This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, 29 April 2012

Point စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ a case in point, sticking point, beside the point နဲ့ score a point တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းမှာ a case in point ဖြစ်ပါတယ်။ A = တခု, Case = ဖြစ်ရပ်တရပ်, In = အထဲမှာ (သို့မဟုတ်) ရှိနေတာ၊ ပတ်သက်နေတာ, Point = (အဓိပ္ပါယ်အမျိုးမျိုးရှိရာမှာ) noun - နာမ်အဖြစ်သုံးရင်တော့ အဖျား၊ အချွန်၊ အစွန်း၊ အငူ၊ အဆင့်၊ အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး။ verb - ကြိယာအဖြစ်သုံးရင်တော့ ညွှန်းပြသည်၊ ထောက်ပြသည်၊ ချွန်မြသည် တို့ ဖြစ်ကြပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဖြစ်ရပ်တခုကို ထောက်ပြရရင်တော့ ဖြစ်ပါသည်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တခုခုအကြောင်း စကားပြောဆိုရာမှာ ဥပမာဖြင့် ထောက်ပြရရင်။ တနည်း ဒီအကြောင်းနဲ့ ပတ်သက်လို့ ပိုရှင်းလင်းအောင် ပြောရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ယူနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Smoking is dangerous to one's health a case in point is my brother John, who smokes two packs a day. He has a lung cancer, and a doctor said he won't live long.

ဆေးလိပ်သောက်တာ လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို သက်သေအဖြစ် ထောက်ပြရမယ်ဆိုရင် ကျနော့်ညီ John ဟာ တနေ့ ဆေးလိပ် (၂) ဘူး သောက်တယ်။ အဆုတ်ကင်ဆာ ဖြစ်လို့ သူကြာကြာ အသက်ရှင်နေတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sticking point ဖြစ်ပါတယ်။ Sticking = ဒီနေရာမှာ နာမဝိသေသန (adjective) ဖြစ် သုံးထားပြီး၊ ထိုးထွက်ထောင်ထွက်နေသော, Point = အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ ထိုးထွက်ထောင်ထွက်နေသော အချက်အလက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နှစ်ဖက်ကြား အမြင်ချင်းမတူ၊ မတိုက်ဆိုင်ခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

The sticking point between two labor unions is a pay rate and working hours.

အလုပ်သမဂ္ဂ နှစ်ဖွဲ့ကြား သဘောမတူနိုင်တဲ့ အချက်ကတော့ လစာတိုးပေးရေးနဲ့ အလုပ်ချိန် သတ်မှတ်ရေးနဲ့ ပတ်သက်နေတယ်။

နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ beside the point ဖြစ်ပါတယ်။ Beside = ဘေးမှာ, Point = အချက် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချက်အလက်ဘေးမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပြောနေတဲ့ ဆွေးနွေးနေတဲ့ အချက်အလက်နဲ့ ဘာမှ မဆိုင်ဘူးဆိုရင် That side the point လို့ သုံးနှုန်းနိုင်ပါတယ်။ မဆီမဆိုင်၊ မပတ်သက်တာ၊ ဘာဆိုင်လို့လည်း သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Since we are trying to get young people to join our group. What old people think is beside the point. We don't think it's important.

ကျနော်တို့က ကျနော်တို့အဖွဲ့ကို လူငယ်တွေ စိတ်ဝင်စားဖို့ ကြိုးစားနေတယ်ဆိုတော့ လူကြီးတွေရဲ့  အမြင်က ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ဒါကြောင့် လူကြီးတွေရဲ့  အမြင်က အရေးကြီးတယ်လို့ ဒီနေရာမှာ ကျနော်တို့ မထင်ဘူး။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ score a point ဖြစ်ပါတယ်။ Score = အမှတ်ရသည်၊ အောင်ပွဲရသည်၊ အနိုင်မှတ်ရသည်, A = တခု, Point = အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမှတ်ရလိုက်သည်၊ အမှတ်ယူလိုက်သည် ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားမှာ ဂိုးတဂိုး သွင်းလိုက်တယ်ဆိုရင် အမှတ်ရတဲ့အတွက်ကြောင့် score a point လို့ ပြောလို့ရပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ကျမတို့ မြန်မာဘန်းစကားအရ မှတ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဂျက်မိလိုက်တာ၊ တဖတ်သား အထင်ကြီးအောင်၊ အလေးထားအောင် လုပ်နိုင်တာကို ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

Our governor scored a point with people when he promised them he will work to reduce taxes.

ကျနော်တို့ပြည်နယ် အုပ်ချုပ်ရေးမှူးက အခွန်ငွေ လျှော့ချရေးအတွက် သူကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဂတိပေးလိုက်တော့ လူထုကြားမှာ အမှတ်ရသွားခဲ့တယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Thursday, 26 April 2012

The Flatmates Episode 6-10



Episode 6: Breakfast time

Tim:       Morning, campers!
Alice:    Ooh, not so loud, my head's killing me.
Michal:  I'm feel awful too. I've got a pain stomach. My head hurts.....
Tim:       Welcome to your first British hangover Michal! What you need now is a good fry-up.
Alice:     Bleugh! Oh, morning Helen. You look as bad as I feel. Have you been crying?
Helen:    No, no of course not. Just burning the midnight oil studying, studying, studying.
Tim:      So, who's for eggs, beans and toast?
Alice:    Urgh! You really are a pain in the neck sometimes Tim!



Episode 7: Paying the rent

Helen:    Oh no, it's that time of the month again - time to pay the rent.
Tim:       Comes round fast enough, doesn't it?
Alice:     Yeah and I'm so broke just now. I don't know where my money goes.
Tim:       You need to tighten your belt Alice. Well, I'm fairly flush this month, want me to lend you some cash?
Alice:     Tim, would you?
Tim:       Sure, you know me, always willing to help a damsel in distress. There's only one small catch......



Episode 8: The newcomer

Alice:      Hi Michal! Look what I found in a box, near the rubbish bins outside the hospital. Can you believe someone wanted to throw her away! Isn't she adorable?
Michal:   What are you going to call her? How about Bronka? That's a good Polish name.
Alice:      Mm, I think she looks more like a Co-Co...Oh, hi Helen, meet our new flatmate. We just need to find a name for her.
Helen:     Em, I don't think so. You know we're not allowed pets in the flat. It's against the rules.



Episode 9: The favour

Michal:  I'm going to see a film tonight. Will anyone like to come with me?
Alice:    Oh I'd love to Michal but I have to iron all these shirts for Tim.
Helen:    Look, why don't you go with Michal and I'll iron the shirts?
Michal:  Oh Helen, that's so kind of you.
Alice:    But don't you want to go to the cinema too?
Helen:   Yes but I need to study. I'll do the shirts, phone the landlord about keeping the cat and then I'll hit the books.
Alice:    Oh thanks, we owe you. Bye!
Michal: Bye!
Helen:   Oh Cat! What could I do? They seem made for each other.



Episode 10: Choosing a film

Alice:    Oh, what do you fancy seeing? There's Must Love Dogs - a rom-com. Oh I love romantic comedies, don't you? Pride and Prejudice is on - I adore period dramas. You know all those fine ladies and gents from ages ago, long dresses and grand houses. What kind of films do you like - action, adventure, musicals?
Michal:  Films about people living in the future, on other planets.
Alice:     Oh, sci-fi - not really my thing.
Michal:  Well, what about Nightmare on Elm Street? They're showing that again here.
Alice:     No thanks, horror films don't do it for me.
Michal:  Well, why don't you choose?
Alice:     No, you invited me out, you choose.
Michal:  No, I insist.

Monday, 23 April 2012

Nothing စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sweet nothings, here goes nothing နဲ့ nothing doing တို့ ဖြစ်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sweet nothings ဖြစ်ပါတယ်။ Sweet = ချိုတာ၊ ချစ်စရာ ကောင်းတာ၊ Nothings = ဘာမှမရှိခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်လေးနက်မှု မရှိတာ၊ အနှစ်သာရ မရှိတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် Sweet Nothings ဆိုတဲ့ လုံးကောက် အဓိပ္ပါယ်ကတော့ ဘာမှ အနှစ်သာရ မရှိတဲ့ ချိုသာတဲ့ စကားတွေလို့ ဆိုရမှာပါ။ Sweet nothing ရဲ့  အီဒီယံ အဓိပ္ပါယ်ကတော့ ချိုတယ်၊ ချစ်စရာ ကောင်းတယ် ဆိုပေမဲ့ အဓိပ္ပါယ်မရှိ၊ လေးနက်မှု မရှိတဲ့ စကားတွေပဲ ဖြစ်ပါတယ်။

အဆိုတော် မာမာအေးရဲ့ နှစ်ယောက်ထဲ နေချင်တယ်ဆိုတဲ့ သီချင်းထဲမှာ ဧ၀ရက် တောင်ထိပ်မှာ ချစ်သူနဲ့ ဆိုရင် ဘယ်လိုပဲ နေရနေရ ဆိုသလို၊ မိုးပေါ်က ကြယ်တွေကို ဆွတ်ပေးပါ့မယ်၊ တရက်မတွေ့ရတာ ဒီ မောင့်အတွက် တသက်ထင်တယ် ဆိုတာမျိုးလို၊ ချစ်သူကျအောင် အပြောကောင်း၊ ချွဲပြီး တွတ်တီးတွတ်တာ ပြောတဲ့ မူယာမာယာ အပြောမျိုး တွေကို Sweet Nothings လို့လည်း ရည်ညွှန်း ပြောလို့ ရပါတယ်။ ဘန်းစကားနဲ့ ပြောရရင်တော့ အပိုစကားတွေပေါ့။

အမျိုးသားတဦးနဲ့ တွဲနေတဲ့ ညီမဖြစ်သူကို သတိပေးတဲ့ George Crows ရဲ့  ဥပမာ တခုကို လေ့လာကြည့်ကြပါစို့။
Sis, be careful of that guy, Peter, you have a date with tonight. I hear he’s expert at using sweet nothings to get his way with a girl. Later, she finds out that what they mean. Nothing!

ညီမလေးရေ - ဒီနေ့ည ညီမလေးနဲ့ အပြင်ထွက်ဖို့ ချိန်းထားတဲ့ Peter ကို သတိထားနော် ကြားရတာကတော့ ဒီလူက အမျိုးသမီးတဦးနဲ့ စွံရလေအောင် တွတ်တီးတွတ်တာ ပြောတဲ့နေရာမှာ ကျွမ်းကျင်ဆိုပဲ။ နောက်ပိုင်းမှာတော့ ဒီ စကားတွေဟာ တဘက်သား ကျလောက်အောင်သာ ရည်ရွယ်ပြီး တခြား ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး ဆိုတာကို အဲဒီအမျိုးသမီး သိလာရတယ်။

ဆက်ပြီး တင်ပြမယ့် အီဒီယံ အသုံးကတော့ here goes nothing ဖြစ်ပါတယ်။ Here = ဒီမှာ၊ Goes = သွားပြီ (here goes = ဒီမှာသွားပြီ)၊ Nothing = ဘာမှ မရှိတာ၊ ဘာမှ မဟုတ်တာ၊ အညတရ တဦးလို့ လုံးကောက် အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် တိုက်ရိုက် အဓိပ္ပါယ်အရ အညတရ တဦးတော့ သွားပြီဟေ့လို့ ဆိုရမှာပါ။ ဒီအသုံးကို မိမိက တခုခကို စမ်းသပ်ရမှာ၊ ဒါမှမဟုတ် ဝင်ယှဉ်ပြိုင်ရာမှာ ကိုယ့်ကိုယ်ကို သိပ်ပြီး မမှန်းထားရင် အရှက်ပြေနှိမ့်ချ ပြောဆိုရာမှာ ဘန်းစကား အဖြစ် အသုံးပြုလေ့ရှိပါတယ်။

ဥပမာ အပြေးပြိုင်ပွဲမှာ တခြား စံချိန်တင် အပြေးသမားတွေနဲ့ ဝင်ယှဉ်ပြိုင်ရလို့ ကိုယ့်အနေနဲ့ အနောက်က ပြတ်ကျန်ခဲ့ရမယ့် အလားအလာမျိုး ရှိရင်၊ ကိုယ့် သူငယ်ချင်းတွေကို သိပ်ပြီး အထင် မကြီးစေချင်ရင်၊ ရှုံးခဲ့သော် မျက်နှာ သိပ်မပူရ လေအောင် ကိုယ့် အရည်အချင်း အကြောင်းကို အရှိကို အရှိအတိုင်း စကားပလ္လင်ခံတဲ့ နေရာမှာ Here goes nothing ကိုပြီး၊ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးတော့ ပြောလေ့ရှိပါတယ်။

ဆိုလိုတာကတော့ မောင်ရင်တို့ရေ သိပ်ပြီး အထင်မကြီးကြလေနဲ့။ ကျနော်ကတော့ သိပ်မဟန်လှဘူးဆိုတဲ့ သဘောမျိုးပါ။ သူ သိပ်မကျွမ်းကျင်ဘူးလို့ ဆိုရမယ့် စင်မြင့်ပေါ်တက်ပြီး မိန့်ခွန်း ပြောရမယ့် အလုပ်ကို လုပ်ရတော့မှာမို့ သူ အိုးနင်းခွက်နင်း ဖြစ်နိုင်မယ့် အခြေအနေမျိုးအတွက် သူ့သူငယ်ချင်းတွေကို ကြိုပြီး စကားပလ္လင်ခံထားတဲ့ George Crows ပေးတဲ့ ဥပမာ တခုကို လေ့လာကြည့်ရအောင်ပါ။

Well, Jack, here goes nothing. Right now, I wish I spent a lot more time preparing. It’s a tough audience I hear. Right now I’d rather be anywhere else, even at the dentist.

