This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, 6 May 2012

Primary English { 4 } Grammar & Poem for Kids

Primary  English  { 4 } 
ကလေးများအတွက်   ကဗျာ နှင့် သဒ္ဒါ စာစဉ်များ
            Present Perfect Tense (V3)
          *Signals
1.       just                        =       ယခု လေးတင်
2.       already                   =       ( နှင့် ပြီ )

 အလုပ်တစ်ခုကို  ကြိုတင် ( စောစီးစွာ)  ပြီးမြောက်ထားကြောင်း ဖော်ပြသည် ၊
3.       ever                       =       ဘူးလား ( တစ်စုံ တရာကို  သိမြင် ခံစားဘူးခြင်း ရှိမရှိ ကို ဖော်ပြသည်။
4.       never                     =       တခါ မှ မပြု ( တစ်စုံ တရာကို သိမြင် ဘူးခြင်း ရှိမရှိကို  ဖော်ပြသည်။
5.       often                      =       မကြာခဏ   ( တစ်စုံတရာကို  သိမြင်ခံစားဘူးခြင်း  ရှိမ ရှိကို ဖော်ပြသည်)
6.       Since                     =       ကတည်းက
7.       For                         =       အချိန်ကြာပြီ ၊ ( ကြာ မျှ )
8.       Lately                     =       အခုတလော ၊ မကြာလှတဲ့ အချိန်ပိုင်းအတွင်းမှာ ၊
          recently                  =       အခုတလော ၊ မကြာလှတဲ့ အချိန်ပိုင်းအတွင်းမှာ၊
9.       Yet                         =       ( သေးဘူး )    ပြီးပြတ်သောသဘော ၊ မေးခွန်းနှင့်  အငြင်းဝါကျ မှာသုံးပါ
10.     once                       =       တစ်ကြိမ်
11.     twice                      =       နှစ်ကြိမ်
12.     many times            =       အကြိမ်များစွာ
13.     several  times         =       အကြိမ်များစွာ
14.     almost                    =       လုနီးပါး ၊
15.     before                    =       မတိုင်မီ ၊
16.     after                       =       ပြီးနောက် ၊
17.     till                          =       တိုင်အောင် ၊
18.     until                       =       မတိုင်မချင်း ၊
19.     up to now              =       ယခုထက်ထိ ။
20.     from the earliest times      =       ဟိုးရှေးရှေးကတည်းက ၊

10.     Present  Perfect  Tense ( V3 )   ကဗျာ
1.       Perfect ဆိုတာ ကြိုကြိုတင် ၊            ပြီးမြောက်ထားစေချင်၊
2.       အခုကလေးတင်ပြီး ပြီလား၊               just ကိုသုံးစေဗျား၊
3.       ever,  never , often ပါ ၊                for  ကိုမှတ်ကြပါ၊
4.       already ဟာ ပြီးပြီဗျ၊                      since က -ကတည်းက၊
5.       မကြာလှတဲ့အချိန်ပြော ၊                   lately က အခုတလော၊
6.       မကြာ လှတဲ့အချိန်ပြော၊                   recently က အခုတလော၊
7.       မပြီးပြတ်သော သဘောမှာ ၊              yet ကိုသုံးလိုက်ပါ၊
8.       မေးခွန်း လွှာနဲ့  အငြင်းဝါကျ ၊            yet  ကိုသုံးပါဗျ၊
9.       မှတ်ကြအကြိမ် ဘယ်နှစ်ခါ ၊              once , twice သုံးလိုက်ပါ၊
10.     အခါ များများ အကြိမ်များ ၊               many times ကိုသုံးပါလား၊
11.     အခါ များများ အကြိမ်များ၊                several times ကို သုံးပါလား၊
12.     လုနီးပါးကို  မှတ်ထားပါ ၊                  almost  လေးပါကွာ၊
13.     after  ဆိုတာ ပြီးနောက်ဘဲ ၊             မှတ်ထားလိုက်ပါအမြဲ ၊
14.     ဟိုးရှေးကတည်းက အဓိပ္ပါယ် ရ၊         from the earliest  times လေးဗျ၊
15.     before ကတော့ မတိုင်မီ၊                 မှတ်ကြရပါမည်၊
16.     တစ်ခု ချင်းစီပြန်စဉ်း စား၊                 till နဲ့  until ကျန်သေးလား၊
17.     မှတ်သားစရာ အစုံကွယ် ၊                 up to now ကို ထည့်ဦးမယ်၊
18.     Perfect ရယ်က  V3                       သဲလွန်စ ကအရေးကြီး၊
19.     မေ့ပြီးမနေနဲ့ သတိထား၊                  Subj နည်း -များ ကြည့်စေဗျား၊
20.     များရင်have ထား- နည်း has ထား၊    မှတ်သားလိုက်ပါလား။

ကလေးများအတွက် မေတ္တာများစွာ ဖြင့်
Diamond  
(mamami289@gmail.com)
Myanmar Network

Saturday, 5 May 2012

Thoughts စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အတွေး (thoughts) အခြေခံတဲ့  အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ to have second thought, food for thought, collect one’s thoughts, lost in thought နဲ့ a penny for your thoughts တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ to have second thought ဖြစ်ပါတယ်။ to Have = ရှိစေတာ, Second = ဒုတိယ၊ နောက်ထပ်, Thoughts = အတွေးများ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဒုတိယအတွေးများကို ဝင်လာစေတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကျမတို့ မြန်မာစကားအရဆိုရင်တော့ သေသေချာချာ ပြန်စဉ်းစားကြည့်ပြီးတဲ့နောက်ပိုင်းမှာ စိတ်ပြောင်းချင်တဲ့သဘော။ ပထမဆုံးဖြတ်ထားတာ၊ ပြောထားတဲ့အပေါ် သံသယဝင်လာတဲ့သဘောမျိုး။ မသေချာတော့တဲ့ သဘောမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The wedding is just a month away, but Mary is having second thoughts about getting married to John. So, we’ll have to wait and see.
မင်္ဂလာဆောင်ဖို့က တလလောက်ပဲ လိုတော့တယ်။ ဒါပေမဲ့လို့ Mary က John နဲ့ လက်ထပ်ဖို့ စိတ်ပြောင်းချင်ပုံပေါ်တယ်။ ဒါကြောင့် ကျနော်တို့တတွေ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ food for thought ဖြစ်ပါတယ်။ Food = အစားအစာ, For = အတွက်, Thought = အတွေး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အတွေးအတွက် အစားအစာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းတယ်လို့ဆိုနိုင်ပါတယ်။ သစ်ပင်ကို ရေလောင်းရင် သစ်ပင်ရှင်သန်လာတယ်။ အစားစားရင် လူဟာ သာမန်ကြီးထွားလာတယ်။ ဒီလိုပါပဲ ဦးနှောက်အတွက် စဉ်းစားစရာဖြစ်စေရင် အတွေးအခေါ်အတွက် အစာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့်မို့ food for thought ကို ရည်ညွှန်းတာဖြစ်ပါတယ်။ တနည်းအားဖြင့် လေးလေးနက်နက် စဉ်းစားစေတာ၊ အတွေးအခေါ်ကို ရင့်ကျက်စေတယ်ဆိုတဲ့ တွေးဖို့ခေါ်ဖို့၊ နဖူးပေါ်လက်တင် လေးလေးနက်နက် စဉ်းစားပေးဖို့ ဖန်တီးပေးဖို့ကိစ္စရပ်။ ဒါမှမဟုတ် အယူအဆ၊ ပြောဆိုချက် စသဖြင့်တို့ကို food for thought အီဒီယံနဲ့ ရည်ညွှန်းသုံးနိုင်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Your discussion on democracy has given me food for thought.
ဒီမိုကရေစီနဲ့ ပတ်သက်လို့ ခင်များ ဆွေးနွေးတင်ပြခဲ့တာတွေက ကျနော့်အတွက် တကယ်ပဲ လေးလေးနက်နက် စဉ်းစားစရာ ဖြစ်စေပါတယ်။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ collect one’s thoughts ဖြစ်ပါတယ်။ Collect = ပြန်သိမ်းသည်၊ စုဆောင်းသည်, One’s = တဦးတယောက်၏, Thoughts = အတွေးအခေါ်များ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ တဦးတယောက်၏ အတွေးအခေါ်များကို ပြန်စုစည်းတာ၊ ပြန်သိမ်းယူတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ကိစ္စတခုခုအကြောင်းကိုပြန်ပြီး အချိန်ယူစဉ်းစားတာကို ဆိုလိုပါတယ်။ တနည်းအားဖြင့် ပြန်ပြောင်းသုံးသပ် စဉ်းစားတဲ့သဘော ဖြစ်ပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John was glad his work day was over. Back at home he can relax and collect his thoughts about the meeting he had with his boss.
John တယောက် သူ့တနေ့တာအလုပ်ပြီးသွားတာကို ပျော်နေခဲ့တယ်။ အိမ်ပြန်ရောက်တော့ သူ နားနားနေနေနဲ့ သူ့ ဆရာသမားနဲ့ ဆွေးနွေးစည်းဝေးခဲ့တဲ့အကြောင်းကို ပြန်ပြောင်းသုံးသပ် စဉ်းစားနေခဲ့တယ်။
နောက်ထပ်တင်ပြပေးမယ့် အသုံးအနှုန်းမှာ lost in thought ဖြစ်ပါတယ်။ Lost = ဆုံးရှုံးသည်, In = အထဲမှာ, Thought = အတွေး တို့ဖြစ်ကြပြီး စကားစုတစုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အတွေးထဲမှာ ဆုံးရှုံးနေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ကျမတို့မြန်မာစကားအရဆိုရင် အတွေးရေယဉ်ကြော နှစ်မျောနေတာကို ဆိုလိုပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I could not answer my friend’s question immediately as I was lost in thought.
ကျနော့်သူငယ်ချင်း မေးလိုက်တာကို ကျနော်ချက်ချင်း ပြန်မဖြေနိုင်ခဲ့ဘူး။ ကျနော်က အတွေးရေယဉ်ကြောထဲမှာ နှစ်မျောနေခဲ့တယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ a penny for your thoughts ဖြစ်ပါတယ်။ A = တခု၊ တပြား, Penny = အင်္ဂလိပ်၊ အမေရိကန်တို့ သုံးစွဲတဲ့ ပဲပြားအကြွေးစေ့, For = အတွက်, Your = သင်၏, Thoughts = အတွေးများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သင့်အတွေးအတွက် ပဲပြားတပြား ပေးမယ် ဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးက ၁၅၀၀ ခုနှစ်များခေတ်က ဗြိတိန်က ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ထိုစဉ်က penny တပြားဟာ အတော်လေး တန်းဖိုးရှိတဲ့ခေတ် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ လူတဦးဦး စဉ်းစားနေတာ၊ ငြိမ်နေတာကို ဘာဖြစ်လို့ ငြိမ်နေတာလဲ၊ ဘာတွေ စဉ်းစားနေတာလဲ သိပါရစေလို့ မေးတဲ့အခါ a penny for your thoughts လို့ပြောပြီး ယဉ်ယဉ်ကျေးကျေး မေးတာကို ဆိုလိုပါတယ်။
ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
You seem very quiet. A penny for your thoughts?
ခင်များကို ကြည့်ရတာ ငြိမ်နေတာပဲ။ ခင်များ ဘာတွေ စဉ်းစားနေသလဲ။

