This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, 29 April 2012

Black & White အီဒီယံ အသုံးအနှုန်းများ

ဒီသတင်းပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ black sheep, black eye, white lie နဲ့ white wash စတဲ့ အီဒီယံ အသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

အဖြူ (ရောင်) ဟာ သန့်စင်မှု၊ မွန်မြတ်မှုဆိုတဲ့ သဘောကိုဆောင်ပြီး၊ အမဲ (ရောင်) ကတော့ ရက်စက်မှု၊ အမင်္ဂလာ သဘောဆောင်တယ်လို့ အစဉ်အလာအားဖြင့် ယူဆခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတပတ် အမဲ (ရောင်) နဲ့ ပတ်သက်ပြီး ပထမဦးဆုံးတင်ပြမယ့် အီဒီယံ အသုံးအနှုန်းက black sheep ဖြစ်ပါတယ်။ Black = အမဲရောင်၊ Sheep = သိုး (တိရစ္ဆာန်)  ဆိုတော့ လုံးကောက်အဓိပ္ပါယ်က အမဲရောင်သိုး ဖြစ်ပါတယ်။ အီဒီယံ အသုံးအနှုန်းကတော့ အသုံးမကျတဲ့လူ၊ မျက်နှာအိုးမဲ သုတ်တဲ့လူ၊ အရှက်ခွဲတဲ့လူ လို့ ဆိုလိုပါတယ်။ အထူးသဖြင့် ဆွေမျိုးဂုဏ်၊ မိဘမောင်နှမ အသိုင်းအဝိုင်းဂုဏ်ကို ဖျက်ဆီးသူကို ပြောဆိုခေါ်ဆိုကြပါတယ်။ ဒီအသုံးအနှုန်းက sheep ဆိုတဲ့ အဖြူရောင်ရှိတဲ့ သိုးတွေကြားမှာ အမဲရောင် တကောင်ပါနေတယ်ဆိုရင် အဖြူရောင်သိုးအုပ်ရဲ့  အလှကို အစွန်းထင်စေတဲ့ အမဲစက် သဘောဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"Uncle Joe is the black sheep in the family. Instead of getting a job, all he does is drink too much, gamble away any money he gets and chases after women."

"ဦးလေး Joe ဟာ မိသားစုရဲ့  ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့လူပါပဲဗျာ။ အလုပ်ရှာမဲ့အစား အရက်တွေဖိသောက်၊ ရသမျှ ပိုက်ဆံကို လောင်းကစား လုပ်ပစ်တဲ့အပြင် မိန်းမလည်း အရမ်းရှုပ်သေးတယ်။"

Black နဲ့ ပတ်သက်ပြီး ဒုတိယတင်ပြပေးမဲ့ အသုံးအနှုန်းက black eye ဖြစ်ပါတယ်။ Black = အမဲရောင်၊ Eye = မျက်လုံး ဆိုတော့ အမဲရောင်မျက်လုံး လို့ လုံးကောက် ဘာသာပြန်နိုင်ပါတယ်။ အချင်းချင်း ထိုးကြိတ်ကြလို့ဖြစ်စေ၊ မတော်တစ ထိခိုက်မိလို့ဖြစ်စေ မျက်ကွင်းညိုသွားတဲ့သဘော ဖြစ်ပါတယ်။ အီဒီယံသွယ်ဝှိက် အဓိပ္ပါယ်ကတော့ လူ့အဖွဲ့အစည်းတရပ်ကို ဂုဏ်သိက္ခာပျက်စေတာ၊ အရှက်တရားရစေတဲ့ သဘောဆောင်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အမဲစက်ထင်စေတယ်၊ အစွန်းထင်စေတယ် ဆိုတဲ့ အသုံးအနှုန်းကို သော်တာရှင်များ သိမှာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"When the newspaper found out the highway commissioner was taking a bribe from paving contractors, it gave a black eye to the whole city government."

"အဝေးပြေးလမ်းမ ဖောက်လုပ်ရေးဌာနမင်းကြီးက လမ်းခင်း ကန်ထရိုက်တာ (contractor) တွေဆီက လာဘ်စားတဲ့အကြောင်းကို သတင်းစာက သိသွားတော့ မြို့ တော် အုပ်ချုပ်ရေးတခုလုံး အမဲစက်ထင် သွားစေခဲ့တယ်။"

အမဲနဲ့ ပတ်သက်တာတင်ပြပြီးနောက် အဖြူရောင်နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းတွေကို တင်ပြပေးပါမယ်။

ပထမအသုံးအနှုန်းက white lie ဖြစ်ပါတယ်။ White = အဖြူရောင်၊  Lie = လိမ်လည်တာ၊ မုသားဝါဒ ဆိုတော့ အဖြူရောင် မုသားဝါဒ လိမ်လည်မှုလို့ တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်မှာတော့ မုသားဝါဒ စကားကတော့ မှန်ပါရဲ့  ဒါပေမဲ့ တဖက်လူ စိတ်မကောင်းမဖြစ်စေချင်လို့ သွယ်ဝှိက်ပြီး ကြည့်ပြောလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာ မုသားမပါ လင်္ကာမချောဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"I told a white lie when I told Jenny her boyfriend was good looking. The truth is he just about the ugliest man I have ever seen."

"Jenny အဆက် ကောင်ကလေးဟာ လူချောကလေးလို့ ပြောလိုက်တာ မုသားမပါ လင်္ကာမချော ပြောလိုက်တဲ့သဘောပါ။ တကယ့်တော့ ဒီကောင်ကလေးဟာ ကျနော်တွေ့ဘူးတဲ့ လူတွေထဲမှာ ရုပ်အဆိုးဆုံး လူတယောက်ဖြစ်တယ်။"

White နဲ့ ပတ်သက်ပြီး ဒုတိယတင်ပြပေမယ့် အီဒီယံအသုံးကတော့ white wash ဖြစ်ပါတယ်။ အဖြူ (white) က သာမန်အားဖြင့်တော့ မင်္ဂလာသတင်းဆောင်ပေးမယ့်လို့လည်း ဒီနေရာမှာတော့ အပြုသဘော မဆောင်ပါဘူး။ White = အဖြူ၊ Wash = လျှော်ဖွတ်သည် ဆိုတော့ အဖြူ လျှော်ဖွတ်ခြင်း လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ အီဒီယံအသုံးကတော့ ကျမတို့ မြန်မာမှာ နံရံကို ထုံးသုတ်တဲ့ သဘော ဖြစ်ပါတယ်။ အမှားတွေ၊ အစွန်းတွေ မမြင်ရအောင် ဖုံးဖိတဲ့ အပေါ်ယံ ရွှေမှုံကြဲတဲ့သဘော ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"The official report on the train incident was nothing, but a white wash. They didn't try to find out who was to blame."

"ရထားတိုက်မှုနဲ့ ပတ်သက်ပြီး တရားဝင်ထုတ်ပြန်တဲ့ အစီရင်ခံစာဟာ တကယ်တော့ ဟန်ပြအစီရင်ခံစာသာ ဖြစ်ပါတယ်။ တကယ်တော့ ဘယ်သူမှာ အပြစ်ရှိတယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းလုပ်ဆောင်ခြင်း မရှိကြဘူး။"

Ref : VoA LearnEnglish
By Ni Ni Mar
Myanmar Network 

Heart စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ Heart - အသဲနှလုံး စကားလုံးဝေါဟာရကို အခြေခံတဲ့ heart and soul, eat your heart out နဲ့ lose heart အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ heart and soul  ဖြစ်ပါတယ်။ Heart = အသဲနှလုံး၊ Soul = အသက်ဝိညာဉ် ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ အသဲနှလုံးနဲ့ ဝိညာဉ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ ဒီနေရာမှာ အသဲရော၊ အသက်ရော ဆိုတော့ နှစ်နှစ်ကာကာ ရာနှုန်းပြည့်ခံစားချက် ဒါမှမဟုတ် အခါရာ အကျဆုံးကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Mr. and Mrs. Smiths just celebrated their golden wedding anniversary. They are happily married and loved each other with heart and soul.

Mr. နဲ့ Mrs. Smiths တို့နှစ်ယောက် သူတို့ ရွှေရတုမင်္ဂလာပွဲကို မကြာမီကပဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ အိမ်ထောင်ရေးကလည်း စိတ်ချမ်းသာစရာ ဖြစ်သလို တဦးပေါ်တဦးလည်း အသက်တမျှ ချစ်ကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ eat your heart out ဖြစ်ပါတယ်။ Eat = စားသည်။ Your = သင်၏၊ Heart = အသဲနှလုံး၊ Out = ကြိယာဝိသေသန (adverb) က အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။ ဒီနေရာမှာတော့ ကုန်ခမ်းသွားတယ် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲကို ကုန်သွားအောင် စားပစ်လိုက်သည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ စိတ်ထဲမှာ နာနာကျည်းကျည်း ခံစားရတာ၊ ဝမ်းနည်းကြေကွဲလွန်လို့၊ မနာလို သဝန်တိုစိတ် ရှိလွန်လို့၊ မရနိုင်တာကို ဆွေးတမြေ့မြေ့နဲ့ ခံစားရတာမျိုး စသည်ဖြင့် အခြေအနေအလိုက် အသုံးပြုနိုင်ပါတယ်။ တခါတရံလည်း လူတဦးဦးကို မခံမရပ်ဖြစ်အောင် ပြောတဲ့နေရာမှာလည်း ပြောဆိုနိုင်ပါတယ်။ မင်းမနာလိုဖြစ်ရင်လည်း ဖြစ်ပေါ့ဆိုတဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Eat your heart out my friend. Our team won the first prize.

