This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, 22 April 2012

အင်္ဂလိပ်စကားပြောပိုကောင်းစေရန်နည်းလမ်းများ

ယနေ့ခေတ်မှာ လူတိုင်းကိုမေးလိုက်။ ဘာလုပ်နေလဲ “အင်္ဂလိပ် စပီကင် တက်နေတယ်” ဟူသည့်အဖြေကို ညံညံစီစီ ကြားနေရသည်။ အင်္ဂလိပ်စာ၏အရေးကြီးပုံကို လူတိုင်း သဘောပေါက်နေကြပြီဖြစ်သည်။ တစ်ချိန်ကလို ကျွန်လုပ်ချင်သည့်သူများအတွက် စာနှင့် စကားဟု ယိုးစွပ်သည့်ခေတ်မဟုတ်တော့ပြီ။

သူသူငှာငှာ အင်္ဂလိပ်စကားပြောတတ်ချင် ကြသည်။ အင်္ဂလိပ်လို ဒွတ်ဒက်ရွှတ်ရှက် နှင့်ပြောနေ သူတစ်ယောက်ကို မြင်ရကြားရတိုင်း သူတို့လိုပြောတတ်ချင်စိတ်တွေ တဖွားဖွားပေါ်လာ တတ်ပါသည်။ ဒါကြောင့်လည်း ဟိုသင်တန်း ဒီသင် တန်းတွေကိုဈေးကြီးပေးပြီး တက်ကြ ပြန်သည်။ 

သင်တန်းတွေကလည်း သင်ပေးကြပါသည်။ ဒါပေမယ့် တကယ့်တစ်ကယ်မြို့ထဲမှာ တိုးရစ်တစ်ယောက်က ကိုယ့်ကို အိမ်သာ ဘယ်နေရာ မှာရှိသလဲလို့ လာလည်းမေးရောရင်တွေတဒိန်းဒိန်းခုန်၊ ပါးစပ်က အာစေးထည့်ထားသလို ပြောမထွက်၊ တိုးရစ်က တစ်လုံးချင်းအသံအကျယ်ကြီးထွက်ပြောတာကိုလည်း
နားမလည်၊ အင်း- အဲ လုပ်ရင်း ကိုယ်ပြောချင်တာက တစ်မျိုး၊ တစ်ကယ်ညွှန်ပြလိုက်တာက တစ်ခြားနဲ့
ဧည့်သည် လည်း ရောက်ချင်ရာရောက်။ နောက်ပိုင်း သွေးအေးသွားသည့်အချိန်ပြန် စဉ်းစားလိုက်မှ
ငါ ဒီလို ပြောလိုက်ရင်ရတာပဲ။ ဘာဖြစ်လို့ အဲဒီလိုပြောဖို့ သတိမရခဲ့ရတာလဲ ဟု မကြေမချမ်း
နှင့် ကိုယ့်ကိုယ်ကို ပြစ်တင်ရသည့်အဖြစ်မျိုး ကြုံဖူးကြမည် ထင်ပါသည်။

မိမိတစ်ယောက်တည်း မဟုတ်ပါ။ စာသင်သားအများစုဖြစ်ပါသည်။ အင်္ဂလိပ်စကားကို သွက်သွက်လက်လက်နှင့် ကိုယ်ပြောတာကို သူများနားလည်၊သူများပြောတာကိုလည်း ကိုယ်ကနားလည် ဖြစ်ချင်ပါက အောက်ပါနည်းလမ်းများက မိမိဆန္ဒများကိုဖြည့်ဆည်း ပေးနိုင်ပါလိမ့်မည်။

အင်္ဂလိပ်ဘာသာစကားကို ဘာကြောင့်တတ်ချင်ရတာလဲ

အင်္ဂလိပ်စာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးအနေနဲ့ ဒီမေးခွန်းကို သင်တန်းသား များစွာကို အကြိမ်ပေါင်းများစွာ မေးခဲ့ဖူးပါတယ်။ အများစုကတော့ အင်မတန်ယျေဘုယျ ကျတဲ့ အဖြေ ကိုပဲပေးတတ်ကြပါတယ်။

”အင်္ဂလိပ်လိုပြောတတ်ချင်လို့”  ”I want to speak English.”
”အင်္ဂလိပ်စာတိုးတက်ချင်လို့”    ”I want to improve my English.”
”အင်္ဂလိပ်စာက နိုင်ငံတကာသုံးဘာသာဖြစ်လို့”  ”... because English is an international language.”

နည်းနည်းလေးတိုးတက်တဲ့ တပည့်တွေကတော့ . . .

”အလုပ်အတွက်လိုအပ်လို့”     ”I need it for my job.”
”ပညာရေးအတွက် လိုအပ်လို့”   ”I need it for my study.”



ဒီအဖြေတွေမှားသလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် မပြည့်စုံပါဘူး။ အင်္ဂလိပ်စကားကို ပြော တတ်ချင်လို့ ဆိုတဲ့သူကိုဘာလို့ပြောတတ်ချင်ရတာလဲ။ ဘယ်လိုပြောချင်တာလဲ၊ ဘာအတွက် ပြောမှာလဲ၊ ဘယ်နေရာမှာပြောမှာလဲ၊ ဘယ်လောက်ပြောတတ်ချင်တာလဲ  . ..  စတဲ့မေးခွန်းတွေ ဆက်မေးလျှင်တော့ ရေရေရာရာမရှိဘဲ ဟိုလိုလိုဒီလိုလိုအဖြေတွေသာ ရတတ်ပါတယ်။

ဒါကြောင့် ဘာဖြစ်လို့ အင်္ဂလိပ်စကားပြောချင်ရတာလဲဆိုတာကို မိမိကိုယ်မိမိသိအောင် ဦးစွာ လုပ်သင့်ပါတယ်။ ရည်ရွယ်ချက်အပေါ်မူတည်ပြီး လေ့လာရမည့်နည်းစနစ်ကွဲပြားသွား နိုင်ကြောင်း သဘောပေါက်ထားရမှာဖြစ်ပါတယ်။

နိုင်ငံခြားကိုဈေးသွားဝယ်မယ့်သူတစ်ယောက်အတွက် သင်ခန်းစာနဲ့ ကျောင်းသွားတက်မယ့်
 ကျောင်းသားတစ်ယောက်ရဲ့ အင်္ဂလိပ်ဘာသာစကားစွမ်းရည် လိုအပ်ချက်ဘယ်လိုမှ မတူနိုင်ပါဘူး။ ဒီလိုပဲ ၄င်းစွမ်းရည်တွေတတ်ကျွမ်းအောင် လေ့ကျင့်သင်ကြားရမည့်နည်းနာတွေလည်း ကွဲပြားမည်ဆိုတာ သိသာလှပါတယ်။

မိမိကိုယ်မိမိ ယုံကြည်ရဲဝံ့ပါ။

စကားပြောရခြင်း၏ အခြေခံအကျဆုံးနှင့်အဓိကအကျဆုံး ရည်ရွယ်ချက်သည် “ဆက်သွယ်ခြင်း”  သတင်းပေးဖို့/ယူဖို့ အတွက်ဖြစ်သည်။ (communication purpose) မိမိအင်္ဂလိပ်လို ပြောတတ်ကြောင်း ကြွားဝါဖို့မဟုတ်၊ဂုဏ်ယူဖို့ မဟုတ်။ (စာဖတ်သူအနေဖြင့် ခေတ္တရပ်၍ စဉ်းစားကြည့်ပါ။ မှန်သည်ဟုယူဆပါက ဆက်ဖတ်ပါ။)

ကိုယ်ပြောတာ၊ ရေးတာမှန်သမျှ အကောင်းဆုံးဖြစ်ချင်လျှင် ရှိတ်စပီးယားထံမှာ သင်ယူပါ။
သင်ဟာ ရှိတ်စပီးယားမဟုတ်ပါ။ မတ်တွိန်းမဟုတ်ပါ။ ဂျက်လန်ဒန်မဟုတ်ပါ။ ဂျိန်းအော်စတင် မဟုတ်ပါ။
သင်သည် သာမန်  အင်္ဂလိပ်စာလေ့လာသူတစ်ဦးသာဖြစ်သည်။ သူတို့ကဲ့သို့ အပြောင်မြောက် ဆုံးစကားပြေ သို့မဟုတ် အပြောစကားမျိုး ဖန်တီးရန်သင့်မှာ တာဝန်မရှိပါ။

သင့်မှာ မှားနှိုင်ခွင့် ရှိပါသည်။ မှားမှာကို မကြောက်ပါနှင့်။ အမှားတွေ့ဖူးမှ အမှန်ကိုသိပါမည်။
အမှားကို ကြောက်နေပါက သင်ဘာမျှ ဖန်တီးဖို့ သတ္တိရှိမည် မဟုတ်ပါ။ Guiora (1973) ဆိုတဲ့ပညာရှင်
ကတော့ ၄င်းဖြစ်စဉ်မျိုးကို ego permeability မရှိခြင်းလို့ခေါ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ် စကားသွက်သွက် လက်လက် ပြောချင်ရင် လူရှေ့ သူရှေ့မှာ ပြောရဲဖို့အားမွေးထားပါ။