Jack ရေ။ သိပ်တော့ ဟန်မယ်မထင်ပါဘူး။ အခုအချိန်မှာတော့ ကြိုတင်ပြင်ဆင်ခဲ့မိရင် ကောင်းသားလို့ နောင်တရမိတယ်။ ပရိသတ်ကလည်း မခေလှဘူးလို့ ကြားတာပဲ။ ဒီအချိန်မှာတော့ ဒီနေရာကလွဲလို့ ဘယ်နေရာ ရောက်ရောက်ရောက်ပါစေ။ ကုန်ကုန်ပြောရရင် သွားဆရာဝန်ဆီကိုတောင် သွားလိုက်ချင်သေးတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက Nothing doing ဖြစ်ပါတယ်။ Nothing = ဘာမှမဟုတ်တာ၊ Doing = လုပ်နေတယ်ဆိုတော့ စကားပိုဒ် တခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဘာမှလုပ်လို့မရတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံ သဘောမှာတော့ တယောက်ယောက်ဆီက မေတ္တာရပ်ခံမှုကို လေးလေးနက်နက် အပြောနဲ့ ပယ်ချလိုက်တဲ့ အဓိပ္ပါယ်ဆောင် ပါတယ်။ ပိုပြီးလေးနက်အောင် ပြောချင်ရင်တော့ အခုလို ပြောလို့ရပါတယ်။
No, I won’t do it and I mean it.
“မလုပ်ဘူးဗျာ။ ကျုပ် တကယ် မလုပ်ဘူး။ တကယ့်ကို ယုံယုံကြည်ကြည့်နဲ့ ပြောတာ” ဆိုပြီး ငြင်းလိုက်တာမျိုးလဲ ရှိပါတယ်။
အခုတင်ပြပေးမယ့် ဥပမာက သူ့ရဲ့ ဆယ်ကျော်သက် သားလေးက နောက်မိန်းကလေး တဦးကို အထင်ကြီးရလေအောင် သူ့အဖေဆီက ကားယူသုံးခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကို အဖေက ငြင်းဆိုတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I tell you nothing doing. I just paid nine hundred dollars to fix my car after that accident you got into last week. Didn’t I tell you? You can’t drive my car again until you learn to be a safe driver.

သားကိုပြောမယ် မင်းအခုလာတောင်းတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ။ ပြီးခဲ့တဲ့ အပတ်ကပဲ ကားယူ သုံးလို့ ကားတိုက်မှု ဖြစ်တာမှာ ဒေါ်လာငွေ ကိုးရာ အကုန်ခံပြီးတော့ ပြင်ပြီးခါစပဲ ရှိသေးတယ်။ စိတ်ချလက်ချ ရှိရှိနဲ့ သား ကားမမောင်းတတ်မချင်း မမောင်းရဘူးလို့ အဖေပြောခဲ့တယ် မဟုတ်လား။

တိုတိုတောင်းတောင်းနဲ့ ငြင်းဖို့အတွက် ဆိုရင် No way! ၊ ဒါမှမဟုတ် forget it လို့ ပြောရင်လည်း ရပါတယ်။ No way က ဘယ်လိုမှ မဖြစ်နိုင်ဘူး လို့ အဓိပ္ပါယ်ရ ပါတယ်။ Forget it ကတော့ ရမယ်လို့တော့ စိတ်ကူးထဲတောင် မထည့်လိုက်နဲ့ ဆိုတဲ့ သဘောပါ။

စောစောက ပြောခဲ့တဲ့ No, I won’t do it လိုမျိုး၊ အခုပြောတဲ့ No way! နဲ့ Forget it! တို့လို သုံးမျိုးလုံးကို သုံးမယ်ဆိုရင် ယဉ်ကျေးတဲ့ အသုံးများ မဟုတ်တာကြောင့် အခြေအနေနဲ့ လိုက်ဖက်တဲ့ အခါမှသာ သုံးပါလို့ အကြံပေးချင်ပါတယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network

အသုံးဝင်သော အင်္ဂလိပ်စကားအသုံးအနှုန်းများ 3

call/     crack/      hand/      mind/      move

That's what I call ...  (ဒါမျိုးမှ …. လို့ခေါ်တာ)

You say that's what I call when you think that something is very good, as though it were a perfect example: 
(ဒါမျိုးမှ….လို့ခေါ်တာ (that’s what I call..) ဆိုတဲ့ အသုံးအနှုန်းကို အရာတစ်ခုခုသည် စံနမူနာယူလောက်အောင် ကောင်းတယ်လိုံ့ ထင်တဲ့အခါမှာ သုံးပါတယ်။)

  • Now that's what I call a good cup of tea.
    (ကဲ။ ဒါမျိုးမှ လက်ဖက်ရည်ကောင်းတစ်ခွက် လို့ခေါ်တာ။)
  • That's what I call a fine portrait.
    (ဒါမျိုးမှ ပုံတူ ပန်းချီကားကောင်းတစ်ချပ် လို့ခေါ်တာ။)

Get cracking (မြန်မြန်လုပ်)

You say get cracking in an informal context when you mean that there is a need for hurry or speed:
(မြန်မြန်လုပ် (get cracking) ကို ရင်းနှီးတဲ့အခြေအနေမှာ အလောတကြီးဆောင်ရွက်ဖို့ လိုအပ်တဲ့အခါ အရှိန်မြှင့်တင်ပြီး ဆောင်ရွက်ဖို့ လိုအပ်တဲ့အခါ ပြောပါတယ်။)

  • Get cracking! That work has to be finished today!
    (မြန်မြန်လုပ်! ဒီအလုပ်က ဒီနေ့ပြီးမှဖြစ်မှာ။)
  • We should get cracking. The last bus leaves in half-an-hour.
    (ငါတို့ မြန်မြန်လုပ် မှပဲ။ နောက်ဆုံး ဘတ်(စ)ကားက နောက်နာရီဝက်နေရင် ထွက်တော့မှာ။)

You've got to hand it to (…ကို အသိအမှတ်တော့ ပြုရမယ်။)

You say you've got to hand it to someone when you mean that someone is very successful or skilful in some way and deserves to be praised:
(… ကို အသိအမှတ်တော့ ပြုရမယ် (you’ve got to hand it to) ဆိုတဲ့အသုံးအနှုန်းကို တစ်စုံတစ်ယောက်က နည်းလမ်းတစ်ခုခုနဲ့ အောင်မြင်သွားတဲ့အတွက် (သို့) ကျွမ်းကျင်သွားတဲ့အတွက် ချီးကျူးသင့်တဲ့အခါတွင် သုံးပါတယ်။)

  • Meg's not very popular in the firm, but you've got to hand it to her. She's a very good salesperson.
    (မက်(ဂ) (Meg) ကို အလုပ်ထဲမှာတော့ လူတွေက သိပ်သဘော မကျကြပေမယ့် သူမကိုအသိအမှတ်တော့ပြုရမယ်။ သူမက အလွန်တော်တဲ့ အရောင်းစာရေးမပဲ။)
  • You've got to hand it to Bob. He's not one of the brightest students, but he worked very hard and passed all his exams.
    (ဘော့(ဘ) (Bob) ကိုအသိအမှတ်တော့ပြုရမယ်။ သူဟာ အတော်ဆုံးကျောင်းသားတွေထဲက တစ်ယောက်တော့ မဟုတ်ပေမယ့် သူက အရမ်းကြိုးစားပြီး စာမေးပွဲအားလုံးကို အောင်သွားတယ်။)

Never mind! (ကိစ္စမရှိပါဘူး။ နေပါစေ)

You say never mind! to someone to tell them that something is not important and does not matter:
(ကိစ္စမရှိပါဘူး / နေပါစေ (never mind!) ကို လူတစ်ဦးတစ်ယောက်အား အကြောင်းအရာတစ်ခုခုသည် အရေးမကြီးကြောင်း နေလို့ရကြောင်းပြောလိုတဲ့အခါတွင် သုံးပါတယ်။)

  • 'I'm going to be a bit late for the meeting.'
    (ငါအစည်းအဝေးကို နည်းနည်းနောက်ကျမယ်။)
    'Never mind!
    The important business is at the end.'
    (ကိစ္စမရှိဘူး။ အရေးကြီးတဲ့ ကိစ္စက နောက်ဆုံးမှပါ။)
  • 'I'm sorry. I've spilt some wine on the tablecloth.'
    (တောင်းပန်ပါတယ်။ စားပွဲခင်းပေါ်ကို ၀ိုင် နည်းနည်းပေသွားတယ်။)
    'Never mind!
    The stain will wash out.'
    (ကိစ္စမရှိပါဘူး။ အစွန်းက လျော်လိုက်ရင် ပျောက်သွားပါလိမ့်မယ်။)

Get a move on (မြန်မြန်လုပ်)

You say get a move on in an informal context when you mean that there is a need for hurry or speed:
(မြန်မြန်လုပ် (get a move on) ကို ရင်းနှီးတဲ့ အခြေအနေမှာ အလောတကြီးဆောင်ရွက်ဖို့လိုတဲ့အခါ (သို့) အရှိန်မြှင့်တင်ပြီးဆောင်ရွက်ဖို့လိုတဲ့အခါမှာ အသုံးပြုပါတယ်။)

  • Get a move on! You're going to be late for school.
    (မြန်မြန်လုပ်! မင်းကျောင်းနောက်ကျတော့မယ်။)
  • We must get a move on or we'll be late for dinner.
    (ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်။  မဟုတ်ရင် ညစာစားဖို့အတွက် နောက်ကျကြလိမ့်မယ်။

problem/      rest/       step/      think

No problem! (ပြဿနာမရှိပါဘူး)

You say no problem! when you think that something will be easy to do or get:
(ပြဿနာမရှိပါဘူး (no problem!) ကို အကြောင်းအရာတစ်ခုခုကို လွယ်လင့်တကူလုပ်နိုင်တယ် (သို့) ရရှိနိုင်တယ်လို့ ထင်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။)

  • 'I need my car back by Saturday'
    ငါ့ကားကို စနေနေ့ ပြန်လိုချင်တယ်။
    'No problem!
    It will be ready by tomorrow evening.'
    ပြသနာမရှိပါဘူး။
    နက်ဖြန်ညနေဆိုရင် အဆင်သင့် ဖြစ်နေပါပြီ။
  • 'I'm looking for a one-bedroom flat in this area.'
    ဒီရပ်ကွက်ထဲမှာ အိပ်ခန်းတစ်ခန်းပါတဲ့ တိုက်ခန်းတစ်ခန်းကို ရှာနေပါတယ်။
    'No problem!
    There are quite a few vacant just now.'
    ပသနာမရှိပါဘူး။ အခုလောလောဆယ် လွတ်နေတဲ့အခန်းအချို့ ရှိနေပါတယ်။

You can also say no problem! to show that you can do something that somebody has asked you to do and that you are willing to do so:
(ရပါတယ်/ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က သင့်အား တစ်စုံတစ်ခု လုပ်ပေးရန်တောင်းဆိုသည်ကို  လိုလို လားလား လုပ်ပေးချင်ကြောင်း ဖေါ်ပြသည့် အနေဖြင့် ပြောနိုင်သည်။)

  • 'Can you mend this torn dress for me?'
    ဒီပြဲနေတဲ့ ဂါဝန်ကို ချုပ်ပေးနိုင်မလား?
    'No problem! It will be ready tomorrow.'
    ရပါတယ်၊ နက်ဖြန်ဆိုရင် အသင့်ဖြစ်နေပါပြီ။

You can also use no problem! as an informal reply when somebody thanks you for doing something:
(ရပါတယ်။ ကိစ္စမရှိပါဘူး (no problem) ကို တစ်စုံတစ်ယောက်က ကျေးဇူးတင်စကားပြောရာတွင်လည်း ရင်းနှီးစွာ တုန့်ပြန်သည့် အနေဖြင့် သုံးနိုင်သည်။)

  • 'Thanks for giving me a lift to the station.
    ဘူတာရုံကို ကားကြုံတင်လာတဲ့အတွက် ကျေးဇူးပါ။
    'No problem!'
    ရပါတယ်။ ကိစ္စမရှိပါဘူး

And the rest (ကျန်တာကရော)

You say and the rest to show that the actual number or amount of something is more than has been stated:
(ကို တစ်စုံတစ်ခု၏ အရေအတွက် (သို့) ပမာဏသည် ဖော်ပြထားသည်ထက် ပိုမိုများပြားနေသည်ကို ဖော်ပြလိုပါက သုံးပါသည်။)

  • 'A car like that would cost about $60,000.'
    ဒီလိုကားမျိုးက ဒေါ်လာ ၆၀ ၀၀၀ လောက်တော့ ပေးရမယ်။
    'And the  rest! I'd say nearer $70,000.'
    ကျန်တာကရော!  ကျွန်တော့် အမြင်ပြောရရင် ဒေါ်လာ ၇၀ ၀၀၀ နားကပ်နေတယ်။
  • It’ll take us at least three days to finish this work.'
    ဒီအလုပ်ကိုပြီးဖို့ အနည်းဆုံး ၃ ရက်လောက်တော့ ငါတို့လိုလိမ့်မယ်။
    'And the  rest! Only half the workers are working on this project.
    ကျန်တာကရော!   ဒီစီမံကိန်းမှာ အလုပ်သ္မားက တစ်ဝက်ပဲ အလုပ်လုပ်နေတာ။

Step on it (မြန်မြန်မောင်းပါ)

You say step on it in an informal context when you mean that there is a need for hurry or speed, especially with reference to driving a car:
(မြန်မြန်မောင်းပါ (step on it) ဆိုတဲ့ အသုံးအနှုန်းကတော့ ကားမောင်းတာနဲ့ ပိုပြီး ဆီလျော်ပါတယ်။ အဓိပ္ပါယ်ကတော့ အလျင်လိုတယ် မြန်မြန်မောင်းပါဆိုတဲ့ အဓိပ္ပါယ်ပါပဲ။)