မင်းမခံချင်အောင် ငါ ပြောရအုန်းမယ် သူငယ်ချင်းရေ - ငါတို့အသင်းက ပထမဆု ရရှိတယ်။

Eat your heart out ကို မခံချိမခံသာဖြစ်၊ စိတ်ဆင်းရဲဖြစ်တဲ့ အနေအထားမျိုးနဲ့ Geoge Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်ပါ။
Spain beat the Netherlands one to nothing during the 2010 FIFA World Cup leaving the Netherlands team members eating their hearts out.

၂၀၁၀ ဖီဖာ ကမ္ဘာ့ဘောလုံးပွဲမှာ နယ်သာလန်အသင်းကို စပိန်အသင်း က တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရလိုက်တော့ နယ်သာလန်ဘောလုံးအသင်းသားတွေ စိတ်ပျက်ကျန်ခဲ့ကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Lose heart ဖြစ်ပါတယ်။ Lose = ဆုံးရှုံးသည်၊ Heart = အသဲနှလုံး တို့ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အသဲနှလုံး ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ heart ကို ဒီနေရာမှာ စိတ်ဓါတ်အဖြစ်၊ သတ္တိအဖြစ် ရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lose heart က စိတ်ဓါတ်ကျတာ၊ အားလျော့တာ၊ အားမရှိတာ၊ ယုံကြည်စိတ်ချမှု လျော့နည်းလာတာ စသဖြင့်ကို ဆိုလိုတာ ဖြစ်ပါတယ်။
အလုပ်က ဖြုတ်ခံရတဲ့လူတဦးကို အားပေးတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Please don’t lose heart. Keep trying. There will be other chances to get a better job.

မင်းစိတ်ဓါတ် မကျပါနဲ့ကွာ။ ဆက်လက်ကြိုးစားပါ။ ပိုကောင်းတဲ့အလုပ်ရဖို့ တခြားအခွင့်အလမ်းတွေလည်း ပေါ်လာမှာပါ။

Lose heart ဝေါဟာရကြားမှာ your ကို ထည့်ပြီး lose your heart ဆိုပြီးသုံးရင် အဓိပ္ပါယ်က ပြောင်းသွားပါတယ်။ တဦးဦးအပေါ်မှာ မေတ္တာရှိတာ၊ တခုခုကို ခုံမင်နှစ်သက်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I lost my heart to Mary ten years ago when I saw her at a party. We soon got married and now we have three kids.

လွန်ခဲ့တဲ့ ဆယ်နှစ်က Mary ကို ကျနော် ပါတီတခုမှာ တွေ့လိုက်ချိန်မှာ သူ့အပေါ် မေတ္တာရှိ ချစ်ကြိုက်မိခဲ့တယ်။ မကြာခင် ကျနော်တို့ လက်ထပ်လိုက်ကြပြီး အခုဆို သားသမီး သုံးယောက်တောင် ရလာခဲ့ပြီ။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

လက်မြှောက်အရှုံးပေးခြင်း အီဒီယံ စကားလုံးများ

ဒီနှစ် နိုဝင်ဘာလမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ သမ္မတရွေးကောက်ပွဲကို ဦးတည်ပြီး လက်ရှိ ရီပတ်ဘလင်ကန်ပါတီ (Republican Party) က သမ္မတကိုယ်စားလှယ်လောင်း ပဏာမ ရွေးကောက်ပွဲတွေကို တဆင့်ပြီးတဆင့် ကျင်းပခဲ့ရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကြိုးစားခဲ့ကြသူတချို့ လည်း လက်မြှောက်အရှုံးပေးခဲပြီး ယှဉ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ကြပါပြီ။

 ဒါကြောင့်လည်း လက်မြှောက်အရှုံးပေးတဲ့ အခြေအနေနဲ့ ပတ်သက်တဲ့ final curtain call, throw in the towel နဲ့ the last hurrah စတဲ့ အီဒီယံအသုံးအနှုန်းများကို ဒီတပတ် တင်ပြပေးသွားပါမည်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ final curtain call ဖြစ်ပါတယ်။ Final = နောက်ဆုံး, Curtain = ကန့်လန့်ကာ (ခန်းဆီး) , Call = ခေါ်သည်။ ဒီနေရာမှာ curtain call က ကန့်လန့်ကာ ကျလာသည် လို့ အဓိပ္ပါယ်ရပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နောက်ဆုံး ကန့်လန့်ကာ ကျလာသည် ဖြစ်ပါတယ်။ ဖျော်ဖြေပွဲတွေမှာ ကန့်လန့်ကာ ကျလာပြီဆိုရင် အနုပညာသမားကို ပွဲကြည့်ပရိသတ်က သြဘာပေးချင်တဲ့အခါ အနုပညာသမားက ကန့်လန့်ကာရှေ့ မှာ ထွက်ပြီးတော့ ပရိသတ်ရဲ့  သြဘာကို ခံယူလေ့ရှိပါတယ်။ အဲဒါကို curtain call လို့ ခေါ်ပါတယ်။ ဒီနေရာမှာ final curtain call ဆိုတာကတော့ သူ့အတွက်ကတော့ နောက်ဆုံး ပရိသတ်နဲ့ နူတ်ဆက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ အီဒီယံအသုံးကတော့ ရှင်းပါတယ်။ နေ့စဉ်ဘဝမှာ လူတဦးရဲ့  ကြိုးပမ်းလုပ်ဆောင်မှု၊ စွမ်းဆောင်မှုက အဆုံးသတ်သွားပြီဆိုရင် သူ့အတွက်ကတော့ the final curtain call လို့ ရည်ညွန်းပြောတာ ဖြစ်ပါတယ်။ ကျမတို့ မြန်မာစကားမှာတော့ ပွဲပြီးလို့ ဖျာလိပ်တဲ့သဘော ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။

This election will be the final curtain call for our Mayor. His approval rating has gone down sharply because of his corruption scandal.

ဒီရွေးကောက်ပွဲကတော့ ကျနော်တို့ မြို့ တော်ဝန်အတွက် ပွဲပြီးမယ့် အခြေအနေပါ။ သူ့ရဲ့  အဂတိလိုက်စားမှု အရှုပ်တော်ပုံကြောင့် သူ့အပေါ် လူထုရဲ့  ထောက်ခံမှုနှုန်းက သိသိသာသာကြီး ကျဆင်းသွားခဲ့တယ်။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံစကားလုံးမှာ throw in the towel ဖြစ်ပါတယ်။ Throw = ပစ်သည်။ In = အတွင်းဘက်သို့။ Throw in = အတွင်းဘက်ကို ပစ်သွင်းလိုက်သည်။ the Towel = မျက်နှာသုတ်ပဝါ ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာသုတ်ပဝါကို အတွင်းဘက်သို့ ပစ်သွင်းလိုက်သည် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကို မရှင်းပြခင် ဒီ အသုံးဟာ အားကစားကဏ္ဍဖြစ်တဲ့ လက်ဝှေ့ပွဲက ဆင်းသက်လာတယ်ဆိုတာကို ရှင်းပြလိုပါတယ်။ လက်ဝှေ့ထိုးရာမှာ ချွေးသုတ်ဖို့ မျက်နှာသုတ်ပဝါတွေကို လက်ဝှေ့သမားတွေက ပခုံးပေါ်မှာတင်ပြီး ချွေးသုတ်ကြတာကို တွေ့ဘူးကြပါလိမ့်မယ်။ လက်ဝှေ့သမားတဦးအနေနဲ့ ဒီပြိုင်ပွဲကို ဆက်မထိုးနိုင်တော့ဘူးဆိုတဲ့ အရိပ်လက္ခဏာကို ပြချင်တယ်ဆိုရင် လက်ဝှေ့ကြိုးဝိုင်းတွင်းကို သူ့ မျက်နှာသုတ်ပဝါကို ပစ်ချလိုက်ခြင်းအားဖြင့် ပြသနိုင်တယ်လို့ ဆိုကြပါတယ်။  ဒီ အလေ့အထကနေ နေ့စဉ်ဘဝမှာလည်း throw into the towel ကို သုံးရာမှာ တခုခုလုပ်ကိုင်နေတာကို ဆက်မလုပ်နိုင်တော့ဘူး။ လက်မြှောက်အရှုံးပေးလိုက်သည်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ ဆလံပေးလိုက်ပြီဆိုရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
The politician threw in the towel before the election. He said he is short of campaign funds.

ရွေးကောက်ပွဲမတိုင်ခင်မှာပဲ အဲဒီ နိုင်ငံရေးသမားက လက်မြှောက်အရှုံးပေးသွားခဲ့ပြီ။ သူ့ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေ နည်းတယ်လို့ ပြောဆိုတယ်။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ the last hurrah ဖြစ်ပါတယ်။ the Last = နောက်ဆုံး၊ Hurrah = လက်ခုပ်သြဘာ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နောက်ဆုံးလက်ခုပ်သြဘာ ဖြစ်ပါတယ်။ ဒီ အသုံးကတော့ အနုပညာမှာဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ် ဘယ်ကဏ္ဍမှာဖြစ်ဖြစ် တောက်လျှောက် ပွဲထိန်းလာသူ၊ အောင်မြင်လာသူတဦးက အနားယူတော့မယ့် အချိန်ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ဥပမာ အမေရိကန် သမ္မတဆိုရင်လည်း သမ္မတသက်တမ်း နှစ်ကြိမ်၊ တနည်းအားဖြင့် ရှစ်နှစ် ဆိုတော့ သမ္မတတဦးအတွက် အဲဒီ သမ္မတသက်တမ်း နောက်ဆုံးနှစ်ဟာ သူ့အတွက် နောက်ဆုံးသြဘာနှစ် ဖြစ်ပါတယ်။ အလားတူပဲ CNN က ရုပ်သံလွှင့် နံမည်ကြီး တွေ့ဆုံမေးမြန်းခန်း အစီအစဉ်ဖြစ်တဲ့ Larry King Live အစီအစဉ်မှာလည်း Larry King ဟာ ၁၉၈၅ ခုနှစ်ကစလို့ ၂၀၁၀ ခုနှစ်အထိ သူအသက် ၇၆ နှစ်အထိ ၂၅ နှစ်တိုင်း ဒီ အစီအစဉ်မှာ ပင်တိုင်အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ သူ့အတွက် နောက်ဆုံး အစီအစဉ်နဲ့ ပတ်သက်လို့ သူ ဘယ်လိုပြောသွားသလဲဆိုတာကို George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။
Larry King’s last hurrah was aired December 16th, 2010. He shared his last thoughts and thanked the audiences for supporting him over the years.

