ကလေးများအတွက် ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
{ 4 } Simple Present Tense (V1)
* Signals
1. always = အစဉ်အမြဲ
2. usually = လုပ်ရိုးလုပ်စဉ်
3. generally = ယေဘုယျအားဖြင့်
4. often / frequently = မကြာခဏ
5. regularly = ပုံမှန်
6. steadily = မှန်မှန်
7. sometimes/occasionally = တခါတရံ ၊ တခါ တလေ၊
8. hardly/rarely/seldom = ကြာမှတစ်ခါ
9. daily = နေ့စဉ်
10. weekly = အပတ်စဉ်
11. monthly = လစဉ်
12. yearly = နှစ်စဉ်
13. never = ဘယ်တော့မှ
14. once a day = တစ်နေ့တစ်ခါ
15. once a week = တစ်ပတ် တစ်ခါ
16. twice a month = တစ်လ နှစ်ကြိမ်
17. many times a year = တစ်နှစ်မှာ အခါ များစွာ
18. every day = နေ့တိုင်း
19. every week = အပတ်စဉ်တိုင်း
20. every month = လစဉ်လတိုင်း
21. every year = နှစ်စဉ်နှစ်တိုင်း
နောက်မှတ်ရမှာက အထက်ဖော်ပြပါ အချက်ပြစကားလုံးများမပါသော်လည်း
( a ) Universal Truth စကြာဝဠာနှင့်ဆိုင်သော အမှန်တရား ( ကမ္ဘာ့နိယာမတရား)
( b ) General Truth ယေဘုယျအမှန်တရား တွေကိုရေးရင်လည်း Present Tense ကိုသုံးပါတယ်။
ဥပမာ - နေဟာ အရှေ့က ထွက်တယ်၊ နေ ဟာ အနောက်က၀င်တယ်။ ဒါတွေ ဟာအမှန်တရားတွေပါ။
1. The sun rises in the east . နေဟာအရှေ့ကထွက်တယ်၊
2. The sun sets in the west . နေ ဟာအနောက်ကထွက်တယ်၊
3. The earth moves round the sun . ကမ္ဘာကနေကိုလှည့်ပတ်တယ်၊
4. The moon moves round the earth . လက ကမ္ဘာကို လှည့်ပတ်တယ်၊
5. The Ayeyarwady is the longest river in Myanmar . မြန်မာပြည်မှာ ဧရာဝတီမြစ် ဟာ အရှည်ဆုံးပါ၊
6. Man is mortal . လူဆိုတာ သေမျိုးပါ။
7. The cows give us milk . နွားတွေက ကျွန်ပ်တို့ကို နို့ပေးတယ်။
8. Fire is hot . မီးဆိုတာပူပါတယ်၊
9. The earth rotates around the sun . ကမ္ဘာကြီးက နေကို လည်ပတ်နေတယ်၊
10. Birds build nest . ငှက်တွေက အသိုက်ဆောက်တယ်။
( b) Habitual Action = အလေ့အကျင့်တို့ကိုရေးလျှင်လည်း Present Tense ကိုသုံးပါသည်။
Eg/1. I get up early every morning . ငါ မနက်တိုင်း အိပ်ရာကစောစောထတယ်။
Eg/2. I brush my teeth and take a bath . ငါသွားတိုက်ပြီးတော့ ရေချိုးပါတယ်၊
Eg/ 3. I study my lessons from 7 o'clock to 10 o'clock at night. ငါ ည ၇ နာရီကနေ 10 နာရီအထိ စာကျက်ပါတယ်။
( c ) State of affair = လက်ရှိအခြေအနေတို့ကိုလည်း Present Tense ကိုသုံးပါသည်။
1. She is thirteen years old . သူမ ဟာ အသက် ၁၃ နှစ်ရှိပါပြီ၊
2. I am at school . ကျွန်ပ်ကကျောင်းမှာပါ၊ အခု ကျောင်းမှာရှိပါတယ်
3. Father is at work . အဖေကတော့ အလုပ်မှာပါ၊
4. My uncle works there . ဦးလေးက ဟိုမှာ အလုပ်လုပ်ပါတယ်။
The Simple Present is used to show a truth or a fact and the action is a habit .
4. Simple Present Tense ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 1 )
၁။ အမှန်တရားတွေ့ရင်သာ V1ထည့်လိုက်ပါ။
၂။ လုပ်လေ့လုပ်ထ ရှိတာတော့၊ အလေ့အကျင့်ဘဲပေါ့၊
၃။ Habitual လို့ခေါ်ပါတယ်၊ အဲဒါ မှတ်စမ်းကွယ်၊
၎။ အခုအချိန်မယ် ဘယ်မှာရှိ၊ လက်ရှိအခြေအနေ ခေါ်ပါ၏၊
၅။ မှတ်မိအောင်သာ သတိထား၊ State of affair.