(ချွင်းချက်။ ပင်ကိုယ်က နှုတ်နည်းသူ၊ အရှက်အကြောက်ကြီးသူတွေအဖို့ ကိုယ့်မိခင်ဘာသာ စကားနဲ့တောင်ပြောရဆိုရမှာခက်နေကြတော့ အင်္ဂလိပ်လိုဆိုလျှင်တော့ အင်မတန်ဝန်လေးစ ရာပင်။ ထိုသူများအတွက်တော့ သီးခြားရေးပါမည်။)

မှန်ဖို့အဓိကလား သွက်ဖို့အဓိကလား (Accuracy vs Fluency)

တက္ကသိုလ်က အင်္ဂလိပ်စာ ကထိကတစ်ယောက်။ စာရေးလျှင်တစ်လုံးမှမှား၊ စကားပြောလျှင် တော စာတစ်ကြောင်းပြောဖို့ မနည်းစဉ်းစားပြီးထစ်ငေါ့ထစ်ငေါ့ပြောရသည်။
(မယုံမရှိပါနှင့်။ ကျွန်တော့် ကိုယ်တွေ့ပါ)

သံရုံးမှာလုပ်သည့် ထမင်းချက်တစ်ယောက်။ စာတစ်လုံးမှ မတတ်။ အင်္ဂလိပ်လိုပြောလျှင်တော့ လျှောကနဲ။ တက္ကသိုလ်ဆရာက ထမင်းချက် ပြောသမျှသဒ္ဒါနည်းလမ်းမကျဟုထင်သည်။ တကယ်လည်းမှားနေသည်။ ဒါပေမယ့် သူက မှားပေမယ့် သွက်သည်။ သူ့စကားကိုတစ်ဖက် လူနားလည်သည်။ ဟိုဆရာကတော့ မမှား။ ဒါပေမယ့် မသွက်။ ထစ်ငေါ့နေတော့ သူပြောသမျှစကားကို ဆက်စပ်စဉ်းစားပြီးနားလည်ဖို့ တစ်ဖက်လူမှာ စိတ်မရှည်၊ နားမလည်။ နောက်ဆုံး တော့ဆက်သွယ်ရေးမအောင်မြင် (communication breakdown) ဖြစ်ရတော့တာပေါ့။

++++++++++++++++++++++++++++++++++++++++++++++++

သွက်ဖို့ အဓိကလား၊ မှန်ဖို့ အဓိကလားဆိုတာ သင်ကိုယ်တိုင်ရဲ့ အင်္ဂလိပ်ဘာသာကို အသုံးချ ရမည့် အခြေအနေအပေါ် မူတည်ပြီးသာဆုံးဖြတ်ရပေမည်။

++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်၏အယူအဆအရဆိုလျှင် စကားပြောရာမှာ သွက် ဖို့ကအရင်ဖြစ်သင့်ပါသည် (fluency first)။  မှန်ဖို့ကနောက်မှ လိုက်သင့်ပါသည်(Accuracy later)။ စာရေးလျှင်တော့ မှန်ဖို့နှင့်တိကျဖို့က အရေးအကြီးဆုံးဟု ၀န်ခံပါသည်။
ဒီနေရာမှာ ပြောချင်တာ တစ်ခုက သွက်သွက်လက်လက်ပြောတတ်ခြင်းဆိုတာ ကိုယ့်နောက်က ကျားလိုက်သလိုစကားကို အသက်မရှူဘဲပြောချင်းမဟုတ်ပါ။ ကိုယ်ပြောချင်တာကို သဒ္ဒါနည်းအရ မှားနေသော်လည်းနားထောင်သူ နားလည်အောင် အထစ်အငေါ့မရှိ ပြောတတ်ခြင်းကိုဆိုလိုပါတယ်။

အင်္ဂလိပ်စကားပဲပြောပြော၊ မြန်မာစကားပဲပြောပြော၊ မိခင်ဘာသာစကားကိုပြောသူများ သဒ္ဒါ နည်းမကျသည့်ဝါကျများကိုပြောနေကြသည်မှာအဆန်းမဟုတ်ပါ။
”I don’t want no money” ကဲ့သို့ double negative များကို ဟောလီးဝုဒ်၏နာမည်ကြီးသရုပ်ဆောင်များ
ပြောနေကြပါ သည်။ ကျွန်တော်တို့လည်း ”ဥက္ကဌကြီးအား မိန့်ခွန်းပြောကြားပေးပါရန်......”
ဆိုသည့် စကားအမှားကို ပြောလွန်း၍ ကြည့်မရသည့် မြန်မာစာဌာနက နေ့တိုင်း မြန်မာစာ မြန်မာစကား
ဆိုသည့်အစီအစဉ်ကို ရုပ်မြင်သံကြားတွင် ထုတ်လွှင့်နေရသည်မဟုတ်ပါလော။

ထို့ကြောင့် မိခင်ဘာသာစကားကို ပြောသူများပင် သဒ္ဒါ အမှား ပြောမိသည်ဆိုပါက ကျွန်တော် တို့လို နိုင်ငံခြားဘာသာအဖြစ်သင်ယူသူများအတွက် အမှားဆိုတာ ကြောက်စရာတစ်ခု မဖြစ်သင့်ပါ။

ဒီလိုပြောလို့လည်း မှားချင်မှားပါစေ။ ကိုယ်ပြောချင်တာအရမ်းကာရော လျှောက်ပြောရလျှင် ပြီးရောလို့ မတိုက်တွန်းပါဘူး။

ကျွန်တော်တိုက်တွန်းချင်တာက ပြောရဲဖို့ကပထမ၊ ပြောရင်းနဲ့မှားသွားတာကိုသိပြီး နောက်တစ်ခါ ထပ်မမှားတော့အောင် အမှန်ကို ပြောတတ်ဖို့ အဓိက (Broken English to Spoken English) ဆောင်ပုဒ်ကို ကျင့်သုံးစေချင်
ပါတယ်။ ပြောပါ။ မှားလျှင်ပြင်ပါ။

စကားထောက် (fillers) များသုံးပါ။

စကားလုံးတိုင်းကို ပီပီသသနဲ့ ရေပက်မ၀င်ပြောသည့်စကားကို သင် ကွက်စိပ်ဟောဆရာနှင့် ဇာတ်သဘင်တွေမှာပဲကြားနိုင်ပါလိမ့်မယ်။
တကယ့်အပြောစကားစစ်စစ်မှာတော့ ရပ်တဲ့နေ ရာရပ်၊ စကားထပ်သည့်နေရာထပ်၊ အမှားပြန်ပြင်သည့်နေရာပြင် စသည်ဖြင့် ပြောကြရတာပါ။ BBC World Service ကထုတ်တဲ့ Better Speaking ဆိုတဲ့စာအုပ်ကလေးထဲက ဥပမာတစ်ခု ကိုလေ့လာကြည့်ပါ။

“This was my dream, all my life and ... er... you know.... to serve for the match, suddenly I have amatch point out of nowhere, you know.... I came here, nobody even talked about
me and now I’m holding this trophy. And it’s, it’s just.... this support today
is like ... er.... I mean....I was..... er... three times in the final but this, this is just unbelievable, this is too good... . ”

ဒါဟာ တကယ့်အပြင်မှာပြောတဲ့အင်္ဂလိပ်စကားပါ။ သဒ္ဒါမမှန်တဲ့ဝါကျ၊ မပြည့်စုံတဲ့ဝါကျ၊ ပါပေမယ့် ဒီလိုပဲပြောကြတာပါ။ ချရေးထားတဲ့စာကြောင်းတွေကိုရွတ်ပြနေတာမဟုတ်ပါဘူး။
နောက်ပြီး er တို့ you know,  I mean တို့ စတဲ့ fillers လို့ခေါ်တဲ့စကားလုံးလေးတွေနဲ့ ထောက် ပြီးနောက်ပြောမယ့်စကားအတွက် စဉ်းစားချိန်ယူသွားတာတွေ့ရပါလိမ့်မယ်။

ဒါကြောင့် စကားသွက်ဖို့အတွက် fillers တွေကို သူ့နေရာနှင့်သူ နည်းလမ်းတကျသုံးတတ်ရန် လေ့ကျင့်ရပါမယ်။

စကားလုံးအသုံးအနှုန်းကို သူ့အတွဲနှင့်သူလေ့လာပါ။

Learn a language in chunks ဆိုတဲ့ ဘာသာစကားလေ့လာမှုဆိုင်ရာ အဆိုအမိန့်လေးကို
သဘောကျလို့ထည့်ရေးလိုက်ပါတယ်။ နိုင်ငံခြားသတင်းတွေနားထောင်တော့ “coming up
next...”, “thank you for watching...” စတဲ့စကားတွဲလေးတွေကို ကြားဖူးကြပါလိမ့်မယ်။
နားထောင်တာများလာတော့ နားလည်လာတတ်ပါတယ်။ ဒီလိုစကားလုံးတွဲတွေကို chunks ကိုခေါ်ပါတယ်။
၎င်းကဲ့သို့စကားလုံးအတွဲလေးတွေကို လေ့လာမှတ်သားထားပါက မိမိပြောဆိုဖို့လိုအပ်တဲ့အခါမှာ
စာလုံးတစ်လုံးချင်းစဉ်းစားစရာမလိုဘဲနဲ့ အလွယ်တကူ အသုံးပြုနိုင်ပါလိမ့်မယ်။ အမှားအယွင်းလည်းနည်းသွားတာပေါ့။