Larry King ရဲ့  နောက်ဆုံး နှုတ်ဆက်ပွဲ အစီအစဉ်ကို ၂၀၁၀ ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြသသွားခဲ့တယ်။ သူက အဲဒီမှာ သူ့ရဲ့  နောက်ဆုံး အတွေးတွေကို မျှဝေသွားခဲ့သလို၊ နှစ်ပေါင်းများစွာ သူကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားတွေ ပြောခဲ့တယ်။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

State of the Union အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ အမေရိကန်သမ္မတ ဘာရက် အိုဘားမား (Barack Obama) ဇန်နဝါရီလ ၂၆ ရက်နေ့က ပြောကြားခဲ့တဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း (State of the Union Address) မှာ ထည့်သွင်းအသုံးပြုခဲ့တဲ့ အီဒီယံများအနက် တချို့ ကို ကောက်နုတ် တင်ပြပေးပါမယ်။

 သမ္မတ က အင်္ဂါနေ့မိန့်ခွန်းထဲမှာ စီးပွားရေး ပြန်လည်ဦးမော့လာစေဖို့ ပြောကြားခဲ့တာကတော့ “We can restore an economy where everyone gets a fair shot, and everyone does their fair share, and everyone plays by the same set of rules.” ဖြစ်ပါတယ်။ ဒီ စကားပိုဒ်မှာ သမ္မတအနေနဲ့ အီဒီယံ (၃) ခု အသုံးပြုခဲ့တာကို တွေ့ရပါတယ်။ အီဒီယံတွေကတော့ a fair shot, fair share နဲ့ play by the rule တို့ ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ a fair shot ဖြစ်ပါတယ်။ A = တခု၊ တစုံတရာ။ Fair = မျှတသော နဲ့ Shot = (ဒီနေရာမှာ နာမ် - noun အဖြစ် အသုံးပြုထားတာဖြစ်ပြီး) ပစ်ခြင်း ကို ဆိုလိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မျှမျှတတရှိတဲ့ ပစ်ခွင့် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ မျှတတဲ့ ပစ်ခွင့်လို့ ဆိုရာမှာ လူတဦးကို သူ့ရဲ့  ရပိုင်ခွင့်အရ လုပ်ခွင့်ပေးတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာတော့ လူတဦး သူ့အရည်အချင်းအရ သူ့တနိုင်တပိုင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို လွတ်လွတ်လပ်လပ် အနှောင့်အသွားမရှိဘဲ ပြုလုပ်ခွင့်ပေးတာကို ဆိုလိုပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
John deserves a chance to proof himself. So, give him a fair shot.

John အနေနဲ့ သူ ဘယ်လောက် လုပ်နိုင်ကိုင်နိုင်စွမ်း ရှိတယ်ဆိုတာကို သက်သေပြဖို့ အခွင့်အရေး ရသင့်ပါတယ်။ ဒါကြောင့် သူ လုပ်ပြနိုင်ဖို့ အခွင့်အရေး ပေးလိုက်ပါ။
နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ ပြောကြားခဲ့တဲ့ အီဒီယံအသုံး နောက်တခုကတော့ a fair share ဖြစ်ပါတယ်။ A = တခု၊ တကြိမ်။ Fair = မျှတသော။ Share = ကိုယ့်ဝေစု ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ မျှတသော ဝေစု ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ဒီ အသုံးဟာ ကိုယ့်ဝေစု ဆိုတော့ သူများတွေ ရသင့်သလို ကိုယ်ကလည်း ရသင့်ရထိုက်တဲ့ ဝေစုလို့ ဆိုလိုပါတယ်။ ဒါအပြင် ကိုယ့်ဖက်က ကိုယ့်တာဝန်အတိုင်း ကျရာတာဝန်ကို လုပ်ဆောင်ပေးရမှာကိုလည်း ရည်ညွှန်းတာ ဖြစ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
If people want democracy, everyone should do his or her fair share.

လူတွေအနေနဲ့ ဒီမိုကရေစီ လိုချင်တယ်ဆိုရင် လူတိုင်းက ကိုယ်ကျရာ တာဝန်ကို လုပ်သင့်ကြပါတယ်။
နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ သမ္မတ ပြောကြားခဲ့တဲ့ အီဒီယံအသုံးတွေအနက် နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ play by the rules ဖြစ်ပါတယ်။ Play = သာမန်အားဖြင့် ကစားသည် ဖြစ်ပေမယ့် ဒီနေရာမှာ play ကြိယာကို by ဝိဘတ် (proposition) နဲ့ တွဲဖက်ပြီး play by က လိုက်နာသည် ကို ဆိုလိုပါတယ်။ The Rules = စည်းမျဉ်းစည်းကမ်းများ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က စည်းမျဉ်းစည်းကမ်းတွေအရ လိုက်နာဆောင်ရွက်သည် ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း အလားတူလို့ ဆိုနိုင်ပါတယ်။ အားကစားပြိုင်ပွဲမှာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရသလို၊ လူတွေအနေနဲ့လည်း နေ့စဉ်ဘဝမှာ လူတို့ သာမန်စောင့်ထိန်းရတဲ့ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်း သတ်မှတ်ချက် ဥပဒေအရ လိုက်နာနေထိုင်တာကို ဆိုလိုတာဖြစ်ပါတယ်။
ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
My father taught us to play by the rules. So, all of us are very thankful for his wise words.

ကျနော့်အဖေက ကျနော်တို့အားလုံးကို အမြဲ ကျင့်ဝတ်သိက္ခာနဲ့အညီ လိုက်နာနေထိုင်ဖို့ ဆုံးမခဲ့တယ်လေ။ ဒီလို သူ့ရဲ့  အမျှော်အမြင် ရှိလှတဲ့စကားတွေကြောင့် ကျနော်တို့အားလုံး အဖေကို သိပ်ကျေးဇူးတင်ကြတယ်။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Shape စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် ပုံသဏ္ဍာန်လို့ အဓိပ္ပါယ်ရတဲ့ shape ကို အခြေခံတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ in bad shape ဖြစ်ပါတယ်။ In = အထဲမှာ ရှိနေသည်၊ ဖြစ်နေသည်။ Bad = ဆိုးသော။ Shape = ပုံပန်းသဏ္ဍာန်၊ ပုံစံ တို့ ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဆိုးနေတဲ့ ပုံစံ သို့မဟုတ် ပုံပန်းသဏ္ဍာန် တို့ ဖြစ်ပါတယ်။ လူတဦးအနေနဲ့ ကျန်းမာရေးအခြေအနေ သိပ်မကောင်းလှဘူး၊ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်။ လူပုံပန်းကြည့်ရတာ သိပ်မဟန်၊ ပုံပျက်ပန်းပျက် ဖြစ်နေရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
John is in a real bad shape. He is a hundred pound over weight. So, he needs to exercise and watch his diet.

John ကတော့ တကယ့်ကိုပဲ ပုံပျက်ပန်းပျက် ဖြစ်နေပြီ။ သူက ရှိသင့်ထားတာထက် အလေးချိန် ပေါင်တရာကျော် လေးနေတယ်။ သူ လေ့ကျင့်ခန်းယူပြီး နေ့စဉ်စားနေတဲ့ အစားအစာကိုလည်း ဆင်ဆင်ခြင်ခြင် ကြည့်ပြီးစားသင့်နေပြီ။
In bad shape ကို သက်ရှိနဲ့သာမက စီးပွားရေး၊ နိုင်ငံရေး စတဲ့ အခြေအနေတွေနဲ့လည်း တွဲပြီး သုံးစွဲနိုင်ပါတယ်။ စီးပွားရေး အခြေအနေ မဟန်ဘူးဆိုရင် စီးပွားရေးက in bad shape ပေါ့။ In bad shape က အခြေအနေမဟန်တာဆိုရင်၊ အခြေအနေကောင်းတယ်၊ ဟန်တယ်ဆိုရင် ဘယ်လို အီဒီယံကို သုံးစွဲပြောဆိုမလဲ။
In good shape ဆိုတဲ့ အီဒီယံနဲ့ ပြောဆိုနိုင်ပါတယ်။ In = အထဲမှာ ရှိနေသည်။ Good = ကောင်းသော။ Shape = ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကောင်းသော ပုံပန်းသဏ္ဍာန် ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း ဆင်တူပါတယ်။ အခြေအနေဟန်တယ်၊ ကောင်းတယ်။ လူဆိုရင်လည်း ကြည့်ရမြင်ရတာ ကျန်းမာနေတယ်။ ကြည့်လို့ရှုလို့ကောင်းတယ်ဆိုရင် ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။ ကျမတို့ မြန်မာဘန်းစကားမှာတော့ အိုကေ (okay) စိုပြေ ပြနေတာပေါ့။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
Joe is sixty years old, but he is in good shape as he exercises it regularly and watch it what he eats.

