွေနဲ့ခန့်မှန်းကြည့်ရင် ဆိုလိုရင်းကို နည်းနည်းတော့သဘောပေါက်လာမှာပါ။ စကားလုံးအသစ်တွေ့တိုင်း အဘိဓါန်ကောက်လှန်နေရရင် စာတစ်မျက်နှာမှာ မသိတဲ့စကားလုံးတွေ အများကြီးပါနေရင်စိတ်ပျက်သွားနိုင်ပါတယ်။ အဲဒီစာအုပ်ဟာ ကိုယ့် level နဲ့မကိုက်ညီသေးဘူးဆိုတာ သိရပါမယ်။ စာအုပ်ဆိုင်တွေမှာဝယ်လို့ရတဲ့ graded readers များဟာဝေါဟာရတည်ဆောက်ဖို့ အလွန်သင့်တော်တဲ့ စာအုပ်များပဲဖြစ်ပါတယ်။

Use all of your sensesအာရုံငါးပါးစလုံးအသုံးပြုပါ။

လူတွေဟာ(မြင်၊ ကြား၊ တွေ့၊ အနံ့၊ အရသာ) အာရုံငါးပါးစလုံးနဲ့လေ့လာလို့ရပါတယ်။ ဒါပေမယ့် ကျောင်းသားတိုင်းကတော့အာရုံငါးပါးကို လေ့လာသင်ယူရာမှာမသုံးမချတတ်ကြပါဘူး။ စာဖတ်တယ် (မြင်)၊ နားထောင်တယ် (ကြား)၊ နှစ်ခုကိုသာတွင်တွင်ကျယ်ကျယ်သုံးနေကြတာပါ။ Dr. Vivian Franz, Ph.D. ကတော့ See it. Say it. Hear it. Write it လို့တိုက်တွန်းထားပါတယ်။

Using Other Languages to Build Vocabulary သိထားတဲ့တခြားဘာသာစကားကိုသုံးပါ

မိမိဟာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ နီးစပ်တဲ့ ဘာသာစကားတစ်ခုကိုတတ်မြောက်ထား တယ်ဆိုရင် ဝေါဟာရအတော်များများကိုလွယ်လွယ်ရနိုင်ပါတယ်။ ဥပမာ Romance ဘာသာတစ်ခုခု Spanish, French ဖြစ်ဖြစ် Germanic ဘာသာစကားတစ်ခုခု German, Dutch ဖြစ်ဖြစ် သိထားသူဆိုရင် အင်္ဂလိပ်စကားလုံးတော် တော်များများဟာ အဲဒီဘာသာတွေကလာတာဖြစ်လို့ဝေါဟာရ တိုးပွားဖို့အထောက်အကူပြုနိုင်ပါတယ်။ ၄င်းစကားလုံးမျိုးကို cognate လို့ခေါ်ပါတယ်။ ကျွန်တော်တို့ ဗမာလူမျိုးတွေဆိုရင်လဲ ထိုင်းစကား သင်တဲ့ အခါမှာ ပါဠိ၊ သက္ကတ ကလာတဲ့စကားလုံးတော်တော်များများ တူကြလို့ လေ့လာရတာပျော်စရာကောင်း ပါတယ်။

အရေးအကြီးဆုံးအချက်တစ်ခုကတော့ There is no hard-and-fast rule in English language learning. ဆိုတဲ့စကားလို ပုံသေကားချပ်မတွက်ဖို့တော့ လိုပါလိမ့်မယ်။ လူတိုင်းလူတိုင်းမှာ မတူတဲ့သင်ယူပုံတွေ (different learning style) ရှိတတ်ကြလို့ မိမိနဲ့ဆီလျော်အသုံးတည့်မည့် နည်းလမ်းမျိုးစုံကို ရှာယူအသုံးချနိုင် ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဇာနည်(MyWay!)
By Zar Ni (My Way!)
Myanmar Network

Sunday, 22 April 2012

ဝေါဟာရကြွယ်ဝစေဖို့ (Expanding Your Vocabulary)

ဘာသာစကားသင်ယူဆဲမည်သူမဆို ရင်ဆိုင်ရတဲ့ အကြီးမားဆုံး ပြဿနာတစ်ခုကတော့ ဝေါဟာရတွေကို သင်ယူဖို့နဲ့ မှတ်မိဖို့ဘဲဖြစ်ပါတယ်။ လူတစ်ဦးချင်း သင်ယူမှု ဟန်တွေ မတူညီတဲ့အတွက် သူ့အတွက် အဆင်ပြေတဲ့ နည်းလမ်းပေမယ့် ကိုယ့်အတွက် အဆင်မပြေဘဲ ဖြစ်တတ်ပါတယ်။ စကားလုံး ဒါမှမဟုတ် စကားစုကို မြင်ရမှ မှတ်မိလွယ်တဲ့သူ ရှိသလို အသံထွက်ပြောတာကို ကြားရမှ၊ ချရေးလိုက်ရမှ မှတ်မိလွယ်တဲ့ သူတွေလည်း ရှိတယ်။ ဝေါဟာရတွေ မသိဘဲ ဆက်သွယ်ပြောဆိုဖို့ မဖြစ်နိုင်တဲ့အတွက် မည်သူမဆို ဝေါဟာရပြဿနာကို ရင်ဆိုင်ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ဘာတွေ သင်ယူဖို့ လိုသလဲ။

ဘာသာရပ်အကြောင်းအရာ
  • အင်္ဂလိပ်ဘာသာစကားကို အသုံးပြုတဲ့ ဆက်စပ်အခြေအနေကို စဉ်းစားပါ။ ရုပ်ရှင်တွေ၊ ဈေးဝယ်တဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်တဲ့ ဝေါဟာရတွေကို သင်ရတာ စိတ်ပါဝင်စား စရာ ကောင်းတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် လက်ငင်း လိုအပ်ချက်တွေကိုလည်း မေ့မထားပါနဲ့။
  • ခရီးသွားလုပ်ငန်း ဒါမှမဟုတ် မားကက်တင်း အလုပ်ကို လုပ်ဖို့ ရည်မှန်းထားရင် ကိုယ်လုပ်မယ့် အလုပ်အကိုင်ပေါ် မူတည်ပြီး သက်ဆိုင်တဲ့ ဝေါဟာရအမျိုးအစားတွေကို သင်ယူရပါမယ်။
  • စာမေးပွဲဖြေမယ်ဆိုရင် မသိမတတ်လို့ မဖြစ်တဲ့ ဝေါဟာရတွေ ရှိပါတယ်။

အသံထွက်
  • စာလုံးကို မဖတ်ခင် နားထောင်ကြည့်လို့ရမယ်ဆိုရင် နားထောင်ကြည့်ပါ။ အသံထွက်နဲ့ စာလုံးပေါင်း မတူတာတွေ ရှိတယ်။ စကားလုံးအသစ်တွေရဲ့ အသံထွက်ကို အလွယ်တကူ လေ့လာနိုင်ဖို့ ဖိုနက်တစ် phonetic ခေါ်တဲ့ အသံထွက်သင်္ကေတ ဇယားကို သုံးတတ်အောင် လေ့လာထားပါ။
  • အဘိဓာန်ကို သုံးလို့ရတဲ့ နည်းလမ်းအမျိုးမျိုး စုံလင်အောင် သင်ထားပါ။

စာလုံးပေါင်း
  • အသုံးများတဲ့ စာလုံးပေါင်းနည်း စည်းမျဉ်းတွေကို လေ့လာထားပါ။ ဥပမာ ‘ei’ မဟုတ်ဘူး၊ ‘ie’ ဖြစ်ရမယ်။ ‘c’ ရဲ့ နောက်မှာ ဆိုရင်တော့ ‘ei’ ဖြစ်နိုင်တယ်။ ‘y’ နဲ့ ဆုံးတဲ့ စာလုံးကို ‘s’ ထည့်ချင်ရင် ‘y’ ကို ‘i’ ပြောင်းပြီးမှ ‘es’ ထည့်ရမယ်။ စည်းမျဉ်းတွေမှာခြွင်းချက်တွေ ရှိတယ်။ ဒါပေမယ့် သင်ခါစမှာ သိထားတာကောင်းတယ်။
  • ‘tion’ လို၊ ‘ment’ လို နောက်ဆက်တွေကို လေ့လာထားပါ။ စာလုံးပေါင်းမှတ်လို့လွယ်တယ်။ စကားလုံးသစ်တွေကို အဓိပ္ပါယ် စဉ်းစားယူလို့ ရတယ်။
  • လိုအပ်ချက်ပေါ် မူတည်ပြီး အမေရိကန်စာလုံးပေါင်း ဒါမှမဟုတ် ဗြိတိသျှစာလုံးပေါင်းကို လေ့လာပါ။ ကွာခြားချက်တွေကိုလည်း သိထားရမယ်။
စကားလုံး၏ အင်အားနဲ့ ဆက်စပ် စကားလုံးများ
  • စကားလုံးရဲ့ အင်အားကို လေ့လာထားပါ။ ‘big’ ဆိုတဲ့ စကားလုံးကို လေ့လာမယ်ဆိုရင် ‘huge’ လိုမျိုး ဆက်စပ် စကားလုံးတွေကိုပါ သိအောင်လုပ်ပါ။ ဒါမှ ထိထိရောက်ရောက် သုံးတတ်မယ်၊ တစ်ချိန်တည်းမှာဘဲ ဝေါဟာရလည်းကြွဃ်လာမယ်။