နောက်တစ်ခုက collocation လို့ခေါ်တဲ့ အတူတကွတွဲဖက်သုံးစွဲရတဲ့စကားလုံးတွေကိုလည်း မှတ်သား ထားရပါမယ်။
do your homework လို့ပဲသုံးလေ့ရှိပြီး make your homework လို့မသုံးပါဘူး။ do နဲ့
make က ပြုလုပ်သည်။ အတူတူပဲလို့ မြန်မာလိုစဉ်းစားပြီး အင်္ဂလိပ်လိုဘာသာပြန်လိုက်ရင် မှားပေလိမ့်
မည်။

ဝေါဟာရအရေးအကြီးဆုံး

Linguistic လို့ခေါ်တဲ့ သိပ္ပံပညာကို ကိုးကားပြီးပြောရမယ်ဆိုရင်တော့ ဘာသာစကား တစ်ခုဟာ အသံတွေနဲ့ဖွဲ့စည်းထားပါတယ်။ ၄င်းအသံတွေကို မှ အက္ခရာ (character) များနဲ့ ကိုယ်စားပြုဖော်ပြပြီး အဓိပ္ပါယ်ရှိတဲ့ အသံအစုအဖွဲ့တစ်ခု ကို ဝေါဟာရ ဟု ရည်ညွှန်းကြ ပါတယ်။
ဒီတော့ ဘာသာစကားကိုလေ့လာခြင်းဟာ အခြေခံအားဖြင့် အသံတွေကိုမှတ်မိခြင်း နှင့် ပြန်လည်အသံထွက်ခြင်း၊ တစ်နည်းမဟုတ် ဝေါဟာရတွေကိုမှတ်မိခြင်းနှင့် ပြန်လည်သီကုံး ဖွဲ့နွဲ့ခြင်း ဟုဆိုချင်ပါတယ်။ 

အပိုင်း-၁ တွင် ဘာသာစကား ပြောရခြင်း၏အဓိကရည်ရွယ်ချက်မှာ ဆက်သွယ်မှု ပြုရန် ဟု တင်ပြခဲ့ပါသည်။ ၄င်းသည် အခြေခံအချက်သာဖြစ်သည်ကို မမေ့သင့်ပါ။ ဘာသာစကား သုံး ရခြင်းတွင် တခြားရည်ရွယ်ချက်များစွာလည်း ရှိပါသေးသည်။

ဥပမာ - မကြာသေးခင်ကမှ ရင်းနှီးသွားကြသော ကောင်မလေးက ကောင်လေးကို “သူ့မှာ စိတ်ပူရမယ့်သူရှိလို့လား”  ဟု မေးလိုက်ခြင်းသည် ဘာကိုဆိုလိုကြောင်း မြန်မာစကား ပြောတတ်သူတိုင်း သိကြမှာမလွဲပါ။ စကားပရိယာယ် ဆိုသည့်အတိုင်း မိမိပြောချင်တာကို ထိထိမိမိရှိဖို့
စကားလုံးရွေးချယ်မှုမှန်ကန်ရပါမည်။  ကိုယ်လိုရင်းကိုပြောနိုင်ဖို့ ဝေါဟာရကြွယ်ဝ မှုရှိရပါမည်။  အောက်ပါဝါကျများမှာ အခြေခံဆိုလို ရင်း တူညီသော်လည်း ပြောသူ၏ခံစားချက် ကို ဖော်ပြနိုင်မှု ကွာခြားကြပါသည်။

ဘာသာစကားလေ့လာခြင်းကို ကြိုက်သည်။
I like learning languages.

ဘာသာစကားလေ့လာဖို့ စိတ်ဝင်စားသည်။
I am interested in learning languages.

ဘာသာစကားလေ့လာခြင်းကို စိတ်အားထက်သန်သည်။
I am keen on learning languages.

ဘာသာစကားလေ့လာခြင်းကို ရူးသွပ်သည်။
I am crazy about learning languages.

ကိုယ့်မှာ ဝေါဟာရမကြွယ်ဝပါက ကိုယ်ပြောချင်သည့်အဓိပ္ပါယ်ရောက်ဖို့ မလွယ်ကူပါ။ ထို့ကြောင့် ဝေါဟာရကြွယ်ဝနေစေရန် နည်းလမ်းမျိုးစုံဖြင့်စုဆောင်းလေ့လာသင့်ပါသည်။

ဒါပေမယ့် ကိုယ့်မှာပြောချင်တဲ့ စကားလုံးရှာမရလျှင်ကော ဘယ်လိုနည်းလမ်းတွေရှိပါသလဲ။

ကိုယ်ပြောချင်တဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုနည်းသုံးပါ။ (Paraphrasing)

ဆိုကြပါဆို့။ ကျွန်တော်တို့ ဗမာစကားပြောရာမှာ  “ဆင်” ဆိုတဲ့စကားလုံးကိုသင်မသိလျှင် ကော၊  “အကောင်အကြီးကြီးဗျာ၊ နားရွက်ကြီးကြီး၊ နှာမောင်းရှည်ရှည်နဲ့၊ အစွယ်လည်းရှိတယ်၊ သစ်ဆွဲရာမှသုံးတယ်“ လို့ပြောလိုက်ရင် တစ်ဖက်သားနားမလည်နိုင်ဘူးလား။

ဒီတော့ သူက “ဆင်” လို့ခေါ်ကြောင်း ကိုယ့်ကို မပြောနိုင်ဘူးလား။ ဒီဥပမာက လွယ်လွန်းလို့
သတိမထားမိ ကြတာပါ။ ထို့အတူ အင်္ဂလိပ်စကားပြောတဲ့အခါမှာ “elephant” ဆိုတဲ့စကားလုံးကို
မသိရင် ကောဒီနည်း လမ်းကိုအသုံးပြုနိုင်ပါတယ်။ “Er... what do you call that animal?
... It’s big and grey. It has big ears, long nose and long teeth, used for
pulling trees.” သဒ္ဒါနည်းအရ မှန်ချင်မှ မှန်ပေမယ့် တစ်ဖက်နားထောင်သူက ကိုယ်ဘာကိုဆိုလိုလဲဆိုတာ
တန်းကနဲ သိသွား မှာမလွဲပါဘူး။ လက်ဟန်ခြေဟန်ကလေးပါပါရင်တော့ ပိုအဆင်ပြေပါလိမ့် မယ်။

နောက်တစ်မျိုးပြောင်းပြောပါ (start the sentence again)
စကားပြောနေရင်းနဲ့ ကိုယ်က စကားလုံးတစ်လုံးကိုမသိလို့ ရပ်လိုက်ရင် နားထောင်နေတဲ့သူက လည်းရပ်လိုက်ပါလိမ့်မယ်။ စဉ်းစားချိန်ရအောင် ဒီလိုလည်းလုပ်လို့ရပါသည်။ “ကျွန်တော် ဘာ ပြောနေပါလိမ့်” ‘What was I saying?”. နားထောင်နေသူက ကိုယ့်ထက် အင်္ဂလိပ်စာပိုတတ် သူဖြစ်နေပါက သူ့ရဲ့အကူအညီတောင်းနိုင်ပါတယ်။

“How can I say this?” ။ တစ်ဖက်လူက မြန်မာလိုရော အင်္ဂလိပ်လိုပါတတ်ကျွမ်းသူဖြစ်ပါက ဒီလို
မေးနိုင်ပါတယ်။ “How do you say x x x  in English?” တစ်ခါတစ်ရံ အင်္ဂလိပ်လို ရေးရာ၊ ပြောရာမှာ ကိုယ်ပြောချင်တဲ့ဝါကျက မှန်မမှန် မသေချာဘူးဆိုလျှင် နောက်တစ်မျိုးပြောင်းပြောတာအကောင်းဆုံးပါ။

အင်္ဂလိပ်၊ အမေရိကန် လေသံနဲ့ပြောမှာလား၊ ငါးပိသံနဲ့ပြောမှာလား၊
သင် ကိုဖီအာနန် အင်္ဂလိပ်စကားပြောတာ၊ ဘန်ကီမွန်းအင်္ဂလိပ်စကားပြောတာ ကြားဖူး ပါသလား။ ကြားဖူးလျှင်တော့ ညံ့လိုက်တဲ့လူတွေကွာ။ အင်္ဂလိပ်စကားပြောတာ မပီကလာ ပီကလာနဲ့ လို့ ကဲ့ရဲ့မိမှာအမှန်ပါပဲ။