  • You'll have to step on it or be late for the interview.
    မန်မြန်မောင်းပါ ! မဟုတ်ရင် အင်တာဗျူးနောက်ကျတော့မယ်။
  • Step on it. I promised my mother that we wouldn’t be late for lunch.
    မြန်မြန်မောင်းပါ !
    အမေ့ကို နေ့လည်စာစားဖို့နောက်မကျပါဘူးလို့ ကတိပေးထားတယ်။

I thought as much (ငါ ထင်သားပဲ)

You say I thought as much when you have found out that you were right about something that you thought or suspected:
ငါထင်သားပဲ (I thought as much) ကို တစ်စုံတစ်ရာအား သင်တွေးထင် (သို့) သံသယရှိထား တဲ့အတိုင်း ဟုတ်မှန်နေသည့်အခါတွင် အသုံးပါပြုပါသည်။)

  • I thought as much. That boy who's making all the noise is our neighbour's son.
    ငါထင်သားပဲ။
    အဲဒီဆူညံသံတွေကို လုပ်နေတဲ့ ကောင်လေးက ငါတို့ အိမ်နီးချင်းရဲ့ ကလေးပဲ။
  • I thought as much. The girl who got the job is the manager's daughter.
    ငါထင်သားပဲ။
    အလုပ်ရသွားတဲ့ကောင်မလေးက မန်နေဂျာရဲ့ သမီးပဲ။

Beat/     Come/      Die/     First/     Habit

It beats me (ငါတော့နားမလည်နိုင်ဘူးကွာ)

You say it beats me when you cannot understand something.
(It beats me (ငါတော့နားမလည်နိုင်ဘူးကွာ) ဆိုတဲ့အသုံးအနှုန်းကို အကြောင်းအရာ တစ်ခုခုကို နားမလည် တဲ့အခါမှာ အသုံးပြုပါတယ်။)

  • It beats me why Jack stays with this firm. He could get a much better job elsewhere.
    (ဂျက်(ခ)(Jack)ဟာ ဘာ့ကြောင့် ဒီကုမဏီမှာ ဆက်နေတယ် ဆိုတာကို ငါတော့နားမလည်နိုင်ဘူးကွာ။ တခြားနေရာမှာဆိုရင် ဒီထက်ပိုကောင်းတဲ့အလုပ်ရနိုင် ရဲ့သားနဲ့။)
  • It beats me why Jim decided to work in the family factory. He could have gone to university.”
    ဂျင်(မ)(Jim) ဟာ ဘာ့ကြောင့် မိသားစုစက်ရုံမှာ ၀င်ရောက်အလုပ်လုပ်ဖို့ ဆုံးဖြတ်တာလဲ ဆိုတာကို ငါတော့ နားမလည် နိုင်ဘူးကွာ။ တက္ကသိုလ် သွားနိုင်ရဲ့သားနဲ့။)

Come off it! (သွားစမ်းပါ/လုပ်မနေစမ်းပါနဲ့)

You say come off it! to someone ,informally and rather rudely , when you think that they have said something that
You disagree with or that you think is untrue or stupid:
(သင့်အနေနဲ့ သဘောမတူတဲ့ အကြောင်းအရာ တစ်ခုခု (သို့) မမှန်ဘူး (သို့) အဓိပါယ်မရှိဘူး လို့ထင်နေတဲ့ အကြောင်းအရာတစ်ခုခုကို တစ်စုံတစ်ယောက်က ပြောလာတဲ့အခါ ထိုသူအား come off it! (သွားစမ်းပါ/လုပ်မနေစမ်းပါနဲ့!) လို့ပြောပါတယ်။ ရင်းနှီးပြီး သိပ်မယဉ်ကျေးလှတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

  • “I think Dad’s mean not to give me the money for that dress.”
    (အဲဒီအကျီ င်္ ၀ယ်ဖို့အတွက် အဖေပိုက်ဆံ မပေးတာကတော့ ကပ်စေးနဲလွန်းတယ်လို့ ငါထင်တယ်။)
    Come off it, Meg! He gave you money for clothes only yesterday.”
    (လုပ်မနေစမ်းပါနဲ့မဂ်(ဂ)ရာ! အ၀တ်အစားအတွက် ပိုက်ဆံကို မနေ့ကပဲ မင်းကို အဖေပေးတယ်လေ။)
  • “I hope our team wins today.”
    (ဒီနေ့ ငါတို့အသင်း နိုင်ဖို့ မျှော်လင့်ပါတယ်)
    Come off it! Three of our best players are injured. We’re bound to lose.
    (သွားစမ်းပါ! ငါတို့ရဲ့ အကောင်းဆုံး အားကစားသမား သုံးယောက်က ထိခိုက်ဒဏ်ရာ ရထားတယ် ငါတို့ရှုံးမှာသေချာနေပါတယ်။)

I’m dying for (………….. ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ)

You say that you are dying for something in an informal context if you want it very much.
(ရင်းနှီးတဲ့ အခြေအနေမျိုးမှာ အရာ တစ်ခုခုကို အရမ်း လိုချင်တဲ့အခါ I’m dying for…..(……….ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ။)  ဆိုတဲ့အသုံးအနှုန်းကို အသုံးပြုပါတယ်။)

  • “It’s very hot and I’m dying for a glass of cold water.” (ပူလိုက်တာ၊ရေအေးအေးလေး တစ်ခွက်လောက် သောက်ချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ။)
  • I’m dying for something to eat. I haven’t eaten since breakfast. (တစ်ခုခု စားချင်လိုက်တာတစ်ပိုင်းကိုသေနေတာပဲ မနက်စောစောစာ စားပြီးကတည်းက ဘာမှမစားရသေးဘူး။)

First things first (အရေးကြီးတာ အရင်လုပ်ရအောင်)

You say first things first to show that what you think is the most important thing should be done first before anything else:
(first things first (အရေးကြီးတာ အရင်လုပ်ရအောင်) ကို သင့်အနေနှင့် အရေးကြီးဆုံးလို့ထင်တဲ့ အကြောင်းအရာကို တစ်ခြားကိစ္စ တွေထက် အရင်ဦးဆုံးလုပ်ရမယ်လို့ ပြောချင်တဲ့အခါ သုံးပါတယ်။)

  • We've a lot to do this morning, but first things first. Let's open the mail.
    (ငါတို့ ဒီမနက်လုပ်စရာအများကြီးရှိတယ်၊ ဒါပေမယ့် အရေးကြီးတာ အရင်လုပ်ရအောင်။  စာတွေ ဖောက်ရအောင်။)
  • The police will want to investigate the cause of the accident, but first things first. We must attend to the injured.
    (ရဲတွေ့တော့ မတော်တဆထိခိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်းကို စုံးစမ်းချင်မှာပဲ၊ ဒါပေမယ့် အရေးကြီးတာ အရင်လုပ်ရအောင်။ ဒါဏ်ရာရထားတဲ့လူတွေကို ပြုစုရအောင်)

Why break the habit of a lifetime? (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မှာလဲ?)

You say why break the habit if a lifetime? as rather a rude, disapproving comment about someone who is doing something, usually something annoying or unpleasant, that they are in the habit of doing:
(တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မှာလဲ? (why break the habit of a lifetime?) ကို လူတစ်ဦးတစ်ယောက်ဟာ သူ့အကျင့်အတိုင်း စိတ်အနှောင့်အယှက်ဖြစ်စရာ (သို့) မနှစ်သက်စရာ ကိစ္စတစ်ခုခုကို လုပ်နေတဲ့အခါ ထိုသူကို ရည်ရွယ်ပြီးပြောတဲ့စကားဖြစ်ပါတယ်။ မယဉ်ကျေးတဲ့အပြင် သဘောမကျကြောင်းကိုပါ ဖော်ပြသော စကား ဖြစ်ပါတယ်။)

  • 'We all bought John drinks but he left without buying us any.'
    (ကျွန်တော်တို့အားလုံးက ဂျွန် (John) ကို အရက်ဝယ်တိုက်ပေမယ့် သူကတော့ ကျွန်တော်တို့ကို ဘာမှဝယ်မတိုက်ဘဲ ပြန်သွားတယ်
    Why break the habit of a lifetime?
    John is too mean to buy anyone a drink.'
    (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မလဲ။ ဂျွန်(John) က တစ်ခြားသူတွေကို အရက်ဝယ်တိုက်ဖို့ ကပ်စေးနည်း လွန်းတယ်) 
  • 'I'd like to go to the beach but Sue is insisting on going shopping.'
    (ကျွန်မက ပင်လယ်ကမ်းခြေကို သွားချင်ပေမယ့်၊ ဆူး (Sue) ကတော့ဈေးသွားဝယ်ထွက်ဖို့ကိုပဲ ဇွတ်ပြောနေတယ်)
    Why break the habit of a lifetime?
    All Sue ever wants to do on holiday is to go round the shops.'
    (တစ်သက်လုံးလုပ်လာတဲ့အကျင့် အခုမှ ဘာလို့ပျောက်မလဲ? ပိတ်ရက်မှာ ဆူး(Sue) အမြဲတမ်းလုပ်ချင်တာကတော့ ဈေးဝယ် ထွက်ဖို့ပဲ)

Pass!/  Take it from me/  I'll tell you what! /  What a thought! /  About time too!

Pass! (ထားလိုက်ပါ/ရှိပါစေ)

You say pass! in an informal context when you cannot or do not want to answer a question.
(Pass(ထားလိုက်ပါတော့ /ရှိပါစေတော)့ကို မေးခွန်းတစ်ခုခုကို မဖြေနိုင်တဲ့အခါ (သို့) မဖြေချင်တဲ့အခါ အသုံးပြုပါတယ်။)

  • 'How can Jim possibly prefer Sue to his beautiful wife?'
    ( ဘယ်လိုလုပ်ပြီး ဂျင်(မ)(Jim)ဟာ ချောမောလှပတဲ့ သူ့မိန်းမထက် ဆူ(Sue)ကို ပိုပြီးတော့ နှစ်သက်နေရတာလဲ?)
    'Pass!
    It seems unbelievable.'
    (ယုံချင်စရာ မကောင်းပေမဲ့လည်း ထားလိုက်ပါ!။)
  • 'Do you think Tom's a good workman?'
    တွမ်(Tom)ဟာ လုပ်သားကောင်းတစ်ယောက်လို့ မင်းထင်လား?)
    'Pass!
    He's my brother-in-law.'
    (ထားလိုက်ပါ!။ သူဟာငါ့ရဲ့ ယောက်ဖပါ။)

The expression pass! comes from a quiz or a game show where a contestant cannot answer a question. (Pass ! ဟူသော အသုံးအနှုန်းသည် ပါဝင်ယှဉ်ပြိုင်သူ တစ်ဦးဦးက မေးခွန်းကို မဖြေနိုင်သော ပဟေဠိ (သို့) ကစားနည်း အစီအစဉ်တစ်ခုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။)

Take it from me (ငါပြောတာကိုယုံ)

You say take it from me when you ask someone to believe or accept what you say:
(take if from me(ငါပြောတာကိုယုံ) ကို တစ်စုံတစ်ယောက်အား သင်ပြောသည်ကို ယုံကြည်လာစေရန် (သို့) လက်ခံလာစေရန် တိုက်တွန်းရာတွင် ပြောသည်)

  • Take it from me. Anne is not to be trusted.
    (ငါပြောတာကိုယုံ၊ Anne (အန်း(န))က ယုံကြည်လောက်စရာ မရှိဘူး။)
  • Take it from me. Jack will be a famous actor one day.
    (ငါပြောတာကိုယုံ။  Jack (ဂျက်) က တစ်နေ့ကျရင် နာမည်ကြီး မင်းသား ဖြစ်လာလိမ့်မယ်။)

I'll tell you what! (ငါပြောပြမယ်!)

You use I'll tell you what! when you wish to suggest something: (I’ll tell you what (ငါပြောပြမယ်) ကို အကြံ တစ်စုံတစ်ခု ပေးလိုလျှင် သုံးသည်)

  • 'It's Dad's birthday next week and I can't think what to give him.'
    (နောက်တစ်ပါတ်ဆို အဖေ့မွေးနေ့ပဲ။ သူ့ကိုဘာပေးရမလဲ စဉ်းစားလို့မရသေးဘူး။)
    I’ll tell you what!
    We could give a surprise party for him.'
    (ငါပြောပြမယ်! သူ့ကို မထင်မှတ်ထားတဲ့ ပါတီလုပ်ပေးလိုက်ရအောင်။)
  • 'I've asked some people to dinner tonight and I can't think what to cook for them.
    ( လူအနည်းငယ်ကို ညစာစားဖို့အတွက် ဒီည ငါဖိတ်ထားတယ်။ ငါဘာချက်ပေးရမလဲ မသိသေးဘူး။)
    I”ll tell you what! Let's have a barbecue!'
    ငါပြောပြမယ်! အသားကင် လုပ်စားရအောင်!)