ဆန့်ကျင်ဘက် စကားလုံးများ
  • စကားလုံးရဲ့ ဆန့်ကျင်ဘက်ကို သိရင် ဝေါဟာရကြွဃ်လာတယ်၊ ဝေါဟာရကြောင့် ဖြစ်တဲ့ ကန့်သတ်ချက် နည်းလာမယ်။ စကားလုံးအသစ်တစ်လုံးကို တွေ့ရင် စပ်စုပါ၊ ဆန့်ကျင်ဖက် တွေကိုပါ သိအောင် စနစ်တကျ လေ့လာပါ။
စကားလုံးအမျိုးအစား
  • စကားလုံးတစ်လုံးကို သင်ယူတဲ့အခါ နာမ် noun လား၊ ကြိယာ verb လား၊ နာမ၀ိသေသန adjective လား၊ ကြိယာဝိသေသန adverb လား သိအောင် လုပ်ပါ။ ၀ါကျဖွဲ့တဲ့အခါ နေရာမှန်အောင် ထားတတ်ဖို့ အထောက်အကူပြုလိမ့်မယ်။
ဝေါဟာရကြွဃ်အောင် လေ့လာနည်း

ရှေ့နောက်စကားအဆက်အစပ်ကို မှတ်ပါ။
  • စကားလုံးတစ်လုံးတည်း သူ့အတိုင်းဆိုရင် ပြောချင်တာကို ပြောနိုင်ဖို့ မလွယ်ဘူး။ စကားလုံး အသစ်တွေ့တိုင်း ၀ါကျဖွဲ့ကြည့်ပါ။
  • စကားလုံးတွေကို အစုလိုက် သင်ယူပါ။ စကားစုတွေနဲ့ စကားပြောရတာဆိုတော့ သင်ယူတဲ့ အခါမှာလည်း စကားစုတွေနဲ့ဘဲ သင်ပါ။
  • အသံသွင်းထားပါ။
  • မြန်မာလို အဓိပ္ပာယ်ကို အသံသွင်း၊ ပြီးရင် ၃-၄ စက္ကန့်လောက် ရပ်၊ ပြီးရင် အင်္ဂလိပ်စကားလုံးကို အသံသွင်း၊ အားလုံးပြီးတဲ့အခါ ပြန်နားထောင်။ ကွက်လပ်အချိန်မှာ အင်္ဂလိပ်စကားလုံးကို မှန်မှန်ကန်ကန် ပြန်ပြောနိုင်အောင် လေ့ကျင့်။

နဲနဲစီ ခွဲပြီး မှတ်ပါ။
  • နေ့တိုင်း စကားလုံးအသစ် တစ်လုံး သင်ယူပါ။ 'သိပြီးသား' စကားလုံးတွေကိုလည်း ပြန်ကြည့်ပြီး ပြန်နွှေးပေးပါ။
  • တစ်ပတ်ကို ဘာသာရပ်တစ်ခု သတ်မှတ်ပြီး ဝေါဟာရတွေကို ကြောင်းကျိုးဆက်စပ်ပြီး တည်ဆောက်ယူပါ။
  • ရသမျှ အချိန်အတွင်း စကားလုံး ဘယ်နှစ်လုံး သင်ယူနိုင်မလဲ၊ ဖြစ်နိုင်သလောက်ကိုသာ သင်ယူပါ။
  • မှတ်ရင်းမေ့ရင်း မဖြစ်စေဖို့
  • ဝေါဟာရကြွဃ်ဝအောင် တည်ဆောက်ရာမှာ အသစ်တွေချည်း ထိတွေ့ပြီး မှတ်သားနေရုံနဲ့ မပြီးဘဲ မှတ်အားကောင်းဖို့လည်း လုပ်ရတယ်။
  • ကိုယ်ပိုင် အဘိဓာန်လေး ပြုစုထားပါ။ အမြင်အာရုံနဲ့ သင်ယူရတာကို အားသန်ရင် nouns တွေကို ပုံဆွဲပြီး မှတ်ပါ။
  • စကားလုံးတွေကို ကော်ပါတဲ့ မှတ်စုစာရွက်ကလေးတွေပေါ်မှာ ရေးပြီး အိမ်မှာ ကပ်ထားပါ။
  • စကားလုံးအသစ်တွေကို တွေ့တဲ့အခါ သုံးလေးခါ ပြန်ကြည့်ပါ။ အမြန်ဆုံး ပြန်သုံးကြည့်ပါ။ စကားလုံးတစ်လုံးကို တစ်ခါ ကြားရုံနဲ့တော့ တကယ်တမ်း တတ်ဦးမှာ မဟုတ်ဘူး။
( LearnEnglish Professionals website မှ Expanding Your Vocabulary အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

By Myanmar Network

ဂလိုဘယ် အင်္ဂလိပ်စာ

ခရီးများများ သွားဖူးက သင်သိလာလိမ့်မည်။ ရုံးတွင်လည်း အင်္ဂလိပ်စာ၊ လက်ဖက်ရည်ဆိုင်တွေမှာလည်း အင်္ဂလိပ်စာ၊ ၀တ်ပြုဆုတောင်း ဘုရား ကျောင်းကန်များတွင်လည်း အင်္ဂလိပ်စာ။ ပြောနေကြသည်။ ကြားနေရသည်။

အင်္ဂလိပ် စာသည် ယခုကာလ ၂၁ ရာစုတွင် မရှိ မဖြစ် လိုအပ် လာပြီ ဟုပင် ဆိုရတော့မည်။
သို့သော် အင်္ဂလိပ်စာ စာသင်သား အများစု၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက စာသင်သား အများစု အဖို့ အင်္ဂလိပ်စာတွင် ပုံစံမျိုးစုံရှိသည်ကို မသိကြ။ နည်းပညာ အင်္ဂလိပ်စာ (Technical English-TE) ဆိုတာ ရှိသည်။ ပညာရေး နယ်ပယ်သုံး အင်္ဂလိပ်စာ (English for Academic Purposes-EAP) ဆိုတာ ရှိသည်။ ပြီး နိုင်ငံတကာသုံး အင်္ဂလိပ်စာ (English as an International Language-EIL) ဟု ရှိသည်။ တကယ်တမ်း ပြောရရင် ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ကျောင်းသားများ သက်သက်အတွက် EIL က ပိုမို သင့်လျော်သည်ဟု ဆိုရလိမ့်မည်။

EIL က လုပ်ငန်းခွင် အသုံးချဖို့ အတွက် ထူးထူးခြားခြား  ထိုးဖောက် အကျိုးပြုသည်။ အကြောင်းမူ  ယခု ခေတ် လုပ်ငန်းရှင်များက ကုန်သွယ်ရေးအပိုင်းနှင့် နည်းပညာအပိုင်းများတွင် အင်္ဂလိပ်စာ ကျွမ်းကျွမ်း ကျင်ကျင်အသုံးပြုနိုင်သူများကိုသာဦးစားပေးလိုလားလာကြ သောကြောင့် ဖြစ်သည်။ အောက်ပါ ဆွေးနွေး ချက်များသည် EIL က လုပ်ငန်းခွင်ကို ပိုမို နားလည် လာစေရန်နှင့် လုပ်ငန်းခွင် ဘ၀တွင် ပိုမို အောင်မြင် လာစေနိုင်ရန် အတွက် ဖြစ်သည်။

EIL အတွက် ပထမ အချက်မှာ အင်္ဂလိပ်စာသည် ကမ္ဘာ အနှံ့ ပြန့်နှံ့နေသည့် သဘော ရှိရာ ကမ္ဘာ့ နိုင်ငံ အသီးသီး၏ တိုင်းရင်းသား ဘာသာစကားအတွင်းသို့  အင်္ဂလိပ် ဝေါဟာရများ ၀င်ရောက် နေရာ ယူလာခြင်း ဖြစ်သည်။ မြန်မာတိုင်းရင်း စာများအတွက်လည်း ဤသဘာဝမှ မလွတ်။ ဥပမာ ကွန်ပျုတာ၊ ကား၊ တယ်လီဖုန်း စသည်တို့ ကဲ့သို့ ဖြစ်သည်။ တိုက်ရိုက် အသံလှယ် စာလုံးများဟု ခေါ်သည်။ ဤ ဝေါဟာရ များကို EIL ဝေါဟာရ များဟု ခေါ်ဆိုနိုင်သည်။ တိုင်းရင်းသားများ အတွက် အခက်အခဲ မရှိ မွေးစား သုံးခြင်း ဖြစ်သည်။

EIL အတွက် ဒုတိယ အချက်မှာ သိပ္ပံနှင့် နည်းပညာ နယ်ပယ်တွင် ဖြစ်သည်။ အများသိပြီး ဖြစ်သည့်အတိုင်း သိပ္ပံနှင့် နည်းပညာဟူသည် လက်တွေ့ နေစဉ်ဘ၀ အသုံးပြုနေကြရမှုကို နှုတ်ပယ် လိုက်ပါက သုတေသန ကြောင့် နောက်တွေ့ အသစ်များ အတွက် ဝေါဟာရ အသစ်များ စဉ်းစား တည်ထွင် သတ်မှတ် ပေးရသည်။

ဥပမာ၊ အနုမြူ ရူပဗေဒတွင် ကွေဆာ (QUASAR) ဟူသော ဝေါဟာရမျိုး။ နောက် Neologism ဆိုသည့် ဝေါဟာရ။ Neo ဆိုတာ အသစ်၊ logism ဆိုတာ စကားလုံး အသုံး။ ဤ Neologism စကားလုံးကို တိုင်းရင်းသား စကား အမျိုးမျိုးဖြင့် ခြစ်ခြစ်ခြုတ်ခြုတ် ကုတ်ကုတ်ကပ်ကပ် တပင်တပန်း ရှာဖွေ ဘာသ ပြန်နေ ခြင်းထက် တိုက်ရိုက် ကောက်ယူ သုံးစွဲ လိုက်သည်က မြန်လည်းမြန် တိလည်းတကျသည်။ တိုင်းရင်း ဘာသာပြန်က ဆိုလိုရင်းကို အပြည့် မဖမ်းနိုင်။