တကယ်တော့ သူတို့တွေဟာ လူညံ့တွေမဟုတ်ရုံမက ကမ္ဘာ့အတော်ဆုံးပုဂ္ဂိုလ်များထဲ အပါအ၀င်ပင်ဖြစ်ပါတယ်။

ဒါဆိုလျှင် ဘာတွေလွဲနေလဲ။ လွဲ နေတာက ကျွန်တော်တို့ ခံယူထားသည့် ဘာသာစကားဆိုင်ရာ သဘောထားတစ်ချို့ပင်ဖြစ်ပါသည်။

များသောအားဖြင့် ကျွန်တော်တို့ အင်္ဂလိပ်စကားပြောလေ့ကျင့်ရာတွင် တကယ့် အင်္ဂလိပ်၊ အမေရိကန်လူမျိုးတို့ပြောသောလေသံအတိုင်း လိုက်၍ပြောတတ်ချင်ကြပါသည်။ ထိုအတိုင်း လည်း လေ့ကျင့်ကြပါသည်။ သူတို့အတိုင်းပြောနိုင်လျှင်တော့အကောင်းဆုံးပါ။

ဗမာစကား ပြောသူများအတွက် အင်္ဂလိပ်စာရှိ အသံထွက်အများစုသည် တုပပြောဆိုရန်မခက်လှပါ။ ဒါပေမယ့်တူချင်သူများအတွက် တမင်တကာ မတူတူအောင် လုပ်ကြံပြောဆိုပါက နားထောင် သူများအဖို့ နားခါးလှသည်ကိုကြုံဖူးကြပါလိမ့်မည်။  accent ဆိုတာကိုအလွယ်ဆုံး ဥပမာပြရရင်  ကျွန်တော်တို့ ဗမာစကားကို ရခိုင်လူမျိုးကပြောတဲ့အခါရခိုင်သံဝဲ၀ဲနဲ့ပြောတယ်၊ ရှမ်းကလည်း ရှမ်းသံဝဲ၀ဲနဲ့ပြောတယ်၊ ကရင်ကလည်း ကရင်သံဝဲ၀ဲနဲ့ပြောတယ်။

သူတို့ရဲ့ စွဲမြဲ နေတဲ့ လေယူလေသိမ်း ကို accent လို့ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ pronunciation
ကတော့ စာလုံးတစ်လုံးချင်းရဲ့အသံထွက်မှန်ကန်မှုကို ရည်ညွှန်းပါတယ်။ accent ကလူမျိုး၊ ဇာတိ ဂုဏ်ကို ပြဆိုပါတယ်။ ဒါကြောင့်မလို့လဲ ကိုဖီအာနန်တို့ ဘန်ကီမွန်းတို့ အာဖရိကန်လေသံ၊ ကိုရီးယားလေသံကို မစွန့်လွှတ်ပဲ မိမိလေယူလေသိမ်းအတိုင်းပြောကြတာပေါ့။

ကျွန်တော်တို့ ရဲ့ငါးပိသံက အာဖရိက ပြောင်းဖူးသံ၊ ကိုရီးယား ကင်မ်ချီ သံ ထက်တော့ အများကြီးသာပါ
တယ်။ ဒီတော့ ခင်ဗျားက အင်္ဂလိပ်၊ အမေရိကန်လေသံနဲ့ တူအောင် မပြောနိုင်ရင်လည်း ကိစ္စမရှိပါ။ အချိန်ဖြုန်းမနေပါနဲ့ တော့။ ငါးပိသံနဲ့ပဲ ဂုဏ်ယူစွာ အင်္ဂလိပ်စကားကို ရေရေ လည်လည် ပြောကြပါစို့။

အသံထွက်ကအရေးကြီး
အထက်မှာ လေယူလေသိမ်းအကြောင်းတင်ပြပြီးပါပြီ။ အသံထွက်ကတော့ဘာသာစကား တစ်ခုရဲ့အရေးကြီးတဲ့အစိတ်အပိုင်းပါ။ ဘာကြောင့်လဲဆိုတော့ အသံထွက်မှားလျှင် အဓိပ္ပါယ် ကောက်ယူမှုလွဲသွားတတ်လို့ပါ။ သာမာန်စကားပြောကြရာမှာတော့ အသံထွက်မှားသွားလျှင်
သိပ်ပြဿနာမရှိနိုင်ပေမယ့် အမှားမခံတဲ့ကိစ္စတွေမှာ အင်မတန်အရေးကြီးပါတယ်။

ဥပမာအားဖြင့် အောက်ပါ ၀ါကျလေးနှစ်ခုကိုလေ့လာကြည့်ပါ။

”ဒါကျွန်တော့်အတွက်ဒီနေ့အဖို့နောက်ဆုံးအကြိမ်ပဲ။ ”
စာသင်သားအများစုကတော့ last time ကို “လတ်စ်တိုင်းမ်” လို့ထွက်ကြတော့တာပဲ။ ဒီမှာတင် မျက်နှာပူစရာတွေဖြစ်တော့မှာပဲ။ အသံထွက်အမှန်က “လားစ်တိုင်းမ်” ဖြစ်ရမှာ။ အပြောခံရတဲ အင်္ဂလိပ်ကြီး ပြုံးစိစိနဲ့အကြည့်ခံရတော့မယ်။
ပြောတဲ့သူက မိန်းကလေး၊ နားထောင်တဲ့သူက ယောက်ျားလေးဆိုရင်. . .တွေးကြည့်ပေတော့။
“This is my last time for today.” ကနေ “This is my lust time for today.” ဖြစ်သွား ရောခင်ဗျာ။

အသံထွက်ဘာကြောင့်မှားသလဲဆိုတာကိုလေ့လာကြည့်တော့ အမှားကိုလက်ဆင့်ကမ်းခဲ့ကြ တာကတစ်ချက်ဖြစ်ပါတယ်။ ငယ်စဉ်ကျောင်းနေကတည်းက အလွယ်တကူ ထွက်ခဲ့ကြတဲ့ အသံက ကြီးလာတဲ့အထိစွဲသွားပါတယ်။ အဘိဓာန်မှာ အသံထွက်သင်္ကေတတွေကို ဖတ်တတ်တဲ့အချိန်အထိ မိမိကိုယ်ကိုယ် မှန်နေတုန်းပါပဲ။ သူများအသံထွက်အမှန်ကိုကြားရ ရင်လည်း သူ့အသံထွက်က မှားနေတယ်လို့ စိတ်ကထင်တယ်။

တစ်ယောက်နှင့်တစ်ယောက် ငြင်းကြ၊ ခုန်ကြ၊ မခံချင်လို့ အဘိဓါန်လှန်ကြည့်မှ ကိုယ်မှားမှန်းသိတာ
မနည်းပါဘူး။ အောက်ပါစကားလုံးများကို ကျွန်တော်ပေးထားတဲ့အတိုင်း အသံထွက်နေရင်တော့ အဘိဓါန်
လှန်ကြည့်ပါတော့လို့တိုက် တွန်းပါရစေ။ မြန်မာအများစုထွက်တတ်တဲ့အသံတွေပါပဲ။ အင်္ဂလိပ် တွေနားလည်မှာတော့မဟုတ်ပါဘူး။

Vinyl (ဗင်နိုင်းလ်)      quay (ကွေး)             elite (အီလိုက်)                   war (၀ါး)

အားလုံးကိုလေးစားလျက်

ဇာနည်(My Way)
Myanmar Network
---------------------------------------
ရည်ညွှန်း။ ယခု post ပါ အတွးအခေါ်အများစုမှာ
BBC World Service ကထုတ်တဲ့ Better Speaking ဆိုတဲ့စာအုပ်ကလေးကို အခြေခံထားပါတယ်။

Wish and if only

1.    Wish and if only + past tense

 We can use wish and if only with past tense to express regret about the present.
e.g. I wish I had a car.(I don't have a car)
      If only I could play the guitar.( I cannot play the guitar)
Note: If only is more emphatic than wish

We often use were instead of was after wish and if only, especially in more formal style.
e.g. If only I were  beautiful. ( I am not beautiful)

2.   Wish and if only + would

We use would after wish and if only when we want something to stop happening, or we want something different to happen.
e.g. I wish you would stop making the noise.
       I wish you wouldn't make my room messy.
       If only you would stop complaining.

3.   Wish and if only + past perfect

 To express regret that happened or did not happen in the past, we use wish and if only with past perfect ( had+ V3)
e.g. If ony you had explained the situation to me.(You didn't explained the situation to me)
      I am very tired. I wish I had gone to bed early last night.( I didn't go to bed early last night)

by Nant Thin Thin Hmwe
Myanmar Network

Nothing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။
ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweet nothings ဖြစ်ပါတယ်။ Sweet = ချိုတာ၊ ချစ်စရာ ကောင်းတာ၊ Nothings = ဘာမှမရှိခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်လေးနက်မှု မရှိတာ၊အနှစ်သာရ မရှိတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Sweet Nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေလို့ ဆိုရမှာပါ။ Sweet nothing ရဲ့  အီဒီယံ အဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ပါယ်မရှိ၊လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧ၀ရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရနေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီ မောင့်အတွက် တသက်ထင်တယ်ဆိုတာမျိုးလို၊ ချစ်သူကျအောင် အပြောကောင်း၊ ချွဲပြီး တွတ်တီးတွတ်တာ ပြောတဲ့မူယာမာယာ အပြောမျိုး တွေကို Sweet Nothings လို့လည်း ရည်ညွှန်း ပြောလို့
ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေပေါ့။

အမျိုးသားတဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ရဲ့  ဥပမာ တခုကို လေ့လာကြည့်ကြပါစို့။

Sis, be careful of that guy, Peter, you have a date with tonight. I hear he’s expert at using sweet nothings to get his way with a girl. Later,she finds out that what they mean. Nothing!