What a thought! (စိတ်ညစ်လိုက်တာ)

You say what a thought! when you refer to what you think is a very unpleasant  idea.
(What a thought! (စိတ်ညစ်လိုက်တာ) ဆိုတဲ့ အသုံးအနှုန်းကို အကြောင်းအရာတစ်ခုခုသည်  နှစ်သက်စရာမကောင်းဘူးလို့ ယူဆတဲ့အခါမှာ အသုံးပြုပါတယ်။)

  • 'Perhaps your father will marry Sara?'
    (မင်းအဖေ ဆာရာ့(Sara) ကို လက်ထပ်ဖြစ်မှာလား?)
    'What a thought!
    We all dislike her'.
    ( စိတ်ညစ်လိုက်တာ! သူ့ကို ငါတို့အားလုံးက  ဒီလောက်မုန်းတာ။)
  • According to the weather forecast we're going to have a long, cold winter.
    (မိုးလေ၀သ သတင်းထုတ်ပြန်ချက်အရ ရှည်လျားပြီး အေးတဲ့ဆောင်းရာသီနဲ့ ကြုံရဦးမယ်။)
    What a thought!
    I think I’ll emigrate to somewhere warm and sunny!')
    (စိတ်ညစ်လိုက်တာ! ငါတော့ နွေးပြီး နေသာတဲ့ အခြားတစ်နေရာရာကို ပြောင်းရွှေ့ဦးမှပဲ။)

About time too! (…………ပေဦးမှပဲ )

You say - about time too! When you mean that someone is late or has taken a long time to do something.
(About time too!(............ပေဦးမှပဲ)  ကို တစ်ဦးတစ်ယောက်က အချိန်နောက်ကျပြီး ရောက်လာတဲ့အခါ (သို့) အလုပ်တစ်ခုခုကို အချိန်အကြာကြီးဆွဲ လုပ်တဲ့အခါမှာ အသုံးပြုပါတယ်။)

  • About time too! I thought you were going to miss the train.”
    (ရောက်လာပေဦးမှပဲ! မင်းရထား မမှီတော့ဘူးလို့ ထင်နေတာ။)
  • “I’ve finished digging the garden”.(ပန်းခြံထဲမှာ မြေကြီးတူးလို့ ပြီးပါ ပြီ။)
    About time too!
    I thought that you would have finished it yesterday.’
    (တူးပြီးပေဦးမှပဲ! မနေ့ကတည်းက တူးလို့ပြီးသွားမယ်ထင်နေတာ။)

 

You and me both!/   guess what?/   we've had it!/   not likely!/   I'm out of here!

You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ)


You say you and me both in an informal context when you agree with someone.
(You and me both! (ငါလည်းအဲဒီလိုပဲ/ငါရောပဲ) ကို တစ်စုံတစ်ယောက်နှင့် သဘောတူသည့်အခါတွင် အချင်းချင်း ရင်းနှီးသည့် အသုံးအနှုန်းအဖြစ် သုံးသည်။)


  • ‘I like to spend my holidays somewhere sunny’
    (ငါ့ရဲ့အားလပ်ရက်တွေကို နေသာတဲ့ တစ်နေရာရာမှာ ကုန်ဆုံးချင်တယ်။)
    'You and me both!'

    (ငါရောပဲ!)
  • ‘I don't like flying.'
    (ငါလေယာဉ်ပျံ စီးရတာ မကြိုက်ဘူး။)
    'You and me both!’
    I'd far rather go by train
    (ငါရောပဲ)။ ဖြစ်နိုင်ရင် ရထားနဲ့ပဲသွားချင်တယ်။)

Guess what? (မထင်မိဘူးဟုတ်လား?)


You say guess what? when you want to tell someone something surprising or exciting:
(guesswhat?(မထင်မိဘူးဟုတ်လား?) ကို တစ်စုံတစ်ယောက်အား အံ့သြစရာကောင်းသော(သို့) စိတ်လှုပ်ရှားစရာ ကောင်းသော  အကြောင်းအရာ တစ်ခုခုကို ပြောရာတွင် အသုံးပြုပါသည်။)

  • Guess what?Jill and Pete are expectinga baby.
    (မထင်မိဘူးဟုတ်လား?။ ဂျေ(လ) (Jill) နဲ့ ပီတာ (Peter) တို့ ကလေးရတော့မယ်။)
  • Guess what? I've won a prize in a holiday competition. Would you like to come to Italy with me?
    (မထင်မိဘူးဟုတ်လား? အားလပ်ရက်ပြိုင်ပွဲတစ်ခုမှာ ငါဆုရထားတယ်။ မင်းငါနဲ့အတူတူ အီတလီလိုက်ချင်လား?)

You’ll never guess ကိုလည်း အလားတူ သုံးနိုင်ပါတယ်။

You’ll never guess what happened. I’ve got a part in a TV play.
(ဘာဖြစ်လာတယ်ဆိုတာမထင်မိဘူးဟုတ်လား? ။ ကျွန်တော် တီဗွီ (TV) အစီအစဉ်တစ်ခုမှာ ပါဝင်ခွင့်ရလာတယ်။)

We've had it! (ပြဿနာတက်ပြီ!)


You say we've (or I've, you've, he's, etc) had it! when someone is likely to be in trouble or danger or to experience something unpleasant.
(we've (or I've, you've, he's, etc) had it! (ပြဿနာတက်ပြ!ီ)ကို တစ်စုံတစ်ယောက် ဒုက္ခရောက်တော့မယ်ဆိုရင် (သို့) အန္တရာယ်ကြုံတွေ့ရတောမယ်ဆိုရင် (သို့) မနှစ်သက်စရာတစ်ခုခုကို ရင်ဆိုင်ရတော့မယ်ဆိုရင် ပြောတတ်ပါတယ်။

  • We've had it!The teacher's found out thatwe've been playing truant!
    (ငါတို့တော့ ပြဿနာတက်ပြီ! ငါတို့ကျောင်းပြေးတာ ဆရာသိသွားပြီ။)
  • You've had it! Mum knows that you stayed out all night!
    (မင်းတော့ ပြဿနာတက်ပြီ! အပြင်မှာတစ်ညလုံးမင်းနေနေတယ်ဆိုတာ အမေသိသွားပြီ။)

Not likely!  (မဖြစ်နိုင်ပါဘူး/လုံးဝပဲ)


You say not likely! to mean that you definitely will not do something: (not likely (မဖြစ်နိုင်ပါဘူ/လုံးဝပဲ) သည် တစ်စုံတစ်ခုကို လုံးဝ လုပ်လိမ့်မည်မဟုတ် ဟု အဓိပ္ပါယ်ရသည်)

  • 'Are you going to study medicine like yourfather?'
    (မင်းအဖေလိုပဲ ဆေးပညာသင်မှာလား?)
    Not likely!
    I get sick at the sight of blood.'
    (လုံးဝပဲ!ငါက သွေးမြင်တာနဲ့ကို ဖျားချင်လာတာ။)
  • 'Are you going to go on holiday with your parents?'
    (အားလပ်ရက်မှာ မိဘတွေနဲ့အတူ လျှောက်လည်မှာလား?)
    'Not likely!
    I'm going camping with some friends.'
    (လုံးဝပဲ! သူငယ်ချင်းတွေနဲ့ပဲ တောစခန်း ထွက်မှာ။)

I'm out of here! (ငါသွားတော့မယ်)


You say I'm out of here! in an informal context when you are leaving somewhere quickly for some reason:
(I’m out of here! (ငါသွားတော့မယ်) ကို တစ်နေရာရာမှ အကြောင်းကိစ္စတစ်ခုခုကြောင့် အလျင်အမြန်သွားရတဲ့အခါ အချင်းချင်းရင်းနှီးသော အသုံးအနှုန်းအဖြစ်သုံးသည်)

  • Is it 8 o'clock already? I'm outof here!I'm late for work!
    (၈နာရီတောင် ထိုးသွားပြီလား?။ ငါသွားတော့မယ်! ငါအလုပ် နောက်ကျနေပြီ။)
  • Dad's just found out that I damaged hiscar. I'm out of here!
    (အဖေ့ကားကို ငါ ထိခိုက်အောင်လုပ်လိုက်တာ အဖေသိသွားပြီ။ ငါသွားတော့မယ်!)
By Language Republic
Myanmar Network 

အစည်းအဝေးကို ဦးဆောင်ကျင်းပရန် အင်္ဂလိပ်စကား အသုံးအနှုန်းများ


အစည်းအဝေးကို အောင်အောင်မြင်မြင် ဦးဆောင်ကျင်းပနိုင်တဲ့ ကျွမ်းကျင်မှုကို အဖွဲ့အစည်းတွေက အများကြီး တန်ဖိုးထားကြပါတယ်။ အစည်းအဝေး စတင်ဖွင့်လှစ်ချိန်ဟာ အရေးကြီးပါတယ်။ ဦးဆောင် ကျင်းပသူအနေနဲ့ အစည်းအဝေးပြုလုပ်မယ့် ပုံစံကို သတ်မှတ်ပြီး သဘောတူညီထားတဲ့ အစည်းအဝေး အစီအစဉ်အတိုင်း လိုက်နာဖို့ လုပ်ပိုင်ခွင့်ကို ဖော်ဆောင်ရမှာ ဖြစ်ပါတယ်။ ဦးဆောင်ဆွေးနွေးသူက အစည်းအဝေး စတင်ချိန် ပြောကြားရာမှာ အောက်ပါ အပိုင်းများ ပါဝင်ရမှာ ဖြစ်ပါတယ်။

  • တက်ရောက်လာသူများရဲ့ အာရုံစူးစိုက်မှု ရယူပြီး စနစ်တကျ နေရာယူကြစေခြင်း
  • ကြိုဆိုခြင်းနှင့် တက်ရောက်လာတဲ့အတွက် ကျေးဇူးတင်စကား ပြောကြားခြင်း
  • အစည်းအဝေး ကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း
  • အစည်းအဝေး အစီအစဉ်နဲ့ အချိန်သတ်မှတ်ချက်ကို ပြောကြားခြင်း
  • တက်ရောက်သူများရဲ့ အခန်းကဏ္ဍ အသီးသီးကို သတ်မှတ်ပေးခြင်း
  • အစည်းအဝေး စတင်ခြင်း
အစည်းအဝေး စတင်ချိန် ပြောဆိုပုံကို နမူနာ ဖော်ပြလိုက်ပါတယ်။ အသုံးဝင်မယ့် စကား အသုံးအနှုန်းတွေကို ထင်ရှားအောင် ဖော်ပြလိုက်ပါတယ်။
Right, if we could start now.
အခု အစည်းအဝေး စတင်တော့မှာ ဖြစ်ပါတယ်။
First of all, I’d like to welcome you all to Bunbury Industries and, in particular, our guests from our regional offices in Europe and Asia.
ပထမဆုံး အနေနဲ့ တက်ရောက်လာကြသူများ အားလုံး အထူးသဖြင့် ဥရောပနဲ့ အာရှ ဒေသ အဆင့် ရုံးများက ဧည့်သည်များကို Bunbury စက်မှုလုပ်ငန်းများ ရုံးကနေ ကြိုဆိုပါတယ်။
As you will be aware, we’ve called this meeting in order to clarify some of the issues arising from our 2010 strategy.
သိရှိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၀ခုနှစ် မဟာဗျူဟာ နဲ့ စပ်လျဉ်းတဲ့ ကိစ္စရပ် အချို့ကို ရှင်းလင်းလိုတဲ့ အတွက် ဒီအစည်းအဝေးကို ခေါ်ယူရခြင်း ဖြစ်ပါတယ်။
I trust you all have a copy of the agenda and the meeting should take about two hours, so I aim to finish by 12.30 at the latest.
အားလုံး အစည်းအဝေး အစီအစဉ် ရရှိကြပြီး ဖြစ်ပါတယ်။ အစည်းအဝေးက ၂နာရီလောက် ကြာမှာမို့ ၁၂နာရီခွဲထက် နောက်မကျဘဲ အစည်းအဝေး ပြီးနိုင်မယ်လို့ ရည်ရွယ်ထားပါတယ်။
John has agreed to take the minutes and Peter is going to give us some background.
ဂျွန်က မှတ်တမ်း ရေးသားပါမယ်။ ပီတာက နောက်ခံ အချက်အလက်တွေကို ဦးစွာ တင်ပြပေးမှာ ဖြစ်ပါတယ်။
So Peter, would you like to start…
အခု ပီတာကို စတင် ပြောကြားဖို့ ဖိတ်ခေါ်ပါတယ် ...
အစည်းအဝေး ဦးဆောင်ကျင်းပသူဟာ အဖွင့် ပြောကြားရာမှာ အစည်းအဝေး အောင်အောင်မြင်မြင် ပြီးစီးနိုင်ဖို့ အထူးကြိုးစားတာကို တွေ့ရပါတယ်။ အထက်ဖော်ပြပါ အစည်းအဝေး ဖွင့်လှစ်ပုံကတော့ စနစ်တကျ အလေးအနက် ဖွင့်လှစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ပုံမှန် ဌာနခွဲတွေ၊ ဌာနတွေမှာ အလွတ်သဘော စကားအသုံးအနှုန်းတွေကိုလည်း သုံးနိုင်ပါတယ်။ အောက်ပါအတိုင်း ခပ်တိုတို ပြောကြားပြီးတော့လည်း အစည်းအဝေးကို စတင်နိုင်ပါတယ်။
OK, let’s start.
ကဲ စ လိုက်ကြစို့။
Thanks for coming and you all got a copy of the agenda by email. အစည်းအဝေးလာတက်တဲ့အတွက် ကျေးဇူး တင် ပါတယ်။အစည်းအဝေးအစီအစဉ်ကိုလည်း အီးမေးလ်နဲ့ ပို့ထားပါတယ်။
Let’s try and finish by 11.
၁၁နာရီမှာ ပြီးနိုင်အောင် ဆွေးနွေးကြပါမယ်။
First item on the agenda is recruitment, Claire?
ပထမဆုံးဆွေးနွေးရမယ့် အကြောင်းအရာကတော့ ၀န်ထမ်းသစ်ခန့်ထားရေးဖြစ်ပါတယ်။ ကလဲယာ က ဆွေးနွေးပေးပါဦး။
အစည်းအဝေး မအောင်မမြင်ဖြစ်ရတဲ့ အဓိကအကြောင်းတစ်ရပ်ကတော့ သဘောတူညီထားတဲ့ အစီအစဉ်ကနေ သွေဖည်သွားခြင်းဖြစ်ပါတယ်။ ဦးဆောင်ကျင်းပသူရဲ့ အခန်းကဏ္ဍကတော့ ဆွေးနွေးချက်တွေကို သတ်မှတ်ထားတဲ့ အကြောင်းအရာတွေဆီ ပြန်ပြီး ဦးတည်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်ဖို့ အသုံးပြုနိုင်မယ့် နည်းလမ်း အချို့ ရှိပါတယ်။
I think we are getting sidetracked here, let’s get back to the agenda.
ဒါဆိုရင်တော့ အစီအစဉ်ကနေ ချော်ထွက်သွားပြီထင်ပါတယ်။ အစီအစဉ်အတိုင်းဘဲ ဆွေးနွေးကြရအောင်။
I think we are moving away from the point, let’s return to the agenda.
လိုရင်းအချက် မဟုတ်တော့ဘူးထင်ပါတယ်။ အစီအစဉ်မှာပါတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြပါ။
It’s an interesting discussion, but perhaps we can save it for a separate meeting.
စိတ်ဝင်စားစရာတော့ ကောင်းပါတယ်။ ဒါပေမယ့် သီးခြားအစည်းအဝေးတစ်ခုလုပ်ပြီး ဆွေးနွေးကြရမယ် ထင်ပါတယ်။
ဦးဆောင်ကျင်းပသူအနေနဲ့ သတ်မှတ်ချိန်အတိုင်း ဖြစ်စေဖို့ကိုလည်း သတိထားပြီး အချိန်နဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းရမှာ ဖြစ်ပါတယ်။
I’m wary of the time, so can we move on to item 3 on the agenda.
အချိန်သိပ်မရတော့တဲ့အတွက် အစည်းအဝေး အစီအစဉ် နံပါတ် ၃ ကို ဆက်ဆွေးနွေးကြရအောင်။
Time is running short, so shall we turn to the next item.
အချိန်နည်းနေတဲ့အတွက် နောက် ဆွေးနွေးမယ့် အကြောင်းအရာကို ကူးပြောင်းပါမယ်။
ကျွမ်းကျင်တဲ့ ဦးဆောင်ကျင်းပသူတစ်ဦးအနေနဲ့ အစည်းအဝေး တက်ရောက်လာသူအားလုံး ပါဝင် ပြောဆိုနိုင်အောင်လည်း ဆောင်ရွက်ပေးရပါတယ်။
စကားနည်းသူတွေကို ပါဝင်ဆွေးနွေးဖို့ အားပေးရာမှာ ဘာမှလည်း မပြောဘူးလို့ အဓိပ္ပာယ်သက်ရောက်တဲ့ You’ve been very quiet (စကားနည်းလှချည်လား)။ We haven’t heard from Tricia yet (ထရီရှာရဲ့ စကားသံကို မကြားရသေးဘူး) စသည်ဖြင့် ပြောတာဟာ သိပ်မကောင်းပါဘူး။ သက်ဆိုင်ရာ နယ်ပယ်မှာ ကျွမ်းကျင်မှု ရှိကြောင်း၊ ထင်မြင်ချက်ကို တန်ဖိုး ထားကြောင်း ထင်ရှားစေတဲ့ အသုံးအနှုန်းများက ပိုမိုကောင်းမွန်ပါတယ်။ ဥပမာ...
You have knowledge in this field, Emma. What’s your view?
အင်မာကတော့ ဒီအကြောင်းအရာမှာ သိနားလည်သူ ဖြစ်ပါတယ်။ ဘယ်လိုများ ထင်မြင်ပါသလဲ လို့ ပြောကြားနိုင်ပါတယ်။
နောက်ဆုံးအနေနဲ့ ဦးဆောင်ကျင်းပသူက အစည်းအဝေးကို စနစ်တကျ အပြီးသတ်ဖို့ လိုအပ်ပါတယ်။
Well, can I draw the meeting to a close now.
အခုအစည်းအဝေးကို အပြီးသတ်ပါတော့မယ်။
Let’s review the main points of our discussion.
ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကို ပြန်သုံးသပ် ကြရအောင်.
We decided that…………….
ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကတော့ ... ဖြစ်ပါတယ်။
Mel, you are going to check………………….
မယ်လ် ကတော့ ... ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။
Thank you, that’s all for today.
ကျေးဇူးတင်ပါတယ်။ ဒီနေ့ အစည်းအဝေးကတော့ ဒီလောက်နဲ့ဘဲ အပြီးသတ်ပါမယ်။
By Language Republic
Myanmar Network 