ထို့ပြင်တ၀ သုတေသနဟူသည် အရှိန်အဟုန် လျှင်မြန်စွာ ဝေါဟာရ အသစ်များ ဖန်တီး ထွက်ရှိနေမည် ဖြစ်ရာ တိုင်းရင်းဘာသာ ပြန်ဖြင့် လိုက်မီ နိုင်မည်မဟုတ်။ ထို့ကြောင့် ဒဲ့ဒိုးအတိုင်း တိုက်ရိုက်ယူလိုက်သည်က အကောင်းဆုံး ဖြစ်သည်။ ထိုသို့ဖြင့် တိုင်းရင်းသားများအတွက် အခက်အခဲ မရှိသော EIL ဝေါဟာရ များ ဖြစ်လာသည်။

EIL အတွက် တတိယ အချက်မှာ အပြုသဘောဆောင်သော သဘာဝ ရှိသည်ဟု ဆိုရမည်။ အင်္ဂလိပ်စာသည် အများထင် သကဲ့သို့ တကမ္ဘာလုံး တပြေးညီ တူညီနေသော စာမဟုတ်။ ကနေဒါ အင်္ဂလိပ်စာသည် အနုစိတ်ကလေးများ၌ အမေရိကန် အင်္ဂလိပ်စာမှ ကွဲသည်။ ထို့အတူ သြစတြေးလျ သည် အိုင်ယာလန်မှ ကွဲသည်။ စသည် စသည်ဖြင့် အင်္ဂလိပ် စကားပြော နိုင်ငံများအချင်းချင်းအတွင်း (ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ တောင်အာဖရိက၊ သြစတြေးလျ၊ နယူးဇီလန်၊ ဟောင်ကောင်၊ စင်္ကာပူ) အနုစိတ် ကလေးများ၌ ဝေါဟာရနှင့် အသုံးအနှုန်းများ ကွဲပြားကြသည်။

ဤတိုင်းပြည်များ အားလုံး တပြေးညီ တပုံစံတည်းသော အင်္ဂလိပ်စာ (standardized English) လုပ်၍ မရ။ သို့သော် သိပ္ပံနှင့် နည်းပညာပိုင်းတွင် ကွဲလွဲ၍မရ။ ထိုအခါ တပြေးညီ တပုံစံတည်း ဖြစ်သော ဝေါဟာရများကို မသုံးမဖြစ် သုံးလာရသည်။ တနည်း ပြောရသော် EIL ကို သုံးလာရသည်။

ဤသည်မှာ ဘာကို ပြဆိုလိုက်သနည်း။ အထက်ပါ အင်္ဂလိပ် စကားပြော ၈ နိုင်ငံတွင် တနိုင်ငံချင်းစီ၌ အင်္ဂလိပ်စာ ထုထည်ကြီး တခုလုံးတွင် နှစ်ပိုင်းကွဲ သွားသည်။ သူတို့ အချင်းချင်း အတွင်းလည်း မတူညီသော နိုင်ငံပိုင် ဒေသပိုင် လူမျိုးပိုင် အင်္ဂလိပ်စာ အပိုင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအ၀င် တကမ္ဘာလုံးက သူတို့ (ဂ) နိုင်ငံကို လွှမ်းမိုး ချုပ်ကိုင်လိုက်သော EIL အင်္ဂလိပ်စာ အပိုင်းဟု ဖြစ်သည်။

သိပ္ပံနှင့် နည်းပညာကို ပစ်ပယ်မရသောကြောင့် သူတို့ ၈ နိုင်ငံသည် EIL ကို ပစ်ပယ်၍ မရ။ ETL ကို ထို ၈ နိုင်ငံက ဦးကျိုးနာခံလာရမည်။ EIL သည် ကမ္ဘာ့ကုလသမဂ္ဂအလား အင်အားကြီး နိုင်ငံများကပင် လေးစားနားထောင် နာခံ လာရမည်။ EIL မှာ ကမ္ဘာ့ အင်အားစု၊ ဖွံ့ဖြိုးဆဲများ၏ EIL ကမ္ဘာ့ မိသားစုကြီး ဖြစ်လာခဲ့ပြီ။ အင်အားကြီးများ၏ ဗီတို အာဏာမရှိ သောကြောင့် ကုလသမဂ္ဂထက် အဆင့်မြင့် သာလွန်သည်ဟု ဆိုနိုင်သည်။ ကျွန်တော်ကတော့ ယုံယုံ ကြည်ကြည် ဆိုလိုက်ပြီ။

အထက်တွင် အပြုသဘောဟု တစွန်းတစ တို့ထိခဲ့သည်။ အပြုသဘော ဘယ်က လာပါသနည်း။ အနောက် ယဉ်ကျေးမှုသည် စစ်ပွဲများ၊ အကြမ်းဖက်မှုများ၊ လူမျိုးရေး ခွဲခြားမှုများဖြင့် မီးစာကုန်ဆီခမ်း ဖြစ်လာနေပြီ။ အနောက် ယဉ်ကျေးမှု၏ အနိမ့်ဆုံးအချိန်ဟု ဆိုသော်ရကောင်း၏။ သို့သော် ကမ္ဘာ ကံကောင်းပါသည်။ သို့မဟုတ် ကံကောင်း နေပါသေးသည်။ အရှေ့တိုင်း ယဉ်ကျေးမှုသည် ထီးထီးမားမားကြီး ထုနှင့်ထည်နှင့် ခိုင်ခိုင် မာမာ၊ ပြည့်ပြည့်၀၀ ရပ်တည် ရှင်သန်လျှက်ပင် ရှိသေးသည်။ EIL ကို သုံး၍ အရှေ့က အနောက်ကို ယဉ်ကျေးမှုများ သင်ပေးနိုင်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို EIL တံတားခင်း၍ လျှောက်လှမ်း သွားနိုင်သည်ဟုပင် ခပ်ကြွားကြွား ဆိုလိုက်ပါရစေ။ စိတ်ကူးယဉ် မဟုတ်ပါ။ တကယ်လုပ် အဟုတ်ဖြစ်နိုင်သည့် အရာပါ။ အပေါ်စီးက အကြည့်ခံ၊ နယ်ချဲ့ခံ၊ အနှိမ်ခံ အာရှနိုင်ငံများ အတွက် ကမ္ဘာ့တော်လှန်ရေး ၀င်ရိုးစွန်း အထက်အောက် ပြောင်းပြန်လည်ပြီး အနောက်ကို အရှေ့မှ ယဉ်ကျေးမှုအရ အပေါ်စီးမှ အထက်စီးမှ သင်ပြပေးသော ခေတ်သို့ ခေတ်ပြောင်း သွားပါမည်။ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အပြုသဘော ဆောင်သွားသည် မဟုတ်ပါလား။

စတုတ္ထနှင့် နောက်ဆုံးအချက်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ အငုံစိတ်၊ အငုံ့စိတ်ကို ဆေးကြောပယ်ဖျောက်
 ပေးရန် ဖြစ်သည်။ EIL က နိုင်ငံတကာ အင်အားကြီး နိုင်ငံများမှ ဝေါဟာရများကို ယူသုံးသည်ဟု ဆိုခဲ့သည်။ ထို့ကြောင့် သူတို့က အထက်က ကိုယ်က အောက်ကဟု အငုံစိတ် အငုံ့စိတ် ၀င်မည်လား။ မလိုပါ။ သူတို့ ကိုယ်တိုင်လည်း တိုင်းခြားမှ ဝေါဟာရများကို ယူငင် သွတ်သွင်း၍ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ်စာကိုပင် ကြည့်ပါ။ မူရင်း အင်္ဂလိပ်စစ်စစ် ၁၅ ရာခိုင်နှုန်း သာရှိပြီး၊ ကျန် ၈၅ ရာခိုင်နှုန်း တိုင်းခြားမှဟု အဆိုရှိသည်။ အောက်ပါ ဇယားသည် တစွန်းတစ သက်သေအထောက်အထား ဖြစ်နိုင်သည်။

History ဂရိမှလာသည် (Greek)
Whisky ဆဲလ်တစ်မှလာသည် (Celtic)
Cholocate စပိန်မှလာသည် (Spanish)
Umbrella အီတလီမှလာသည် (Italian)
Sugar အာရဗီမှလာသည် (Arabic)
Robot ချက်မှ လာသည် (Czech)

အင်္ဂလိပ်သည်လည်း ထိုသို့ ယူခဲ့သည်။ ကျွန်တော်တို့လည်း ယခုယူသည်။ အတူတူ။ ငုံစရာ ငုံ့စရာ မလိုတော့။
သူတို့ (၈) နိုင်ငံ ဒေသသုံး အင်္ဂလိပ်စကားများကို ကျွန်တော်တို့ ဦးစားပေး အရေးထား စရာမလို။ တဦးချင်း၏ သီးသန့် သဘောဖြစ်သွားသည်။ နိုင်ငံသုံး အဆင့်အထိ ထိတ်စရာ၊ လန့်စရာ ကြောက်ရွှံ့နေဖို့မလို။ သူတို့ (၈) နိုင်ငံလည်း EIL ကို ကြေငြာထားမည်။ တန်းတူရည်တူ ဖြစ်သွားပြီ။ သိပ္ပံနှင့် နည်းပညာတွင် သူတို့ကို ကျွန်တော်တို့ လိုက်မီနိုင်ဦးမည် မဟုတ်။ သို့သော် သူတို့သည် EIL ဟူသော တံတိုင်းသို့ ရောက်သောအခါ လန်ကျသွားမည်။ ကျွန်တော်တို့နှင့် တသားတည်း ပြန်ဖြစ်သွားမည်။