ညီမလေးရေ - ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော် ကြားရတာကတော့ဒီလူက အမျိုးသမီးတဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ
ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ
ရည်ရွယ်ပြီး တခြား ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဆိုတာကို အဲဒီအမျိုးသမီး
သိလာရတယ်။
ဆက်ပြီး တင်ပြမယ့် အီဒီယံ အသုံးကတော့ here goes nothing ဖြစ်ပါတယ်။ Here - ဒီမှာ၊ Goes = သွားပြီ (here goes = ဒီမှာသွားပြီ)၊ Nothing = ဘာမှ မရှိတာ၊ ဘာမှ မဟုတ်တာ၊ အညတရ တဦးလို့ လုံးကောက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်တိုက်ရိုက် အဓိပ္ပါယ်အရ အညတရ တဦးတော့ သွားပြီဟေ့လို့ ဆိုရမှာပါ။
ဒီအသုံးကို မိမိက တခုခကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းထားရင် အရှက်ပြေနှိမ့်ချ ပြောဆိုရာမှာဘန်းစကား အဖြစ် အသုံးပြုလေ့ရှိပါတယ်။

ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင် မကြီးစေချင်ရင်၊ရှုံးခဲ့သော် မျက်နှာ သိပ်မပူရ လေအောင် ကိုယ့် အရည်အချင်း အကြောင်းကို
အရှိကို အရှိအတိုင်း စကားပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ကိုပြီး၊
ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ ပြောလေ့ရှိပါတယ်။

ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့။ ကျနော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။ သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူအိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့သူငယ်ချင်းတွေကို
ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို
လေ့လာကြည့်ရအောင်ပါ။
Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else, even at the dentist.

Jack ရေ။ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့
နောင်တရမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့
ဒီနေရာကလွဲလို့ ဘယ်နေရာ ရောက်ရောက်ရောက်ပါစေ။ ကုန်ကုန်ပြောရရင်
သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်။
Nothing doing - Nothing က ဘာမှမဟုတ်တာ၊ Doing က လုပ်နေတယ်ဆိုတော့ စကားပိုဒ် တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘာမှလုပ်လို့မရတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကိုလေးလေးနက်နက် အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပါယ်ဆောင် ပါတယ်။

ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ရပါတယ်။
No, I won’t do it and I mean it.
“မလုပ်ဘူးဗျာ။ ကျုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာ” ဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။

အခုတင်ပြပေးမယ့် ဥပမာက သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းဆိုတဲ့ George Crows ပေးတဲ့ ဥပမာကိုလေ့လာကြည့်ရအောင်ပါ။
I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you? You can’t drive my car again until you learn to be a safe driver.

သားကိုပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။
ပြီးခဲ့တဲ့ အပတ်ကပဲ ကားယူ သုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ
အကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား
ကားမမောင်းတတ်မချင်း မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။
တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် forget it လို့ ပြောရင်လည်း ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ်ရ ပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင်မထည့်လိုက်နဲ့ ဆိုတဲ့ သဘောပါ။

စောစောက ပြောခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way!  နဲ့ Forget it! တို့လို သုံးမျိုးလုံးကို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါမှသာ သုံးပါလို့
အကြံပေးချင်ပါတယ်။

Ref: VOA
By Zaw Oo
Myanmar Network 

PROVERBS 1

Between the devil and the deep sea
To choose between two equally bad alternatives in a serious dilemma.

Where there's a will there's a way
When a person really wants to do something, he will find a way of doing it.

A burnt child dreads fire
A bad experience or a horrifying incident may scar one's attitude or thinking for a lifetime.

First come, first served
The first in line will be attended to first.

A friend in need is a friend indeed
A friend who helps when one is in trouble is a real friend.

Discretion is the better part of valor
If you say discretion is the better part of valor, you mean that avoiding a dangerous or unpleasant situation is sometimes the most sensible thing to do.

A hungry man is an angry man
A person who does not get what he wants or needs is a frustrated person and will be easily provoked to rage.

Empty vessels make the most noise
Those people who have a little knowledge usually talk the most and make the greatest fuss.

A man is as old as he feels
A person's age is immaterial - it is only when he thinks and feels that he is ageing that he actually becomes old.

Great talkers are little doers
Those people who talk a lot and are always teaching others usually do not do much work.

An idle brain is the devil's workshop
One who has nothing to do will be tempted to do many mischievous acts.

An ounce of discretion is worth a pound of wit
It is better to be careful and discrete than to be clever.

Faint heart never won fair lady
To succeed in life one must have the courage to pursue what he wants.

A penny saved is a penny gained
By being thrifty one will be able to save up.

A rolling stone gathers no moss
A person who never settles in one place or who often changes his job will not succeed in life ; one who is always changing his mind will never get anything done.

As you sow, so you shall reap
One will either enjoy or suffer the consequences of his earlier actions or inactions.

Barking dogs seldom bite
Those who make loud threats seldom carry them out.
Better late than never
To do something that is right, profitable, or good a little late is still better than not doing it at all.

A bird in hand is worth two in the bush
Something that one already has is better than going after something seemingly more worthwhile that one may not be able to get.

Birds of a feather flock together
People of the same sort of character or belief always go together.

Call a spade a spade
If you say that someone calls a spade a spade, you mean that they speak frankly and directly, often about embarrassing or unpleasant subjects; an informal expression.

Charity begins at home
A person's first obligation should be to help the member of his own family before he can begin thinking of talking about helping others.

Dead men tell no lies
( often used as an argument for killing someone whose knowledge of a secret may cause one loss or get into serious trouble.)

A great talker is a great liar
A smooth and persuasive talker may be a good liar.

Every cloud has a silver lining
If you say that every cloud has a silver lining, you mean that every sad or unpleasant situation has a positive side to it. If you talk about silver lining you are talking about something positive that comes out of a sad or unpleasant situation.

All that glitters is not gold
Do not be deceived by things or offers that appear to be attractive.

Eat to live, but do not live to eat
Man was created for a divine purpose and he has a destiny with his Creator - he was not born just to enjoy food.

Don't put all your eggs in one basket
One should not risk everything he has in a single venture.

Every dog has its day
Everyone will get a period of success or satisfaction during his lifetime.

Every one can find fault, few can do better
It is easier to find fault in other people's actions or methods than to do it properly or correctly.

Any time means no time
When an event is not decided on or planned earlier it will never take place.

Fair exchange is no robbery
A contract is fair as long as both the parties understand and agree to the conditions willingly; after a deal is closed neither side can turn around and say that he was unfairly treated.

Fire is a good servant but a bad master
Fire, like any other manmade tool or device, will serve man well only when it is controlled and used wisely.

....so + (adj/adv) + that + (simple sentence)

....so +  (adj/adv) + that + (simple sentence)
လောက်အောင် .........ဖြစ်တယ်၊ ခက်တယ်၊ လွယ်တယ်၊ ပျော်တယ်  စသည် ....

It's so difficult that I can't understand.
နားမလည်နိုင်လောက် သိပ်ခက်တယ်ဗျာ။


It's so dark (that) we can't see anythings.
ကျွန်တော်တို့ ဘာမှ မမြင်နိုင်လောက်အောင် အရမ်းမှောင်နေတယ်။


I love you so much (that) I can't part.
မင်းကို မခွဲနိုင်လောက်အောင် ချစ်မိနေပြီ။


I'm so tired (that) I couldn't walk any further.
လမ်းဆက်မလျှောက်နိုင်လောက်အောင် ကျွန်တော် အရမ်းပင်ပန်းနေပြီဗျာ။


She becomes so beautiful (that) I can't believe my eyes.
ကိုယ့်မျက်လုံးကို မယုံနိုင်လောက်အောင် သူမက အရမ်းလှလာတယ်။


They're so poor (that) they can't buy anythings.
သူတို့ ဘာမှ မ၀ယ်နိုင်လောက်အောင် ဆင်းရဲနေကြတယ်။

Thanks,

Saturday, 21 April 2012

The Flatmates Episode 1-5



Episode 1: At the airport
Helen:     What does Michal look like?
Tim:        Well, he's tall and well built. He's got brown eyes and a shaved head.
Helen:     Is he handsome?
Tim:       Of course he is! He's my cousin.
Helen:    And what's he like? Is he like you too?
Tim:       No, he's quite shy really.
Helen:    Oh look! Is that him?
Tim:       Yeah! Michal! Michal! He's crying. I wonder what's wrong



Episode 2: In the flat
Tim:       Alice this is my cousin Michal - our new flatmate. He's really missing his friends.
Alice:     Oh, Michal let me take your mind off that...So, where are you from?
Michal:   From near Warsaw - the Polish capital.
Alice:     Oh, what do you do?
Michal:   I'm a guide tourist.
Alice:     So interesting! Why are you visiting London?
Michal:  To improve my English.
Alice:     Oh, well, why not come out with us now? Then we can cheer you up and you can practise
               your English at the same time.