Lunch စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ a free lunch, power lunch, hand somebody his lunch နဲ့ out to lunch တို့ဖြစ်ပါတယ်။

ပထမတင်ပြပေးမယ့် အီဒီယံအသုံးက a free lunch ဖြစ်ပါတယ်။ A က တခု၊ Free က အလကား၊ အခမဲ့၊ Lunch က နေ့လည်စာ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အလကားစားရတဲ့ နေ့လည်စာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ အမေရိကန် ဆိုရင်စကားတခုကို ပထမဦးဆုံး ရှင်းပြလိုပါတယ်။

အဲဒီ အသုံးကတော့ "There is no such thing as a free lunch" ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အလကားကျွေးမဲ့ နေ့လည်စာမျိုး ဘယ်တော့မှ မရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနက် တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဘာမှ အလကားမရပါဘူး။ ဆိုလိုတာကတော့ ထိုင်နေလို့တော့ ကိုယ့်ပေါင်ပေါ် ကျ, မလာဘူး၊ ဒီအတိုင်းနေလို့တော့ ဘာမှဖြစ်မလာဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမယ့် သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် သူများကို မှီခို၊ သူများကိုကပ်စား လူပျော့၊ လူညံ့။ တနည်းအားဖြင့် ဆန်ကုန်မြေလေး လူမျိုးအတွက်တော့ ဒီနိုင်ငံမှာ နေရာမရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာတော့ ကြိုးစားမှ ဒိုးပြားရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပညာရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကြိုးစားရမယ် ဖြစ်ပါတယ်။ တခါတရံ သူများကျွေးတဲ့ထမင်း စားပြီးတဲ့နောက်မှာ တခုခုကို ပြန်လုပ်ပေးရမဲ့ တာဝန်ရှိတဲ့သဘော၊ ကျေးဇူးတုန့်ပြန်ရတဲ့ သဘောကိုလည်း ရည်ညွန်းပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး နဲ့ စီးပွားရေးလုပ်ငန်းတို့မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဆိုရင် lobbyists ဆက်သွယ်စည်းရုံးဆော်သြော်သူတွေ ရှိပါတယ်။ သူတို့က လူစုလူဝေး အုပ်စုရှိကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အုပ်စုတွေကိုယ်စား သူတို့က အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ချည်းကပ်ပြီးတော့ အကျိုးကိုရှေ့ ရှုဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ သူတို့က အဲဒီ အစိုးရတာဝန်ခံတွေကို ထမင်းဖိတ်ကျွေး၊ သွားလိုရာခရီးတွေကို အကုန်အကျခံပြီး လိုက်ပို့ပေး၊ မိတ်ဆွေ အပေါင်းအသင်းတွေလုပ်ပြီး ကျေးဇူးတုန့်ပြန် မျှော်ကိုးကြတာဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့ အလုပ်ဖြစ်အောင် လုပ်ကြတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တဦးအနေနဲ့ ဒီလိုချည်းကပ်လာမှုကို ရှောင်ရှားပုံနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"I've never let lobbyists buy me lunch, or do any favour for me. Early in my political career, I learned the truth as the old saying there is no such thing as a free lunch."

"ကျနော်အနေနဲ့ လာပြီးစည်းရုံးသူတွေထံကနေ ဘယ်တော့မှ (ထမင်း) အလကား မစားဘူး။ သူတို့ကိုလည်း ကျနော့်အတွက် ဘာမှမလုပ်ခိုင်းဘူး။ ကျနော်နိုင်ငံရေး လုပ်စကတည်းက အလကားစားရတာ ဘယ်မှာမှမရှိဘူးဆိုတဲ့ ဆိုရိုးစကားဟာ သိပ်မှန်တယ်ဆိုတာကို ကိုယ်တွေ့ သိခဲ့ရပါတယ်။"

ဒုတိယတင်ပြပေးမဲ့ အီဒီယံမှာ power lunch ဖြစ်ပါတယ်။ Power က စွမ်းအား၊ အာဏာ၊ Lunch က နေ့လည်စာ ဖြစ်ပါတယ်။ စကားစုတခုလုံးက လုံးကောက်အဓိပ္ပါယ်ကတော့ တန်ခိုးအာဏာရှိသူတို့ရဲ့  နေလည်စာ လို့ ပြောနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အရေးပါ၊ တန်ခိုးအာဏာရှိတဲ့ အထက်အရာ ပုဂ္ဂိုလ်တွေက အတူတူ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ ကောင်းပေ့၊ ဈေးကြီးပေ့ ဆိုတဲ့ ပျော်ပွဲစားရုံးတွေမှာ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ အဲဒီမှာ ခေါ်သွားသူ ကော်မတီဘက်က လုပ်ငန်းအသုံးစရိတ်ဆိုပြီး အကုန်ကျခံတာ ဖြစ်ပါတယ်။

ဒီလို စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက အဲဒီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"My brother works in a place that is very popular for power lunches. And, he gets plenty of nice big tips because these people like to show off in front of each other."

"တန်ခိုးထွားသူတွေ လာစားကြတဲ့ဆိုင်တဆိုင်မှာ ကျနော့်ညီက အလုပ်လုပ်တယ်။ အဲဒီမှာ ဒီလိုစားသောက်သူတွေ ပေးတဲ့ ဘောက်ဆူးငွေတွေလည်း အများကြီးရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလူတွေက တဦးရှေ့ တဦး အပြိုင်ကြွားချင်လို့ ပြိုင်ပြီးပေးကြလို့ ဖြစ်ပါတယ်။"

တတိယ အီဒီယံအသုံးကတော့ to hand somebody his lunch ဖြစ်ပါတယ်။ To hand က ဒီနေရာမှာ ကြိယာအဖြစ် အသုံးပြုထားပြီးတော့ လက်ကမ်းပေးတာ ဖြစ်ပါတယ်။ Somebody က တဦးတယောက်သောသူ၊ His က သူ၏ နဲ့ Lunch နေ့လည်စာ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က တစုံတယောက်သောသူကို သူရဲ့ နေ့လည်စာ ကမ်းပေးခြင်းလို့ ပြောနိုင်ပါတယ်။
တကယ်တော့ ဒီအီဒီယံ က ဒီလိုအဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ အားကစားပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်သူကို အနိုင်ရရှိလိုက်ခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီလိုအဓိပ္ပါယ်ဆောင်လာရခြင်းရဲ့  အကြောင်းတရားကို ဘယ်သူကမှ စဉ်းစားလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အားကစားသတင်းထောက်တွေ နဲ့ အားကစားပရိသတ်တွေလောကမှာ ဒီအသုံးက ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာမှာ နေ့လည်စားမဟုတ်ပေမဲ့ တဖက်ယှဉ်ပြိုင်ဖက်ကို ဆန်ပြုတ်တိုက်လိုက်ရင် ဆန်ပြုတ် ဆုတ်ပြန်ဆိုပြီး အနိုင်ယူလိုက်နိုင်တဲ့သဘော ပြောတဲ့စကားရှိတာ အများအသိဖြစ်ပါလိမ့်မယ်။

သူတို့ တက္ကသိုလ်အသင်းက အနိုင်ရရှိလိုက်လို့ ပျော်မဆုံးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားတဦးပြောတဲ့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"We haven't been able to beat that school for more than ten years, but we sure handed them their lunch today. We buried them 35 to 7."

"ကျနော်တို့ ဒီကျောင်းကို အနိုင်မရနိုင်ခဲ့တာ ဆယ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့တော့ ကျနော်တို့ သူတို့အသင်းကို တကယ်ပဲ ဆန်ပြုတ်တိုက်လိုက်ပြီ။ ၃၅ မှတ် ၇ မှတ်နဲ့ အပြတ်အနိုင်ရလိုက်တယ်။"

နောက်ဆုံးတင်ပြမဲ့ အီဒီယံအသုံးကတော့ out to lunch ဖြစ်ပါတယ်။ Out က အပြင်မှာ ထွက်နေတာ၊ (to) Lunch က နေ့လည်စာ ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်က နေ့လည်စာ အပြင်ထွက်စားခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ သတိမေ့လွယ်တဲ့ အကျင့်ရှိလို့ ဗလုံးဗထွေးဖြစ်နေတဲ့အတွက်ကြောင့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့အခြေအနေကို ရောက်နေတဲ့ ကြောင်တောင်တောင် ဖြစ်နေတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အသက်အရွယ် အိုမင်လာပြီးဖြစ်တဲ့ စီးပွားရေးကော်မတီတခုရဲ့  အကြီးအကဲ တယောက်နဲ့ ပတ်သက်လို့ အမှုထမ်းတယောက်ရဲ့  ကောက်ချက်ချပြောကြားတဲ့ George Crows ဥပမာကို လေ့လာကြည့်ရအောင်။

"I am afraid it's time for our president to retire. He is so forgetful and mix it up these days. He doesn't know what is going on around here. In fact he has been out to lunch for years."