တဖက်က ဂလိုဘယ်လိုက်ဇေးရှင်း ထွန်းကားလာသည်နှင့်အမျှ တဖက်က လည်း EIL ထွန်းကားလာမည်။ တကမ္ဘာလုံး တပြေးညီ ဖြစ်သွားမည်။ အင်အားကြီး/ဖွံ့ဖြိုးဆဲ ကွာဟမှုများ နည်းရာမှ ပျောက်သွားမည်။ ကျွန်တော်တို့ EIL ဂလိုဘယ် အင်္ဂလိပ်စာကို အသိအမြင် မြင့်မားနားလည်စွာဖြင့် အားပေးမြှင့်တင်ပေးကြဖို့သာ ရှိပါတော့သည်။

ဖြည့်စွက် မှတ်ချက်

(၁) အင်္ဂလိပ်စာ အထူးသင်တန်းများ၊ English Immersion Programmers များ၊ TOEFL သင်တန်းများသည် EIL တွင် အကြုံးဝင်နေသည့် အကြောင်း။

(၂) မြန်မာများ အင်္ဂလိပ်စာဖြင့် စာများများရေလာဖို့ လိုအပ်နေပြီ ဖြစ်တဲ့အကြောင်း။

(၃) ဘာသာပြန်များလည်း အရည်အသွေးရော အရေအတွက်ပါ မြင့်မားများလာဖို့အကြောင်း။

(၄) နောက်တစ်ခေတ် မျိုးဆက်သစ်များ လက်ထက်တွင် EIL အခြေခံတော်တော် မြှင့်ပေးနိုင်လျှင် တိုင်းပြည်တိုးတက်ဖွံဖြိုးဖို့နဲ့ နောက်နောင် အာဏာရှင်စနစ် ခေါင်းမထောင်ဖို့အတွက် အများကြီး အထောက်အကူဖြစ်မှာ ကျိန်းသေနေသည် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါသည်။
by Admin
Myanmar Network

Friday, 30 December 2011

အင်္ဂလိပ်စကားပြောစတင်လေ့လာမယ့်သူတွေအတွက် ဘာတွေလိုအပ်မလဲ..????

အင်္ဂလိပ်စကားပြောစတင်လေ့လာမယ့်သူတွေအတွက် ဘာတွေလိုအပ်မလဲဆိုတာကို ကျနော်လေ့လာခဲ့ တဲ့အတိုင်း ပြောပြချင်တာပါ….
Dictionary က သေးသေးလေးရယ် သိပ်စုံမှာလည်းမဟုတ်ဘူး…..အကြီးဝယ်မယ်ဆိုပြီးတော့ စိတ်ကူး မိသလား???
စာအုပ်ကြီးမှ စကားလုံးက စုံတာတို့… Update ဖြစ်တာတို့ကအရေးမကြီးပါဘူး ….
Pocket Dictionary (အိပ်ဆောင်အဘိဓါန်)လောက်ဆို စတင်လေ့လာဖို့လုံလောက်ပါပြီ…)
ဒါပေမဲ့ ….. အိပ်ဆောင်  အဘိဓါန်ကို (၃)အုပ် ထားစေချင်ပါတယ်…ဘာတွေလဲဆိုတော့ …
(၁) မြန်မာ-အင်္ဂလိပ် (အိပ်ဆောင်အဘိဓါန်) …
မိခင်ဘာသာစကားကနေ Second Language ကို စတင်လေ့လာရာမှာအများအားဖြင့်  မြန်မာလိုပဲတွေးပြီးမှ စကားလုံးရှာရမှာကို)…ဒါကြောင့် မြန်မာအင်္ဂလိပ်အိပ်ဆောင်အဘိဓါန်ကို သွားလေရာဆောင်ထားစေချင်ပါတယ်။
(၂) အင်္ဂလိပ်-မြန်မာ (အိပ်ဆောင်အဘိဓါန်)…..
အင်္ဂလိပ်တော့ စကားလုံးသိပါပြီတဲ့ဗျာ မြန်မာလိုမသိသေးရင် ရှာလို့လွယ်အောင် အင်္ဂလိပ်-မြန်မာ ကိုဆောင်ထားစေချင်ပါသေးတယ်။
(၃) အင်္ဂလိပ်- အင်္ဂလိပ် (အိပ်ဆောင်အဘိဓါန်)….
ဒါကတော့ နောက်ဆုံးအနေနဲ့ စကားလုံးတစ်လုံးရလာရင် အင်္ဂလိပ်လိုဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုထားလဲ.. ဘယ်လိုအသုံးပြုလဲ …ဆိုတာကို အင်္ဂလိပ်လို စဉ်းစားတတ်လာအောင်နဲ့ စကားလုံးတစ်လုံးကို ၀ါကျလေးတွေနဲ့ ဖော်ပြရှင်းပြထားတဲ့စာအုပ်မျိုးကို ဆောင်ထားစေချင်ပါတယ်
ကျနော်ကတော့ Long Man (Pocket Dictionary) ကိုညွှန်းဆိုချင်ပါတယ်………
ဒါဆိုဘယ်နေရာသွားသွား/ ရောက်ရောက် ကိုယ်မသိတဲ့စကားလုံးတွေကို သိလာအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်…..
xxxxxxxxxxxxxxxxxxxxxxxxxxxxx