By ဒေါ်လှလှသန်း
Ref: VOA

Moon စကားလုံဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ လမင်း (moon) အခြေခံတဲ့  အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ reach for moon, over the moon, hung the moon, once in a blue moon နဲ့ moonlighting တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ reach for moon ဖြစ်ပါတယ်။ Reach = မှီအောင်လက်လှမ်းသည်။ For = အတွက်။ the Moon = လမင်း တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို လက်လှမ်းသည် ဖြစ်ပါတယ်။ ဒီနေရာမှာ moon အစား stars = ကြယ်တွေ အဓိပ္ပါယ်ရတဲ့ reach for the stars လို့လည်း ပြောဆိုနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လကို လက်လှမ်းမှီအောင် ကြိုးစားတယ်ဆိုရင် လက်တွေ့မှာ မဖြစ်နိုင်တာမို့ အီဒီယံအဓိပ္ပါယ်က သိပ်ကိုခက်ခဲလှတဲ့ မဖြစ်နိုင်လောက်တဲ့ ကြိုးပမ်းမှုကို ပြုလုပ်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
There is no harm in reaching for the moon, but you have to be prepared to face disappointment.

မဖြစ်နိုင်တာကို မျှော်မှန်းဖို့ ကြိုးပမ်းတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့လို့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ဖို့အတွက်တော့ အဆင်သင့်ဖြစ်ဖို့ လိုတယ်။
ဒုတိယ တင်ပြပေးမယ့် အသုံးအနှုန်းက over the moon ဖြစ်ပါတယ်။ Over = ကျော်လွှာသည်။ the Moon = လမင်း တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို ကျော်လွှာသည် ဖြစ်ပါတယ်။ ဒီအသုံးက အဓိပ္ပါယ်က တင်စားပြောထားတာ ဖြစ်ပါတယ်။ လူတဦးရဲ့  စိတ်ဟာ သိပ်ကိုပေါ့ပါးပြီးတော့ မိုးကောင်ကင်ပေါ် တက်သွားတယ်ဆိုတဲ့သဘောမျိုးဆိုရင် တခုခုနဲ့ ပတ်သက်လို့ သိပ်ကို စိတ်ပေါ့ပါးတာ၊ ရွှင်ပြတာ၊ ဝမ်းသာမဆုံး ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John is over the moon these days. He got a well-paying job and is soon getting married to the girl he loves.

John တယောက် အခုတလော ပျော်မဆုံး ဖြစ်နေတယ်။ လခကောင်းတဲ့ အလုပ်လည်း သူရထားသလို၊ သူချစ်တဲ့ မိန်းခလေးနဲ့လည်း မကြာမီ လက်ထပ်တော့မယ်။
ဆက်လက်တင်ပြပေးမယ့် အသုံးမှာ hung the moon ဖြစ်ပါတယ်။ Hung = Hang (verb - ကြိယာ)ဝေါဟာရ က ဆင်းသက်လာပြီး ချိတ်ဆွဲတယ် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီးကို ချိတ်သည် ဖြစ်ပါတယ်။ လမင်းကိုတောင် သွားချိတ်နိုင်စွမ်း ရှိတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သိပ်ကိုအထင်ကြီးခံရတာ၊ သိပ်တော်တယ်၊ သိပ်တတ်တယ်လို့ ယူဆခံရတာ။ တနည်းအားဖြင့် ခြောက်ပြစ်ကင်း သဲလဲစင်လို့ ယူဆခံရတဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ခေတ်စကားအရတော့ superstar ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
When I first met Mary, I thought she hung the moon and I instantly fell in love with her.

ကျနော် Mary နဲ့ စတွေ့ချိန်က သူကို အပြတ်အထင်ကြီးတာ။ ဒါကြောင့်လည်း ကျနော် သူ့ကိုမြင်မြင်ချင်းပဲ ချစ်သွားခဲ့တယ်။
နောက်ထပ်တင်ပြပေးမယ့် အသုံးအနှုန်းက once in a blue moon ဖြစ်ပါတယ်။ Once = တကြိမ်။ In = အထဲမှာ။ Blue = အပြာရောင်။ Moon = လမင်း တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က အပြာရောင် လတကြိမ် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ အမေရိကန်ပြည်ထောင်စုရဲ့  ပြည်နယ်တခုဖြစ်တဲ့ Maine ပြည်နယ်ရှိ လယ်သမားတွေရဲ့  မိုးလေဝသခန့်မှန်းခြေ လက်စွဲစာအုပ်ထဲကလို့ ဆိုပါတယ်။ အဲဒီမှာ ပြက္ခဒိန် ကို သတ်မှတ်ရာမှာ ကျမတို့ မြန်မာမှာလိုပဲ လပြည့်၊ လကွယ်နဲ့ သတ်မှတ်ရာမှာ လပြည့်ကို အနီရောင်နဲ့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ လဟာ တလတခါ ပြည့်တာများပေမယ့် တချို့ လတွေမှာတော့ ဒုတိယအကြိမ် တလထဲ လနှစ်ကြိမ်ပြည့်တဲ့အခါတွေလည်း ရှိပါတယ်။ ပထမလပြည့်ကို အနီရောင်ခြယ်သထားပြီး၊ ဒုတိယလပြည့်ကိုတော့ အပြာရောင်နဲ့ ခြယ်ပြထားရာကနေ အပြာရောင်လ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ တလမှာ လပြည့်နှစ်ခါကြုံဖို့က ခဲယဉ်းလှသလို once in a blue moon ဆိုတဲ့ အသုံးအနှုန်းကလည်း ကြုံတောင့်ကြုံခဲ အဖြစ်မျိုးကိုရည်ညွှန်း ပြောတာဖြစ်ပါတယ်။ သိပ်ကို ပြုလုပ်ခဲလှတယ်ဆိုရင် ဒီအသုံးကို သုံးစွဲပြောဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I like to eat out at an expensive restaurant, but since I started saving, I only eat out once in a blue moon.

ကျနော်က အကောင်းဆုံးစားသောက်ဆိုင်တွေမှာ ထွက်စားတာကြိုက်တယ်။ ဒါပေမဲ့လို့ ကျနော် ပိုက်ဆံစ ဆုလာချိန်ကတည်းက နောက်ပိုင်းမှာ အပြင် သိပ်ထွက်စားခဲလှတယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ moonlighting ဖြစ်ပါတယ်။ Moon = လမင်း။ Lighting = အလင်းရောင် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လရဲ့  အလင်းရောင် ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လူတဦးအနေနဲ့ အချိန်ပြည့် အလုပ်တခုခုကို လုပ်ရကနေ၊ နောက်တခုကို အားတဲ့အချိန်ပိုမှာ လုပ်တာကို ဆိုလိုပါတယ်။ တနည်းအားဖြင့်တော့ နေအချိန်မှာ အလုပ်လုပ်တာကို moonlighting ဆိုတဲ့ ညအချိန်မှာလည်း ခိုးလုပ်တဲ့သဘောမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ တနေ့မှာ အလုပ် (၈) နာရီ သတ်မှတ်ထားတဲ့ သာမန်အလုပ်ချိန်မှာ (၈) နာရီထက်ကျော်ပြီး တခြားနေရာမှာ ဝင်ငွေပိုရလေအောင် အလုပ်လုပ်ရင် ကိုယ့်ကိုအချိန်ပြည့် (၈) နာရီ ငှားထားတဲ့အလုပ်ရှင်က နှစ်သက်ချင်မှနှစ်သက်မှာ ဖြစ်ပါတယ်။  တခါတရံ တကယ့်အလုပ်ချိန်မှာ ပင်ပန်းလို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တာမျိုး အိပ်ငိုက်တာမျိုး၊ ဥာဏ်မရွှင်တာမျိုး ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်နှစ်ခုကို တွဲလုပ်ရာမှာ အပိုအလုပ်ကို အထူးသဖြင့် ခိုးလုပ်ရတဲ့အချိန်မျိုးမှာ ဒီအသုံးကို သုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
He is a doctor at our hospital, but he moonlights at another hospital during his off-days.

သူက ကျနော်တို့ဆေးရုံမှာ ဆရာဝန် ဖြစ်တယ်။ ဒါပေမဲ့ သူက အားလပ်တဲ့ ရုံးပိတ်ရက်တွေမှာ နောက်ဆေးရုံတရုံမှာ အလုပ်ခိုးလုပ်နေတယ်။

By ဒေါ်လှလှသန်း
Ref: VOA

Ball စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ ဘောလုံး (ball) အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ the ball is in your court, get the ball rolling, keep the ball rolling နဲ့ play hard ball တို့ကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ the ball is in your court ဖြစ်ပါတယ်။ Ball = ဘောလုံး, In = အထဲမှာ, Your = သင့်၏, Court = ကွင်း ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးဟာ သင့်၏ ကစားကွင်းထဲမှာ ရောက်နေသည် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာကတော့ တင်းနစ် (tennis) ကစားနည်းက ဖြစ်ပါတယ်။ တင်းနစ် ရိုက်ရာမှာ တဦးချင်းရိုက်ရိုက်၊ အတွဲလိုက်ရိုက်ရိုက်။ တဖက်က ရိုက်လိုက်တဲ့ ဘောလုံးဟာ တဖက်ကွင်းကို ရောက်လာပြီဆိုရင် အဲဒီဖက်က ကစားသမားရဲ့  တာဝန်ကတော့ ပွဲဆက်ကစားနိုင်ဖို့ ဘောလုံးကို ပြန်ရိုက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီသဘောအတိုင်းပါပဲ အီဒီယံအဓိပ္ပါယ်က နေ့စဉ်ဘဝမှာ တဖက်ဖက်က တခုခုလုပ်ပေးလိုက်ပြီဆိုရင် ဘယ်လိုတုံ့ပြန်ပြီး ရှေ့ ဆက်မယ့် တာဝန်က ကိုယ့်ဖက်ကတာဝန် ဖြစ်တဲ့သဘောမျိုး ဖြစ်ပါတယ်။ အလားတူပဲ ကိုယ့်ဖက်ကတော့ လုပ်ပေးလိုက်ပြီး အလုပ်ဖြစ်ဖို့ တုံ့ပြန်မှုက တဖက်ရဲ့  တာဝန်ဆိုပြီး ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ဥပမာ မြန်မာနိုင်ငံက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်လိုက်ပြီး နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ တချို့  ဒဏ်ခတ်ပိတ်ဆို့မှုတွေကို လျှော့ချပေးဖို့၊ ဆိုင်းငံ့ပေးဖို့ အရေးယူဆောင်ရွက်ပြီဆိုရင် မြန်မာအစိုးရဖက်ကရော ဘယ်လိုတုံ့ပြန်မလဲ စသဖြင့် အခြေအနေမျိုးမှာလည်း the ball is in your court လို့ သုံးစွဲနိုင်ပါတယ်။ ဒါကြောင့် အီဒီယံနေ့စဉ်အသုံးကတော့ လူတဦးအနေနဲ့ တဖက်က အရေးယူဆောင်ရွက်လိုက်တာကို ကိုယ့်ဖက်က ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့သဘောမျိုးကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I offered a price for his home more than what he asked. So, the ball is in his court. Let me know whether he wants to sell it or not.

