Primary English { 4 }
ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
Present Perfect Tense (V3)*Signals
1. just = ယခု လေးတင်
2. already = ( နှင့် ပြီ )
အလုပ်တစ်ခုကို ကြိုတင် ( စောစီးစွာ) ပြီးမြောက်ထားကြောင်း ဖော်ပြသည် ၊
3. ever = ဘူးလား ( တစ်စုံ တရာကို သိမြင် ခံစားဘူးခြင်း ရှိမရှိ ကို ဖော်ပြသည်။
4. never = တခါ မှ မပြု ( တစ်စုံ တရာကို သိမြင် ဘူးခြင်း ရှိမရှိကို ဖော်ပြသည်။
5. often = မကြာခဏ ( တစ်စုံတရာကို သိမြင်ခံစားဘူးခြင်း ရှိမ ရှိကို ဖော်ပြသည်)
6. Since = ကတည်းက
7. For = အချိန်ကြာပြီ ၊ ( ကြာ မျှ )
8. Lately = အခုတလော ၊ မကြာလှတဲ့ အချိန်ပိုင်းအတွင်းမှာ ၊
recently = အခုတလော ၊ မကြာလှတဲ့ အချိန်ပိုင်းအတွင်းမှာ၊
9. Yet = ( သေးဘူး ) ပြီးပြတ်သောသဘော ၊ မေးခွန်းနှင့် အငြင်းဝါကျ မှာသုံးပါ
10. once = တစ်ကြိမ်
11. twice = နှစ်ကြိမ်
12. many times = အကြိမ်များစွာ
13. several times = အကြိမ်များစွာ
14. almost = လုနီးပါး ၊
15. before = မတိုင်မီ ၊
16. after = ပြီးနောက် ၊
17. till = တိုင်အောင် ၊
18. until = မတိုင်မချင်း ၊
19. up to now = ယခုထက်ထိ ။
20. from the earliest times = ဟိုးရှေးရှေးကတည်းက ၊
10. Present Perfect Tense ( V3 ) ကဗျာ
1. Perfect ဆိုတာ ကြိုကြိုတင် ၊ ပြီးမြောက်ထားစေချင်၊
2. အခုကလေးတင်ပြီး ပြီလား၊ just ကိုသုံးစေဗျား၊
3. ever, never , often ပါ ၊ for ကိုမှတ်ကြပါ၊
4. already ဟာ ပြီးပြီဗျ၊ since က -ကတည်းက၊
5. မကြာလှတဲ့အချိန်ပြော ၊ lately က အခုတလော၊
6. မကြာ လှတဲ့အချိန်ပြော၊ recently က အခုတလော၊
7. မပြီးပြတ်သော သဘောမှာ ၊ yet ကိုသုံးလိုက်ပါ၊
8. မေးခွန်း လွှာနဲ့ အငြင်းဝါကျ ၊ yet ကိုသုံးပါဗျ၊
9. မှတ်ကြအကြိမ် ဘယ်နှစ်ခါ ၊ once , twice သုံးလိုက်ပါ၊
10. အခါ များများ အကြိမ်များ ၊ many times ကိုသုံးပါလား၊
11. အခါ များများ အကြိမ်များ၊ several times ကို သုံးပါလား၊
12. လုနီးပါးကို မှတ်ထားပါ ၊ almost လေးပါကွာ၊
13. after ဆိုတာ ပြီးနောက်ဘဲ ၊ မှတ်ထားလိုက်ပါအမြဲ ၊
14. ဟိုးရှေးကတည်းက အဓိပ္ပါယ် ရ၊ from the earliest times လေးဗျ၊
15. before ကတော့ မတိုင်မီ၊ မှတ်ကြရပါမည်၊
16. တစ်ခု ချင်းစီပြန်စဉ်း စား၊ till နဲ့ until ကျန်သေးလား၊
17. မှတ်သားစရာ အစုံကွယ် ၊ up to now ကို ထည့်ဦးမယ်၊
18. Perfect ရယ်က V3 သဲလွန်စ ကအရေးကြီး၊
19. မေ့ပြီးမနေနဲ့ သတိထား၊ Subj နည်း -များ ကြည့်စေဗျား၊
20. များရင်have ထား- နည်း has ထား၊ မှတ်သားလိုက်ပါလား။
ကလေးများအတွက် မေတ္တာများစွာ ဖြင့်
0 comments:
Post a Comment