"ပြောရမှာတော့ ဝမ်းနည်းပါတယ် ကျနော်တို့ ဥက္ကဌကြီး အနားယူဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အခု ရက်တွေအတွင်း မေ့လိုက်တာလည်း လွန်ပါရော။ လုပ်ငန်းခွင်မှာ ဘာတွေဖြစ်နေဆိုတာ သူလုံးဝ မသိတော့ဘူး။ တကယ်ဆို သူဟာ လက်တွေ့ဘဝနဲ့ ကင်းကွာနေပြီး ကြောင်တောင်တောင် ဖြစ်နေတာ နှစ်နဲ့ချီ ရှိနေပါပြီ။"
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network

Kick စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ kick the bucket, kick the can down the road, kick up dust နဲ့ kick up a fuss တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick the bucket ဖြစ်ပါတယ်။ Kick = ကန်သည်, Bucket = ရေပုံး တို့ ဖြစ်ပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က ရေပုံးကို ကန်လိုက်သည် ဖြစ်ပါတယ်။ ဒီ စကားဆင်းသက်လာတာကတော့ အယူအဆအမျိုးမျိုး ရှိပါတယ်။ တမျိုးက လူတွေကို ကြိုးကွင်းစွပ် သေဒဏ်ပေးတယ်ဆိုရင် တချိန်က ရေပုံးကိုမှောက်ပြီး အဲဒီအပေါ်မှာ လူကိုတက်ရပ်ခိုင်းပြီး သစ်ကိုင်း (သို့မဟုတ်) ထုတ်တန်းကနေ လည်းပင်ကြိုးကွင်းစွပ်ပြီးတော့ အားလုံးအဆင်သင့်ဖြစ်တဲ့အခါ ခြေထောက်အောက်က ရေပုံးကို ကန်ထဲ့လိုက်တာနဲ့ အဲဒီကြိုးပေးခံရတဲ့လူ ခြေထောက်လွတ်သွားပြီး ကြိုးကွင်းက လည်းပင်တင်းကာ ကြိုးပေးသတ်ခံရတာကို ဆိုပါတယ်။ ဒါကြောင့် kick the bucket ရဲ့  အီဒီယံအဓိပ္ပါယ်က လူတဦးဦး သေဆုံးတာ၊ အသက်ထွက်တာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

နောက်အယူအဆတခုကတော့ ရှေးတုန်းက သားသတ်ရာမှာ ကျွဲနွားတိရစ္ဆာန်တွေကို ချည်နှောင်ထားတဲ့ သစ်သားတိုင်ကို bucket လို့ ခေါ်တယ်လို့ ဆိုပါတယ်။ အဲဒီ bucket သစ်သားတိုင်မှာ သတ်မယ့် ကျွဲနွားတွေကို ချည်နှောင်ထားရာကနေ အဲဒီ ကျွဲနွားဟာ ခြေထောက်ယက်ကန်ယက်ကန် ဖြစ်ရာက kick the bucket အသုံးဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဘယ်အယူအဆက ဆင်းသက်လာပါစေ အီဒီယံအဓိပ္ပါယ်ကတော့ အသက်ထွက်တာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာဘန်းစကားအရတော့ ကြွသွားပြီပေါ့ ဖြစ်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Have you heard the news that John kicked the bucket last night? He had a heart attack.

ခင်များ သတင်းကြားပြီးပြီလား။ John တယောက် ညကပဲ ဆုံးသွားခဲ့တယ်။ သူ နှလုံးရောဂါနဲ့ ဆုံးသွားတာပါ။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက kick the can down the road ဖြစ်ပါတယ်။ Kick =ကန်သည်။ the Can = သံဘူး။ Down = အောက်ဖက်။ the Road = လမ်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လမ်းတလျှောက် သံဗူးခွံကို ကန်နေသည် ဖြစ်ပါတယ်။ ခလေးတွေ လမ်းပေါ်မှာ နို့ဆီဘူးခွံ၊ သံဘူးခွံ စသဖြင့် ကန်ရာမှ ဒီအသုံး ဆင်းသက်လာတာ ဖြစ်ပါတယ်။ ကစားကြမယ့် ခလေးတွေထဲကနေ တယောက်ကို ရွေးပြီး အဲဒီ ခလေးတွေနဲ့ ကစားတဲ့ထဲက ခလေးတဦးဦးကနေ ကန်ထဲ့လိုက်တဲ့ ဘူးခွံကို လိုက်ကောက်ရတာ ဖြစ်ပါတယ်။ ကောက်လို့ရပြီးမှ တခြားခလေးတွေကို သူက လိုက်ဖမ်းရတာမို့ သံဘူးခွံကို ဝေးဝေးကန်လေ အဲဒီ ခလေးအနေနဲ့ သံဘူးခွံကောက်ဖို့ အချိန်ပိုကုန်လေ ဖြစ်တာမို့ ဒီကြားထဲမှာ တခြားခလေးတွေက သူဖမ်းလို့ မမီအောင် ဝေးဝေးပြေးနိုင်လေ ဖြစ်ပါတယ်။ ဒါကြောင့် kick the can down the road အီဒီယံအဓိပ္ပါယ်ကတော့ တခုခုကို မရင်ဆိုင်ဘဲ အချိန်စွဲပြီး လိုရင်းကိုမရောက်ဘဲ ကွေးဝိုက်ရှေးရှေးဝေးဝေး ပြောတာမျိုးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အချိန်စွဲလုပ်ကိုင်တာ ဖြစ်ပါတယ်။
အများအားဖြင့် ဒီ အီဒီယံအသုံးကို နိုင်ငံရေးသမားတွေ သုံးလေ့ရှိပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The President said some in Congress want to kick the can down the road when it comes to solving the country’s deficit problem.

သမ္မတကပြောတယ် လွှတ်တော်မှာရှိတဲ့ ပုဂ္ဂိုလ်တချို့ က နိုင်ငံရဲ့  လိုငွေပြမှု ပြဿနာကို ဖြေရှင်းရေးနဲ့ ပတ်သက်လို့ တိုက်ရိုက်မကိုင်တွယ်ကြလို့ဘဲ အချိန်စွဲထားချင်ကြတယ်။

ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up dust ဖြစ်ပါတယ်။ Kick up = အပေါ်ကို ကန်ထဲ့လိုက်တယ် ဆိုတဲ့ သဘောမျိုးရှိပေမယ့် ဒီနေရာမှာ kick ကို up ဝိဘတ်နဲ့ တွဲသုံးတဲ့ kick up အဓိပ္ပါယ်ကတော့ ဒီနေရာမှာ တခုခုကို ဖြစ်စေတာ ဖြစ်ပါတယ်။ Dust က ပုံမှန်အားဖြင့် ဖုန်၊ အမှုန့်၊ မြေကြီးမှုန့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ dust က ပြဿနာ၊ မကျေနပ်ချက်ကို ရည်ညွှန်းတာမို့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ မကျေနပ်ချက်ကို ထုတ်ဖော်တာ၊ ပြဿနာလုပ်တာ ဖြစ်ပါတယ်။
အီဒီယံအသုံးအနှုန်းကလည်း ဒီနေရာမှာ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ Kick up dust က ပြဿနာလုပ်တာ၊ ဆူဆူပူပူ လုပ်တာမျိုး တို့ ဖြစ်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The students kicked up the dust when they heard the bus fares were double by the school board.

ကောလိပ်ဘုတ်အဖွဲ့က ဘတ်စ်ကားခတွေကို နှစ်ဆတင်လိုက်တယ်လို့ ကြားကြတော့ ကျောင်းသားတွေ ဆူဆူပူပူ လုပ်ကြတော့တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ kick up a fuss ဖြစ်ပါတယ်။ Kick up = ပြဿနာလုပ်သည်။ A = တစုံတခု။ Fuss = ဇီဇာကြောင်ခြင်း။ ကြေးများခြင်း။ ရေးကြီးခွင်ကျယ်လုပ်ခြင်း တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ တခုခုနဲ့ ပတ်သက်လို့ ကြေးများတာကို ဆိုလိုပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း စိတ်တိုလို့ ပူညံပူညံလုပ်တာ။ အတိုင်အတော ထူတယ် ဖြစ်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary kicked up a fuss when she found out that she was charged more than her friends for the ticket to the concert.

Mary က တေးဂီတပွဲ ဝင်ကြေးအတွက် သူ့သူငယ်ချင်းတွေထက် လက်မှတ်ဖိုး ပိုပေးလိုက်ရတယ်ဆိုတာကို  သိသွားတော့ ပူညံပူညံ လုပ်တော့တယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network

အင်္ဂလိပ်စာ လေ့လာနည်းအဖြာဖြာ

သင်ယူခြင်းဆိုတာ အနုပညာတစ်ခုပါ။ လေ့လာတယ်လို့သာပြောတယ်၊ တွေ့ကရာလျှောက်ဖတ်၊ လုပ်ချင်တိုင်း လုပ်နေလို့ကတော့ ပန်းတိုင်နဲ့ အလှမ်းဝေးနိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ အင်္ဂလိပ်စာသင်ကြားနေတဲ့ ၀ါရင့်ဆရာတွေရဲ့ လမ်းညွှန်ချက်တွေကို စုပေါင်းဖော်ပြလိုက်ပါတယ်။

သင်ယူမှုထိရောက်အောင် သိထားသင့်တာတွေက

-       ကိုယ့်ကိုယ်ကို သိပါ
-       ကိုယ့်သင်ယူလေ့လာနိုင်စွမ်းကို သိပါ
-       ယခင်လုပ်ဆောင်အောင်မြင်ခဲ့ဖူးတဲ့နည်းလမ်းတွေကို သိပါ
-       ဘာကိုသိချင်၊ တတ်ချင်၊ လေ့လာချင်ဆိုတာ သိပါ

ကိုယ့်ကိုယ်ကို လှုံ့ဆော်ပေး

ကိုယ်တိုင်က အင်္ဂလိပ်စာကို စိတ်မ၀င်စားရင် တိုးတက်လာမှာလည်း မဟုတ်ဘူး။ စိတ်ပျက်ပြီး ဘေးထွက်ထိုင် ရင် ပိုဆိုးသွားလိမ့်မယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အရင်မေးကြည့်ပါ။ အရိုးသားဆုံးဖြေကြည့်ပါ။

-       ဘာကြောင့် အင်္ဂလိပ်စာကို လေ့လာချင်တာလဲ
-       ဘာကြောင့် အင်္ဂလိပ်စာတတ်ချင်တာလဲ
-       အင်္ဂလိပ်စာတတ်ရင် ဘယ်နေရာမှာ အသုံးချမှာလဲ
-       အင်္ဂလိပ်စာရဲ့ ဘယ်အပိုင်းကို လေ့လာချင်တာလဲ (Reading/Writing/Listening/Speaking)
-       ဘယ်လောက်ကြာကြာလေ့လာမှာလဲ
-       အချိန်ဘယ်လောက်ပေးနိုင်သလဲ
-       ငွေဘယ်လောက် အကုန်ခံနိုင်သလဲ
-       စီမံချက် သို့မဟုတ် နည်းစနစ်တွေရှိသလား

လမ်းဆုံးအောင်လျှောက်

အင်္ဂလိပ်စာလေ့လာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီဆိုပါတော့ ပထမဦးဆုံး ကိုယ့်ကိုယ်ကို မေးရမှာက “အချိန် ဘယ်လောက်ပေးနိုင်သလဲ” ဆိုတာပဲ။ တစ်နေ့ကို အချိန်နည်းနည်းပဲပေး နေ့တိုင်းလေ့လာတာ ပိုကောင်းတယ်။  တစ်ပတ်တစ်ရက်တို့၊ တစ်ပတ်နှစ်ရက်တို့ပဲ အချိန်ရတယ်ဆိုတာကိုတော့ အားမပေးချင်ဘူး။ ဆိုလိုချင်တာက နေ့စဉ် ကိုယ်တိုင်လည်း ကြုံသလိုလေ့လာလို့ရပါလျက် တစ်ပတ်မှတစ်ရက်လောက် စာလာကျက်တာမျိုးကို တော့ ရေရှည်လုပ်ငန်းကြီးဖြစ်နိုင်လို့ အားမပေးချင်ဘူးပြောရတာ။ နောက်ပြီး ရက်တိုသင်တန်းလိုဟာမျိုး တစ်ပတ်ဆက်တိုက်တက်တာက တစ်ပတ်မှာ တစ်ရက်၊ ၆ လသင်တန်းဆိုတာမျိုးထက် ပိုကောင်းတယ်လို့ ခံယူ ထားပါ။

ကိုယ်တိုင်လုပ်နိုင်တာတွေ

-       အင်္ဂလိပ်စာသင်တန်းတက်ပါ (ပုံမှန်သင်တန်းမျိုးကိုရွေးချယ်ပါ)
-       အိမ်စာတွေကို မှန်မှန်လုပ်နိုင်အောင် ကြိုးစားပါ
-       တစ်လကို အင်္ဂလိပ်စာအုပ် အနည်းဆုံးတစ်အုပ်ဖတ်နိုင်အောင် ကြိုးစားပါ
-       နေ့စဉ် အင်္ဂလိပ်စာလုံး အသစ်အဆန်းတွေကို တစ်လုံးလောက်ဖြစ်ဖြစ်လေ့လာပါ
-       အင်္ဂလိပ်စကားပြော နေ့တိုင်းလေ့ကျင့်နိုင်အောင်ကြိုးစားပါ
-       အင်တာနက်ပေါ်တက်ပြီး အင်္ဂလိပ်လိုရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်၊ သတင်းတစ်ပုဒ်လောက် ဖြစ်ဖြစ် နေ့စဉ်ဖတ်ပါ
-       နေ့စဉ် အင်္ဂလိပ်ပိုင်းအစီအစဉ်ဖြစ်စေ၊ အင်္ဂလိပ်လိုစကားပြောကိုဖြစ်စေ ၁၀ မိနစ်ခန့်နားထောင်ဖို့ အချိန်ပေးပါ။
-       တစ်လကို အင်္ဂလိပ်ရုပ်ရှင် (အင်္ဂလိပ်စာတန်ထိုး) အနည်းဆုံးတစ်ကြိမ်လောက်ကြည့်ဖြစ်အောင် လုပ်ပါ
-       အင်္ဂလိပ်လို ပြဇာတ်၊ ဟာသ၊ ဇာတ်လမ်း (ရေဒီယို သို့မဟုတ် တီဗွီအစီအစဉ်မှာ) နားထောင်ပါ၊ ကြည့်ပေးပါ