Joe တယောက် အသက် ခြောက်ဆယ် ရှိနေပြီ။ ဒါပေမဲ့လို့ သူက သန်သန်မာမာပါပဲ။ လေ့ကျင့်ခန်း မှန်မှန်လုပ်တယ်။ သူစားတဲ့ အစားအစာကိုလည်း ဂရုစိုက် ကြည့်စားတယ်။
နောက်ထပ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ out of shape ဖြစ်ပါတယ်။ Out = အပြင်ဖက်ကို of (proposition) နဲ့ တွဲသုံးထားတဲ့ out of က အပြင်ကိုရောက်နေတယ် ဖြစ်ပြီး၊ Shape = ပုံပန်းသဏ္ဍာန် ကဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပုံပန်းသဏ္ဍာန် အပြင်ရောက်နေသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လူဆိုရင် ရှိသင့်တဲ့ ပုံပန်းသဏ္ဍာန်အတိုင်း မရှိတာ၊ ပုံပျက်နေတာ၊ အဝလွန်တာ၊ ကျန်းမာရေးအရဆိုရင်လည်း ကိုယ့်အသက်အရွယ်နဲ့ ကျန်းမာရေး ကောင်းသင့်သလောက် မကောင်းတာ၊ အခြေအနေ မဟန်တာမျိုးကို ဆိုလိုပါတယ်။ စောစောက တင်ပြပေးခဲ့တဲ့ in bad shape အသုံးအနှုန်းနဲ့ ဆင်တူတယ်လို့ ဆိုနိုင်ပါတယ်။ ကျမတို့တတွေ အသက်တွေရလာပြီဆိုရင် ပြောလေ့ရှိတာကတော့ လှေကားထစ်တွေ မတက်နိုင်တော့ဘူး။ တက်ပြီးလို့ အပေါ်ရောက်ချိန်မှာ ဟောဟဲဟောဟဲနဲ့ မောနေတာပဲ။ အရင်ကလို မလုပ်နိုင်တော့ဘူးဆိုရင် I am out of shape လို့ ပြောဆိုနိုင်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
Although John is still young, he seems out of shape. He cannot run very fast.

John က အသက်ငယ်သေးပေမယ့် သူက ပုံပျက်ပန်းပျက် ဖြစ်နေလေပြီ။ သူရှိသင့်တဲ့ ကျန်းမာရေးနဲ့ မညီတော့ဘူး။ သူ မြန်မြန် မပြေးနိုင်တော့ဘူး။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ back into shape ဖြစ်ပါတယ်။ Back = ပြန်ဖြစ်သည်။ Into = အထဲသို့ ဖြစ်ပြီး back ကို ဝိဘတ် (proposition) into နဲ့ တွဲသုံးတဲ့အခါ နေရာရင်းကို ပြန်ရောက်သည် နဲ့ Shape = ပုံပန်းသဏ္ဍာန် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မူရင်း ပုံပန်းသဏ္ဍာန်ကို ပြန်ရောက်တယ့်သဘော ဖြစ်ပါတယ်။ ဒီနေရာမှာလည်း အီဒီယံအဓိပ္ပါယ်က တိုက်ရိုက်အဓိပ္ပါယ်နဲ့ သိပ်မကွာလှပါဘူး။ ကျန်းမာရေး ပြန်ကောင်းလာတာ၊ အခြေအနေ ပြန်ဟန်ကျလာတာ။ လူပုံပန်းသဏ္ဍာန်ဆိုရင်လည်း ပြန်ပြီး ကြည့်လို့ကောင်းလာတာမျိုး၊ အချိုးကျတာမျိုးကို ဆိုလိုပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်။
If you want to play on our football team, you have to first get yourself back into shape. You need to lose at least ten pounds.

ခင်များ ဘောလုံးအသင်းမှာ ဝင်ပြီး ကစားချင်တယ်ဆိုရင်တော့ ပထမဦးဆုံး ခင်များ ကျန်းမာရေးပြန်ကောင်းအောင်လုပ်ဖို့ လိုတယ်။ ကိုယ်အလေးချိန် ပေါင် အနည်းဆုံး ဆယ်ပေါင်း ချဖို့ လိုတယ်။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

House စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်း စကားလုံးများမှာ put your house in order နဲ့ to clean house တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနူန်းကတော့ put your house in order ဖြစ်ပါတယ်။ put ပြုလုပ်သည်၊ your သင်၏၊ in order စနစ်တကျရှိစေသည် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်ရဲ့  အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ ပတ်သက်ပြီး သုံးနိုင်ပါတယ်။ ပထမအသုံးကတော့ ကိုယ့်ရဲ့  ကိုယ်ရေးကိုယ်တာကိစ္စကို ဖြေရှင်းထားတယ်လို့ အဓိပ္ပာယ် ရပါတယ်။

George Crows ပေးတဲ့ ဥပမာမှာ ဦးလေးတော်စပ်သူက သူမသေခင် သူ့အမွေကို မိသားစုအတွက် အဆင်ပြေအောင် စိတ်အေးရအောင် ကြိုတင်စီစဉ်ပေးထားတဲ့ အကြောင်းဖြစ်ပါတယ်။
Before he died, Uncle Bob put his house in order. He paid all his debts and left his insurance policy, his will and other important papers in a big envelope on his wife's desk.

သူမဆုံးခင် ဦးလေး Bob က သူကိစ္စတွေကို နှောင်ရေးအေးရလေအောင် စနစ်တကျ စီစဉ်ထားခဲ့ပါတယ်။ သူ့အကြွေးတွေအားလုံးကို ပေးဆပ်ခဲ့တယ်၊ အသက်အာမခံ ပေါ်လစီတွေလည်း ထားခဲ့တယ်။ အမွေစာချုပ်လည်း ထားခဲ့ပါတယ်။ တခြားအရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုလည်း အိတ်ကြီးတအိတ်ထဲမှာ ထည့်ထားခဲ့ပြီး သူ့ဇနီးရဲ့  စာကြည့်စာပွဲပေါ်မှာ တင်ထားခဲ့တယ်။
Put your house in order အသုံးရဲ့  ဒုတိယ အဓိပ္ပါယ်တမျိုးကတော့ စီးပွားရေးလုပ်ငန်း (သို့) အဖွဲ့အစည်းတခုအတွင်း (သို့) နိုင်ငံအတွင်းမှာ ကမောက်ကမ ဖြစ်နေတာကို စနစ်တကျ ပြန်ဖြစ်အောင် ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါတယ်။


အခု George Crows ပေးထားတယ့် ဥပမာက New York မြို့ မှာ ရှိနေတဲ့ ကုမ္မဏီကြီးတခုရဲ့  ဌာနချုပ်က အလုပ်ပိုင်ရှင်ကြီး လာမှာမို့ Chicago မြို့  ရုံးခွဲက မန်နေဂျာ အလုပ်ရှုပ်နေတဲ့ ဥပမာဖြစ်ပါတယ်။
"We have to put the house in order in two days. I want desks clean, the whole place looking good, and we need account balance up to date by five o'clock tomorrow afternoon."

"ကျနော်တို့ရဲ့  ရုံးမှာ နှစ်ရက်အတွင်း အားလုံးစနစ်တကျဖြစ်အောင် လုပ်ကြရမယ်။ စာပွဲတွေကို ရှင်းထား၊ နေရာတခုလုံး ကြည့်ကောင်းအောင် လုပ်ထားကြ၊ ဒါအပြင် ကျနော်တို့ရဲ့  ငွေစာရင်းတွေကိုလည်း ချိန်ကိုက်ပြီး နောက်ဆုံးအချိန်အထိ ပြတဲ့စာရင်းကို မနက်ဖြန် ညနေ ငါးနာရီ မှာ အားလုံးအဆင်သင့် ပြင်ထားရမယ်။"
House in order အသုံးအနူန်းကို နိုင်ငံရေးမှာလည်း သုံးစွဲနိုင်ပါတယ်။ ကိုယ်နိုင်ငံအတွင်း ကမောက်ကမ မဖြစ်ရလေအောင် အခြေအနေတွေ စနစ်တကျ ဖြစ်အောင် ဆောင်ရွက်ရမှာလည်း ဒီအသုံးကို ရည်ညွှန်းသုံးလို့ ရပါတယ်။

ဒုတိယ တင်ပြမယ့် အီဒီယံအသုံးအနူန်း to clean house ဖြစ်ပါတယ်။ To clean ရှင်းလင်းသည်၊ house အိမ်တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်ကတော့ အိမ်ကိုရှင်းလင်းခြင်း ဖြစ်ပါတယ်။ တံမြက်လှည်းကျင်း၊ ဖုန်းသုတ်၊ ကြမ်းတိုက်လုပ်ကိုင်ခြင်း လို့လည်း သုံးစွဲပြောဆိုနိုင်ပါတယ်။ အီဒီယံအသုံးအနူန်း သွယ်ဝိုက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ အပြောင်းအလဲကို ဖော်ဆောင်ရာမှာ အောက်ခြေသိမ်းကအစ ရှင်းလင်းဖယ်ရှားခြင်းကို ဆိုလိုပါတယ်။