နောက်တစ်ခုက……………
ဈေးနှုန်းချိုသာ တဲ့ Audio Player တွေဖြစ်တဲ့ Mp3, MP4. JXD တို့မျိုးကို မိမိမှာရှိတဲ့ပိုက်ဆံလေးနဲ့ ၀ယ်ထားစေချင်ပါတယ်….. ဘာဖြစ်လို့လဲဆိုတော့ Listening(နားထောင်စွမ်းရည်) ပိုင်းကို လေ့ကျင့်ဖို့ပါ…
အိမ်မှာတော့ DVD Player /EVD Player တို့ကရှိပါရဲ့….မိသားစုနဲ့ဆိုတော့. လေ့လာရာမှာ အဆင်မပြေ  လောက်ဘူးလို့ထင်လို့ပါ…. ကိုယ်ပိုင် Mp3 လေးရှိထားတော့ ဘယ်နေရာသွားသွား နားကျပ်လေးနဲ့ နားထောင်လိုက်တော့ ဘယ်သူမှအနှောင့်အယှက်မဖြစ်တော့ဘူးပေါ့……..
အဲ့ဒီမှာ မိမိလေ့လာမယ့် ဘာသာစကားရဲ့ စကားပြောအခွေ၊ (သို့) Short Stories (သို့) English Song တွေကို ထည့်သွင်းထားပါ………. အခွေဆိုရင်လည်း အခွေနဲ့ပတ်သက်တဲ့စာအုပ်နဲ့တွဲပြီးလေ့လာပါ…….. သီချင်းဆိုရင်လည်း သီချင်းရဲ့ Lyrics တွေကို အွန်လိုင်းမှာ ဒေါင်းလော့ဆွဲလို့ရပါတယ်… Short stories, တွေဆိုလည်း အွန်လိုင်းမှာ Mp3 နဲ့အတူဒေါင်းလော့ဆွဲပြိး ရယူနိုင်ပါတယ်…………..
အားလပ်ချိန်ရတိုင်းနားထောင်စေချင်ပါတယ်….
ဘာကြောင့်လဲဆိုတော့ အကြောင်းအရင်းရှိပါတယ်…….
ကလေးတွေစကားမပြောတတ်ခင်က မိခင်၊ဖခင်တို့ရဲ့အသံ၊ ပတ်ဝန်းကျင်ကပြောလာတဲ့အသံကို အရင်ကြားရ ပါမယ်…ဒါကိုကလေးက မှတ်သားလာပါတယ်. နည်းနည်းကြီးလာတော့ မိခင်က တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောပြ လာတော့ ကလေးက လိုက်ပြီးအသံထွက်ပါတယ်။။။.ဒါနဲ့ပဲ နားရည်ဝလာပြိး ပြောတတ်လာပါတယ်…
ပြောတတ်လာတာပဲရှိသေးတယ်။။ မရေးတတ်သေးပါဘူး
ဒါကြောင့်
(၁) Listening
(၂) Speaking
(၃) Reading
(၄) Writing လို့ပြောရမလားပဲ ……….ကျနော်တို့က စပြိး နားထောင်မယ်… နောက်တော့ ပြောကြည့်မယ်.. ဆက်ပြီးတော့  ဖတ်မှတ်ပြီးမှ  ရေးကြမလားလို့တောင်ပြောရပါမယ်.
ပြိးတော့ အင်္ဂလိပ်စကားပြော စတင်လေ့လာတော့မယ်ဆိုရင် အလွယ်ဆုံးက စလေ့လာပါ… အခက်ကြီးတွေ မတွေးပါနဲ့…မိမိနဲ့ မိမိရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ အဆောင်အရောင်ပစ္စည်းတွေကအစ လေ့လာမှတ်သားပါ…
ကလေးတစ်ယောက်လို စပ်စုပါ…. အမေးအမြန်းထူပါ….. ပြီးမှ ဘယ်လိုအသုံးချရမလဲဆိုတာကို အဖြေရှာပါ..
စကားမစပ်ဗျာ..........
ကျနော်အပြင်မှာခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်… သူက ရုရှား စကားပြောနိုင်တယ်… ဥပမာပြောရရင်…. Congratulation!  လို့ပြောတာကို သူပြောနိုင်တယ်ဆိုပါတော့ ဒါပေမဲ့ စာလုံးမပေါင်းတတ်ဘူး… (နောက်မှသိခဲ့ရတာက ………သူလုပ်ကိုင်နေတဲ့ ပတ်ဝန်းကျင်က ရုရှားအသိုင်းအ၀န်းမှာလုပ်ရတာ….ဆိုတော့ အသံကြားပါများလာတော့ ပြောတတ်လာပေမဲ့ အရေးပိုင်းကမလိုက်နိုင်တော့ဘူး။ …  မြန်မာတွေအင်္ဂလိပ်စကားပြောနိုင်ပြီး မရေးနိုင်တာတွေလည်းရှိပါတယ်)
ဒီအတွက်ကြောင့် စကားပြောဖို့အတွက် ဦးစားပေးသလို…..ပြောသမျှစကားကိုလည်း ရေးတတ်အောင် လုပ်တတ်ဖို့ အတွက်လည်း သေချာ လေ့လာမှတ်သားစေချင်ပါတယ်…
xxxxxxxxxxxxxxxxxx
Do not study grammar ပါတဲ့။ ဒီလိုပြောလို့ အံအားသင့်သွားနိုင်သလား။ သဒ္ဒါတတ် မှ စာတတ်မယ်။ သဒ္ဒါမတတ်ရင် စာမတတ်ဘူးဆိုတဲ့ စကားကလည်းရှိတာကိုး။ စာမေးပွဲအောင်ချင်ရင် (သို့) အမှတ်ကောင်းချင်ရင်၊ အင်္ဂလိပ်စာအရေးအသားကောင်းချင်ရင် သဒ္ဒါ( Grammer) ကိုလေ့လာပါ။
အဲ့………..ဒါပေမဲ့ အင်္ဂလိပ်သွက်သွက်လက်လက်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် သဒ္ဒါကိုအလေးပေး တာထက် အသုံးအနှုန်းကို ပိုပြီးလေ့လာသင့်ပါတယ်။ အပြောအင်္ဂလိပ်စကားမှာ သဒ္ဒါစည်းမျဉ်းတွေ တွေးပြီး ၀ါကျဖွဲ့ပြောနေရင် ဖြောင့်ဖြောင့်ဖြူးဖြူးပြောနိုင်တော့မှာမဟုတ်ဘူး နှေးကွေးသွားလိမ့်မယ့်။ မိမိပြောမဲ့စကားမှာ အဟန့်အတားဖြစ်နေပါလိမ့်မယ်။ ဒီတော့ မှားမှားမှန်မှန် ပြောရဲတဲ့သတ္တိကိုမွေးပါ။ ဒါဟာ ပထမလိုအပ်ချက်ပါ။
အင်္ဂလိပ်လိုပြောနေတဲ့ ဒေသခံအင်္ဂလိပ်အစစ်လူမျိုးအစစ်တွေတောင်မှ သူတို့ပြောတဲ့ အပြောအင်္ဂလိပ်စကား မှာ အမှားတွေ ပါတတ်ကြတာပါပဲ။ အင်္ဂလိပ်လူမျိုးအစစ်တွေဟာ အင်္ဂလိပ်သဒ္ဒါကို  ပြည်ပက နိုင်ငံခြားသား တွေလောက် မသိကြဘူး။ ပြည်ပက နိုင်ငံခြားသားတွေက သူတို့ထက်ပိုသိတယ်။  ဒါပေမဲ့ အင်္ဂလိပ်လူမျိုးတွေ လောက် စကားမပြောတတ်ကြဘူး။
ကျနော်တို့ မြန်မာလူမျိုးတွေကော??? ။ စကားပြောရင် မြန်မာသဒ္ဒါကို ထည့်စဉ်းစားပြီး ပြောဖူးလားလို့ တွေးမိဘူးလားမသိဘူး။။ ဘယ်ဟာက ကြိယာ၊ နာမ၀ိသေသန၊ ကြိယာဝိသေသန ဆိုပြီးတော့ပေါ့။ အဲ့ဒီ ဥပမာကိုကြည့်ရင် ဆိုလိုတဲ့အချက်ကိုသဘောပေါက်လောက်ပါပြီ
xxxxxxxxxxxxxxxxxxxxx
Learn and study phrases ပါ။ အင်္ဂလိပ်စကားလုံးကို တစ်လုံးချင်းကျက်တာထက် စကားလုံးအတွဲလိုက်၊ စကားစုအလိုက် ကျက်မှတ်လေ့လာတာက ပိုကောင်းပါတယ်။ ။ စကားလုံးအတွဲလိုက်၊ စကားစုလိုက် ကျက်မှတ်ထားတယ်ဆိုရင် သဒ္ဒါစည်းမျဉ်းစဉ်းစားစရာမလိုတော့ဘဲ သူ့ဘာသာသူ အလိုအလျောက် ပြောနိုင်ပါလိမ့်မယ်။
ခင်မင်စွာဖြင့်   
အလင်္ကာည
Myanmar Network

Saturday, 24 December 2011

အင်္ဂလိပ်ဘာသာလေ့လာသူများအတွက်ရှောင်ရန် ၉ ချက်

ဆရာမကြီးဒေါ်ခင်မျိုးချစ်ရဲ့စာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။ “ကျိန်းသေပေါက်အင်္ဂလိပ်စာတတ်နည်းတော့ မပေးတတ်ဘူး။ ကျိန်းသေပေါက်မတတ်မယ့်နည်းတော့ရှိတဲ့။ အဲဒါ မီးနင်းအလွတ်ကျက်တဲ့နည်းပဲ” တဲ့။

အင်္ဂလိပ်စာလေ့လာနေတဲ့ဘ၀တူများအတွက်တိုတိုထွာထွာလေးတွေရေးလာလိုက်တာအားလုံးကိုပြန်ကြည့်လိုက်တော့ တစ်ခုခုကိုလုပ်ဖို့တိုက်တွန်းထားတဲ့ Dos တွေချည်းပဲများနေပါတယ်။ ဆောင်ရန်နဲ့ရှောင်ရန် မှာ ဆောင်ရန်တွေပဲရေးနေသလိုဖြစ်နေတယ်။ ရှောင်ရန်လေးတွေလည်း ရေးသင့်တယ်လို့ယူဆလို့ ဒီတစ်ခါတော့ John Fotheringham ရဲ့ A Not To Do List for Successful Language Learners ဟာကိုယ်ပြောချင်တာတွေနဲ့လည်းတိုက်ဆိုင်နေလို့ သူ့ကိုပဲအခြေခံရေးသားလိုက်ပါတယ်။

ရှောင်ရန် ၁။ Do Not spend more than 5% of your study time on grammar, translation, vocabulary list or any other overt information about the language.

ကိုယ်လေ့လာချိန်ရဲ့ ၅ ရာခိုင်နှုန်းထက်ပိုပြီး သဒ္ဒါ၊ ဘာသာပြန်ခြင်း၊ ဝေါဟာရအစုလိုက်ကျက်ခြင်း၊ နဲ့ကိုယ်လေ့လာနေတဲ့ဘာသာစကားအကြောင်းရေးထားတာတွေမှာအချိန်မကုန်ပါစေနဲ့။

ဘာသာစကားဆိုတာ စိမ့်ဝင်ရယူရတာမျိုးပါ။ Acquisition ဆိုတာ တမင်တကာလေ့လာခြင်းမျိုးမဟုတ်ဘဲ ကိုယ်နဲ့သင့်တော်တဲ့ language input ကို မသိစိတ်ကနေတဖြည်းဖြည်းနဲ့အချိန်နဲ့ အမျှအနည်ထိုင်စုပုံ လာစေခြင်းမျိုးဖြစ်ပါတယ်။ ကိုရီးယားကားတွေကြည့်ရင်း ကိုရီးယားစကားတစ်ချို့ကို နားလည်လာသ လိုမျိုးပေါ့။ တမင်လေ့လာတာမဟုတ်ပေမယ့် နားထောင်ပါများတဲ့အခါ စိတ်ထဲစွဲထင်လာတာမျိုး။ ဒါကြောင့်မလို့ တမင်လေ့လာတာက ၅ ရာခိုင်နှုန်း၊ ကျန်တဲ့ ၉၅ ရာခိုင်နှုန်းက ပျော်ပျော်ရွှင်ရွှင် acquire ရယူတဲ့ အင်္ဂလိပ်လို ၀တ္ထု ပုံပြင်ဖတ်တာမျိုး၊ ရုပ်ရှင်ကြည့်တာမျိုး၊ သီချင်းနားထောင်တာမျိုး လုပ်ပါတဲ့။

ရှောင်ရန် ၂။ Do Not spend time on material that are too difficult of don't interest you

ကိုယ့်အတွက်ခက်ခဲလွန်းသောအကြောင်းအရာ (သို့မဟုတ်) ကိုယ်စိတ်မ၀င်စားသော အကြောင်းအရာများ တွင်အချိန်မဖြုန်းပါနဲ့။

နိုင်ငံခြားဘာသာစကားတစ်ခုလေ့လာရာမှာ (motivation) သိလိုတတ်လိုစိတ်တက်ကြွနေတဲ့ အခါအောင်မြင်မှုလည်းကြီးမားပါတယ်။ ၄င်းစေ့စော်စိတ်ကို အချိန်မရွေးတဟုန်းဟုန်းတောက်လောင်စေတဲ့ အရာကတော့စိတ်ဝင်စားမှုပါပဲ။ စိတ်မ၀င်စားတဲ့အရာကိုလုပ်ရာတာကြီးမားတဲ့ fatigue ဖြစ်ပေမယ့်ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာရေးထားတဲ့စာဖတ်ရရင် အချိန်ကုန်လို့ကုန်မှန်းတောင် သိမှာမဟုတ်ပါဘူး။ ဒီတော့ စိတ်မ၀င်စားတာကိုမဖတ်နဲ့။ အရမ်းခက်တာကိုမဖတ်နဲ့။