ကျနော်က သူ့အိမ်ကို သူတောင်းတဲ့ဈေးထက်ပိုပြီး ဝယ်မယ်လို့ ကမ်းလှမ်းထားတယ်။ ဒါကြောင့် သူ့အိမ် ရောင်းမယ်၊ မရောင်းဘူးဆိုတဲ့ သူ့ဆန္ဒကို ကျနော်အား အသိပေးဖို့ သူ့ဖက်မှာ တာဝန်ရှိနေတယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက get the ball rolling ဖြစ်ပါတယ်။ Get = တခုခုဖြစ်အောင် လုပ်သည်, Ball = ဘောလုံး, Rolling = Roll = ကြိယာ (verb) အဖြစ်အသုံးပြုထားတဲ့ လှိမ့်တယ် ဝေါဟာရမှ ဆင်းသက်လာပြီး၊ Rolling ကတော့ လှိမ့်နေတယ် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးကစပြီး လှိမ့်အောင်လုပ်တာ ဖြစ်ပါတယ်။ တချို့  အားကစားနည်းတွေမှာဆိုရင် ဘောလုံးကို စကန်၊ စလှိမ့်ဖို့လိုတဲ့ ပွဲမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ဒီအသုံးကလည်း အဲဒီကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝ အီဒီယံအသုံးကတော့ လုပ်ငန်းတခုခုပဲဖြစ်ဖြစ် ကြိုးပမ်းမှုတခုခုပဲဖြစ်ဖြစ် စတင်ပြီး လည်ပတ်ဖို့၊ စတင်ဖြစ်မြောက်ဖို့ကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I gave one thousand dollar to get the ball rolling for this project to help the orphans. I hope others will also help later.

ကျနော်က ဒီ မိဘမဲ့ခလေးတွေအတွက် အကူအညီပေးမယ့် အစီအစဉ်ကို စနိုင်ဖို့ ဒေါ်လာတစ်ထောင် ထည့်ပါမယ်။ တခြားလူတွေလည်း နောက်ပိုင်း အကူအညီတွေ ပေးလာပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Get the ball rolling က တခုခုကို စတင်ဖို့ လုပ်ဆောင်ပေးတာဖြစ်သလို စတင်ပြီးဖြစ်တဲ့ လုပ်ငန်းတခုခုကို ဆက်လည်ပတ်ဖို့ဆိုရင် keep the ball rolling လို့ ပြောဆိုနိုင်ပါတယ်။ Keep = တခုခုကို ဆက်ဖြစ်စေတာကို ဆိုလိုပါတယ်။ ဒါကြောင့် keep the ball rolling ရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးကို ဆက်လိမ့်စေတာ ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပါယ်ကလည်း ရှင်းပါတယ်။ လုပ်ငန်းတခုခုကို ဆက်ပြီးလည်ပတ်စေဖို့ လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။ ဥပမာ စကားပြောနေတယ်ဆိုရင်လည်း စကားမပြတ်၊ ဆက်ပြီးပြောဆိုနိုင်အောင် တခုခုကို ကိုယ်ကကြားဝင် အလိုက်အထိုက် ပြောဆိုတာလည်း ရှိတတ်ပါတယ်။ ဘန်းစကားအရတော့ လေမပျက်ရလေအောင်၊ စကားမပြတ်ရလေအောင် ကြားကဝင်ပြီး ကြည့်ပြောတာ ဖြစ်ပါတယ်။ လုပ်ငန်းမှာဆိုရင်လည်း လုပ်ငန်းဆက်လက် လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary, the project director, has left. So, who will take her place to keep the ball rolling?

စီမံကိန်းအကြီးအကဲ Mary တယောက် အလုပ်က နုတ်ထွက်သွားခဲ့ပြီ။ အဲဒီတော့ လုပ်ငန်းဆက် လည်ပတ်ဖို့ ဘယ်သူက သူ့နေရာ ယူမလဲ။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ play hard ball ဖြစ်ပါတယ်။ Play = ကစားသည်, Hard = ခက်ခဲသည်၊ မာကျောသည်, Ball = ဘောလုံး ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဘောလုံးမာနဲ့ ကစားသည် ဖြစ်ပါတယ်။ ဒီအသုံးက အမေရိကန်ပြည်ထောင်စုမှာ လူကြိုက်များတဲ့ baseball အားကစားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဘေ့စ်ဘောမှာ မာတဲ့ ဘောလုံးကို အသုံးပြုပြီး ကစားကြပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ အနိုင်ရဖို့ ကိုယ်လိုချင်တာကိုရဖို့ သမာသမတ်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ မဖြစ်ဖြစ်တဲ့နည်းနဲ့ လုပ်ယူတာကို ဆိုလိုပါတယ်။ အထူးသဖြင့် စီးပွားရေးနဲ့ နိုင်ငံရေးလောကတွေမှာ ခပ်မာမာ ဆက်ဆံတဲ့လူမျိုးကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ ဒီလူဟာ မလွယ်ဘူးဆိုရင်တော့ ဒီ အီဒီယံအသုံးကို သုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The factory owner is playing hard ball with workers, who are on strike. He is refusing to raise their overtime pay.

စက်ရုံပိုင်ရှင်က ဆန္ဒပြအလုပ်သမားတွေအပေါ် ခပ်မာမာ ဆက်ဆံနေတယ်။ အလုပ်သမားတွေ အချိန်ပိုကြေး တောင်းဆိုနေတာကို ငြင်းဆိုနေတယ်။

By ဒေါ်လှလှသန်း
Ref: VOA

Point စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ a case in point, sticking point, beside the point နဲ့ score a point တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းမှာ a case in point ဖြစ်ပါတယ်။ A = တခု, Case = ဖြစ်ရပ်တရပ်, In = အထဲမှာ (သို့မဟုတ်) ရှိနေတာ၊ ပတ်သက်နေတာ, Point = (အဓိပ္ပါယ်အမျိုးမျိုးရှိရာမှာ) noun - နာမ်အဖြစ်သုံးရင်တော့ အဖျား၊ အချွန်၊ အစွန်း၊ အငူ၊ အဆင့်၊ အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး။ verb - ကြိယာအဖြစ်သုံးရင်တော့ ညွှန်ပြသည်၊ ထောက်ပြသည်၊ ချွန်မြသည် တို့ ဖြစ်ကြပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ဖြစ်ရပ်တခုကို ထောက်ပြရရင်တော့ ဖြစ်ပါသည်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ တခုခုအကြောင်း စကားပြောဆိုရာမှာ ဥပမာဖြင့် ထောက်ပြရရင်။ တနည်း ဒီအကြောင်းနဲ့ ပတ်သက်လို့ ပိုရှင်းလင်းအောင် ပြောရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ယူနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
Smoking is dangerous to one's health a case in point is my brother John, who smokes two packs a day. He has a lung cancer, and a doctor said he won't live long.

ဆေးလိပ်သောက်တာ လူ့ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာကို သက်သေအဖြစ် ထောက်ပြရမယ်ဆိုရင် ကျနော့်ညီ John ဟာ တနေ့ ဆေးလိပ် (၂) ဘူး သောက်တယ်။ အဆုတ်ကင်ဆာ ဖြစ်လို့ သူကြာကြာ အသက်ရှင်နေတော့မှာ မဟုတ်ဘူးလို့ ဆရာဝန်က ပြောတယ်။
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sticking point ဖြစ်ပါတယ်။ Sticking = ဒီနေရာမှာ နာမဝိသေသန (adjective) ဖြစ် သုံးထားပြီး၊ ထိုးထွက်ထောင်ထွက်နေသော, Point = အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ ထိုးထွက်ထောင်ထွက်နေသော အချက်အလက် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ နှစ်ဖက်ကြား အမြင်ချင်းမတူ၊ မတိုက်ဆိုင်ခြင်း ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
The sticking point between two labor unions is a pay rate and working hours.

အလုပ်သမဂ္ဂ နှစ်ဖွဲ့ကြား သဘောမတူနိုင်တဲ့ အချက်ကတော့ လစာတိုးပေးရေးနဲ့ အလုပ်ချိန် သတ်မှတ်ရေးနဲ့ ပတ်သက်နေတယ်။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ beside the point ဖြစ်ပါတယ်။ Beside = ဘေးမှာ, Point = အချက် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အချက်အလက်ဘေးမှာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ပြောနေတဲ့ ဆွေးနွေးနေတဲ့ အချက်အလက်နဲ့ ဘာမှ မဆိုင်ဘူးဆိုရင် That side the point လို့ သုံးနှုန်းနိုင်ပါတယ်။ မဆီမဆိုင်၊ မပတ်သက်တာ၊ ဘာဆိုင်လို့လည်း သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
Since we are trying to get young people to join our group. What old people think is beside the point. We don't think it's important.