အထူးသဖြင့် အာဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု၊ မသမာမှု၊ မျက်နှာသာပေးမှု စသဖြင့်တို့ ရှိနေတဲ့ အစိုးရရဲ့  စနစ်တရပ်မှာ အားလုံး ဒီ မသမာမှုတွေ ကင်းရှင်းအောင် ပြောင်းလြဲပစ်တာ၊ အလုပ်ဖြုတ်ပြစ်တာ၊ ပင်စင်ပေးပြစ်ပြီး လူတော်လူကောင်း၊ အလုပ်လုပ်တဲ့လူ၊ အလုပ်ကိုနားလည်းတဲ့ လူတွေနဲ့ အစားထိုး လို့ရှိရင် လုပ်ငန်းဟာ ပိုမိုထိရောက် တွင်ကျယ်မှာမို့ 'အောက်ခြေသိမ်း ပြောင်းလဲပြုလုပ်တာ' ကို To Clean House လို့ ရည်ညွှန်းသုံးစွဲ နိုင်ပါတယ်။

ပထမ ဥပမာ ကတော့ နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုအကြောင်း ဖြစ်ပါတယ်။ အထူးသဖြင့် ဝါရှင်တန်မြို့ တော်မှာ အခြေစိုက်တဲ့ ဗျူရိုကရက်တွေ ကို ရွေးကောက်ခံ ကိုယ်စားလှယ်တွေက တိုက်ခိုက်ဝေဖန် ပြောဆိုတာဟာ နိုင်ငံရေး ပရိယာယ်တခု ဖြစ်နေပါတယ်။
အခု George Crows ပေးတဲ့ ဥပမာမှာ နိုင်ငံရေးသမား ကိုယ်စားလှယ်က သူ့မိန့်ခွန်းမှာ ဒီ အကြောင်း (ခြစားမှု) ကို ပြောထားတာဖြစ်ပါတယ်။
"Folks, send me to the Congress, and I promise the first thing I will do is clean house. I will get rid off all those bureaucrats who sit around all day doing nothing, but wait for quitting time."

"မိတ်ဆွေတို့ရေ ကျနော်ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကြပါ။ ကျနော်ကို ရွေးခဲ့လို့ရှိရင် ပထမဦးဆုံး ဂတိပေးနိုင်တာကတော့ မသမာမှု၊ ခြစားမှုတွေကို ရှင်းပေးမယ်။ တနေ့လုံး အလုပ်မှာ ထိုင်ပြီး ဘာမှ အလုပ်မလုပ်ဘဲ အလုပ်ဆင်းချိန်ကိုဘဲ စောင့်နေတဲ့ ဗျူရိုကရက်အာလုံးကို ကျနော်ရှင်းပြစ်ပေးမယ်။"
ဒုတိယ ဥပမာကတော့ မြို့ ကြီးတမြို့ ရဲ့  မြို့ တော်ဝန်က သူ့လက်အောက်က အမှုထမ်းတွေ ပြည်သူဘဏ္ဍာတွေ နဲ့ ပစ္စည်းတွေကို ခိုးတဲ့အကြောင်း ကြားသိရလို့ စိတ်ဆိုးဆိုးနဲ့ ပြောတဲ့အကြောင်း ဖြစ်ပါတယ်။
"I want our citizens to know I've never tolerated corruption. I am going to clean house and fire every body who was involved, and will do our best to send the worst offenders off to jail."

"ကျနော်တို့ မြို့ နေလူထုကို ပြောပါရစေ။ အာဂတိလိုက်စားမှုကို ကျနော်လုံးဝ သည်းခံမှာ မဟုတ်ဘူး။ ကျနော် ဒါတွေ အားလုံးကို ရှင်းပြစ်မယ်။ ခြစားခြင်း ပါဝင်ပတ်သက်နေသူတိုင်းကိုလည်း အလုပ်ဖြုတ်ပစ်မယ်။ အဆိုးဆုံး ကျူးလွန်းသူတွေကိုလည်း ထောင်ချနိုင်အောင် ကျနော်တို့ အတက်နိုင်ဆုံး လုပ်ပေးမယ်။"

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ big time, in the nick of time နဲ့ the time of your life တို့ ဖြစ်ပါတယ်။

အခုလို အချိန်ကာလမှာ လူအများစုဟာ New Year Resolution(s) ခေါ်တဲ့ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချလေ့ရှိသလို ဒီဇင်ဘာလ ၃၁ ရက်နေ့ ညသန်းခေါင်ကျော်ထိစောင့်ပြီး နှစ်သစ်ကိုကြိုဆိုတဲ့ ပျော်ပွဲရွှင်ပွဲပါတီပွဲတွေကို ဆင်နွှဲကြလေ့ ရှိပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကို ကြိုဆိုတဲ့ ပါတီပွဲတွေနဲ့လိုက်ဖက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Big Time ဖြစ်ပါတယ်။ Big = ကြီးမားသော၊ Time = အချိန် တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက် အဓိပ္ပါယ်ကတော့ ကြီးမားသောအချိန် ဖြစ်ပါတယ်။  အီဒီယံအဓိပ္ပါယ်အရတော့ အဓိပ္ပါယ် နှစ်မျိုး ရှိပါတယ်။ အပျော်ကြီးပျော်တဲ့အချိန် ဖြစ်သလို ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးတွေ တို့အဖြစ် သုံးစွဲပြောဆိုနိုင်ပါတယ်။


George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
I really had a big time at the New Year party I went to last year. The food was great, and I got to meet some  big time people like Senators, and other important people like that.

ပြီးခဲ့တဲ့ တနှစ်က နှစ်သစ်ကူးပါတီ သွားတုန်းက အပျော်ကြီးပျော်လိုက်တာဗျာ။ အစားအသောက်ကလည်း ကောင်းပေ။ ဒါအပြင် အထက်လွှတ်တော်အမတ်တွေ နဲ့ တခြားအရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကိုလည်း တွေ့ဆုံခွင့်ရခဲ့တယ်။
ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ In the Nick of Time ဖြစ်ပါတယ်။ အချိန်မှီ လက်မတင်လေး လို့ အီဒီယံအဓိပ္ပါယ်ရှိပါတယ်။

ပါတီပွဲ လွတ်မလို့ လက်မတင်လေး မှီလိုက်တဲ့ George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We had a flat tire on our way to Henry's party, but we still got there in the nick of time five minute to twelve. Just in time to raise the glass and say hello to the New Year.

Henry ရဲ့  ပါတီပွဲအသွားလမ်းမှာ ကားဘီးပေါက်သွားခဲ့တယ်။ ဒါပေမယ့် ကျနော်တို့ ၁၂ နာရီထိုးဖို့  ၅ မီနစ်အလို နှစ်သစ်ကို အရက်ခွက်မြောက်ပြီး ကြိုဆိုဖို့ အချိန်မီ လက်မတင်ကလေး ရောက်သွားခဲ့တယ်ဗျာ။
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ The Time of Your Life ဖြစ်ပါတယ်။ ဒီနေရာမှာ ရွေးထုတ်ပြီး စာလုံးပေါင်းကို တင်ပြလိုပါတယ်။ Time နဲ့ Life တို့ ဖြစ်ကြပါတယ်။ The time of life က ဘဝမှာ ကြုံတောင့်ကြုံခဲ အပျော်ကြီးပျော်ရတဲ့အချိန် လို့ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်။


George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It was a New Year Eve in 1941. But, I still remember it like it's yesterday. I went to that party and had a time of my life because I met the beautiful girl I have been married to for fifty years.

၁၉၄၁ ခုနှစ် နှစ်သစ်ကူးမတိုင်ခင် တရက်အလိုပေါ့။ မနေ့တနေ့ကဖြစ်တဲ့ အဖြစ်အတိုင်းလိုပါပဲ။ မှတ်မီပါသေးတယ် ကျနော်ပါတီတခုကို သွားတယ်။ တသက်တာမှာ အပျော်ဆုံး အချိန်ကို ဆင်နွှဲခဲ့တယ်။ အကြောင်းကတော့ အဲဒီပါတီမှာ အလွန်လှပတဲ့ မိန်းမချောလေးတယောက်ကို တွေ့ဆုံခဲ့ပြီး သူမနဲ့ ကျနော် လက်ထပ်နေထိုင်ခဲ့တာ နှစ်ပေါင်း ငါးဆယ်တောင် ကြာရှိခဲ့ပြီ။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

နှစ်သစ်အကြို အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ take stock of, second wind နဲ့ have a ball တို့ ဖြစ်ပါတယ်။
ကုန်လွန်ခဲ့တဲ့ နှစ်ရဲ့  အဆိုးအကောင်းကို ပြန်ပြောင်းသုံးသပ်ပြီး ဒီလာမယ့်နှစ်သစ်မှာ ဘာတွေလုပ်ကြမလဲဆိုတာကို ပြင်ဆင်မှန်းထားကြသူများ ရှိကြမှာပါ။ ဒီလို အခြေအနေမျိုးမှာ အသုံးပြုပြောဆိုနိုင်တဲ့ အီဒီယံအသုံးအနှုန်းက take stock of ဖြစ်ပါတယ်။

Take = ယူဆောင်သည်၊ Stock = သိမ်းဆည်းထား၊ လှောင်ထားသည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သိမ်းဆည်းထားတဲ့ လက်ကျန်ကုန်ပစ္စည်းတွေ ဘယ်၍ဘယ်မျှ ကျန်ရှိနေလည်းဆိုတာကို သိရအောင် စာရင်းကောက်ယူလုပ်ဆောင်ခြင်းလို့ ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ ဖြစ်ခဲ့တဲ့အခြေအနေကို အရှိအရှိအတိုင်း သုံးသပ်ကြည့်ခြင်း ဆိုတဲ့ အဓိပ္ပါယ်ရှိပါတယ်။ နှစ်သစ်ရောက်လာတဲ့အခါ လူအများလုပ်နေကြ ထုံးစအတိုင်းဖြစ်ပါတယ်။