ရှောင်ရန် ၃။ Do Not study long, infrequent session

တစ်ခါစာကြည့်ရင် အချိန်အကြာကြီးကြည့်ပြီး ကြည့်တဲ့အခါကြည့်လိုက်၊ မေ့သွားလောက်ရှိမှ ပြန်လေ့လာလိုက်မလုပ်နဲ့။

ဒီအကြောင်းကတော့ ပြောရတာအပ်ကြောင်းတောင်ထပ်နေပြီနဲ့တူပါတယ်။ motivation အပြင်အရေးကြီးတာက consistency ပုံမှန်လေ့လာဖို့ပဲဖြစ်ပါတယ်။ တစ်ပတ်ကို နှစ်နာရီလောက် စနေတနင်္ဂနွေ သင်တန်းလေးတက်လေ့လာတာထက် တစ်နေ့ကို မိနစ်၂၀ လောက် တပတ်ခြောက်ရက်လောက် ပုံမှန်လေးလေ့လာသွားတာကို အများကြီးပိုကောင်းပါတယ်။

ရှောင်ရန် ၄။ Do Not worry about speaking too soon.

ခဏလေးနဲ့ စကားပြောတတ်ဖို့ ဆန္ဒမစောပါနဲ့။

လေ့လာသူအများစုရဲ့မူလပန်းတိုင်က အင်္ဂလိပ်စကားပြောတတ်ဖို့ပဲဖြစ်မှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ဦးနှောက်ထဲ ထည့်သွင်းထားတဲ့ ဝေါဟာရတွေ၊ စကားစုတွေ၊ ကို စကားအဖြစ်ပြန်ထုတ်နိုင်ဖို့ အချိန်အတိုင်းအတာတစ်ခု အထိယူရပါတယ်။ ဦးနှောက်ထဲမှာ input လုံလုံလောက်လောက်မရှိသေးဘဲနဲ့ output ပြန်ထုတ်ဖို့ဆိုတာခက်မှာပါ။ ကလေးငယ်တွေဟာသူတို့ရဲ့မပီကလာပီကလာစကားလေးတစ်ခွန်းစနှစ်ခွန်းစေပြော နိုင်ဖို့ မိဘဆွေမျိုးတွေက babytalk လို့ပဲခေါ်ခေါ် infant-directed speech (IDS) or child-directed speech (CDS) လို့ပဲခေါ်ခေါ် ရှင်းရှင်းလင်းလင်းပီပီသသပြောပြနေတာကို ၂ နှစ်ခန့်နားထောင်ခဲ့ရ တယ်ဆိုတာ မမေ့ပါနဲ့။ လူကြီးတွေအတွက်ဒီလောက်လိုအပ်မှာမဟုတ်ပေမယ့်ကိုယ်မပြောနိုင်သေးတာကိုစိတ်ပျက်နေစရာမလိုပါဘူး။ သူများပြောတာနားလည်အောင်အရင်လုပ်ရပါဦးမယ်။ ဒါဟာအင်္ဂလိပ်စာသင်တန်း တွေမှာတော့ပြဿနာကြီးတစ်ခုပါပဲ။ ကျောင်းသားတွေအဆင်သင့်မဖြစ်ခင်မှာ တစ်ခွန်းသင် တစ်ခွန်းပြန်ပြော ခိုင်းတဲ့အခါမပြောနိုင်တဲ့ကျောင်းသားက စိတ်ညစ်ပြီးကျောင်းပြေးတော့တာပဲ။ သင်တန်းကျောင်းတွေဘက်မှာ လည်း ဈေးကွက်အနေအထား၊ resource အကန့်အသတ်တွေနဲ့ဆိုတော့ သူတို့လည်း အခက်အခဲရှိ မှာပဲလေ ။ ထိုင်းနိုင်ငံက AUA သင်တန်းကျောင်းဆိုရင် ထိုင်းစကားလာသင်တဲ့ကျောင်းသားတွေ ကို ပထမ တစ်လနှစ်လလောက်မှာ စကားလုံးဝမပြောခိုင်းဘဲနဲ့ ဆရာတွေ ALG method နဲ့သင်ပြပေးတာကို နားထောင် ဆရာတွေမေးတာကို တစ်ခွန်းစနှစ်ခွန်းစလောက်ပဲပြန်ပြော ဒီလိုပုံစံမျိုးနဲ့သင်တာတွေ့ဖူးတယ်။

ရှောင်ရန် ၅။ Do Not memorize vocabulary out of context.

ဝေါဟာရကို စကားအဆက်အစပ်မပါဘဲအလွတ်မကျက်ပါနဲ့။

စကားလုံးတစ်လုံးမှာအဓိပ္ပါယ်တွေအများကြီးရှိလို့ နမူနာစာကြောင်းမပါဘဲ နဲ့သူ့ချည်းသက်သက်မှတ်တာ မျိုးဟာအချိန်ကုန် လူပန်းပါတယ်။ အေ-ပီ-ပီ-အယ်လ်-အီး အက်ပဲလ် ပန်းသီး ဆိုပြီးကျက်ထားခဲ့တာ He is such an apple polisher. ဆိုတဲ့ဝါကျကိုတော့ မျက်နှာလိုမျက်နှာရလုပ်တတ်တဲ့သူ၊ There always is a rotten apple to spoil it for the rest of us. ကျတော့ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ်တယ်။ Miranda is the apple of my eye ကျတော့ အချစ်ဆုံးသူ စသည်ဖြင့် ခွဲခြားသိနိုင်အောင် နမူနာဝါကျနဲ့တွဲမှတ်ရပါမယ်။


ရှောင်ရန် ၆။ Do Not over rely on the written words.

ပုံနှိပ်စာလုံးတွေပေါ်မှာအလွန်အကျွံအားမထားပါနဲ့။

တတ်နိုင်သမျှ အခြေအနေပေးတဲ့အခါတိုင်း မဖတ်ခင် အရင်နားထောင်နိုင်ဖို့ကျိုးစားပါ။ ဟိုးအရင်တုန်းကတော့ authentic listening input ရဖို့ခက်ခဲပါတယ်။ ဆရာဆရာမတွေသည်သာ source of listening input ဖြစ်ခဲ့တဲ့အတွက်ကြောင့် ဆရာက သဲယား လုပ်ရင် ကျောင်းသားတွေလည်း သဲယားလိုက်ဖြစ်ကုန်တာပေါ့။ အခုအင်တာနက်ခေတ်မှာ ဒါဟာလွယ်ကူသွားပါပြီ။ အသံကိုနားထောင်ပြီး စာသားပါလိုက်ဖတ်နိုင်တဲ့အင်တာနက်ဆိုက်တွေအများကြီးရှိနေပါပြီ။ ပုံနှိပ်စာလုံးက စာလုံးပေါင်းကိုပဲသိနိုင်ပါတယ်။ နားထောင်ခြင်းကတော့ အသံထွက်၊ အဖြတ်အတောက်၊ လေယူလေသိမ်း စတာတွေကိုသိနိုင်ပါတယ်။ အရင်နားထောင်ပြီးမှဖတ်ခြင်းအားဖြင့် ပိုအကျိုးရှိဖို့သာမြင်ပါတယ်။

ရှောင်ရန် ၇။ Do Not look up words before making at least one full pass through each reading or listening material (or each section for longer pieces.)

အဖတ်မှာပဲဖြစ်ဖြစ် နားထောင်ရာမှာပဲဖြစ်ဖြစ် မသိတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကို ချက်ခြင်းမရှာပါနဲ့။

comprehension ဆိုရာမှာ စာတစ်လုံးချင်းအဓိပ္ပါယ်၊ စာတစ်ကြောင်းချင်းရဲ့အဓိပ္ပါယ်ထက် စာတစ်ပိုဒ် (သို့) ကဏ္ဍတစ်ပိုင်းကိုခြုံငုံနားလည်ခြင်းကပိုလိုအပ်ပါတယ်။ (ဥပဒေကဲ့သို့သော တစ်လုံးချင်းအသးစိတ်နားလည်ရမည့် စာမျိုးကိုတော့မဆိုလိုပါ။) စာတစ်မျက်နှာကိုတစ်ကြိမ်ဖတ်သွား၊ မသိတဲ့စကားလုံးကို ခန့်မှန်းကြည့်၊ ခြုံငုံပြီးတော့ နားလည်အောင်ကျိုးစား။ သိပ်နားမလည်သေးရင် နောက်တစ်ကြိမ်ထပ်ဖတ်။ ဒီလိုမျိုးနဲ့ အနည်းဆုံးနှစ်ကြိမ်လောက်ကျိုးစားလိုက်ရင်နားလည်လာပါလိမ့်မည်။ တစ်ချို့စကားလုံးတွေဟာ စာပိုဒ်ရဲ့ဆိုလိုရင်းကိုသိဖို့ သိပ်အထောက်အကူမပြုဘူးဆိုရင်ရှာ မကြည့်ဘဲ ကျော်သင့်ကကျော်သွားရမှာဖြစ်ပါတယ်။

ရှောင်ရန် ၈။ Do Not let the “affective filter “ put a damper on your language learning.