အထက်ကဖော်ပြခဲ့တာတွေလုပ်နိုင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို ဆုပေး/ဒဏ်ပေးလေးတွေ လုပ်သင့်ရင် လုပ်ရမယ်။ ပြေထားခဲ့တာတွေအတိုင်း လုပ်နိုင်ခဲ့ရင် တစ်လကိုတစ်ကြိမ် ဘာလုပ်မယ်ဆိုတာမျိုးပေါ့။ မလုပ်ဖြစ်ရင်လည်း အဲဒါတွေကို မခံစားဘဲနေနိုင်အောင် အပြစ်ပေးပါ။

-       ရုပ်ရှင်ကြည့်မယ်/ အလည်သွားမယ်
-       ကြေးအိုးထွက်သောက်မယ်/ တစ်ခုခု ကောင်းတာစားမယ်
-       အ၀တ်အစားဝယ်မယ်
-       အလှပြင်ဆိုင်သွားမယ်/ ကာရာအိုကေဆိုင်သွားမယ်

ဘယ်လိုလေ့လာရမလဲ

လေ့လာနည်းအမျိုးမျိုးရှိတယ်။ ဘယ်နည်းလမ်းက ကိုယ့်အတွက် အဆင်အပြေဆုံးဖြစ်မလဲ လေ့လာကြည့်မယ်။

ဗီဒီယိုအခွေနဲ့ လေ့လာချင်တယ်ဆိုသူတွေက

-       ဆရာက ရုပ်သံကနေ ပြောနေတာတွေကို နားလည်သလား
-       အများနဲ့ထိုင်ကြည့်ရတာကြိုက်သလား၊ တစ်ယောက်တည်းကြည့်ရတာကြိုက်သလား
-       ပြောနေတာထက် ပုံတွေ၊ သက်ရှိ၊ သက်မဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ရှင်းပြတာကို ပိုကြိုက် သလား
-       နားထောင်ရုံသက်သက်ကိုကြိုက်သလား၊ အပြန်အလှန် မေးရတာကိုကြိုက်သလား

အကြံပြုချက် - သင်ခန်းစာကို ကြည့်ရုံ၊ ကြားရုံသက်သက်ထက်၊ စာသင်နေသလိုမျိုး ပျင်းစရာကောင်းအောင် ထိုင်နားထောင်နေရတာထက် ဇာတ်လမ်းဆန်ဆန် သင်ကြားတဲ့ သင်ခန်းစာမျိုးကို ရွေးချယ်ကြည့်သင့်တယ်။

ကက်ဆက်နဲ့ပဲနားထောင်ချင်တယ်ဆိုသူတွေက

-       နှုတ်ပြောကိုနားထောင်ရတာဆိုတော့ native speaker တွေရဲ့ အသံတွေကို နားထောင်နေတာ ဟုတ်ရဲ့လား
-       အင်္ဂလိပ်စာမှာ အသံ အနိမ့် အမြင့်၊ အတို အရှည်၊ အနှေး အမြန်ဆိုတာတွေကို ကွဲပြားအောင် ထွက်ပြနေတဲ့အခွေဟုတ်ရဲ့လား
-       သူပြောတာတွေကို နားလည်ရဲ့လား၊ သိချင်တာတွေကို လိုက်မှတ်နိုင်ရဲ့လား

အကြံပြုချက် - ရေဒီယိုအသံလွှင့်ချက်တွေကိုလည်း နားထောင်သင့်တယ်။ ကိုယ်ပြောတာလည်း အသံဖမ်းထား ပြီး ပြန်နားထောင်သင့်တယ်။

သတိပြုသင့်တာတွေက

၁။ ဘာသာစကားလေ့လာတယ်ဆိုတာ ဖြည်းဖြည်းချင်း၊ တစ်ဆင့်ချင်းတိုးသွားရမှာ။ တစ်ညတည်းအတတ် ဆိုတာမျိုး၊ တစ်လအတတ်ဆိုတာမျိုး အင်္ဂလိပ်စာမှာ မရှိဘူး။

၂။ ဘာကြောင့် အင်္ဂလိပ်စာကိုလေ့လာတာလဲ။ ဘာတွေကို လေ့လာမှာလဲဆိုတာ အရင်ဆုံး ဆုံးဖြတ်ချက် ချထားဖို့လိုတယ်။

၃။ အင်္ဂလိပ်စာလေ့လာတယ်ဆိုတာကို စိတ်ဖိစီးစရာကြီးတစ်ခုအနေနဲ့ မှတ်မထားနဲ့။ အလေ့အထတစ်ခုလို မှတ်ထား။ ဥပမာ ထမင်းစားလို၊ ရေသောက်သလိုမျိုး၊ ဆာလို စားတယ်၊ ဆာလို့ သောက်တယ်ဆိုတာလိုဖြစ်လာရင် အဆင်ပြေပြီ။ နေ့တိုင်းလေ့လာနိုင်အောင် ကြိုးစားပါ။ ဒါကလည်း တပင်တပန်းကြီးမဟုတ်ဘူး။ အင်္ဂလိပ်ပိုင်းအစီအစဉ်လေးလောက်ကို နားထောင်လိုက်တာလည်း အလုပ်ဖြစ်တယ်။ တစ်နေ့ ၁၀ မိနစ်၊ တစ်ပတ် ၂ နာရီလောက် အချိန်ပေးနိုင်ရင်ရပြီ။

၎။ အင်္ဂလိပ်စာလေ့လာတာ အင်္ဂလိပ်စာကိုမှတစ်နေ့မမြင်ရရင်/ မကြားရရင် နေမထိ ထိုင်မသာသလိုမျိုး ဖြစ်နေရင်တော်ပြီ။ တစ်နေ့ ၁၀ မိနစ်ပဲတော်ပြီ။ နေ့တိုင်းခေါင်းထဲ ၀င်နေဖို့ အရေးကြီးတာ။ တစ်ပတ်ကို တစ်ကြိမ်လောက် ခေါင်းထဲထည့်တာမျိုးတော့ အနေဝေးရင် သွေးအေးတယ်ဆိုသလိုမျိုး ဦးနှောက်လည်း အေးသွားတတ်တယ်။

၅။ ရေဒီယို၊ တီဗွီ၊ အောက်စက် (DVD/VCD)၊ Mp3, MP4 သင်ယူမှုကိုအထောက်အကူဖြစ်မယ့် ပစ္စည်းတွေ သုံးဖြစ်အောင်သုံးပါ။

၆။ နည်းအမျိုးမျိုးပြောင်းပြီးလေ့လာပါ။ ဖတ်၊ ရေး၊ ပြော၊ နားထောင်၊ ဂရမ်မာ တစ်လှည့်စီပြောင်းပါ။

၇။ မိတ်ဆွေကောင်းရှာပါ။ ကိုယ်နဲ့အတူပြော/ရေး ဆွေးနွေးတိုင်ပင်ဖော် တိုင်ပင်ဖက်ပေါ့။ တစ်ယောက်တည်း လေ့လာတာထက် နှစ်ယောက်အတူလေ့လာတာ ပိုပြီးအကျိုးရှိတယ်။

၈။  ကိုယ်စိတ်ပါဝင်စားတာကို လေ့လာနိုင်တဲ့အနေအထားတွေကို ကိုယ့်ဝန်းကျင်မှာရှိနေအောင် ဖန်တီးထားပါ။ ဥပမာ စာအုပ်စာတန်း၊ အခွေတွေအားလုံး အချိန်မရွေးလေ့လာနိုင်ဖို့ အသင့်ရှိနေရမယ်။

၉။ ဂရမ်မာကိုလေ့လာချင်ရင်လည်း ဂရမ်မာနဲ့ဆက်နွှယ်နေတဲ့ ၀န်းကျင်ကောင်းတစ်ခုရှိရမယ်။ ဂရမ်မာဆိုတာ နေ့စဉ်သုံး ဘာသာစကားမဟုတ်ဘူး။ သီးခြားလေ့လာမှရတာ။ ဒါကြောင့် ကိုယ်မတတ်လည်း ဆရာတစ်ဦးဦး ဆီမှာ သင်တန်းသွားတက်နိုင်အောင် ကြိုးစားကြည့်ပါ။

၁၀။ ပါးစပ်ကို မနှမြောပါနဲ့။ ဇစ်နဲ့ပိတ်မထားနဲ့။ များများ လှုပ်ရှားနိုင်အောင် ကြိုးစားကြည့်ပါ။ အင်္ဂလိပ်စာမှာ အသံထုတ်မှ အဓိပ္ပာယ်ပေါ်တာတွေအများကြီးရှိတယ်။ ကျယ်ကျယ်အော်ရင် ပျော်သွားမယ်ဆိုတဲ့စကားရှိတယ်။ အစပိုင်းတော့ ရှက်သလိုလိုရှိမယ်။ ပြောကြည့်ပါ ထူးခြားသွားပါလိမ့်မယ်။

၁၁။ စိတ်ရှည် ဇွဲသန် သီးခံနိုင်အောင် ကြိုးစားမယ်။ သင်ယူခြင်းဆိုတာ ကိုယ်တိုင်အားထုတ်မှရတာ။ အင်္ဂလိပ် လိုပြောနိုင်ဖို့ အချိန်အတိုင်းအတာတစ်ခုတော့လိုတယ်။ လူဆိုတာ ကွန်ပျူတာမဟုတ်တော့ သူ့လောက်တော့ မမြန်နိုင်ဘူးပေါ့။

၁၂။ ဆက်သွယ်ပါ။ အင်္ဂလိပ်စာမှာ communication အရမ်းအရေးကြီးတယ်။ များများဆက် များများတက် တယ်။ အင်တာနက်ဆိုတာရှိတယ်လေ။ ကမ္ဘာပတ်ပြီး အီးမေးလ်တွေကို အင်္ဂလိပ်လိုရေးပြီး ပို့ကြည့်။ သူများ နိုင်ငံက ကိုယ့်ဆီကို ဘယ်လိုရေးတယ်ဆိုတာလည်းလေ့လာ၊ ကိုယ်လည်း ရေးရင်းနဲ့ လက်တက်သွားလိမ့်မယ်။

၁၃။ အင်တာနက်ကို သုံးဖြစ်အောင်၊ သုံးနိုင်အောင်ကြိုးစားပါ။ အင်တာနက်မှာ အင်္ဂလိပ်စာကို အတားအဆီး၊ အတိုင်းအတာမဲ့ လေ့လာသင်ယူနိုင်တယ်ဆိုတာ တကယ်ပြောတာ။ လက်ကလေးတစ်ချောင်းနှိပ်လိုက်ရုံနဲ့ ကမ္ဘာ့အပြင်ကို ခုန်ထွက်နိုင်တဲ့ခေတ်မှာ ကမ္ဘာပတ်ပြီး အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်ပါပြီ။

နောက်ဆုံးပြောချင်တာက စိတ်ရှည်ပါ။ သီးခံပါ။ တကယ်တတ်ချင်ရင် ဒီစကားကို အထပ်ထပ်ရွတ်ပါ။

Pratice ... Pratice … Practice!


By Tin Nyunt
Myanmar Network

The Passive: General

Passive voice နဲ့ ပတ်သက်တဲ့ အခြေခံအသုံးအနှုန်းတွေကိုသိကြပြီးသားဖြစ်မှာပါ။ ပုံသေနည်းလေးကို
မှတ်မှိလွယ်အောင် ရိုးရိုးရှင်းရှင်းစာကြောင်းတွေနဲ့ လေ့လာနိုင်ပါတယ်။


Present simple:                        am/are/is + past participle                                          
                                               e.g.The office is closed.

Present continuous:                 am/are/is +being + past participle    
                                              e.g.The office is being closed at the moment.

Past simple:                             was/were + past participle                                       
                                              e.g.The office was closed yesterday afternoon.

Past continuous:                      was/were + being + past participle                            
                                             e.g.The office was being closed last week.

Present perfect simple:            have/has + been + past participle                              
                                             e.g.The office has been closed just now.

Past perfect simple:                 had + been + past participle                                       
                                             e.g. The office had been closed for two weeks.

Future:                                     will/would/shall/should/+ be + past participle                                                e.g. The office will be closed tomorrow.

Compare the active and passive sentence:
Active: Someone has invited Sarah to the party.
Passive: Sarah has been invited to the party.