အခု မိဘတဦးအနေနဲ့ သူတို့မိသားစု ပြီးခဲ့တဲ့အခြေအနေကို ဘယ်လိုပြန်လည် သုံးသပ်ကြည့်တယ်ဆိုတဲ့အကြောင်း George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Taking stock I can say it was a good year. Both of us got promotions in our jobs. We bought a new house at a low interest rate. And, our son, Joe, got into a good college.
ဖြတ်သန်းလာခဲ့တာတွေကို ပြန်သုံးသပ်မယ်ဆိုရင် နှစ်ကောင်းတနှစ်လို့ ပြောနိုင်ပါတယ်။ ကျနော်တို့ နှစ်ဦးစလုံး ကိုယ်အလုပ်တွေမှာ ရာထူးအသီးသီး တက်ခဲ့တယ်။ အတိုးနှုန်းနည်းနည်းနဲ့ အိမ်သစ်တလုံးကို ဝယ်နိုင်ခဲ့တယ်။ ပြီးတော့ ကျနော်တို့သား Joe တယောက်လည်း ကောလိပ်ကျောင်းကောင်းကောင်းတခုကို ဝင်ခွင့်ရခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ Second Wind ဖြစ်ပါတယ်။ Second = ဒုတိယ၊ Wind = လေ တို့ဖြစ်ပါတယ်။ လုံးကောက်အဓိပ္ပါယ်ကတော့ ဒုတိယ တိုက်ခိုက်တဲ့လေ ဖြစ်ပါတယ်။ ခရစ်စမတ်အတွက် အလုအယက် ဈေးဝယ်ထွက်ခဲ့ကြရက ခြေကုန်လက်ပန်းကျနေကြသူတွေဟာ ခရစ်စမတ်အလွန်မှာ ဈေးချရောင်းတာတွေကို ကုန်တိုက်တွေမှာ သွားဝယ်ခဲ့ကြလို့ ဖြစ်ပါတယ်။ ဒီလိုတကြော့ ပြန်ဝယ်ကြတာဟာ အပြေးပြိုင်ပွဲတခုလိုပါဘဲ။ အားသွန်းပြေးရာမှာ မောပြီးအသက်ရှု မဝဖြစ်လာတဲ့အခါ တခါဏနား အမောလည်းပြေသလောက်ဖြစ်ရော ပြန်ဆက်ပြေးတဲ့သဘော ဖြစ်ပါတယ်။ တနည်းအားဖြင့် နောက်တခါ ပြန်စနိုင်ဖို့ အားမွေးနိုင်ဖို့ သဘောဖြစ်ပါတယ်။


George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
It is a good thing there is a whole week between Christmas and New Year. That gives me a chance to catch my second wind after Christmas parties, and be ready to celebrate all over again.

ခရစ်စမတ် နဲ့ နှစ်သစ်ကူးကြားမှာ သတင်းတပတ်လုံးအချိန်ရှိနေတာ ဟန်ကျလိုက်တာဗျာ။ ခရစ်စမတ်ပါတီတွေအပြီးမှာ အနားရပြီး နောက်ပွဲအတွက် ပြန်ဆင်နွှဲနိုင်ဖို့ အားမွေးနိုင်တဲ့ အခွင့်အလမ်းရခဲ့တာပေါ့။
ခရစ်စမတ်ပါတီ၊ နှစ်သစ်ကူးပါတီတွေကို သွားပြီး အပျော်ကြီး ပျော်ခဲ့တာကို Have a Ball လို့ ပြောနိုင်ပါတယ်။ Have = ရှိသည်၊ ဒီနေရာမှာ Ball စကားလုံးက ပြင်သစ်စကားဖြစ်တဲ့ Baller ဆိုတဲ့ စကားလုံးက ဆင်းသက်လာတာဖြစ်ပြီး စုံတွဲကကြတာလို့ အဓိပ္ပါယ်ရှိပါတယ်။ ပျော်လွန်လို့ ထကကြတယ်လို့ မြန်မာမှာ ပြောကြသလို အလားတူပါဘဲ have a ball ဆိုတဲ့အသုံးက စိတ်လွတ်ကိုယ်လွတ် ပျော်ရွှင်ကြတာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
We all had a ball at our neighbor’s New Year party. Everybody was in a festive mode and we ate, drank, and danced all night. Even the sudden snow storm didn’t spoil our good time.

ကျနော်တို့ အိမ်နီးချင်းမိတ်ဆွေတွေနဲ့ နှစ်သစ်ကူးပါတီမှာ ကျနော်တို့အားလုံး အပျော်ကြီးပျော်ခဲ့ကြတယ်။ လူတိုင်းက စိတ်လွတ်ကိုယ်လွတ်နဲ့ စားကြ၊ သောက်ကြ၊ ကခုန်ကြတာ တညလုံးပါပဲ။ မမျှော်လင့်ပဲ ကျလာတဲ့ နှင်းမုန်တိုင်းတောင်မှ ကျနော်တို့ရဲ့  ပျော်ရွှင်မှုကို ဘယ်လိုမှ မဖျက်နိုင်ခဲ့ပါဘူး။
Ref : VoA LearnEnglish
By Ni Ni Mar
Myanmar Network 

Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ window dressing, window shopping နဲ့ out off the window တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ window dressing ဖြစ်ပါတယ်။ Window = ပြတင်းပေါက်။ Dressing = အလှဆင်သည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက်ကို အလှဆင်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးကို အများအားဖြင့် ဆိုင်ခန်းရှေ့  မှန်ခန်းထဲမှာ ရောင်းကုန်တွေကို ဝယ်သူတွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်ဖို့ အလှဆင် ပြသထားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို တကယ်ရှိတာ၊ ရှိနေတာထက် ပိုမြင်ကောင်း၊ ပိုကြားကောင်းအောင် လုပ်ဆောင် ရည်ညွှန်းပြောဆိုတာကို ဆိုလိုပါတယ်။ တကယ်တော့ အနှစ်သာရသိပ်မရှိဘဲ အပေါ်ယံကြောသက်သက် နှမ်းဖြူးတာမျိုးလို ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဟင်းကို စားချင်စဖွယ်ဖြစ်အောင် ကြက်သွန်ကျော်၊ နံနံပင် အုပ်ပြီးထားမျိုးလို ဖြစ်ပါတယ်။ အဲဒါကို အစားအစာကို dressing လုပ်တယ်လို့ ပြောလိုရပါတယ်။ ဒါကြောင့် window dressing အသုံးက တခုခုကို ကြည့်ကောင်းအောင်၊ မြင်ကောင်းအောင်၊ ကြားကောင်းအောင် လုပ်တာမျိုးကို ဆိုနိုင်ပါတယ်။


ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Some critics say political changes in that country are just window dressing.

တချို့  ဝေဖန်သုံးသပ်သူတွေ ပြောဆိုကြတာကတော့ အဲဒီနိုင်ငံရဲ့  နိုင်ငံရေးပြောင်းလဲမှုတွေက လူကြားကောင်းအောင် လုပ်ပြနေတာ ဖြစ်တယ်။


ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ window shopping ဖြစ်ပါတယ်။ Window = ပြတင်းပေါက်, Shopping = ဈေးဝယ်ထွက်သည် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက် ဈေးဝယ်ထွက်ခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ဆိုင်တွေရဲ့  ရှေ့ မှန်ခန်းတွေမှာ ရောင်းကုန်တွေကို လိုက်ကြည့်ရုံသာလိုက်ကြည့်ပြီး တကယ် မဝယ်တာကို ဆိုလိုတာပါ။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဒီလိုမျိုး ဈေးထဲမှာ လျှောက်ရတာ၊ လှတာတွေကို သဘောကျတာ။ တကယ် ဝယ်ဖို့ဆိုတာကတော့ မသေချာတာ။ ဒါပေမဲ့ အချိန်လည်းရှိ၊ အပျင်းလည်းပြေ။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ကြတာမျိုး ဖြစ်ပါတယ်။ အဲဒါကို အီဒီယံအသုံးနဲ့ window shopping လို့ ပြောဆိုနိုင်ပါတယ်။ ပစ္စည်းတွေကို သွားရည်ကျရုံကျပြီး တကယ်တော့ မဝယ်နိုင်တာမျိုး၊ ဝယ်ဖို့ မရည်ရွယ်တာကို ဆိုလိုပါတယ်။


ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The girls in our office went window shopping during lunch hour. They said they want to buy some presents when they get their pay checks.

ကျနော်တို့ရုံးက ကောင်မလေးတွေ နေ့လည်ထမင်းစားချိန်မှာ ဈေးထဲလျှောက်ကြည့်ကြတယ်။ သူတို့ လစာရရင် လက်ဆောင်တချို့  ဝယ်ဖို့ရှိတယ်လို့ ပြောဆိုကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ out off the window ဖြစ်ပါတယ်။ ဒီနေရာမှာ Out = အပြင်ဖက် စကားလုံးကို Off ဝိဘတ်နဲ့ တွဲသုံးထားတော့ out off က အပြင်ဖက်သို့ ဖြစ်ပြီး Window = ပြတင်းပေါက် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက် အပြင်ဖက်သို့ ဖြစ်ပါတယ်။ ပြတင်းပေါက်အပြင်ဖက် ရောက်သွားတယ်။ လွှင့်ပစ်လိုက်တယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို အင်္ဂလိပ်လေ့လာသူများ စဉ်းစားကြည့်နိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း အဲဒီအတိုင်းပါပဲ - တခုခု အလဟဿ ဖြစ်သွားတာ၊ လွင့်ပစ်ရတဲ့သဘောမျိုး အခြေအနေရောက်တာ။ ကျမတို့ မြန်မာမှာတော့ ပြန်မရနိုင်တာ။ ရေစုန်မျောသွားတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
All the workd I did last night has gone out off the window. My computer crashed.