“affective filter” ကြောင့်ဘာသာစကားလေ့လာရေးကိုအနှောင့်အယှက်မဖြစ်ပါစေနဲ့။

“affective filter” ဆိုတာ စိတ်ပိုင်းဆိုင်ရာသဘောတရားလေးတစ်ခုကို စကားလုံးလှလှလေးနဲ့သုံးထားတာပါပဲ။ ဒီလိုပါ။ မိမိရဲ့စိတ်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာခံစားချက်က ဘာသာစကားလေ့လာမှုကိုထိခိုက်စေနိုင်ပါတယ်တဲ့။ (တခြားကျွမ်းကျင်မှုဆိုင်ရာများမှာလည်းအတူတူပါပဲ။) ကိုယ်ဟာ စိတ်လှုပ်ရှားနေမယ်၊ ဒေါသထွက်နေမယ်၊ ဆာလောင်နေမယ်၊ မနေ့ညကဖြစ်ခဲ့တဲ့ကတောက်ကဆက ဒီနေ့အထိစိတ်ထဲမှာနေရာယူနေမယ်ဆိုရင် လေ့လာမှုမှာဘယ်လိုမှ အာရုံစိုက်နိုင်မှာမဟုတ်ပါဘူး။ အင်္ဂလိပ်လိုပြောရမှာရှက်နေကြောက်နေတတ်တဲ့ သူတစ်ချို့ ယမကာလေးနည်းနည်းထွေလာတဲ့အခါ အင်္ဂလိပ်လိုရဲရဲတင်းတင်းပြောနိုင်ကြတာတွေ့ဖူးမှာပါ။ ဒါဟာ less inhibition စိုးရွံ့စိတ်လျော့နည်းသွားတဲ့အခြေအနေမှာဖြစ်လေ့ရှိပါတယ်။ (inhibition ကိုဥပမာပြတာပါ။ အင်္ဂလိပ်စကားပြောနိုင်ဖို့ အရက်သေစာသောက်ဖို့တိုက်တွန်းခြင်းလုံးဝမဟုတ်ပါ။) မိမိကို inhibition ဖြစ်စေသောအခြေအနေမျိုးကိုရှောင်လွှဲနိုင်ပါစေ။ ကိုယ့်ကို တခြားကျောင်းသားတွေရှေ့မှာ အရှက်ရစေမယ်၊ ဟာသဖြစ်စေမယ်ဆိုရင် အဲဒီဆရာကိုစွန့်လွှတ်လိုက်ပါ။ ကိုယ်နဲ့စကားပြောလေ့ကျင့်ဖက်က ကိုယ့်အမှားကိုဟာသလုပ်မယ်၊ သီးမခံနိုင်ဘူးဆိုရင် တခြားအဖော်တစ်ယောက်ရှာပါ။ စကားပြောဖို့ကြောက်စေတဲ့ပတ်ဝန်းကျင်၊ အမှားအယွင်းကိုအားမပေးတဲ့ပတ်ဝန်းကျင်မှာ ဘာသာစကားစွမ်းရည်တိုးတက်လာမှာမဟုတ်ပါဘူး။

ရှောင်ရန် ၉။ Do Not forget to have some fun.

နှစ်သက်ပျော်ရွှင်ဖို့ဘယ်တော့မှမမေ့ပါနဲ့။

All work and no play makes Jack a dull boy ဆိုတဲ့စကားလို စာတွေချည်းပဲအရမ်းလေ့လာ၊ သိပ်ပြီးအလေးအနက်ထားလွန်းတဲ့အခါ လူမှုရေးအားနည်းသွားတတ်ပါတယ်။ ဘာသာစကားဆိုတာ လူမှုဆက်ဆံရေးနဲ့တိုက်ရိုက်ပတ်သက်နေတော့ ပျော်ပျော်ရွှင်ရွှင်လေ့လာသွားနိုင်ဖို့အရေးကြီးပါတယ်။ ကိုယ့်လိုပဲအင်္ဂလိပ်စာလေ့လာနေသူတွေနဲ့မိတ်ဆွေဖွဲ့ပြီး အတွေ့အကြုံတွေ ဖလှယ်၊ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင် ရောက်တတ်ရာရာ အင်္ဂလိပ်လိုကျိုးစားပြောပြီး တစ်နေ့ထက်တစ်နေ့ စွမ်းရည်တွေတိုးတက်နိုင်ကြပါစေ။

အရင်post တွေထဲမှာရေးထားတဲ့အချက်တွေပဲအပ်ကြောင်းထပ်သလိုဖြစ်နေရင်တော့ ခွင့်လွှတ်ပါလို့မေတ္တာရပ်ခံပါတယ်။ ပြောစရာကလည်း ဒီအကြောင်းတွေချည်းဖြစ်နေတော့ တစ်မျိုးလှည့်ပြီးပြောရတာပါပဲ။ အရင်ဟာတွေမဖတ်ဖူးသေးတဲ့သူတွေအတွက်ပေါ့။

ဇာနည်(MyWay!)
Myanmar Network

အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ

အင်္ဂလိပ်စကားပြောတဲ့နိုင်ငံတွေကို သွားရဖို့ အကြောင်းပေါ်လာရင် အင်္ဂလိပ်လိုပြောနိုင် ဖို့ speaking skill ကို ကျွမ်းကျင်ချင်ကြတယ်။ ကျွမ်းကျင်မှုတစ်ခုဆိုတာ လေ့ကျင့်မှုမရှိဘဲ မဖြစ်နိုင်ပါဘူး။ ယနေ့ခေတ်ကြီးမှာ speaking သင်တန်းကောင်းကောင်းလေးများ မရှိဘူးလားလို့ မေးကြတယ်။ ကျွန်တော်ကတော့ အွန်လိုင်း သို့မဟုတ် အင်တာနက်ဟာ အကောင်းဆုံး သင်တန်းကြီးပဲလို့ပြောရင် လက်ခံနိုင်ကြပါ့မလား မသိဘူး။

အင်္ဂလိပ်စာသင်ယူမှုမှာ ဝိဝါဒကွဲတာ တွေအများကြီး။ နိုင်ငံခြားကလာတဲ့ foreigner နဲ့ သင်မှ တို့၊ နိုင်ငံခြား ကျောင်းတက်မှဆိုပြီးတော့ အမျိုးမျိုးပြောကြတယ်။  ပြည်တွင်းဖြစ်နိုင်ငံခြားဆရာတွေအနေနဲ့ အင်္ဂလိပ်စာကို မြန်မာလိုပြောပြီး၊ စာဖတ်ပြ သင်နေတာတွေလည်း တွေ့ရတယ်။ အဲဒီလို သင်တန်းတွေ သွားတက်မယ့်အစား အွန်းလိုင်းကပဲ လေ့လာတာ ပိုကောင်းဦးမယ်။

အင်္ဂလိပ်လိုပြောဖို့ ရေးဖို့ဆိုတာ အခြေခံရှိပြီးသူတွေမှာ practice တွေအများကြီးလိုတယ်။ ကိုယ်နဲ့အတူ practice လုပ်နေတဲ့သူက စာဖတ်ပြနေတဲ့သူတွေ ဆိုရင်တော့  ပေးကားပေး၏ မရဆိုသလို ဖြစ်နေလိမ့်မယ်။

ကျွန်တော်တို့မှာ ဆရာမပါဘဲ သင်ယူ လေ့လာနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အင်္ဂလိပ်စာကို free သင်ပေးနေတဲ့ site တွေအများကြီး အွန်လိုင်းပေါ်မှာ တွေ့နိုင်တယ်။ အဲဒီ site တွေမှာ tutorial တွေ၊ games တွေနဲ့ အခြား လေ့လာသင်ယူ ချင်စရာ နည်းလမ်းပေါင်းစုံတွေပေးနေတယ်။  အဲဒီ site တွေကိုသွားကြည့်ပြီး ဆရာကို အားမကိုး၊ ကိုယ့်ကိုယ်ကို အားကိုးကြည့်ရင် ရနိုင်ကြောင်း အသိပေးချင်ပါတယ်။

Livemocha
http://www.livemocha.com/

Livemocha လိုင်းကကမ္ဘာ့ပထမဆုံး အွန်လိုင်း social language learning site လို့ပြောနိုင်တယ်။ ဒီ site ကိုလာတဲ့သူတိုင်း self-study ကို free လုပ်ခွင့်ပေးထားတယ်။ သင်ခန်းစာတွေ အများကြီးထည့်ထားပေးတယ်။ ကိုယ်နဲ့တွဲပြီး လေ့လာချင်တဲ့သူတွေကို ကမ္ဘာအရပ်ရပ်မှာ ရှာနိုင်တယ်။ အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံပေါင်း များစွာက သူငယ်ချင်းတွေက ကူညီဖို့ အသင့်စောင့်နေတယ်။ Livemocha မှာ video တွေ၊ audio တွေကို download ချယူနိုင်သေးတယ်။ အင်္ဂလိပ်စကားပြောနိုင်ငံတွေက ဆရာတွေရဲ့ ပို့ချချက်တွေ၊ အသုံးဝင်တဲ့ နည်းလမ်းလေးတွေလည်း လေ့လာနိုင်တယ်။

VerbaLearn
http://www.verbalearn.com/

အင်္ဂလိပ်စာ vocabulary ကြွယ်ဝချင်ရင် ဒီ site ကိုဝင်ပြီးလေ့လာသင့်တယ်။ လေ့လာသင်ယူစရာ နည်းလမ်းပေါင်းစုံနဲ့ လမ်းညွှန်ပေးထားတယ်။ အဲဒီနည်းလမ်းတွေအားလုံးဟာလည်း အဖြစ်နိုင်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းတွေလို့ ပြောနိုင်တယ်။ အခမဲ့ရနိုင်တဲ့ အထဲမှာ vocabulary builders, MP3 နဲ့ ရယူနိုင်တဲ့ list တွေအပြင်၊ RSS vocabulary list  ကိုပါတွေ့ရတယ်။ အခြားလေ့လာစရာတွေ အများကြီး ထည့်ပေးထားပါတယ်။