Episode 3: At the pub
Tim:        It's your round Alice
Alice:     What, again? Alright, what do you all want?
Helen:    An orange juice please.
Michal:  The same for me too.
Tim:       Oh come on Michal, you're not in Poland now. Why not try a traditional pint of English
               bitter?
Michal:  OK then.
Tim:       And the usual for me - a G & T, love
Alice:     Em, OK.
Helen:    Don't call Alice "love".
Tim:       Why not, isn't she lovely? Michal, what do you think?



Episode 4 : Another round
Michal:    She's beautiful.
Alice:      What's wrong with you?
Helen:      Nothing! You know I think Michal really likes you.
Alice:      Don't be daft! He's only being polite.
Helen:     Do you think so?
Alice:     Yes, and why are you so interested all of a sudden?
Helen:    No, no reason really. Look, I've got to get back to the flat, I've got loads of studying to do.
Alice:     Oh relax! The books can wait. Tim's buying the next round. What do you want?



Episode 5: Helen at home
Helen:     Hello?
Mum:      Hello? Helen? It's mum here. How are you my dear? Studying hard? You know how much
                your degree means to your father and me.
Helen:     I was studying before you phoned me! Listen, I need your advice. I'm in love! But he
                doesn't
               even notice me. He only has eyes for Alice. What can I do?
Mum:     Love? Love! There's plenty of time for that later. Get your head out of the clouds and back
               into your books. Do you hear me?
Helen:    Yes, yes mum.

Nice to meet you


MWRN Class Audios for book 1


ဖိတ်ကြားချက်ကို ငြင်းပယ်နည်း (How to turn down an invitation)

How to videos - နည်းလမ်းပြဗီဒီယိုအတွဲကို ကြည့်ပြီး မတူညီသော အခြေအနေအသီးသီးတွင် သင့်တော်မှန်ကန်စွာ မည်သို့ ပြောဆိုရမည်ကို လေ့လာပါ။


ဖိတ်ကြားချက်ကို ငြင်းပယ်နည်း


ပါတီတစ်ခုကို ဖိတ်ပေမယ့် မသွားချင်တာမျိုး ကြုံဖူးသလား။ နောင်အခါ အဲဒါမျိုးကြုံရတဲ့အခါ အင်္ဂလိပ်ဘာသာနဲ့ ဘယ်လို ငြင်းပယ်ရမယ်ဆိုတာကို လေ့လာကြည့်ပါ။


  • Man: Oh no!
    အမျိုးသား - ဒုက္ခပါဘဲ။
    Woman: What is it?
    အမျိုးသမီး - ဘာဖြစ်လို့လဲ။
  • Man: “Josh and Henrietta would like to have the pleasure of your company at a drinks party, next Saturday evening...”
    အမျိုးသား - ဂျော့ရှ်နဲ့ ဟန်ရိုင်ယက်တာတို့က လာမည့် စနေ့ညနေမှာ အဖျော်ယမကာ ပါတီပွဲ ကြွရောက်ပါမည့်အကြောင်း လူကြီးမင်းတို့ကို ဖိတ်ကြားပါသည် တဲ့။
    Woman: Oh no, Josh and Henrietta... they’re not that couple who...?
    အမျိုးသမီး - ဒုက္ခပါဘဲ။ ဂျော့ရှ်နဲ့ ဟန်ရိုင်ယက်တာ ဆိုတာ ... ... ဟို စုံတွဲ မဟုတ်လား။
  • Man: Yeah exactly! Andit gets worse...
    အမျိုးသား - သိပ်ဟုတ်တာပေါ့။ ပိုဆိုးတာ ရှိသေးတယ် ...
    Woman: How?
    အမျိုးသမီး - ဘယ်လိုလဲ။
  • Man: “Formal dress...”
    အမျိုးသား - “ပွဲတက်ဝတ်စုံ ..”
    Woman: Argh.... it means you’ve got to wear a suit....
    အမျိုးသမီး - အမလေး ... အနောက်တိုင်း ၀တ်စုံဝတ်ရမယ်ပေါ့ ...
  • Man: At the bottom it says “RSVP”. What does it mean?
    အမျိုးသား - အောက်ဆုံးမှာ “RSVP”လို့ ရေးထားတယ်။ ဘာအဓိပ္ပာယ်လဲ။
    Woman: You’ve got to reply.
    အမျိုးသမီး - အကြောင်းပြန်ပါလို့ ပြောတာ။
  • Man: But I don’t want to go, so what can I say?
    အမျိုးသား - မသွားချင်ဘူး၊ ဘယ်လို အကြောင်းပြန်ရမလဲ။
    Woman: Tell them you’ve got a dentist’s appointment..
    အမျိုးသမီး - သွားဆရာဝန်နဲ့ ချိန်းထားတာ ရှိတယ်လို့ ပြောလိုက်ပေါ့။
  • Man: Josh is my dentist!
    အမျိုးသား - ဂျော့ရှ်က သွားစိုက်ဆရာဝန်ဟာကို။
    Woman: Tell them it’s your grandmother’s 100th birthday party.
    အမျိုးသမီး - အဖွားရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့လို့ ပြောလိုက်။
  • Man: But they know my granny died ages ago.
    အမျိုးသား - အဖွားဆုံးသွားတာ ကြာလှပြီဆိုတာ သူတို့ သိတယ်။
    Woman: Tell them your dog’s sick and you’ve got to take him to see the vet.
    အမျိုးသမီး - ခွေးနေမကောင်းလို့ တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ သွားပြရမယ်လို့ ပြော။
  • Man: It’s no use – I’m just going to have to tell them the truth..
    .အမျိုးသား - မဖြစ်သေးပါဘူး။ အမှန်အတိုင်း ပြောလိုက်မှပါ ...
    Woman: The truth? “I’m not coming to your birthday party because I think you’re boring and stupid?”
    အမျိုးသမီး - ဘယ်လိုအမှန်အတိုင်း ပြောမှာလဲ။ ‘ခင်ဗျားတို့က ပျင်းစရာကောင်းပြီး ‘
  • Man: Maybe not then...
    အမျိုးသား - အဲဒီလိုတော့ မပြောဘူးပေါ့။
    Woman: Tell them this:“I’m unable to attend because I have a prior engagement.”
    အမျိုးသမီး - ဒါဆိုဒီလိုပြော။ “ကျွန်တော့်မှာ ချိန်းဆိုထားပြီး ကိစ္စတစ်ခု ရှိနေပါ၍ တက်ရောက်နိုင်မည် မဟုတ်ပါ”
  • Man: “Prior engagement”?! And… they won’t be offended?
    အမျိုးသား - “ချိန်းဆိုထားပြီး ကိစ္စတစ်ခု” တဲ့လား။ ဒါဆို သူတို့ စိတ်မဆိုးလောက်ပါဘူးနော်။
    Woman: Absolutely not.
    အမျိုးသမီး - ဘယ်စိတ်ဆိုးမှာလဲ။
    Man: Perfect!
    အမျိုးသား - အဲဒါအကောင်းဆုံးဘဲ။
by Saw Hosea
Myanmar Network

မတွေ့တာကြာတဲ့သူကို နှုတ်ဆက်နည်း (How to greet someone you haven't seen for ages)


It's always good to keep in touch with old friends.