ကျနော်တို့က ကျနော်တို့အဖွဲ့ကို လူငယ်တွေ စိတ်ဝင်စားဖို့ ကြိုးစားနေတယ်ဆိုတော့ လူကြီးတွေရဲ့  အမြင်က ကျနော်တို့နဲ့ မဆိုင်ဘူးလေ။ ဒါကြောင့် လူကြီးတွေရဲ့  အမြင်က အရေးကြီးတယ်လို့ ဒီနေရာမှာ ကျနော်တို့ မထင်ဘူး။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ score a point ဖြစ်ပါတယ်။ Score = အမှတ်ရသည်၊ အောင်ပွဲရသည်၊ အနိုင်မှတ်ရသည်, A = တခု, Point = အမှတ်၊ အချက်အလက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမှတ်ရလိုက်သည်၊ အမှတ်ယူလိုက်သည် ဖြစ်ပါတယ်။ အထူးသဖြင့် အားကစားမှာ ဂိုးတဂိုး သွင်းလိုက်တယ်ဆိုရင် အမှတ်ရတဲ့အတွက်ကြောင့် score a point လို့ ပြောလို့ရပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ကျမတို့ မြန်မာဘန်းစကားအရ မှတ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။ ဂျက်မိလိုက်တာ၊ တဖတ်သား အထင်ကြီးအောင်၊ အလေးထားအောင် လုပ်နိုင်တာကို ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
Our governor scored a point with people when he promised them he will work to reduce taxes.

ကျနော်တို့ပြည်နယ် အုပ်ချုပ်ရေးမှူးက အခွန်ငွေ လျှော့ချရေးအတွက် သူကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဂတိပေးလိုက်တော့ လူထုကြားမှာ အမှတ်ရသွားခဲ့တယ်။

By ဒေါ်လှလှသန်း
Ref: VOA

Call စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ call it a day, call the shots, at beck and call နဲ့ close call စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ call it a day ဖြစ်ပါတယ်။ Call = ခေါ်သည်၊ It = တခုခုကို ရည်ညွှန်းသည့် နာမ်စား၊ A= တခု၊ Day= ရက် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ ရက်တရက်ကို ခေါ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ ဒီနေ့အတွက်တော့ ဒီမျှပဲ၊ လုပ်နေတာတွေ အားလုံးရပ်ပြီး နားလိုက်တော့မယ်၊ အလုပ်သိမ်းတော့မယ် ဖြစ်ပါတယ်။ တခါတရံလည်း ကိုယ်တသက်လုံး လုပ်လာတာကို ရပ်တော့မယ်၊ အနားယူတော့မယ်၊ ဆက်မလုပ်တော့ဘူးဆိုရင်လည်း call it a day လို့ ရည်ညွှန်းသုံးနိုင်ပါတယ်။
ဒီအသုံးနဲ့ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I am so tired after working the whole day on the accounts. I am calling it a day.
ငွေစာရင်းတွေနဲ့ ပတ်သက်လို့ တနေကုန် အလုပ်လုပ်နေရတာ အတော်လေး ပင်ပန်းနေပြီဗျ။ ကျနော် ဒီနေ့အတွက် အလုပ်သိမ်းတော့မယ်။
ဆက်လက်တင်ပြပေးမှာက call the shots ဖြစ်ပါတယ်။ Call = ခေါ်သည်၊ the Shots = ဒီနေရာမှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ပစ်ခတ်တယ်လို့ အဓိပ္ပါယ်ရတဲ့ shoot ကြိယာရဲ့  နာမ် (noun) အဖြစ် အသုံးပြုထားတာဖြစ်ပြီး shots က ပစ်ခတ်မှုများ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပစ်ခတ်ဖို့အတွက် ခေါ်ပေးတာ၊ အော်ပေးတာ ဖြစ်ပါတယ်။ အီဒီယံအသုံးအနှုန်း ဆင်းသက်လာတဲ့ အယူအဆအမျိုးမျိုးရှိတဲ့အနက် တမျိုးကတော့ ရှေ့  ဗြိတိသျှသင်္ဘောတွေ လက်ထက်ကဆိုရင် ရန်သူကို ပစ်ခတ်ရာမှာ ကုန်းပတ်ပေါ်မှာရှိတဲ့ တာဝန်ကျအရာရှိက ဘယ်နေရာကို ချိန်ပစ်ရမယ်ဆိုတာကို အောက်ဖက်က သေနတ်သမားတွေကို အမိန့်ပေးရာကနေ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က အဆုံးအဖြတ်ပေးတဲ့နေရာမှာ ရှိနေတာ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်တာ၊ လုပ်ပိုင်ခွင့်ရှိတဲ့နေရာမှာ ရှိနေတာ။ ကျမတို့ ခေတ်စကားအရဆိုရင် လိုအပ်သည်များကို ညွှန်းကြားတဲ့နေရာမှာ ရှိနေခြင်း ဖြစ်ပါတယ်။ ဘန်းစကားအရဆိုရင်တော့ သူကဗိုလ်ပဲပေါ့။
ဒီအသုံးနဲ့ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Our boss Mr. Green calls the shot at work, but at home it’s his wife, who makes important decisions.
ကျနော်တို့ ဆရာသမား Mr. Green က အလုပ်မှာတော့ သူက အဆုံးအဖြတ်ပေးတဲ့နေရာမှာ ရှိနေပေမယ့် အိမ်မှာဆိုရင်တော့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ သူ့ဇနီးက ဆုံးဖြတ်လေ့ရှိတယ်။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးမှာ at beck and call ဖြစ်ပါတယ်။ At = နေရာကိုပြတဲ့ ဝိဘတ် (preposition)၊ Beck က Beckon ဆိုတဲ့ ၁၄ ရာစုအသုံးကနေ ဆင်းသက်လာပြီး လက်အမှုအရာ၊ မျက်နှာအမှုအရာ၊ ခေါင်းလှုပ်ရှားမှုကိုသုံးပြီး ခိုင်းတာ၊ အမိန့်ပေးတာ၊ ညွှန်းကြားတာတို့ ဖြစ်ပါတယ်။ And = နှင့်၊ Call = ခေါ်သည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်မှာ ခေါ်ပြီးရင်ခေါ်ပြန်ရင် ဖြစ်ပါတယ်။ တချို့ ကတော့ beck and call ဟာ beckon call ကနေ ကာလရွေ့ လျားလာတော့ beck and call ဖြစ်လာတယ်လို့ ဆိုကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် beck and call အီဒီယံအဓိပ္ပါယ်က စောစောက တိုက်ရိုက်အဓိပ္ပါယ်နဲ့ အလားတူတယ်လို့ ဆိုနိုင်ပါတယ်။ ခဏခဏခေါ်ပြီး အခိုင်းခံနေရတာပေါ့။ ကျမတို့ မြန်မာဘန်းစကားအရတော့ ခိုင်းဖက်ဖြစ်နေခြင်း ဖြစ်ပါတယ်။
ဒီအသုံးနဲ့ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mary bullies her younger sister Jones a lot. Jones is at her beck and call and sometimes she complaints to her mother.
Mary က သူ့ညီမငယ် Jones အပေါ် ဗိုလ်ကျတယ်။ Jones ကို သူက ခဏခဏ ခေါ်ခိုင်းတော့ တခါတလေလည်း Jones က သူ့အမေကို တိုင်းပြောတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ close call ဖြစ်ပါတယ်။ Close = ကပ်တာ၊ နီးတာ၊ Call = ခေါ်သည် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ ကပ်ပြီးခေါ်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အန္တရာယ်ကနေ သီသီလေး လွတ်တာကို ဆိုလိုပါတယ်။ ကံကောင်းလို့ လက်မတင်ကလေး လွတ်သွားတယ်သဘောမျိုး ဖြစ်ပါတယ်။
ဒီအသုံးနဲ့ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We were very lucky as we got out of our house before it was burnt down. It was a very close call.
ကျနော်တို့ သိပ်ကို ကံကောင်းတယ်။ အိမ်တအိမ်လုံး မီးလောင်ပြာမကျခင် ကျနော်တို့ လက်မတင်ကလေး ထွက်ပြေးနိုင်ခဲ့ကြတယ်။