ကျနော် ညက ထိုင်လုပ်နေတဲ့ အလုပ်တွေအားလုံး ရေစုန်မျောသွားပြီလေ။ ကျနော့် ကွန်ပြူတာ ပျက်သွားခဲ့တယ်။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Sale အီဒီယံစကားလုံး အသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ early bird sale, door buster နဲ့ black Friday sale တို့ ဖြစ်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ  အခုလို နှစ်ကုန်ကာလဟာ ပွဲတော်ရက်ကာလလို့ ဆိုရမှာပါ။ မကြာမီရောက်တော့မယ့် နိုဝင်ဘာလကုန်မှာ Thanksgiving ကျေးဇူးတော်နေ့ ရှိသလို ဒီဇင်ဘာ ခရစ်စမတ် Christmas နေ့နဲ့ ဇန်နဝါရီလမှာ နှစ်သစ်ကူးနေ့ စတဲ့ ပွဲတော်တွေဆက်တိုက် ရှိနေပါတယ်။ ဒီကာလဟာ မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ဆင်နွှဲကြတဲ့ကာလလို့ ဆိုရမှာပါ။ ဒါကြောင့်လည်း အခုလို ပွဲတော်ရက်မှာ အမေရိကန်နိုင်ငံသားအများစုတို့ အဓိကလုပ်ကြတာကတော့ လက်ဆောင်တွေဖလှယ်ကြဖို့ ဈေးဝယ်ထွက်ကြတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဈေးဝယ်ရရင် မမောနိုင်မပန်းနိုင် shop till your drop ဆိုတဲ့  ခြေကုန်လက်ပန်းကျတဲ့အထိ ဈေးဝယ်ကြသူတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လည်း ဈေးဆိုင်တွေဟာ အရောင်းသွက်ရလေအောင် သတင်းမီဒီယာတွေကတဆင့် အပြိုင်အဆိုင် ကြော်ငြာကြလေ့ ရှိပါတယ်။ ဒါကြောင့် အခုလို ပွဲတော်ရက်မှာ အထူးဈေးနှုန်းတွေနဲ့ လျှော့ရောင်းရာမှာ ဘယ်လို အီဒီယံအသုံးအနှုန်းတွေကို သုံးကြသလဲဆိုတာကို တင်ပြပေးပါမယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ early bird sale ဖြစ်ပါတယ်။ Early = စောစော, Bird = ငှက်, Sale = အထူးဈေးနှုန်းနဲ့ရောင်းခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ early bird စောစောထတဲ့ ငှက်ကတော့ the early bird always gets a worm ဆိုတဲ့ အင်္ဂလိပ်စကားပုံမှ ယူထားတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ တီကောင် ရှာစားတဲ့ ငှက်က မနက်စောစောထ ရှာမယ်ဆိုရင် ကိုယ်လိုချင်တဲ့ တီကောင်အစာကို ရစမြဲလို့ ဆိုလိုပါတယ်။ တနည်းအားဖြင့် ဦးရာလူ လို့ သုံးနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဘယ်နေရာမဆို တန်းစီးပြီး စည်းကမ်းတကျ ဝယ်ယူရတာမို့ early bird sale က ဆိုင်ဖွင့်ဖွင့်ချင်း ပထမရောက်လာတဲ့ လူတွေက ဒေါ်လာတစ်ရာတန်တဲ့ ပစ္စည်းကို  တဝက်ဈေး ဒေါ်လာ ငါးဆယ်နဲ့ လျှော့ပြီး ဆိုင်ဖွင့်စ နာရီပိုင်းမှာ ဈေးနှုန်းချိုချိုနဲ့ ရောင်းမယ်လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေကို ဦးရာလူက ဝယ်ယူနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် early bird sale ကို ဦးရာလူဝယ်ခွင့်ရရှိခြင်း လို့ ပြောဆိုသုံးနှုန်းနိုင်ပါတယ်။

ဒီလိုမျိုး ဦးရာလူ ဈေးလျှော့ရောင်းတဲ့အကြောင်း ရေဒီယိုကြေညာ George Crows တင်ပြပေးထားတာကို လေ့လာကြည့်ရအောင်ပါ။

Tomorrow, Saturday Save Save Save at the early bird sale at Men's furniture store. Everything is thirty percent off. Doors open at 6, and prices are good until 10 o'clock.

မနက်ဖြန် စနေနေ့မှာ ဦးရာလူ လျှော့ဈေးကို Man ပရိဘောဂဆိုင်မှာ ရောင်းမှာမို့ ဈေးနှုန်း အထူးသက်သာပါတယ်။ ပစ္စည်းအားလုံးကို သုံးဆယ် ရာခိုင်နှုန်း လျှော့ရောင်းသွားပါမယ်။ ဆိုင်တံခါးကို မနက် ခြောက်နာရီ စဖွင့်ပြီး ဆယ်နာရီအထိ ဒီလျှော့ဈေးနဲ့ ရောင်းချသွားမယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ door buster ဖြစ်ပါတယ်။ Door = တံခါး, Buster = ဖောက်ဝင်သည် ဖြစ်ပါတယ်။ အဓိပ္ပါယယ်ကတော့ အခုလိုမျိုး ကုန်ပစ္စည်းတွေကို အထူးလျှော့ဈေးနဲ့ ရောင်းချတာကို ဆိုင်ဖွင့်ဖွင့်ခြင်း ပထမနာရီပိုင်းအတွင်း ရောင်းချတာကို ဆိုလိုပါတယ်။ ဈေးနှုန်းကအလွန်သက်သာတဲ့အတွက် ဝယ်သူတွေက သူထက်ငါ တံခါးကို ချိုးရိုက်ပြီး ဝင်တော့မယ့် ပုံစံမျိုးကို ရည်းညွှန်းထားတာ ဖြစ်ပါတယ်။

ကုန်တိုက်တတိုက်က ဒီအသုံးနဲ့ ပတ်သက်လို့ သတင်းစာထဲမှာ ကြော်ငြာထားတာကို ဖတ်လိုက်ရတဲ့ ခင်ပွန်းသည်တဦးက သူ့ဇနီးကို ပြန်ပြောဟန်အကြောင်း George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Hey, honey if we are going to that sale, let's go early. One of the door busters they have until 10 o'clock is video tape at 99 cent! And, I'd like to get at least a dozen.

ကဲ အချစ်ရေ အဲဒီ လျှော့ဈေးရောင်းတာကို စောစောသွားကြရအောင်။ ဆိုင်တံခါးဖွင့်ဖွင့်ခြင်း ရောင်းမယ့် လျှော့ဈေးတွေထဲမှာတော့ ဗွီဒီယို အခွေတွေ တခွေကို ၉၉ ပြားနဲ့ ဆယ်နာရီထိ ရောင်းမှာမို့ ကိုယ်တော့ အနည်းဆုံး တဒါဇင်လောက် ဝယ်ထားချင်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ black Friday sale ဖြစ်ပါတယ်။ Black = အမဲရောင်, Friday = သောကြာနေ့, Sale = အထူးလျှော့ဈေးနဲ့ရောင်းခြင်း တို့ ဖြစ်ကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ ကျရောက်တဲ့ နိုဝင်ဘာလ စတုတ္ထပတ် ကြာသပတေးနေ့ဟာ နိုင်ငံတဝှမ်း အားလပ်ရက်ဖြစ်ပါတယ်။ အဲဒီ ကြာသပတေးနေ့ပြီး နောက်တရက် သောကြာနေ့မှာ ဈေးဝယ်သူတွေက ရုံးအားလပ်ရက် ကြာသပတေးနေ့နဲ့ဆက်ပြီး သောကြာနေ့ခွင့်ယူက စနေ၊ တနင်္ဂနွေနေ့ (၄) ရက် အနားယူလေ့ ရှိရာမှာ အဲဒီအားလပ်ချိန်အတွင်းမှာ ဈေးဝယ်သူတွေ အပြိုင်အဆိုင် ဈေးဝယ်ကြပါတယ်။ အထူးသဖြင့် လျှော့ဈေးတွေကလည်း အပြိုင်အဆိုင် လျှော့ကြလို့ ဖြစ်ပါတယ်။

Black Friday အသုံးအနှုန်းက စာရင်းကိုင်ပညာမှာ အရောင်းဆိုင်တဆိုင် အနေနဲ့ အရှုံးပြနေရင် မင်နီနဲ့ စာရင်းပိတ်ရတဲ့ အခြေအနေရှိပြီး အမြတ်ပြရင်တော့ မင်အမဲနဲ့ စာရင်းပိတ်ရပါတယ်။ ဒါကြောင့် Black Friday က အမြတ်တွေအများကြီးရတဲ့အတွက်ကြောင့် ရောင်းစာရင်းပိတ်တဲ့အခါမှာ မင်အမဲနဲ့ ပိတ်ရတာမှ ဆင်းသက်လာတာပါ။ တနည်းအားဖြင့် အရောင်းကောင်းတဲ့ သောကြာနေ့မှာ အမြတ်တွေရတဲ့နေ့လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဆိုတော့ Black Friday Sale က တနည်းအားဖြင့် ကျေးဇူးတော်နေ့ပြီး နောက်တရက် သောကြာနေ့မှာ အထူးလျှော့ဈေးနဲ့ ရောင်းတဲ့ဈေးကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ရှင်းပြထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Bargin shopppers headed to the nation's stores and malls before sunrise this Black Friday to get specials on everything from toys to wide screen TVs.