မတွေ့တာကြာတဲ့သူကို နှုတ်ဆက်နည်း
မိတ်ဟောင်းဆွေဟောင်းတွေနဲ့ အဆက်အသွယ် မပြတ်အောင် နေတာ ကောင်းတယ်။

  • Woman: Hey! Hello there! Haven’t seen you in ages!
    အမျိုးသမီး - ဟေး၊ အဲဒီက ဟယ်လို။ မတွေ့တာကြာလှပြီနော်။
    Man: Oh… all right yeah.
    အမျိုးသား - ဟင် ... ဟုတ်တယ် ဟုတ်တယ်။
  • Woman: Great to see you again! You’re looking really well!
    အမျိုးသမီး - ပြန်တွေ့ရတာ ကောင်းလိုက်တာ။ အခြေအနေအရမ်းကောင်းနေတဲ့ ပုံဘဲ။
    Man: Oh! You think so? Thanks...
    အမျိုးသား - အင်း။ ဟုတ်လား။ ကျေးဇူးဘဲ ...
  • Woman: So, how are you?
    အမျိုးသမီး - အင်း၊ အခြေအနေ ဘယ်လိုလဲ။
    Man: Well, you know, mustn’t grumble.
    အမျိုးသား - ဟိုလေ၊ သိတယ်မဟုတ်လား၊ ညည်းနေလို့ မဖြစ်ဘူး။
  • Woman: What’ve you been up to? Still working in that coffee shop?
    အမျိုးသမီး - ဘာတွေလုပ်နေလဲ။ အရင်ကော်ဖီဆိုင်မှာ လုပ်နေတုန်းဘဲလား။
    Man: Yeah...same one...
    အမျိုးသား - ဟုတ်တယ် ... အဲဒီဆိုင်မှာဘဲ ...
  • Woman: Still trying to be an actor?
    အမျိုးသမီး - မင်းသားဖြစ်ဖို့ ကြိုးစားတုန်းဘဲလား။
    Man: Well, yeah, you know...
    အမျိုးသား - အင်း၊ ဟုတ်တယ်၊ သိတယ်မဟုတ်လား။
  • Woman: So Hollywood hasn’t called in yet?
    အမျိုးသမီး - ဟောလီးဝုဒ်က လာမခေါ်သေးဘူးပေါ့။
    Man: Not yet...
    အမျိုးသား - မခေါ်သေးဘူး။
  • Woman: Still living in…that …er…little flat?
    အမျိုးသမီး - အဲဒီ ဟို အခန်းလေးမှာဘဲ နေတုံးဘဲလား။
    Man: Yeah. Same one.
    အမျိုးသား - ဟုတ်တယ်။ အဲဒီအခန်းမှာဘဲ။
  • Woman: Well, great.
    အမျိုးသမီး - အင်း။ ဟုတ်ပြီ။
    Man: How about you? You still there…working in the fast food place?
    အမျိုးသား - မင်းကရော။ မင်းကရော အဲဒီ ဟမ်ဘာဂါဆိုင်မှာ လုပ်တုံးဘဲလား။
  • Woman: No! Stopped that a long time ago! I’m working in the city now, financial industries!
    အမျိုးသမီး - မလုပ်တော့ဘူး။ မလုပ်တော့တာ ကြာလှပြီ။ အခု မြို့ထဲမှာ လုပ်နေတယ်။ ဘဏ္ဍာရေး လုပ်ငန်းပေါ့။
    Man: Oh. Great. Are you still sharing that house with all those other people?
    အမျိုးသား - သြော်၊ သိပ်ကောင်းတာပေါ့။ အဲဒီအိမ်မှာဘဲ လူတွေအများကြီးနဲ့ အတူ ငှားနေတုံးဘဲလား။
  • Woman: No way! I bought a big house with… four bedrooms, and a garden… the works.
    အမျိုးသမီး - ဘယ်ကလာ။ အိမ်အကြီးကြီးတစ်လုံး ၀ယ်လိုက်ပြီ၊ အိပ်ခန်း ၄ခန်း၊ ပန်းခြံလေးနဲ့ ... အလုပ်သမားရုံကလေးလည်း ပါတယ်။
    Man: Hmm…good for you.
    အမျိုးသား - အင်း ... ကောင်းတာပေါ့။
  • Woman: Listen! We should get together for a drink sometime! Catch up!
    အမျိုးသမီး - နေပါဦး။ တစ်နေ့လောက် ချိန်းပြီး တစ်ခုခု သောက်ရအောင်။
    Man: Yeah, I’d love to.
    အမျိုးသား - ဟုတ်တာပေါ့။ သိပ်ကောင်းတယ်။
    Woman: Let’s do it! Keep in touch then!
    အမျိုးသမီး - ချိန်းလိုက်မယ်လေ။ ဒါဆို အဆက်အသွယ် မပြတ်နဲ့နော်။
by Saw Hosea
Myanmar Network

ဗြိတိသျှနဲ့ အမေရိကန် အင်္ဂလိပ်စကား အသုံးအနှုန်း ကွာခြားချက်များကို နားလည်သဘောပေါက်နည်း (How to understand the differences between British and American English)


Trousers or pants? Can you tell the difference?


ဘောင်းဘီချင်း အတူတူ Trousers နဲ့ pants ဘာကွာသလဲ သိပါသလား။
  • Man: Hey! Nice pants!
    အမျိုးသား - ဟိုလေ၊ ဘောင်းဘီက ကောင်းတယ်နော်။
    Woman: Excuse me?
    အမျိုးသမီး - ဘာပြောတာလဲ။
  • Man: I said nice pants.
    အမျိုးသား - ဘောင်းဘီက ကောင်းတယ်လို့ ပြောတာပါ
    Woman: You can’t see my pants, can you?
    အမျိုးသမီး - (အတွင်းခံ) ဘောင်းဘီကို မမြင်ရပါဘူး မဟုတ်လား။
  • Man: Of course I can.
    အမျိုးသား - မြင်ရတာပေါ့။
    Woman: How can you see my pants?
    အမျိုးသမီး - ဘယ်လိုလုပ်ပြီး (အတွင်းခံ) ဘောင်းဘီကို မြင်ရတာလဲ။
  • Man: They’re on your legs!
    အမျိုးသား - ခင်ဗျား ၀တ်ထားတာဘဲလေ။
    Woman: Ha. You haven’t been to America recently, have you?
    အမျိုးသမီး -
    သြော်။ ဧကန္တ ရှင် အမေရိကားကပြန်လာတာ မကြာသေးဘူးနဲ့တူတယ်။ ဟုတ်လား။
  • Man: Oh I er …I ..er... actually just got back from LA! That’s “Los Angeles” by the way....
    အမျိုးသား - အင်း ကျွန်တော်ခုဘဲ LA က ပြန်လာတာ။ LAဆိုတာ လော့စ်အိန်ဂျယ်လိစ် လေ။
    Woman: I know.
    အမျိုးသမီး - သိပါတယ်။
  • Man: Yeah, I picked up some of the American words, and now I forget which ones to use! So confusing!
    အမျိုးသား - ဟုတ်တယ်၊ ကျွန်တော် အမေရိကန်စကားလုံးတစ်ချို့ တတ်လာတယ်၊ ပြီးတော့ အခု ဘယ်စကားလုံး သုံးရမယ်ဆိုတာ မမှတ်မိတော့ဘူး။ သိပ် ရှုပ်တာဘဲ။
    Woman: We call these“trousers” in Britain.
    အမျိုးသမီး - ဗြိတိန်မှာတော့ ဒီဘောင်းဘီရှည်ကို “trousers”လို့ ခေါ်တယ်။
  • Man: Of course we do...you know there are so many things …that’s it’s exactly a completely different language sometimes!
    အမျိုးသား - ဟုတ်တာပေါ့ ...မှတ်စရာတွေက သိပ်များတယ်လေ ... တစ်ခါတစ်ခါ စကားအသုံးအနှုန်းက လုံးဝကွာနေတော့လေ။
    Woman: Really?
    အမျိုးသမီး - ဟုတ်လား။
    Man: Yeah!
    အမျိုးသား - ဟုတ်တယ်။
  • Woman: Would you like a crisp?
    အမျိုးသမီး - crisp အာလူးအ ကြွပ်ကြော်စားမလား။
    Man: Crisps? In the States, they’re “chips”!
    အမျိုးသား - crisp တဲ့လား။ အမေရိကန်မှာတော့ “chips”လို့ ခေါ်တာဘဲ။
  • Woman: Oh. So if I want to order our chips in America, what do I ask for?
    အမျိုးသမီး - ဗြိတိန်မှာလည်း “chips” ရှိတယ်လေ၊ ဗြိတိန်က "chips" မျိုးကို အမေရိကားမှာ မှာချင်ရင် ဘယ်လိုမှာရမလဲ။
    Man: French fries!
    အမျိုးသား - အာလူးအချောင်းကြော် French fries လို့ ပြောရမှာ။
    Woman: I see.
    အမျိုးသမီး - သြော်။
  • Man: And you know what that is, don’t you?
    အမျိုးသား - ဒါကိုဘယ်လိုခေါ်လဲ သိတယ်မဟုတ်လား။
    Woman: A fizzy drink.
    အမျိုးသမီး - အမြှုပ်ထတဲ့ fizzy drink လို့ခေါ်တာပေါ့။
  • Man: That’s a “soda”!
    အမျိုးသား - “ဆိုဒါ” လို့ ခေါ်တယ်။
    Woman: Hmm…
    အမျိုးသမီး - အင်း။
  • Man: You know the lift over there?
    အမျိုးသား - ဟောဟိုမှာ lift ဓာတ်လှေကား မဟုတ်လား။
    Woman: Yeah?
    အမျိုးသမီး - အဲဒီတော့ ဘာဖြစ်လဲ။
  • Man: That’s an elevator.
    အမျိုးသား - elevator လို့ခေါ်ကြတယ်။
    Woman: Oh really?
    အမျိုးသမီး - သြော် ဟုတ်လား။
  • Man: You know in the States, you don’t go to watch a film...
    အမျိုးသား - အမေရိကန်မှာ ရုပ်ရှင်သွားကြည့်ရင် watch a film မဟုတ်ဘူး။
    Woman: You “watch a movie”!
    အမျိုးသမီး - “watch a movie”လို့ ပြောတာပေါ့။
  • Man: Exactly! And you don’t walk on the pavement…
    အမျိုးသား - ဟုတ်တယ်။ ပလက်ဖောင်းပေါ် လမ်းလျှောက်ရင် walk on the pavement မဟုတ်ဘူး။
    Woman: You walk on the "sidewalk"!
    အမျိုးသမီး - walk on the sidewalk ပေါ့။
  • Man: You got it!
    အမျိုးသား - ဟုတ်တာပေါ့။
    Woman: I’ve watched a lot of films...oops...movies!
    အမျိုးသမီး - ကျွန်မလည်း ရုပ်ရှင်တွေ အများကြီးကြည့်ထားတယ်လေ၊ movie တွေပေါ့။

by Saw Hosea
Myanmar Network

ဘယ်မှာဝယ်သလဲလို့ မေးနည်း (How to ask someone where they got that)


Ask the right questions to find out where people got their things.