By ဒေါ်လှလှသန်း
Ref: VOA

Color ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

အရောင်တွေဟာ သဘာဝကို အလှခြယ်ရာမှာ အသုံးဝင်သလို ဘာသာစကားမှာလည်း အရောင်နဲ့တွဲပြီး ဝေဝေဆာဆာဖြစ်အောင် အသုံးပြုထားတာတွေ ရှိတာမို့ ဒီတပတ် အမေရိကန်စတိုင်လ် (American style) အစီအစဉ်မှာ အရောင် (color) ဖြစ်တဲ့ အနီ၊ အမဲ၊ အဖြူ၊ ရွှေ စတဲ့ အသုံးအနှုန်းတွေကို အခြေခံတဲ့ in the red, white lie, black sheep နဲ့ golden handshake စတဲ့ အီဒီယံတွေကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in the red ဖြစ်ပါတယ်။ In = အထဲမှာ, Red = အနီရောင် ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အနီရောင်ထဲမှာ ဖြစ်ပါတယ်။ စာရင်းစစ်မှာဆိုရင် အနီရောင်မင်နဲ့ ရေးတယ်ဆိုရင် လိုငွေပြတာ၊ အနုတ်လက္ခဏာ ပြဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လိုငွေပြနေတာ၊ ကိုယ်မှာ ငွေမရှိတော့တာ၊ ပိုက်ဆံကုန်သွားတာ၊ အနုတ်လက္ခဏာကို ပြတဲ့သဘောဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ ဘိုင်ကျတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
If you keep spending money on expensive things, you will soon be in the red.
ခင်များ ဈေးကြီးတဲ့ပစ္စည်းတွေပဲ ဝယ်ယူနေမယ်ဆိုရင်တော့ ခင်များလက်ထဲမှာ မကြာခင် ငွေကျန်တော့မှာ မဟုတ်ဘူး။
ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းမှာ white lie ဖြစ်ပါတယ်။ White = အဖြူရောင်, Lie = မုသားပြောဆိုခြင်း၊ လိမ်ပြောခြင်း တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အဖြူရောင်မုသား၊ မုသားအဖြူရောင် ဖြစ်ပါတယ်။ မုသားဆိုတာ လိမ်ပြောတာ ဖြစ်တာမို့ မကောင်းတာဖြစ်ပေမယ့် တခါတရံလည်း ကျမတို့ မြန်မာဆိုရိုစကားအတိုင်း မုသားမပါ လင်္ကာမချော ဆိုတဲ့စကားလို မုသားဟာ ဘယ်သူကိုမှ ထိခိုက်တာ မဟုတ်ဘဲ ကာယကံရှင် စိတ်ချမ်းသာရလေအောင် အားနာလို့ အမှန်မပြောဘဲ ကောင်းအောင် ကြည့်ပြောလိုက်ရတဲ့ အခြေအနေမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးကို အီဒီယံအသုံးအရ white lie လို့ ပြောဆိုနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
She doesn’t look nice in red, but just to make her happy I told her a white lie.
သူက အနီရောင်ဝတ်စုံနဲ့ ကြည့်မကောင်းဘူး။ ဒါပေမဲ့ သူစိတ်ချမ်းသာအောင် ကျနော်က ကောင်းအောင်ကြည့်ပြောလိုက်ရတယ်။
အခုဆက်လက် တင်ပြပေးမယ့် အသုံးအနှုန်းမှာ အမဲကိုအခြေခံတဲ့ black sheep ဖြစ်ပါတယ်။ Black = အမဲရောင်, Sheep = သိုး တို့ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်က အမဲရောင်သိုး ဖြစ်ပါတယ်။ သာမန်အားဖြင့် အဖြူရောင်ရှိတဲ့သိုးဟာ အမဲရောင်ဖြစ်နေတယ်ဆိုရင် သောတရှင်များ စဉ်းစားကြည့်နိုင်တာကတော့ အဖြူရောင် သိုးအုပ်ကြားမှာ အမဲရောင်သိုးက - မြန်မာစကားမှာ အမဲစက် ထင်နေသလို၊ မျက်စိ ပသာဒ ကို ပျက်စေသလို နေ့စဉ်ဘဝမှာလည်း တခုခု ချို့ ယွင်းနေတာကို ဆိုလိုတာဖြစ်ပါတယ်။ အထူးသဖြင့် မောင်နှမသားချင်းတွေထဲမှာ ဖောက်ဖျက်ပြီး မိသားစုရဲ့  အမည်ကို ပျက်စေခြင်း၊ ဆိုးပေတေတဲ့ မိသားစုဝင်တဦးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Jerry is the black sheep in our family. He did not finish high school and is an alcoholic.
Jerry ဟာ ကျနော်တို့ မိသားစုမှာတော့ ဆိုးပေတေတဲ့ မိသားစုဝင်တယောက်ပါ။ အထက်တန်းကျောင်းလည်း မပြီးတဲ့အပြင် အရက်သမားလည်း ဖြစ်နေတယ်။
နောက်ဆုံးတင်ပြပေးမယ့် အသုံးအနှုန်းမှာ golden handshake ဖြစ်ပါတယ်။ Golden = ရွှေရောင်ရှိသော၊ ရွှေနဲ့ပြုလုပ်ထားသော, Handshake = လက်ဆွဲနှုတ်ဆက်သည် တို့ဖြစ်ပြီး စကားစုရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေရောင်လက်စွဲနှုတ်ဆက်သည် ဖြစ်ပါတယ်။ ရွှေဆိုတဲ့ သတ္တုဟာ အများသိတဲ့အတိုင်း အဖိုးတန်တာကြောင့် ရွှေနဲ့တွဲသုံးတဲ့ ဝေါဟာရတွေဆိုလည်း တန်းဖိုးရှိတာကို တင်စားသုံးလေ့ရှိပါတယ်။ ဒီနေရာမှာ handshake က လက်ဆွဲနှုတ်ဆက်တာဆိုတော့ လက်ဆွဲနှုတ်ဆက်တဲ့ အနောက်တိုင်း အလေ့အကျင့်ကတော့ လူချင်းတွေ့ရင်ဖြစ်စေ၊ ဒါမှမဟုတ် ခွဲခွါရင်ဖြစ်စေ နှုတ်ဆက်တာကို အများအသိဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာတော့ ခွဲခွါတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အထူးသဖြင့် အခြေအနေအရ အလုပ်ဖြုတ်ခံရတယ်။ အလုပ်ကနေစောပြီး အနားယူရတဲ့ အခြေအနေမျိုးမှာ အဲဒီလူကို ကျေနပ်အောင် လျှော်ကြေး ဒါမှမဟုတ် နစ်နာကြေးအဖြစ် မြတ်မြတ်လေး ပေးလိုက်ရတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ golden handshake ဆိုတဲ့ အီဒီယံအသုံးက အလုပ်ဖြုတ်ခံရလို့ဖြစ်စေ၊ စောစောစီးစီး အနားယူလိုက်ရလို့ အခြေအနေအရ နစ်နာကြေး တော်တော်လေးရလိုက်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The company gave the manager Mr. Smith one hundred thousand dollar golden handshake as an early retirement.  His company is streamlining.
အဲဒီ ကုမ္မဏီက မန်နေဂျာ Mr. Smith ကို စောစောအလုပ်ကနေ အနားယူခိုင်းလိုက်တော့ နစ်နာကြေး ဒေါ်လာ တစ်သိန်း ပေးလိုက်တယ်။ သူ့ကုမ္မဏီက လူတွေလျှော့ချနေတယ်။

By ဒေါ်လှလှသန်း
Ref: VOA

Back စကားလုံးဆိုင်ရာ အီဒီယံအသုံအနှုန်းများ

ဒီတပတ် အမေရိကန်စတိုင်လ် (American style) အစီအစဉ်မှာ on my back, get off my back, behind my back နဲ့ stab in the back စတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on my back ဖြစ်ပါတယ်။ On =အပေါ်မှာ၊ My = ကျနော်ကျမရဲ့  ၊ Back = ကျော တို့ဖြစ်ပြီး စကားစုတစုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့  ကျောပေါ်မှာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ကျနော်ကျမရဲ့  ကျောပေါ်မှာလို့ တင်စားပြောထားတော့ တချက်မှ အလွတ်မပေးဘူး။ ကိုယ့်နောက်ကနေ ဟိုဟာလုပ်၊ ဒီဟာလုပ်လိုက်။ ဟိုဟာ မပြီးသေးဘူးလား၊ ဒီဟာ မပြီးသေးဘူးလားဆိုပြီး အခိုင်းခံနေရတာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
My boss is on my back all the time. He keeps asking me to do things one after another.

ကျနော့် ဆရာသမားက ကျနော်ကို မပြတ်ဖိခိုင်းနေတော့တယ်။ အလုပ်ကို တခုပြီးတခု ဆက်ပြီးခိုင်းနေတော့တယ်။
ဆက်လက်တင်ပြပေးမယ့် အီဒီယံအသုံးမှာ get off my back ဖြစ်ပါတယ်။ ဒီအသုံးက စောစောက တင်ပြပေးခဲ့တဲ့ on my back တချက်လေးမှ အနားမပေးဘဲ အခိုင်းခံနေရတယ်ဆိုတဲ့ အသုံးနဲ့ ဆက်စပ်နေတယ်လို့ ဆိုရမှာပါ။ ဒီ အခြေအနေမျိုးမှာ ဆက်ပြီးသည်းမခံနိုင်တော့ဘူး။ ထပ်မခိုင်းပါနဲ့တော့။ တချက်တော့ နားခွင့်ပြုပါ။ ဒုက္ခမပေးသင့်တော့ပါဘူးဆိုရင် get off my back အီဒီယံအသုံးကို ရည်ညွှန်းသုံးနိုင်ပါတယ်။ Get ကို Off ဝိဘတ်နဲ့တွဲပြီး Get off = ဆင်းပါ၊ My = ကျနော်ကျမရဲ့ ၊ Back = နောက်ကျော တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့  နောက်ကျောပေါ်က ဆင်းပေးပါ ဖြစ်ပါတယ်။ ကျောပေါ်မှာ ပိုးထားရတယ်ဆိုရင် ဘယ်လောက်စိတ်ဆင်းရဲမလဲ၊ ဘယ်လောက်တာဝန်ကြီးမလဲဆိုတာကို သောတရှင်များ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က စောစောကပြောခဲ့သလို လာပြီး အပူအပင်မတိုက်နဲ့၊ ထပ်မခိုင်းနဲ့ ဒုက္ခလာမပေးဘို့ စိတ်တိုလာပြီ သည်းမခံနိုင်တော့ဘူး စသဖြင့် ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ လာပြီးဂျီမတိုက်နဲ့ လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီနေရာမှာ သတိပေးလိုတာက ကိုယ့်သူငယ်ချင်းက ကိုယ့်ကို နာပူနေတယ်ဆိုရင် get off my back ဆိုပြီး ခင်များ ဂျီလာမတိုက်နဲ့ ပြောလို့ရပေမယ့် ကိုယ့်ဆရာသမားဆိုရင်တော့ အဲဒီလို ပြန်ပြောမိရင် ရင့်သီးရာရောက်မှာမို့ စိတ်ထဲကပြောရင်ပြော၊ အသံတော့ မထွက်စေနဲ့လို့ သတိပေးပါရစေ။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I feel like telling my boss to get off my back. He is always criticizing me, but if I do that I am afraid he would get angry with me.

ကျနော့်ဆရာသမားကို လာပြီး ဂျီမတိုက်နဲ့လို့ ပြောချင်လိုက်တာ။ သူက အမြဲ အပြစ်ပြောဆိုနေတာ။ ဒါပေမဲ့ အဲဒီလို ကျနော် ပြန်ပြောဖြစ်ရင် သူ စိတ်ဆိုးသွားမှာကို ကျနော် ကြောက်ရသေးတယ်။
Get off my back အစား leave me alone ဆိုပြီးတော့လည်း သုံးစွဲနိုင်ပါတယ်။ ဒီအသုံးအနှုန်းကတော့ ကိုယ့်ဘာသာကိုယ် နေပါရစေ၊ လာပြီးဒုက္ခမပေးပါနဲ့ ဖြစ်ပါတယ်။
ဆက်လက်တင်ပြပေးမယ့် back ကိုအခြေခံတဲ့ အီဒီယံအသုံးအနှုန်းမှာ behind my back ဖြစ်ပါတယ်။ Behind = အနောက်မှာ၊ My = ကျနော်ကျမရဲ့ ၊ Back = ကျောဘက် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကျနော်ကျမရဲ့  နောက်ကျောဘက်မှာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က ရှင်းတယ်လို့ ဆိုရမှာပါ။ ကျမတို့ မြန်မာမှာတော့ နောက်ကွယ်ရာမှာ လုပ်တာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
My mother told me never to do anything behind her back as I can get into trouble.