Uses of the passive:
Passive ကိုသုံးသော အခြေအနေများ 
=>When we want to highlight the object; ကံ(ပြုခြင်းခံရသူ)ကို ပေါ်လွင်စေချင်သောအခါသုံးသည်။
Millions of trees are destroyed by pollution every year.(Highlighting millions of trees)
သန်းပေါင်းများစွာသော သစ်ပင်များပျက်စီးရတာကို ပေါ်လွင်စေချင်တာဖြစ်ပါတယ်။

=>When we do not know who or what does something; ဘယ်သူ၊ဘယ်အရာက ပြုမှန်းမသိရတဲ့အခါ
My car was stolen last night. (I do not know who stole the car.)
ကားကို ဘယ်သူခိုးမှန်း မသိရလို့ပါ။

=>When we are not interested in who or what does something; ဘယ်သူ၊ဘယ်အရာပြုလုပ်တယ်ဆိုတာကို စိတ်ဝင်မှုမရှိတဲ့အခါမျိုးမှာကံ(ပြုခြင်းခံရသူ)ကို စာကြောင်းရှေ့မှာထားပြီးသုံးတတ်ပါတယ်။
Sarah has been invited to the party. (We are not interested in who has invited Sarah)
ဘယ်သူကSarah ကို ဖိတ်တယ်ဆိုတာ စိတ်မ၀င်စားပါဘူး။

=>When we do not want to say who or what does something, and when the subject is not important to mention; ဘယ်သူ၊ဘယ်အရာက ပြုလုပ်တယ်ဆိုတာကို မဖော်ပြလိုတဲ့အခါ(သို့မဟုတ်) ဖော်ပြရလောက်တဲ့ထိ အရေးမကြီး တဲ့အခါမျိုးမှာလည်း Passiveကိုသုံးပါတယ်။
The house is being painted at the moment. (not necessary and not important to say who are painting)
ဘယ်သူဆေးသုတ်တယ်ဆိုတာကို ဖော်ပြဖို့အရေးမကြီးပါဘူး။


Task: Kindly write 5-10 sentences using Passive.Thanks 
စိတ်ဝင်စားရင် Passive စာကြောင်း ငါးကြောင်းကနေ ဆယ်ကြောင်းလောက် ရေးကြည့်စေချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

By Nant Thin Thin Hmwe
Myanmar Network

ဗြိတိသျှနှင့်အမေရိကန်အသုံးအနှုန်းခြားနားချက်များ (I Could Murder a Cuppa by Guy Perring)

“အမေရိကား(America) နှင့် ဗြိတိန် (Britain) တို့သည် ဘာသာစကားတစ်မျိုးတည်းက ခွဲခြားထားခြင်း ခံရသည့် နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါတယ်။” လို့ George Bernard Shaw က ပြောခဲ့ဘူးပါတယ်။ တကယ်တော့ ခြားနားချက်တွေဟာ အတော်အတန်နည်းပြီး ယခုအခါ သတင်းအချက်အလက် ဆက်သွယ်ရေး နည်းပညာတွေ မြင့်မားလာသည်နှင့်အမျှ ပိုမိုနည်းပါးလာပါသည်။ ဒါပေမယ့် အရေးကြီးတဲ့ ကွာဟချက်တွေ ကတော့ ကျန်ရှိနေပါသေးတယ်။ ရှုပ်ထွေးခြင်း (သို့) နားလည်မှုလွဲခြင်းတွေ ဖြစ်နိုင်ခဲပေမယ့် တစ်သမတ်တည်း ရှိဖို့ကတော့ အရေးကြီးပါတယ်။

a)     I cashed his cheque.
b)     I cashed his check.
       သူ၏ ချက်လက်မှတ်တွေကို ငွေသားအဖြစ်လဲလိုက်သည်။

a)     They lived in a fourth floor flat.
b)     They lived in a fourth floor apartment.
        သူတို့သည် တိုက်ခန်းရဲ့ လေးလွှာမှာနေတယ်။

a)     He recently bought a new mobile phone.
b)     He recently bought a new cell phone.
       သူဟာမကြာခင်က လက်ကိုင်ဖုန်း အသစ်တစ်လုံးဝယ်ခဲ့တယ်။

a)     She met a colleague on the pavement outside the office.
b)     She met a colleague on the sidewalk outside the office.
        သူမသည် ရုံးအပြင်ဖက်မှာရှိတဲ့ လမ်းဘေးစင်္ကြံမှာ လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ့ တွေ့ခဲ့တယ်။

အထက်ပါဝါကျများထဲမှာ (a) ၀ါကျတွေဟာ ဗြိတိသျှများအသုံးပြုကြပြီး(b) ၀ါကျတွေကတော့ အမေရိကန်များ အသုံးပြုကြပါတယ်။ အဘိဓါန်ကောင်းများတွင် ဒီလိုမတူညီမှုများကို   BrE (British English) နှင့် AmE (American English)ဆိုပြီး စာလုံးတိုများဖြင့် ခွဲခြားဖော်ပြလေ့ရှိပါတယ်။ ပထမဦးဆုံး စာကြောင်း (၂) ကြောင်းမှာပါတဲ့ စာလုံးပေါင်း ကွဲလွဲမှုမျိုးဟာ အများသိပြီးသား ဖြစ်ပါတယ်။

ကက်တလောက်လို အဓိပ္ပါယ်ရတဲ့ catalogue (BrE)/ Catalog (AmE)၊ ကဇာတ်ရုံ theatre (BrE)/theater (AmE)၊ အရောင် colour (BrE)/ color (AmE) တို့ဟာလဲ အများသိပြီးသားဖြစ်သည့် စာလုံးပေါင်းကွဲလွဲမှုများပဲ ဖြစ်ပါတယ်။ မော်တော်ကားလို့ အဓိပ္ပါယ်ရတဲ့ cars(BrE)/ automobiles(AmE) ဆိုတဲ့ ဝေါဟာရတွေနဲ့ ဆက်နွယ်နေတဲ့ တစ်ခြားဝေါဟာရတွေမှာတော့ စာလုံးပေါင်းကွဲလွဲတာမဟုတ်တော့ပဲ စာလုံးကို မတူတော့တာဖြစ်ပါတယ်။

Motorway (BrE)/ Freeway (AmE) - အမြန်လမ်းမကြီး
Gear-leaver (BrE)/ grear-shift (AmE) - ဂီယာတံ
Bonnet (BrE)/ hood (AmE) - မော်တော်ကား အင်ဂျင်စက် အဖုံး
Crossroads (BrE)/ intersection (AmE) - လမ်းဆုံ ဆိုတဲ့ ဝေါဟာရတွေကတော့ လူသိပိုများတဲ့ ကွဲလွဲချက်တွေပါပဲ။

သဒ္ဒါကွာဟချက်တွေကတော့ စကားပြောတဲ့အခါမှာ ပိုပြီး များများစားစား ရှိပါတယ်။ စီးပွားရေးလုပ်ငန်း အရ အပြန်အလှန်ဆက်သွယ်ကြတဲ့ စာတွေမှာ သိပ်မရှိလှပါ။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာစံ ရှိနေလို့ပါပဲ၊ စကားပြောတဲ့အခါမှ ပိုပြီးတွေ့ရတတ်တဲ့ ကွာဟချက်များကို ဖော်ပြလိုက်ပါတယ်။

(a) ၀ါကျများကတော့ အမေရိကန် အင်္ဂလိပ်စာမှာ ပို၍အသုံးများတဲ့ အသုံးအနှုန်းများ ဖြစ်ပါတယ်။

a)     What did you do on the weekend?
b)     What did you do at the weekend?
        စနေ၊ တနင်္ဂနွေမှာဘာလုပ်ခဲ့လဲ?

a)      Hello, is this John?
b)      Hello, is that John?
         ဟယ်လို၊ ဒါ John လား?

a)     The office is open Tuesday through Saturday.
b)     The office is open Tuesday to Saturday.
        ရုံးခန်းဟာ အင်္ဂါနေ့မှ စနေနေ့အထိ ဖွင့်ပါတယ်။

a)     Your plane just landed.
b)     Your plane has just landed.
        သင့်လေယာဉ်ပျံ ယခုလေးတွင်ပဲ ဆိုက်ရောက်ပါတယ်။

နောက်ဆုံးဝါကျ ၂ခုကို ကြည့်ပါက ဗြိတိသျှ အင်္ဂလိပ်စာမှာ just ကို present perfect နဲ့ တွဲသုံးလေ့ရှိပြီး အမေရိကန် American အင်္ဂလိပ်စာမှာတော့ simple past နဲ့ တွဲသုံးလေ့ရှိတာကို စိတ်ဝင်စားဖွယ် တွေ့ရှိရပါတယ်။

ဒါနဲ့ ပြောရဦးမယ် - စာရေးသူရဲ့ အမေရိကန် လုပ်ဖော်ကိုင်ဖက်ကို ဦးနှောက်ခြောက်ပြီး စိတ်ရှုပ်သွားစေတဲ့ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ဖြစ်တဲ့ “I could murder a cuppa” ဆိုတာကတော့ ဗြိတိသျှ အင်္ဂလိပ်စကားရဲ့ ဘန်းစကား (slang) ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “I would love to have a cup of tea.” (လက်ဘက်ရည်တစ်ခွက်လောက်သောက်ချင်လိုက်တာ) ပဲဖြစ်ပါတယ်။

(Guy Perring ၏ Be Vocal အားဆီလျော်သလို ဘာသာပြန်ဆိုထားပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော မူလဆောင်းပါးနှင့် အခြားစိတ်ဝင်စားဖွယ် ဆောင်းပါးများအား ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

By Myanmar Network 

Fly စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ fly off the handle, fly by night နဲ့ on the fly တို့ ဖြစ်ကြပါတယ်။

Fly စကားလုံးအခြေခံ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ fly off the handle ဖြစ်ပါတယ်။ (Fly = ပျံသည်) Off (ဝိဘတ်) နဲ့ တွဲသုံးတဲ့အခါမှာ fly off က ပျံထွက်သွားသည်၊ လွှင့်ထွက်သွားသည် အဓိပ္ပါယ်ဆောင်ပါတယ်။ Handle = လက်ကိုင် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လက်ကိုင်မှ လွှင့်ထွက်သွားသည် ဖြစ်ပါတယ်။ ဒီ အမေရိကန်အသုံးအနှုန်း ဆင်းသက်လာတာကတော့ ပုဆိန်အသွားဟာ လက်ကိုင်ကနေ လွှင့်ထွက်သွားတယ်ဆိုရင်ဘယ်လောက်အန္တရာယ် ဖြစ်စေနိုင်သလဲဆိုတဲ့ အယူအဆက ဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအသုံး အဓိပ္ပါယ်ကလည်း ကိုယ့်စိတ်ကိုယ် မထိန်းနိုင်အောင် ဒေါသထွက်ခဲ့တဲ့ အဖြစ်မျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ယမ်ပုံမီးကျတာ၊ စိတ်လိုက်မာန်ပါ လုပ်လိုက်တာ၊ ဒေါသအို ပေါက်ကွဲတာ၊ မြင်မြင်ရာကို ချဲဖို့ ဒေါသထွက်နေတဲ့ အခြေအနေမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John flew out the handle when he saw his teenage daughter smoking cigarettes with the group of boys.

John တယောက်ဆယ်ကျော်သက်ရွယ်သူ့သမီး ယောက်ျားလေးတစုနဲ့ ဆေးလိပ်သောက်နေ တာမြင်တော့ ယမ်ပုံမီးကျ ဒေါသမီးထွက်တော့တယ်။

ဒုတိယတင်ပြပေးမယ့် စကားလုံးမှာ fly by night ဖြစ်ပါတယ်။ Fly = ပျံသည်၊ by = နှင့် ၊ Night = ည တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ညအချိန် ပျံသန်သည် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ ညအချိန်ကျ ခိုးထွက်တတ်တဲ့ အလေ့အကျင့်မျိုးက ဖြစ်တဲ့အတွက် အီဒီယံအဓိပ္ပါယ်က fly by night person ဆိုရင် စိတ်မချရတဲ့ လူမျိုး၊ အဖွဲ့အစည်းဆိုရင်လည်း စိတ်မချရတဲ့ အဖွဲ့အစည်းမျိုး၊ အခြေတကျ မရှိသေးတဲ့၊ အတိတကျ မရှိသေးတဲ့ အဖွဲ့အစည်းမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဥပမာ ဈေးဆိုင်တဆိုင်ဆိုရင်လည်း စဖွင့်ချိန်ဆိုင်မျိုး၊ စီးပွားရေး အခြေမခိုင်သေးတဲ့ဆိုင်မျိုး။ ကျမတို့ မြန်မာမှာတော့ နေ့မြင်ညပျောက် အနေအထားမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The plumber we hired to repair our pipes did a very bad job. I never trust a fly by night worker again.

ကျနော်တို့ ပိုက်ပြင်ပေးဖို့ ငှားလိုက်တဲ့ ပိုက်ပြင်သမားက ညံလိုက်တာ။ နောက်များတော့ အဲဒီလို စိတ်မချရတဲ့ အလုပ်သမားမျိုးတော့ ထပ်မငှားတော့ဘူး။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on the fly ဖြစ်ပါတယ်။ On = အပေါ်မှာ၊ Fly = ပျံသန်သည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  အဓိပ္ပါယ်က ပျံသန်နေတုန်းအခါ၊ လေထဲမှာ ရှိနေချိန်အခါမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို ကြိုတင်စီစဉ်ထားခြင်း မရှိဘဲ ကြုံတော့မှ မီးစင်ကြည့်ကတဲ့ သဘောမျိုးဖြစ်ပါတယ်။ ဥပမာ အားကစားပွဲမှာ ပွဲရပ်စရာမလိုဘဲ ကစားနေတုန်း ပွဲစည်းမျဉ်းတွေကို လိုရင်လိုသလို ပြောင်းနိုင်တာမျိုးကို ဆိုလိုပါတယ်။ တခါတရံလည်း တခုခုကြောင့် အလောသုံးဆယ် ဖြစ်နေလို့ ကြိုတင်မပြင်ဆင်နိုင်ဘဲ ဖြစ်လာတော့မှ ကြည့်လုပ်ရမယ့် အခြေအနေမျိုးကို on the fly လို့ ပြောဆိုနိုင်ပါတယ်။ တနည်းတော့ ဖြစ်သလို လုပ်လိုက်ရတဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I invited my boss to dinner tomorrow. So, we have to prepare something special. We can just cook something on the fly.

မနက်ဖြန် ဆရာသမားကို ညစာစားဖို့ ဖိတ်ကြားထားတယ်။ ဒါကြောင့် အထူးစပယ်ရှယ် တခုခုတော့ ပြင်ထားဖို့လိုမယ်။ ဖြစ်သလိုတော့ တခုခုကို ချက်လို့မရဘူး။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network