ပစ္စည်းတွေ ဘယ်မှာဝယ်သလဲ သိချင်ရင် မှန်မှန်ကန်ကန် မေးတတ်အောင်ပါ။

  • Man: Hey, nice shoes!
    အမျိုးသား - ဟေး၊ ရှူးဖိနပ်က ကောင်းလိုက်တာ။
    Woman: Thanks!
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
  • Man: Could do with a pair like that myself.
    အမျိုးသား - ကျွန်တော်လည်း အဲဒါမျိုးတစ်ရံလောက် ၀ယ်စီးချင်တယ်။
    Woman: Oh really? They’re very comfortable.
    အမျိုးသမီး - တကယ်ပြောတာလား။ စီးလို့ သက်တောင့်သက်တာ သိပ်ရှိတာဘဲ။
  • Man: Yeah. Where did you get them?
    အမျိုးသား - အင်း။ ဘယ်မှာဝယ်တာလဲ။
    Woman: Just that place on the high street.
    အမျိုးသမီး - လမ်းမတန်းက ဆိုင်မှာပါ။
    Man: Oh yeah, I’ll have to go and take a look sometime.
    (Pause)
    အမျိုးသား - သြော် ဟုတ်လား။ တစ်ခါလောက် သွားကြည့်ဦးမှဘဲ။
    (ခေတ္တငြိမ်သက်)
  • Man: Hey!
    အမျိုးသား - ဟိုလေ
    Woman: What?
    အမျိုးသမီး - ဘာလဲ
  • Man: I’ve been looking for that book for ages!
    အမျိုးသား - ကျွန်တော်အဲဒီစာအုပ်ကို ရှာနေတာ ကြာလှပြီ။
    Woman: Really?
    အမျိုးသမီး - ဟုတ်လား။
  • Man: Yeah...where did you get it?
    အမျိုးသား - ဟုတ်တယ်၊ ဘယ်မှာ ၀ယ်တာလဲ။
    Woman: I bought it online. I just did a search and found it, you know...
    အမျိုးသမီး - အင်တာနက်က ၀ယ်လိုက်တာ။ အင်တာနက်မှာ ရှာလိုက်တော့ တွေ့တာဘဲလေ။
  • Man: Really?
    အမျိုးသား - ဟုတ်လား။
    Woman: Yes. It’s not that difficult.
    အမျိုးသမီး - အင်းပေါ့။ သိပ်မခက်ပါဘူး။
    Man: I’ll have to havea look.
    (Pause)
    |အမျိုးသား - ကျွန်တော်လုပ်ကြည့်ဦးမယ်။
    (ခေတ္တငြိမ်သက်)
  • Man: Hey!
    အမျိုးသား - ဟိုလေ
    Woman: What?
    အမျိုးသမီး - ဘာလဲ
  • Man: That’s a tasty-looking sandwich!
    အမျိုးသား - အသားညှပ်မုန့်က အရသာရှိမယ့် ပုံဘဲ။
    Woman: It’s a tasty-tasting sandwich too...
    အမျိုးသမီး - အသားညှပ်မုန့်က တကယ်လည်း အရသာရှိပါတယ်။
  • Man: Where did you er...
    အမျိုးသား - ဟိုလေ ... ဘယ်ကနေ ...
    Woman: Where did I get it?
    အမျိုးသမီး - ဘယ်က ၀ယ်သလဲလို့ မေးမလို့လား။
  • Man: Yeah! That’sexactly what I was going to say....!
    အမျိုးသား - ဟုတ်ပါတယ်။ ကျွန်တော်လည်း အဲဒါဘဲ မေးမလို့။
    Woman: I made itmyself.
    အမျိုးသမီး - ကျွန်မကိုယ်တိုင် လုပ်တာ။
    Man: Oh.
    အမျိုးသား - သြော်။
  • Woman: Here – have it!
    အမျိုးသမီး - ဒီမှာ၊ စားပါဦး။
by Saw Hosea
Myanmar Network

ချီးမွမ်းပြောဆိုနည်း (How to pay a compliment)


နည်းလမ်းတကျ ချီးမွမ်းပြောဆိုတတ်ဖို့ လေ့လာထားပါ။


  • Man: Good morning!
    အမျိုးသား - နှုတ်ဆက်စကား
    Woman: Morning!
    အမျိုးသမီး - တုံ့ပြန်နှုတ်ဆက်
  • Man: By the way, I just wanted to say well done on clinching that deal!
    အမျိုးသား - စကားမစပ် ပြောရဦးမယ်။ အဲဒီသဘောတူညီချက်ရအောင်လုပ်လိုက်တာ သိပ်ကောင်းတာဘဲ။
    Woman: Oh, thanks. It wasn’t too difficult.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ သိပ်မခက်ပါဘူး။
  • Man: You’re being modest! You did really well.
    အမျိုးသား - ကိုယ့်ကိုယ်ကို နှိမ့်ချပြောတာပါ။ တကယ်တော့ အင်မတန် တော်တဲ့ လုပ်ရပ်ပါ။
    Woman: Thank you.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
  • Man: You’re a great manager, you know.
    အမျိုးသား - ခင်ဗျားက အင်မတန်တော်တဲ့ မန်နေဂျာဘဲ သိတယ်မဟုတ်လား။
    Woman: Do you think so?
    အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
  • Man: Oh yeah.
    အမျိုးသား - ထင်ပါတယ်။
    Woman: I appreciate that. (Pause)
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။
    (ခေတ္တငြိမ်သက်)
  • Man: Have you cut your hair?
    အမျိုးသား - ဆံပင်ညှပ်ထားလား။
    Woman: Oh yes, I did actually. Thanks for noticing!
    အမျိုးသမီး - ဟုတ်တယ်။ ညှပ်လိုက်တယ်။ သတိပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • Man: Where did you get it done?
    အမျိုးသား - ဘယ်မှာညှပ်တာလဲ။
    Woman: Oh, just thatplace on the high street.
    အမျိုးသမီး - လမ်းမတန်းက ဆိုင်မှာပါ။
  • Man: They did a great job and it looks great with the out fit.
    အမျိုးသား - ဆံပင်ညှပ်တဲ့သူတွေ တကယ်တော်တာဘဲ၊ အ၀တ်အစားနဲ့လည်း သိပ်လိုက်တယ်။
    Woman: Do you think so?
    အမျိုးသမီး - အဲဒီလိုဘဲ ထင်သလား။
  • Man: Oh yeah. Very …fashionable.
    အမျိုးသား - ထင်ပါတယ်၊ သိပ် ဖက်ရှင်ကျတာဘဲ။
    Woman: Oh, it’s just an old thing.
    အမျိုးသမီး - ပုံဟောင်းနေပါပြီ။
  • Man: Well, you’ve got a great sense of style.
    အမျိုးသား - ခင်ဗျား စတိုင် သိပ်ကောင်းတာဘဲ။
    Woman: Thank you, youtoo.
    အမျိုးသမီး - ကျေးဇူးတင်ပါတယ်။ ရှင်လည်း ဒီလိုပါဘဲ။
  • Man: Thank you.
    (pause)
    အမျိုးသား - ကျေးဇူးတင်ပါတယ်။
    (ခေတ္တငြိမ်သက်)
  • Man: Nice perfume, too.Is that Dream?
    အမျိုးသား - ရေမွှေးလည်းကောင်းတယ်နော်။ Dream ရေမွှေးလား။
    Woman: Well, yes it is,actually.
    အမျိုးသမီး - ဟုတ်တယ်။
  • Man: You wear it well.
    အမျိုးသား - ခင်ဗျားနဲ့ လိုက်တယ်။
    Woman: I’m flattered.
    အမျိုးသမီး - သိပ်မြှောက်တာဘဲ။
    Man: My pleasure.
    အမျိုးသား - တကယ်ပြောတာပါ။
  • Woman: Listen, do you want something?
    အမျိုးသမီး - နေပါဦး။ ရှင်တစ်ခုခု လိုချင်တာရှိလို့လား။
    Man: No. I’m just being polite, you know.
    အမျိုးသား - မရှိပါဘူး။ စကားကို ယဉ်ကျေးအောင် ပြောတာလေ။
    Woman: Hmmm.
    အမျိုးသမီး - သြော်။
by Saw Hosea
Myanmar Network