ကျနော့်အမေက ကျနော်ကိုပြောတယ် သူ့နောက်ကွယ်ရာမှာ ဘယ်တော့မှ ဘာမှမလုပ်နဲ့ဆိုတာပါ။ လုပ်ခဲ့ရင် ကျနော် ဒုက္ခရောက်နိုင်တယ်လို့ သူကပြောတယ်။
နောက်ဆုံးတင်ပြပေးမှာက stab in the back ဖြစ်ပါတယ်။ Stab = ဓါးနဲ့ထိုးသည်၊ In (နေရာညွှန်း ဝိဘတ်) the back = နောက်ကျော  ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နောက်ကျောကို ဓါးနဲ့ထိုးသည် ဖြစ်ပါတယ်။ ဒီအသုံး ကျမတို့မြန်မာမှာ ရှိတာကို အားလုံးအသိ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကို ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ် မထင်ပါဘူး။ ကိုယ့်အချင်းချင်းပေါ်မှာ မကောင်းကြံတာ၊ ကိုယ်ယုံရတယ်လို့ ထင်ရတဲ့လူက ကိုယ့်အပေါ် သစ္စာဖောက်တာကို ပြောဆိုခြင်း ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Don’t trust John. He has been known to stab people in the back.
  John ကိုတော့ စိတ်မချနဲ့ဗျ။ သူဟာ လူတွေကို နောက်ကျောဓါးနဲ့ ထိုးတတ်တဲ့လူလို့ လူသိများတယ်။

By ဒေါ်လှလှသန်း
Ref: VOA

Friday, 4 May 2012

Primary English { 3 } Grammar & Poem for Kids

Primary  English  { 3 }  
 ကလေးများအတွက်   ကဗျာ နှင့် သဒ္ဒါ စာစဉ်များ

Simple Past Tense ( V 2)
          The Simple Past Tense  is used for a past action when the time of the action is known.
        *Signals  
 1.      just now ( at the particular moment)               =   ယခုလောလောဆယ်
2.       yesterday                                                      =   မနေ့က
3.       last                                                              =    လွန်ခဲ့သော
4.       ago                                                              =   လွန်ခဲ့သော
5.       once                                                            =   တစ်ချိန်က
6.       once upon a time                                           =   လွန်လေပြီးသောတစ်ချိန်က
7.       this morning                                                 =    ဒီမနက်က
8.       the previous day( the day before)                    =   မနေ့က
9.       in 2000, in 2005 ,in 2006,in 2007,in 2008, in 2010   =  ခုနှစ်အဟောင်း၊ ရက်စွဲအဟောင်း
10.     Bogyoke Aung San , Anawrahta , Mahar Bandoola , Bayint Naung ,Alaung Phayer, Kyansitthar, Saya San ,Thakhin Pho Hla Gyi ,Bo Hmu Gyi Ba Htoo,  Leonardo da Vinci,Charlie Chaplin , Shakespeare ,  Edison,Nobel ,Christopher Columbus, Marconi  , James Watt ,  သေလွန်ပြီးသူများ ၊ အတိတ်အဖြစ်အပျက်များ


          Simple Past Tense ( V2 )   ကဗျာ
1.       အတိတ်ကိစ္စ yesterday                            မနေ့ကကိုတွေး
2.       Sub  လေးကိုမကြည့်ရ ၊                            V2 ထည့်ပါဗျ၊
3.       ဒီမနက်က this morning                          once upon လွန်လေပြီး
4.       လုပ်ခဲ့ပြီးတဲ့ အချိန်မှာ                                last ကိုသုံးလိုက်ပါ၊
5.       လွန်ခဲ့သောအခါ အချိန်ပြော                       ago သုံးလိုက်နော၊
6.       the day before  တွေ့တဲ့အခါ                    previous ကိုသတိရပါ၊
7.       အတိတ်ဆိုတာမမေ့ကောင်း                        လောလောဆယ်က   just now
8.       နှစ်ဟောင်းရက်စွဲ မကျန်ပါ၊                         သေလွန်ပြီးသူဟာ၊
9.       အတိတ်ကိုသာသုံးဖို့ဘဲ                             V2  ထည့်ပါအမြဲ။

          V2   ကဗျာအတိုကောက်
၁။       အနည်းအများ ကြည့်ရန်မလို ၊                     V သုံးမယ်ဗျို၊
၂။       အတိတ်ဆိုရင် ပြီးပြီပေါ့၊                             V  မှတ်လိုက်ပေါ့၊
၃။       အခေါ်လေးတော့ သတိထား၊                      Past Tense ပါဘဲဗျား။

ကဗျာ လည်းဆို ၊သဒ္ဒါလည်းတတ်ပါစေ၊

ကလေးများအတွက် မေတ္တာများစွာ ဖြင့်
Diamond  
(mamami289@gmail.com)
Myanmar Network

Primary English { 2 } Grammar & Poem for Kids

Primary  English  { 2 }     
ကလေးများအတွက်   ကဗျာ နှင့် သဒ္ဒါ စာစဉ်များ

 {  4 }          Simple  Present Tense   (V1)
          *  Signals
1.       always                             =       အစဉ်အမြဲ
2.       usually                             =       လုပ်ရိုးလုပ်စဉ်
3.       generally                          =       ယေဘုယျအားဖြင့်
4.       often /  frequently            =       မကြာခဏ
5.       regularly                          =       ပုံမှန်
6.       steadily                            =       မှန်မှန်
7.       sometimes/occasionally  =       တခါတရံ ၊ တခါ တလေ၊
8.       hardly/rarely/seldom       =       ကြာမှတစ်ခါ
9.       daily                                =       နေ့စဉ်
10.     weekly                             =       အပတ်စဉ်
11.     monthly                           =       လစဉ်
12.     yearly                              =       နှစ်စဉ်
13.     never                               =       ဘယ်တော့မှ
14.     once a day                        =       တစ်နေ့တစ်ခါ
15.     once a week                     =       တစ်ပတ် တစ်ခါ
16.     twice a month                  =       တစ်လ နှစ်ကြိမ်
17.     many times a year             =       တစ်နှစ်မှာ အခါ များစွာ
18.     every day                         =       နေ့တိုင်း
19.     every week                       =       အပတ်စဉ်တိုင်း
20.     every month                     =       လစဉ်လတိုင်း
21.     every year                        =       နှစ်စဉ်နှစ်တိုင်း

          နောက်မှတ်ရမှာက အထက်ဖော်ပြပါ အချက်ပြစကားလုံးများမပါသော်လည်း
( a )       Universal Truth စကြာဝဠာနှင့်ဆိုင်သော အမှန်တရား ( ကမ္ဘာ့နိယာမတရား)
( b )       General Truth  ယေဘုယျအမှန်တရား တွေကိုရေးရင်လည်း Present Tense ကိုသုံးပါတယ်။
ဥပမာ - နေဟာ အရှေ့က ထွက်တယ်၊ နေ ဟာ အနောက်က၀င်တယ်။ ဒါတွေ ဟာအမှန်တရားတွေပါ။

1.       The sun rises in the east .                                        နေဟာအရှေ့ကထွက်တယ်၊
2.       The sun sets in the west .                                        နေ ဟာအနောက်ကထွက်တယ်၊
3.       The earth  moves round the sun .                             ကမ္ဘာကနေကိုလှည့်ပတ်တယ်၊
4.       The moon moves round the earth .                          လက ကမ္ဘာကို လှည့်ပတ်တယ်၊
5.       The Ayeyarwady is the longest river in Myanmar . မြန်မာပြည်မှာ ဧရာဝတီမြစ် ဟာ အရှည်ဆုံးပါ၊
6.       Man is mortal .                                                       လူဆိုတာ သေမျိုးပါ။
7.       The cows give us milk .                                            နွားတွေက ကျွန်ပ်တို့ကို နို့ပေးတယ်။
8.       Fire is hot .                                                            မီးဆိုတာပူပါတယ်၊
9.       The earth rotates around the sun .                           ကမ္ဘာကြီးက နေကို လည်ပတ်နေတယ်၊
10.     Birds build nest .                                                    ငှက်တွေက အသိုက်ဆောက်တယ်။

        ( b)  Habitual Action      =       အလေ့အကျင့်တို့ကိုရေးလျှင်လည်း  Present  Tense  ကိုသုံးပါသည်။
Eg/1.  I get up early every morning .                                  ငါ မနက်တိုင်း အိပ်ရာကစောစောထတယ်။
Eg/2.  I brush my teeth and take a bath .                            ငါသွားတိုက်ပြီးတော့ ရေချိုးပါတယ်၊
Eg/ 3. I study my lessons from 7 o'clock to 10 o'clock at night. ငါ ည ၇ နာရီကနေ 10 နာရီအထိ စာကျက်ပါတယ်။

        ( c )    State of affair      =       လက်ရှိအခြေအနေတို့ကိုလည်း  Present Tense  ကိုသုံးပါသည်။
1.       She is thirteen years old .                               သူမ ဟာ အသက် ၁၃ နှစ်ရှိပါပြီ၊
2.       I am at school .                                             ကျွန်ပ်ကကျောင်းမှာပါ၊ အခု ကျောင်းမှာရှိပါတယ်
3.       Father is at work .                                         အဖေကတော့ အလုပ်မှာပါ၊
4.       My uncle works there .                                   ဦးလေးက  ဟိုမှာ အလုပ်လုပ်ပါတယ်။
          The Simple Present is used to show a truth or a fact and the action is a habit .

4.       Simple  Present  Tense  ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 1 )
၁။       အမှန်တရားတွေ့ရင်သာ                  V1ထည့်လိုက်ပါ။
၂။       လုပ်လေ့လုပ်ထ ရှိတာတော့၊             အလေ့အကျင့်ဘဲပေါ့၊
၃။       Habitual လို့ခေါ်ပါတယ်၊                 အဲဒါ မှတ်စမ်းကွယ်၊
၎။       အခုအချိန်မယ်  ဘယ်မှာရှိ၊               လက်ရှိအခြေအနေ ခေါ်ပါ၏၊
၅။       မှတ်မိအောင်သာ  သတိထား၊            State of  affair.
၆။       အငြင်းလေးများလုပ်လိုသော်             do / does  သုံးလိုက်နော်၊
၇။       မေးခွန်းလေးများ လုပ်လိုသော်           Do / Does သုံးလိုက်နော်၊
၈။       V1 ဖြေသော် သတိထား၊                  Subjအနည်းအများ ကြည့်ပါလား။