1-Language.com
http://www.1-language.com/

အင်္ဂလိပ်စာလေ့လာရာမှာ နားထောင်ခြင်း  (listening) ဟာ အခြားဘာသာစကား သင်ယူမှုထက် ကောင်းတယ်လို့ပြောနိုင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ သူတွေ အတွက် ဒီ site မှာ အခမဲ့ audio သင်ခန်းစာတွေ၊ လေ့ကျင့်ခန်းတွေ အများကြီး စီစဉ်ထားတယ်။ Tutorial အနေနဲ့ audio သင်ခန်းစာပေါင်း ၄ဝ လောက်ပေးထားတယ်။ လက်တွေ့လေ့ကျင့်နိုင်အောင် စကား ပြောတွေချည်းပေးထားတယ်။ Language ကို acadimic အနေနဲ့ လေ့လာနေတဲ့သူတွေ အမေရိကန် တက္ကသိုလ်တွေရဲ့သင်ခန်းစာတွေအတိုင်း လေ့လာနိုင်ပါလိမ့်မယ်။

BBC
http://www.bbc.co.uk/

BBC ရဲ့ ဘာသာစကားလေ့လာမှု website ဟာ ဘာသာစကားမျိုးစုံ လေ့လာဖို့အကောင်းဆုံး site တစ်ခုလို့ဆိုနိုင်တယ်။ အဲဒီအထဲမှာ အင်္ဂလိပ်လည်းပါတယ်။ Audio နဲ့ video course တွေကို အခမဲ့ပေးတယ်။ အွန်လိုင်း မှာ newsletters, language tips နဲ့  အခြား သင်ထောက်ကူတွေအစုံအလင် ပေးထားပါတယ်။

Using English.com
http://www.usingenglish.com/

အင်္ဂလိပ်စာကို second language အနေနဲ့ လေ့လာနေကြတဲ့ ကျောင်းသားတွေအတွက် အထူးအားထားလောက်တဲ့ site ဖြစ်ပါတယ်။ ဒီ site ထဲမှာ reference တွေ အများကြီးပေးထားတယ်။ ပြီးတော့ English glossary, ESL test, quizzes, worksheets, English usage article, ESL discussion forum ကဏ္ဍတွေက စိတ်ဝင်စားစရာကောင်းတယ်။ လေ့လာဖို့ ရင်းမြစ်တွေအစုံပဲ။ လေ့လာရာမှာ အခက်အခဲ တွေ့နေရင်လည်း "Ask an English Teacher" မှာ မေးလို့ရတယ်။ သိချင်တာတွေကို ပြန်ဖြေပေးနိုင်တယ်။

About.com
http://www.about.com/

အင်္ဂလိပ်စာကို second language အနေနဲ့  သင်ခန်းစာ ၈ ခု အခမဲ့ပေးထားတယ်။ အဲဒီ course တွေကို အီးမေးလ်ကတဆင့် ပို့ပေးတယ်။ လေ့လာနိုင်တဲ့ learning resources တွေကိုလည်း link တွေပေးထားတယ်။ Community forum မှာ ကျောင်းသားတွေ အနေနဲ့ ကိုယ်လေ့လာထားတာတွေကို ဆွေးနွေးနိုင်တယ်။

Learn English Online
http://www.learn-english-online.org/

အင်္ဂလိပ်စာကို နည်းနည်းပဲသိသူတွေ၊ skill နိမ့်သူတွေအတွက် ဝင်ပြီးလေ့လာသင့်တဲ့ site တစ်ခုဖြစ်တယ်။ ဒီ site ထဲမှာ အခန်း ၁၁ ခန်းနဲ့ အခြေခံအင်္ဂလိပ်စာကို သင်ပေးထားတယ်။ Unit တိုင်းမှာ သင်ခန်းစာတွေ အများကြီးထည့်ပေးထားတယ်။ စုစုပေါင်း သင်ခန်းစာ ၅ဝ လောက်ကို အခမဲ့လုပ်ကြည့်နိုင်တယ်။

Word2Word
http://www.word2word.com/

ဒီ site ကတော့ အခမဲ့ရယူနိုင်တဲ့ အွန်လိုင်း language directory တစ်ခုဖြစ်တယ်။ Free ပေးတဲ့ language course အတော်များများကို link တွေလုပ်ပေးထားတယ်။ အွန်လိုင်း dictionary တွေ၊ translator တွေ၊ YouTube ပေါ်မှာ လေ့လာနိုင်တဲ့ ဘာသာစကားတွေ၊ ဘာသာစကားကို chatting လုပ်နိုင်တဲ့ site တွေနဲ့ အခြား ဘာသာစကားသင်ယူမှုဆိုင်ရာ သင်ထောက်ကူပစ္စည်းတွေကအစ အားလုံး ညွှန်းထားပါတယ်။

Transparent Language
http://www.transparent.com/

ဒီ site ကတော့ ဘာသာစကားလေ့လာတဲ့ learning ဆော့ဖ်ဝဲတွေကို ရောင်းတဲ့ site ဖြစ်တယ်။ ကိုယ်တိုင်လေ့လာနိုင်တဲ့ self-learners build vocabulary တွေကိုလည်း ဘာသာစကားပေါင်း ၁ဝဝ ကျော် လောက်နဲ့ အခမဲ့ပေးထားတယ်။ သူတို့ပေးထားတဲ့ free resources တွေထဲမှာ games, articles နဲ့ free downloads တွေလည်းပါတယ်။

EnglishClub
http://www.englishclub.com/

အင်္ဂလိပ်စာကို သင်ယူချင်တဲ့သူတွေ၊ သင်ကြားချင်သူတွေအတွက် အားကိုးလောက်တဲ့ site တစ်ခုဖြစ်တယ်။ Videos, lesson, games, chat တွေအစုံအလင်နဲ့ လေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို practice လုပ်ဖို့ အကောင်းဆုံး site တစ်ခုအနေနဲ့ ညွှန်းချင်တယ်။

Italki
http://www.italki.com/

ကမ္ဘာ့ဘာသာစကားလေ့လာမှုအွန်လိုင်း အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်။ Web 2.0 concept တွေနဲ့ အင်္ဂလိပ်စာအပြင် အခြား ဘာသာစကားလေ့လာသူတွေကိုပါ အကူအညီပေးနေတယ်။ ဒီအဖွဲ့မှာ ဂလိုဘယ် partner တွေ၊ lessons, video, audio နဲ့ အခြား သင်ထောက်ကူတွေအများကြီးကို စီစဉ်ပေးထားတယ်။

A4esl.org
http://a4esl.org/

အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ လှုပ်ရှားမှုတွေကို ဒီ site မှာလေ့လာနိုင်တယ်။ Level အသီးသီးကို ဘာသာစကားနှစ်မျိုး (bilngual) နဲ့ဖော်ပြထားတယ်။ အင်္ဂလိပ်စာ လှုပ်ရှားမှုဆိုတာ grammer quizzes, vocabulary quizzes, bilingual quizzes, crossword puzzles နဲ့ ESL podcasts တွေကို လေ့လာ ချင်စရာကောင်းအောင် စီစဉ်ပေးထားတယ်။

DigitalDialects
http://www.digitaldialects.com/

ဒီ site မှာပေးထားတဲ့ ဂိမ်းတွေက ဘာသာစကားကို လေ့လာချင်စိတ်ဖြစ်အောင်ကို ဆွဲဆောင်သွားပါလိမ့်မယ်။ ဘာသာစကား အမျိုးမျိုးလေ့လာနိုင်တယ်။ အင်္ဂလိပ်စာကို အခမဲ့လေ့လာနိုင်တယ်။ ပထဝီဝင်ဆိုင်ရာ ဂိမ်းကိုလည်းထည့်ထားပေးတယ်။ အခြား သင်ယူရာမှာ အထောက်အကူဖြစ်စေနိုင်တဲ့ အခမဲ့ site တွေကိုလည်း link တွေ ပေးထားတယ်။

Radio Lingua Network
http://rlnvault.com/rln09/

အခမဲ့ အွန်လိုင်း audio lessons တွေကို ဘာသာစကား အမျိုးပေါင်း ၂ဝ နဲ့ သင်ကြားပေးပါတယ်။ အဲဒီအထဲမှာ အင်္ဂလိပ်စာ လည်းပါတယ်။ ကျောင်းသားတွေအနေနဲ့ သင်ခန်းစာတွေကို download ချယူနိုင်တယ်။ ပြီးတော့ ကိုယ့်ကွန်ပျူတာမှာကိုယ်ပြန်ပြီး အေးအေးဆေးဆေးလေ့လာနိုင်တယ်။ MP3 player နဲ့လည်း အသံဖိုင်တွေကို ဖွင့်နားထောင်ပြီး လေ့လာနိုင်တယ်။

Vocabulix
http://www.vocabulix.com/

အင်္ဂလိပ်စာ၊ ပြင်သစ်နဲ့ စပိန် vocabulary တွေကို vocabulary builder ကတဆင့် လေ့လာနိုင်တယ်။ Verb drills နဲ့ bilingual dictionaries တွေလည်း ထည့်ပေးထားတယ်။ ဒီ site မှာ vocabulary သင်ခန်းစာပေါင်း ၉ဝ လောက်ထည့်ထားပေးတယ်။

အင်္ဂလိပ်စာ သင်ယူမှုဆိုင်ရာ အခမဲ့ အွန်လိုင်း Website များ - Myanmar Network