၆။ အငြင်းလေးများလုပ်လိုသော် do / does သုံးလိုက်နော်၊
၇။ မေးခွန်းလေးများ လုပ်လိုသော် Do / Does သုံးလိုက်နော်၊
၈။ V1 ဖြေသော် သတိထား၊ Subjအနည်းအများ ကြည့်ပါလား။
5. Simple Present Tense ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 2 )
၁။ V 1 မှာလေ အနည်း အများကြည့် အဲဒါ သတိရှိ၊
၂။ အများရှိက ပြန်ရေးပါ ၊ မူရင်းရေးမယ်ကွာ၊
၃။ တစ်ယောက်ထဲသာ ဆိုရင်တော့၊ အနည်းကိန်းလေးပေါ့၊
၎။ ဘာ ဆုံးလဲ တော့ ကြည့်ရမယ်၊ သတိရှိပါကွယ်၊
၅။ ရှော်ဇီ နဲ့ ရယ် ဆုံးသလား၊ အဲဒါသတိထား၊
၆။ မှတ်သားထားတာ ဆိုကြည့်ပါ၊ s နဲ့ဆုံးရင် ဘာပေါင်းမှာ၊
၇။ s နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
၈။ h နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
၉။ o နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
၁၀။ x နဲ့ဆုံးရင် es ပေါင်း အဲဒါမှတ်စေကြောင်း
၁၁။ y နဲ့ဆုံးရင် y ဘေးချောင်း အဲဒါမှတ်စေကြောင်း
၁၂။ y ဘေးချောင်းတော့ ဘာတွေ့တာ၊ a / e / i / o / u လေးပါ၊
၁၃။ a / e / i / တို့ ရှိရင်တော့ y မဖြုတ်ရဘူးပေါ့၊
၁၄။ မရှိရင်တော့ ဘာလုပ်မယ်၊ y ဖြုတ်ရပါမယ်၊
၁၅။ y ရဲ့အစား ies အဲဒါ သတိဆက်၊
၁၆။ ခြွင်းချက်ရှိတာပြောဦးမယ် h နဲ့ဆုံးရင်ကွယ်၊
၁၇။ es မသုံး s သာသုံး အဲဒါ Verb သုံးလုံး
၁၈။ ဘာတုန်းလဲကွဲ့ စဉ်းစားပါ၊ laugh / weigh / plough လေးပါ၊
၁၉။ ရှော်ဇီကိုသာသတိထား၊ es ပေါင်းစေဗျား၊
၂၀။ တခြား Verb တွေ ဘာပေါင်းမယ် s ပေါင်းရပါမယ်၊
၂၁။ နားလည်အောင်တော့ သတိထား V 1 ရေးနည်းများ
၂၂။ အမှန်တရားက V 1 ပါ ၊ သဲလွန်စကိုရှာ၊
၂၃။ every ပါတာ အသေချာဘဲ ၊ always ထည့်ပါအမြဲ ၊
၂၄။ usually လည်း ရှိသေးတာ၊ often ထည့်လိုက်ပါ၊
၂၅။ daily ဆိုတာနေ့စဉ်လား ၊ sometimes ထည့်ပါလား၊
၂၆။ ရှား ပါး လုပ်ခဲ ကြာမှတစ်ခါ ၊ hardly , rarely , seldom ပါ။
၂၇။ never ဆိုတာ ဘယ်တော့မှ ၊ မလုပ်ပါဘူးဗျ၊
၂၈။ ယေဘုယျက generally ၊ အပတ်စဉ် weelly ၊
၂၉။ monthly ဆိုတာ လစဉ်ပေါ့၊ yearly ကနှစ်တိုင်းပေါ့၊
၃၀။ ပုံမှန်လေးတော့regularly ၊ မှတ်လိုက်ကြပါမည်၊
၃၁။ steadily ကိုမှန်မှန်ထား ၊ once a - / twice a -မှတ်ပါလား၊
၃၂။ ကဗျာများက ကူညီမည်၊ မှတ်ဖို့လွယ်ပါသည်၊
၃၃။ ထပ်ထပ် လီလီ စာကိုကျက်၊ Practice makes perfect .
ဒီကဗျာလေးတွေကို ကလေးတွေရွတ်ဆိုတဲ့အခါ အသံသာအောင်တို့ကိုယ်တိုင် စပ်ဆိုပေးထားတာပါ၊
တို့ က ကဗျာကို ၀ါသနာပါပါတယ်၊ ဘုန်းဘုန်းအများစုဟာလည်း တရားဟောကြားတဲ့အခါ တရားနာသူတွေ ရှင်းကနဲ ကွင်းကနဲ နားလည်ပါစေဆိုပြီး ၊ ကဗျာလေးတွေ လင်္ကာလေးတွေ သံပေါက်လေးတွေ နဲ့ အမျိုးမျိုးစပ်ဆိုပြီး ဒါလေး လိုက်ဆိုကြပါဆိုပြီး တရားပြသလိုပါဘဲ ၊
တို့က လည်း တို့ကလေးတွေကို အဲဒီလို English Grammar ကို သဘောပေါက်အောင် သဒ္ဒါကို ကဗျာနဲ့ ချဉ်းကပ်ထားပါတယ်၊ ဒါကြောင့် ကဗျာနဲ့ သဒ္ဒါ စာစဉ်လေးတွေကို internet ကနေ share ဆက်လုပ်သွားပါမယ်။
ကလေးများအတွက် မေတ္တာများစွာ ဖြင့်
0 comments:
Post a Comment