5.       Simple  Present  Tense  ( V 1 ) ဖြေနည်း ပုံသေနည်းကဗျာ( 2 )
၁။       V မှာလေ အနည်း အများကြည့်                 အဲဒါ သတိရှိ၊
၂။       အများရှိက ပြန်ရေးပါ ၊                              မူရင်းရေးမယ်ကွာ၊
၃။       တစ်ယောက်ထဲသာ ဆိုရင်တော့၊                 အနည်းကိန်းလေးပေါ့၊
၎။       ဘာ ဆုံးလဲ တော့ ကြည့်ရမယ်၊                    သတိရှိပါကွယ်၊
၅။       ရှော်ဇီ နဲ့ ရယ် ဆုံးသလား၊                         အဲဒါသတိထား၊
၆။       မှတ်သားထားတာ ဆိုကြည့်ပါ၊                      s  နဲ့ဆုံးရင် ဘာပေါင်းမှာ၊
၇။       s  နဲ့ဆုံးရင်  es  ပေါင်း                             အဲဒါမှတ်စေကြောင်း
၈။       h  နဲ့ဆုံးရင်  es  ပေါင်း                            အဲဒါမှတ်စေကြောင်း
၉။       o  နဲ့ဆုံးရင်  es  ပေါင်း                            အဲဒါမှတ်စေကြောင်း
၁၀။     x  နဲ့ဆုံးရင်  es  ပေါင်း                             အဲဒါမှတ်စေကြောင်း
၁၁။     y နဲ့ဆုံးရင်  y  ဘေးချောင်း                       အဲဒါမှတ်စေကြောင်း
၁၂။     y ဘေးချောင်းတော့ ဘာတွေ့တာ၊               a / e / i / o / u လေးပါ၊
၁၃။     a / e / i / တို့ ရှိရင်တော့                           y  မဖြုတ်ရဘူးပေါ့၊
၁၄။     မရှိရင်တော့ ဘာလုပ်မယ်၊                         y  ဖြုတ်ရပါမယ်၊
၁၅။     y  ရဲ့အစား  ies                                     အဲဒါ သတိဆက်၊
၁၆။     ခြွင်းချက်ရှိတာပြောဦးမယ်                         h  နဲ့ဆုံးရင်ကွယ်၊
၁၇။     es  မသုံး  s  သာသုံး                                အဲဒါ Verb သုံးလုံး
၁၈။     ဘာတုန်းလဲကွဲ့ စဉ်းစားပါ၊                         laugh / weigh / plough လေးပါ၊
၁၉။     ရှော်ဇီကိုသာသတိထား၊                            es ပေါင်းစေဗျား၊
၂၀။     တခြား Verb တွေ ဘာပေါင်းမယ်                  s  ပေါင်းရပါမယ်၊
၂၁။     နားလည်အောင်တော့ သတိထား                 V 1  ရေးနည်းများ
၂၂။     အမှန်တရားက  V 1 ပါ ၊                            သဲလွန်စကိုရှာ၊
၂၃။     every  ပါတာ အသေချာဘဲ ၊                      always  ထည့်ပါအမြဲ ၊
၂၄။     usually  လည်း ရှိသေးတာ၊                        often  ထည့်လိုက်ပါ၊
၂၅။     daily  ဆိုတာနေ့စဉ်လား ၊                         sometimes  ထည့်ပါလား၊
၂၆။     ရှား ပါး လုပ်ခဲ  ကြာမှတစ်ခါ ၊                      hardly  , rarely  ,  seldom  ပါ။
၂၇။     never  ဆိုတာ ဘယ်တော့မှ ၊                     မလုပ်ပါဘူးဗျ၊
၂၈။     ယေဘုယျက generally ၊                           အပတ်စဉ် weelly   ၊
၂၉။     monthly  ဆိုတာ လစဉ်ပေါ့၊                      yearly  ကနှစ်တိုင်းပေါ့၊
၃၀။     ပုံမှန်လေးတော့regularly  ၊                        မှတ်လိုက်ကြပါမည်၊
၃၁။     steadily  ကိုမှန်မှန်ထား ၊                          once a -   /   twice   a  -မှတ်ပါလား၊
၃၂။     ကဗျာများက ကူညီမည်၊                            မှတ်ဖို့လွယ်ပါသည်၊
၃၃။     ထပ်ထပ် လီလီ စာကိုကျက်၊                       Practice makes perfect .

ဒီကဗျာလေးတွေကို ကလေးတွေရွတ်ဆိုတဲ့အခါ အသံသာအောင်တို့ကိုယ်တိုင် စပ်ဆိုပေးထားတာပါ၊
တို့ က  ကဗျာကို ၀ါသနာပါပါတယ်၊ ဘုန်းဘုန်းအများစုဟာလည်း တရားဟောကြားတဲ့အခါ တရားနာသူတွေ ရှင်းကနဲ  ကွင်းကနဲ နားလည်ပါစေဆိုပြီး ၊ ကဗျာလေးတွေ လင်္ကာလေးတွေ သံပေါက်လေးတွေ နဲ့ အမျိုးမျိုးစပ်ဆိုပြီး  ဒါလေး လိုက်ဆိုကြပါဆိုပြီး တရားပြသလိုပါဘဲ ၊
တို့က လည်း တို့ကလေးတွေကို  အဲဒီလို English  Grammar ကို သဘောပေါက်အောင် သဒ္ဒါကို ကဗျာနဲ့ ချဉ်းကပ်ထားပါတယ်၊  ဒါကြောင့် ကဗျာနဲ့ သဒ္ဒါ စာစဉ်လေးတွေကို  internet ကနေ  share ဆက်လုပ်သွားပါမယ်။
ကလေးများအတွက် မေတ္တာများစွာ ဖြင့်
Diamond  
(mamami289@gmail.com)
Myanmar Network

Primary English (1) ( Grammar & Poem for Kids )

Primary  English 
ကလေးများအတွက်   ကဗျာ နှင့် သဒ္ဒါ စာစဉ်များ

ကလေးတွေကို   အင်္ဂလိပ်စာ သဒ္ဒါ သင်ပေးတဲ့အခါ  သူတို့မှတ်ရလွယ်အောင် သဒ္ဒါ အတွေးတွေကို ကဗျာလေးတွေနဲ့ ချဉ်းကပ်ထားတာပါ ။ ကလေးများအတွက်သာရည်ရွယ်ပါတယ်၊ တင်ပြသူ ကိုယ်တိုင်ကလည်း  ၀ါသနာနဲ့ ကိုယ်သိသလောက် နည်းနည်း လေးကိုဘဲ၊   ကလေး အဆင့် သဒ္ဒါ  လေးတွေ တင်ပြပေးတာဖြစ်လို့   ပညာရှင် များ နှင့် ၊ အထက်တန်းအဆင့်များ အတွက် မရည်ရွယ်ပါကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်။

{1 }    Verbs:
Verbs are very important words. We use verbs to say what people and things do .Verbs express an action.
          Kinds of Verbs :      Transitive     and    Intransitive Verbs .
           
Transitive  Verbs (V .t )
Verbs that have an object (some verbs don't) are transitive verbs.
Vebs that take objects are called transitive verbs.
Eg/ read , drink , sell, sing ,eat,  ------
           
Intransitive Verbs ( V.i )
Some verbs don't have objects.
Verbs that don't take objects are called intransitive  verbs.
Eg , run , walk ,cry , sleep , sit , -------

{  1 }       Verb အမျိုးအစား နှစ်မျိုး ကဗျာ
၁။       Verb ဆိုတာဟာ ကြိယာ၊                 လူတို့လုပ်တဲ့အပြုအမူပါ၊
၂။       ဖြစ်တာ ရှိ တာ ခံစားပေး၊                 ဖော်ပြထားတဲ့ စကားလေး၊
၃။       Verb လေးပါမှ အဓိပ္ပါယ်ရှိ                ၀ါကျဖွဲ့လို့ ရပါ၏၊
၎။       Verb ၏အကြောင်းကို သိဖို့လို၊           အရေးကြီးတယ်ဗျို၊
၅။       Verb ကိုလေ အမျိုးအစား                 နှစ်မျိုးခွဲတယ်ဗျား၊
၆။       အမျိုးအစား နှစ်မျိုးမှာ                     ကံလို  ကံမလို  မှတ်လိုက်ပါ၊
၇။       Transitive  မှာ ကံထည့်ပေး၊            Object  လိုနေသေး၊
၈။       ကံလေး မလို မှတ်ထားဗျို                Intransitive ဆို၊
၉။       English  ကိုတော်ချင်သလား          Verbအကြောင်းသိဖို့ လိုတယ် ဗျား၊
၁၀။     သိထားဖို့အရာ  ကံလိုတာ               Transitive လို့မှတ်လိုက်ပါ၊
၁၁။     ကံမလိုတာ V.i လေး   ၊                   Intransitive ခေါ်တယ်လေး၊
၁၂။     ဥပမာလေးလည်း မှတ်လိုက် ဗျို့ ၊     ရေသောက် လမ်းလျှောက်ဆိုပါစို့၊
၁၃။     ငါတို့သောက်တယ် Drink  ရယ် ၊     Objလိုပြီကွယ်၊
၁၄။     ဘာကိုကွယ်သောက်တာလဲ၊           ဖော် ပြပေးဖို့လိုပြီဘဲ၊
၁၅။     Eat  ဆိုတာလဲ  စားတာပါ၊               ဘာကိုစားသလဲကွာ၊
၁၆။     လမ်းလျှောက်တာမှာ ကံမရှိ၊            V.i   မှတ်လိုက်ဘိ၊
၁၇။     ပြေးတာ ၊အိပ် တာ ကံမရှိ၊               V .i  မှတ်လိုက်ဘိ၊
၁၈။     ငိုတာ ၊ ထိုင်တာ ကံမရှိ ၊                  V .i  မှတ်လိုက်ဘိ၊
၁၉။     ထိထိမိမိ မှတ်ဖို့ကောင်း၊                  Perfect  ဖြစ်စေကြောင်း။

{ 2 }   ကြိယာ ပုံစံလေးမျိုး ရှိပါသည်။၎င်းတို့မှာ

( 1 )   Present
( 2 )   Past
( 3 )   Past Participle
( 4 )   Present  Participle   တို့ဖြစ်ပါသည်။

၁။       ကြိယာ ပုံစံလေးမျိုးရှိသည့် အနက်   Present  Tense သည်  V 1  ဖြစ်သည်။ အကူကြိယာ မလိုပါ။
          ( Statement  ရိုးရိုးစာကြောင်းရေးရာတွင်ကို ဆိုလိုပါသည်။ မေးခွန်း ၀ါကျနှင့် အငြင်းဝါကျပြုလုပ်မှသာ  အကူကြိယာ do / does   / သုံးရန်လိုအပ်ပါသည်။)
၂။       Past  Tense သည်   V2   ဖြစ်သည် ။ အကူကြိယာ မလိုပါ ၊ ( မေးခွန်း နှင့် အငြင်းဝါကျ ပြုလုပ်မှ သာလျှင်  did ကိုသုံးရန် လိုပါသည် ။)
၃။       Past Participle  သည်  V3 ဖြစ်သည်။ အကူကြိယာ လိုအပ်ပါသည်။လိုအပ်သောအကူကြိယာများမှာ   has / have /  had တို့ဖြစ်ကြပါသည်။)
၎။       Present  Participle သည်    V4  ဖြစ်သည်။ အကူကြိယာ နှင့် တွဲရေးရန် လိုအပ်ပါသည်။ လိုအပ်သောအကူကြိယာများမှာ - is /  am/  are  /  was  / were တို့ဖြစ်ကြပါသည်။

{  2 } ကြိယာ ပုံစံ လေးမျိုးကဗျာ

1.       ကြိယာ ပုံစံလေးမျိုး ရယ် ၊                          အဲဒါ မှတ်စမ်းကွယ်၊
2.       Present  ရယ်က  V1                               အဲဒါ မှတ်လိုက်စမ်း၊
3.       အတိတ်လမ်းကူး ဖြစ်ပျက်ဖူး၊                       Past Tense  ကတော့  V 2
4.       လုပ်ဖူး  ကိုင်ဖူး  ရောက်ဖူးတယ်                   V 3 ခေါ်ပါတယ်၊
5.       Participle နှစ်မျိုး များ                              မှတ်လိုက်စမ်းပါလား၊
6.       အကူသမား လိုအပ်တာ                             Participle ပါ၊
7.       သေသေချာ ချာ ချင့်ချိန်ပေး၊                       မှန်ကန်စေဖို့အရေး၊
8.       Is /  am / are  လေးလိုက် ရတယ်              Present  Participle
9.       Has ရယ်  have   ရယ်  ထည့်ကာပေါင်း၊       Past  Participle  မှတ်စေကြောင်း။

  
{3 }     Agreement of  the  Verb with its  Subject:

A verb must agree  with its subject  in number  and person.

ကြိယာ သည် ၄င်း ကတ္တား၏ number  နှင့်  person  တို့မှာ လိုက်ဖက်ညီ ဖို့  လိုအပ်ပါသည်။
 ကတ္တား နှင့်  ကြိယာ ညီညွတ်မှု Agreement
  1. ကတ္တား နှင့် ကြိယာသည် ညီညွတ်စွာ ကိုက်ညီရမည်။
  2. ဤစည်းမျဉ်းကို   Agreement ဟုခေါ်ပါသည်။
  3. Subject  များလျှင်  Verb လည်း များမည်၊ မူရင်းကြိယာ ပြန်ရေးပေးပါ။
  4. Sub သည် တစ်ခုတည်း နည်းနေသည် ဆိုလျှင်  ကြိယာတွင် " s "   သို့မဟုတ်  " es  " ပေါင်းပေးရမည်။
  5. "es " ပေါင်းရ မှာလား ၊ " s " ပေါင်းရမှာလား ဆိုတာကိုတော့   ကြိယာ၏နောက်ဆုံး စာလုံးကိုကြည့်ရန်လိုပါသည်။
  6. Verb  တစ်ခုသည်  (  s / h / o / x / y  )  စာလုံး တစ်လုံးလုံး နှင့် ဆုံးနေလျှင်   ကြိယာကို " es "  ပေါင်းလိုက်ပါ။
  7. " y "  နှင့် ဆုံးနေလျှင်တော့ သတိထားပါ၊ " y " ဘေးကို ချောင်းပါ။ ( ချောင်းပါ ဆိုတာ " y " ဘေးမှာ ဘာစာလုံးပါသလဲဆိုတာကြည့် ခိုင်းခြင်းဖြစ်သည်)
  8. " y " ဘေးမှာ " a / e / i  / o / u  "  မတွေ့ရင်တော့  " y "   ကိုဖြုတ်ပြီး " ies "   ပေါင်းပါ။
  9. " y "  ဘေးမှာ " a / e / i/ o / u  "  ကိုတွေ့လျှင်  " y " ကို မဖြုတ်ရ၊ " s "  ပေါင်းပေးရတာ ကိုသိပါစေ၊

{ 3 }   ကတ္တား နှင့် ကြိယာ ညီညွတ်မှု  Agreement  ကဗျာ
  1. ကတ္တား ကြိယာ   ညီညွတ်စွာ                 ကိုက်ညီရမှာပါ၊
  2. ဒီစည်းမျဉ်းဟာ အရေးကြီး                     Agreement လို့မှတ်စေသတည်း၊
  3. "S"  အများကြီးကို တွေ့လိုက်ရင်၊             " Verb " လည်းများမှာပင်၊             (S= Subject =ကတ္တား)
  4. မူလအသွင် ကိုပြန်ကာရေး၊                    အဲဒါ မူရင်းပေး၊
  5. " Sub"   လေးက တစ်ခုတည်းဆို၊            " s " ပေါင်းလိုက်မယ် ဗျို၊
  6. လိုလိုပိုပို သတိထား ၊                           နောက်ဆုံး စာလုံး ကြည့်ပါလား၊
  7. ( s / h / o / x / y  ) ရှော်ဇီ များနဲ့ ဆုံးရင်တော့ ၊ " es  "ပေါင်းမှာပေါ့၊              ( s/h/o/x/y =ရှော်ဇီ )
  8. " Y "ဆုံးရင်တော့ သတိထား၊                 ဘေး ကိုချောင်းပါလား။

s/ h / o / x / y   ကို ရှော်ဇီဆိုပြီး မှတ်ရလွယ်အောင် အသံထွက်ပေးလိုက်တာပါ။ ကလေးများအနေနဲ့  ရှော်ဇီဆိုတာနဲ့ s / h /o /x/ y ကို သိပြီးသားဖြစ်သွားရပါမယ်။ ဒါမှ ကြိယာတစ်လုံးဟာ ရှော်ဇီ နဲ့ ဆုံးနေသလား ၊ ရှော်ဇီ စာလုံးထဲက မဟုတ်ဘဲ  ကျန်တဲ့ Alphabet  ထဲက တစ်လုံးလုံးနှင့်ဆုံးနေသလား  သိထားလိုက်ရင်  အောက်ပါ ကဗျာအတိုလေး ကို လွယ်လွယ် ရွတ်ဆိုပြီး  မှန်ကန်တဲ့ အဖြေတွေကို ဖြေနိုင်မှာပါ။ ရှော်ဇီ ကဗျာ တိုလေးက တော့
s  နဲ့ဆုံးရင်         es  ပေါင်း
h  နဲ့ဆုံးရင်         es  ပေါင်း
o  နဲ့ဆုံးရင်         es  ပေါင်း
x  နဲ့ဆုံးရင်         es  ပေါင်း
y  နဲ့ဆုံးရင်         y  ဘေးချောင်း
ဒီနေရာ မှာ ခြွင်းချက် တွေရှိပါတယ်။  h နဲ့ဆုံးတိုင်းလည်း es မပေါင်းရတာပါ။
Eg / laugh / weigh/ plough တွေဆိုရင် h နဲ့ ဆုံးထားပေမယ့် ခြွင်းချက်အရ s ဘဲပေါင်းပေးရပါမယ်။
ရှော်ဇီ စကားလုံး များဖြစ်တဲ့ s / h / o/ x / y မဟုတ်တဲ့  စာလုံးနဲ့ အဆုံးသတ်ထားရင်တော့ s ပေါင်းပေးရပါမယ်။
Eg/   dress =     dresses
Press =       presses
Pass   =       passes
Kiss    =       kisses

Teach =        teaches
Watch =       watches
Wash =       washes
Catch =       catches
  • Laugh =       laughs
  • Weigh =       weighs
  • Plough =      ploughs

Go =       goes
Do =       does
Redo=     redoes

Mix =     mixes
Fix =       fixes
Relax=    relaxes

Marry =   marries
Carry =   carries
Study=    studies
Cry =      cries
Try =      tries
Dry =      dries
  • Buy     =       buys
  • Enjoy  =       enjoys
  • Stay   =       stays
  • Pay     =       pays
  • Say     =       says

ရှော်ဇီ မဟုတ်သော ကျန်သောစာလုံးများနှင့် အဆုံးသတ်နေလျှင်
Eg / Read =   reads
Listen =       listens
Cook  =       cooks
Sing   =       sings
Work =       works
ဒါဆို ရှော်ဇီ ကဗျာ ရဲ့ ဆိုလိုချက်ကို သဘောပေါက်လောက်ပါပြီ။


ကလေးများအတွက် မေတ္တာများစွာ ဖြင့်
Diamond  
(mamami289@gmail.com)
Myanmar Network

Thursday, 3 May 2012

The Flatmates Episode 11-15



Episode 11: Phoning the landlord

Helen:  Hi, dad it's Helen
Dad:     Hello my dear, how are you?
Helen:  Studying hard as ever, dad. Can I ask you something as our landlord? Our lease says that we're not allowed animals in the flat. Well, is there a way that we could get around that? You see, Alice found this kitten and everyone really wants to keep her.
Dad:    You have a cat in my flat? Oh Helen, why can't you ever obey the rules?
Helen: Oh dad! Please, won't you bend them for me?
Dad:    Well...
Helen: Please!
Dad:    Just this once.
Tim:    Kitty, did you hear what I just heard? She called the landlord "dad". What a dark horse Helen is!



Episode 12: After the film

Michal:  Well that rom-com was much better than I expected. It was really romantic. Thank you.
Alice:     Oh, it was my pleasure.
Michal:  Would you like to do it again - go out on another date with me?
Alice:     Another date? Michal, that wasn't a date we were on there.
Michal:  It wasn't? Oh, I thought it was.
Alice:      No, we're just good friends.
Michal:  Yes, we are good friends and I'd like us to be better friends so I'm going to ask you: would you like to go out with me?



Episode 13: Tim spills the beans

Tim:    So how was the cinema for you two love birds?
Alice:  How many times do I have to say this - that wasn't a date!
Tim:   Whoa, easy tiger! Hey this'll put a smile on your face. Guess who our landlord is?
Alice:  How should I know? We give the money to Helen and she always sends off the cheque.
Tim:    Go on, guess.
Alice:  Tom Cruise, the man in the moon, no idea!
Tim:    It's Helen's dad!
Alice:  Helen's dad! No way! Why would she keep that a secret?
Helen: I'm just putting the kettle on. Anyone fancy a cuppa?



Episode 14: Tim strikes it rich

Tim:    Can I help you madam?
Customer: I'm looking for a man's watch.
Tim:    Well we have a sumptuous selection here: sports, evening, everyday watches. Do you see anything you like?
Customer: Oh, I rather like that one.
Tim:    Impeccable taste, madam. Now, just take it over to the cash till there and they'll wrap it up for you.
Customer: Thank you, goodbye.
Tim:    Goodbye...Oh, you've dropped something madam. Madam! Oh she's gone. Let's see 50, 100, 150 pounds! Well you know what they say Tim, a fool and her money..



Episode 15: A heart-to-heart

Helen:   Hello?
Alice:    Hi Helen.
Helen:  What's up Alice?
Alice:    It's so quiet at work I thought I'd give you a ring. A little bird told me that the landlord is your dad!
Helen:   How did you find out?
Alice:    Never mind about that. Why have you been keeping it a secret for so long?
Helen:   Well because as soon as people know how rich my parents are, they start treating me differently. When you and Tim came to live here I wanted to start afresh so I decided not to tell anyone.
Alice:     Oh Helen you're such a silly goose! I promise, it won't make any difference to us! So no more secrets   OK?
Helen:   OK then.