လျှော့ဈေးနဲ့ ပစ္စည်းတွေကို ဝယ်ကြဖို့ နိုင်ငံတဝှမ်းက ဈေးဆိုင်တွေ ကုန်တိုက်ကြီးတွေကို ဒီ ကျေးဇူးတော်နေ့အပြီး သောကြာနေ့မှာ လျှော့ဈေးရှာဝယ်သူတွေက နေမထွက်ခင်ကတည်းက ဆိုင်တွေကို တက်သုတ်ရိုက် ပြေးကြတော့တယ်။ ခလေးကစားစရာ အရုပ်လေးတွေက အစ မြင်ကွင်းကျယ် တီဗွီတွေ အဆုံး အထူးလျှော့ဈေးနဲ့ ဝယ်ကြအောင်ပါ။

Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Hand စကားလုံးအခြေခံ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ hand ကို အခြေခံတင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ sit on one’s hand, hand in glove, high handed နဲ့ caught red handed တို့ ဖြစ်ကြပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ sit on one’s hand ဖြစ်ပါတယ်။ Sit = ထိုင်သည်, On = အပေါ်မှာ, One’s = လူတဦးတယောက်၏, Hand = လက် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်က သူ့ရဲ့  လက်အပေါ်မှာ တက်ထိုင်နေသည် ဖြစ်ပါတယ်။ အီဒီယံသဘောကလည်း ရှင်းပါတယ်။ လက်နဲ့ လှုပ်ရှားလုပ်ကိုင်ရတာဆိုတော့ ကိုယ့်လက်နှစ်ဖက်အပေါ် ကိုယ်ကအပေါ်က တက်ဖိပြီးထိုင်ထားမယ်ဆိုရင် ဘယ်လိုဖြစ်နေမလဲဆိုတာ သောတရှင်များ  စဉ်းစားကြည့်နိုင်ပါတယ်။ ဘာဆိုဘာမှ လုပ်လို့မရနိုင်တဲ့သဘော ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယက်ကလည်း ဒီအတိုင်းပါပဲ sit on one’s hand ဆိုရင် အဲဒီလူဟာ ဘာမှမလုပ်ဘဲ ဒီအတိုင်းကြည့်နေရတဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ပြဿနာရင်ဆိုင်နေရပေမဲ့ ဖြေရှင်းဖို့ ဘာမှအရေးယူ ဆောင်ရွက်ခြင်းမရှိတာ။ ကျမတို့ မြန်မာမှာဆိုရင် ကိစ္စတခုခုနဲ့ ပတ်သက်လို့ လက်ပိုက်ကြည့်နေရတဲ့ သဘောမျိုးနဲ့ ဆင်တူပါတယ်။ အကူအညီ လိုနေတာကို တွေ့နေပေမယ့်လည်း ဘယ်လိုမှ ဝင်ရောက်ကူညီခြင်းမရှိတာကိုလည်း ဆိုလိုပါတယ်။ တခါတလေလည်း ကိုယ်က လုပ်ပေးချင်ပေမယ့် အခြေအနေက အဟန့်အတားဖြစ်တဲ့ အနေအထားမျိုးမှာလည်း ရှိနိုင်ပါတယ်။ တနည်းတော့ ဘာမှလုပ်မပေးနိုင်တဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The people in the city are facing regular blackouts. But, the electricity department is sitting on its hands, so the locals are getting very angry.

အဲဒီမြို့ မှာ လူတွေ မကြာခဏ မီးပျက်တောက်တာကို ပုံမှန်ရင်ဆိုင်နေကြရတယ်။ လျှပ်စစ်ဓါတ်အားပေးဌာနကလည်း ဘာမှ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူး။ ဒါကြောင့် မြို့ ခံတွေလည်း အတော်လေး ဒေါသူပုန်ထနေကြတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးက hand in glove ဖြစ်ပါတယ်။ Hand = လက်,  In = အထဲမှာ, Glove = လက်အိတ် ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်အိတ်ထဲမှာ ရှိနေတဲ့လက်။ တနည်းအားဖြင့် လက်အိတ်ဝတ်ထားတဲ့လက် ဖြစ်ပါတယ်။ လက်အိတ်ဝတ်ထားရင် ကိုယ့်ရဲ့  လက်အကြီးအသေးပေါ် မူတည်ပြီး size ဆိုတဲ့ အရွယ်အစားနဲ့ တော်တာကို ဝတ်ရတာကို အားလုံးသိကြပါလိမ့်မယ်။ ဒါကြောင့် လက်အိတ်နဲ့ လက်က တော်ရမှာဖြစ်သလို အထဲကလက် လှုပ်ရှားသလိုပဲ အပြင်မှာဝတ်ထားတဲ့ လက်အိတ်ကလည်း လှုပ်ရှားရတာမို့ လက်နဲ့လက်အိတ်ဟာ တသားတည်းရှိတဲ့ သဘောဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်က လူတွေကို ရည်ညွှန်းသုံးမယ်ဆိုရင် လူနှစ်ဦးဟာ သိပ်ကို နှစ်ကိုယ့်တကိုယ် ဖြစ်တဲ့သဘော၊ စိတ်ချင်းသဘောချင်း တိုက်ဆိုင်တာ မဟုတ်တာ လုပ်မယ်ဆိုရင်လည်း ကျမတို့ မြန်မာမှာ တကျိတ်တည်း တဥာဏ်တည်း ပူးပေါင်းကြံစည်းတာမျိုး။ ပုလင်းတူဘူးစို့ စတဲ့ အသုံးအနှုန်းတွေနဲ့ ဆင်တူတယ်လို့ ပြောနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Some policemen who were working hand in glove with the drug gang were arrested and jailed.

မှုးယစ်ဆေးဂိုဏ်နဲ့ တကျိတ်တည်း တဥာဏ်တည်း လုပ်ကိုင်နေတဲ့ ရဲတချို့  ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချခံကြရတယ်။

ဆက်လက်တင်ပြပေးမယ့် အသုံးအနှုန်းက high handed ဖြစ်ပါတယ်။ High = မြင့်သော,Handed = ကိုင်တွယ်သည် ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အမြင့်ကနေ ကိုင်တွယ်သည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း အပေါ်စီကနေ နေတာ၊ ဆက်ဆံပုံ မောက်မာတာ၊ မာန်မာန ထောင်လွှားပြီး ဆက်ဆံပြုမှုတာမျိုး။ ကျမတို့မြန်မာ ဘန်းစကားမှာတော့ အနိုင်ကျင့် ဗိုလ်ကျတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The factory workers went on strike because they want to protest the manager who was high handed.

စက်ရုံအလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြခဲ့ကြတယ်။ မန်နေဂျာရဲ့  အနိုင်ကျင့် ဗိုလ်ကျဆက်ဆံတာကို သူတို့မကျေနပ်ကြလို့ အခုလို ဆန္ဒပြကြခြင်း ဖြစ်တယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ caught red handed ဖြစ်ပါတယ်။ Caught = က catch ဆိုတဲ့ ဖမ်းမိတယ်ဆိုတဲ့ ဝေါဟာရရဲ့  past tense အတိတ်သဘောကိုပြတဲ့ ကြိယာ verb ဖြစ်ပါတယ်, Red = အနီရောင်၊ အနီ, Handed = လုပ်ဆောင်သည် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လက်နီနဲ့ လုပ်ဆောင်တာကို မိတယ် ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၅ ရာစု စကော့တလန်ကဖြစ်တယ်လို့ ဆိုပါတယ်။ လက်မှာ အနီရောင်ရှိတဲ့ သွေးပေကျံနေတဲ့ အယူအဆကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အီဒီယအဓိပ္ပါယ်ကတော့ တခုခု ကျူးလွန်တာကို လက်ပူးလက်ကြပ်မိတဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John was caught red handed smoking cigarette by his wife. She was angry with him as he has promised her he would stop this habit.

John ဆေးလိပ်သောက်တာကို သူ့အမျိုးသမီးက လက်ပူးလက်ကြပ် မိသွားခဲ့တယ်။ သူက အဲဒီအကျင့်ကို ဖျောက်ပါမယ်လို့ ကတိပေးထားတော့ သူ့အမျိုးသမီးက ဒေါသထွက်တာပေါ့။
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Strike စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီသတင်းတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ strike a chord, strike gold နဲ့ strike while the iron is hot အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။
ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike a chord ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ တီးသည်။ A = တခု၊ Chord = တူရီယာကြိုး တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တူရီယာကြိုးတခုကို တီးခတ်လိုက်သည် ဖြစ်ပါတယ်။ တူရီယာကြိုးကို တီးခတ်လိုက်ရင် ထွက်ပေါ်လာတဲ့သံစဉ်ကို ကြားလိုက်ရတဲ့ လူတဦးအနေနဲ့ စိတ်ထဲမှာ သတိထားလိုက်မိမယ်၊ ခံစားချက်တခုခု ပေါ်လာစမြဲ ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကလည်း ကြားလိုက်ရ၊ တွေ့လိုက်ရတာဟာ လူတဦးဦးမှာ ခံစားချက်ဖြစ်စေတာ၊ တခါတရံမှာလည်း ဖြစ်လေ့ရှိတာက ဒီ အသံကြားဘူးပါတယ်။ ဒီရုပ် မြင်ဘူးပါတယ်။ ဒီ စာသားမျိုး ဖတ်ဘူးပါတယ်ဆိုပြီးတော့ တခုခုကို အမှတ်ရစေတဲ့အခါမှာလည်း strike a chord အီဒီယံကို ရည်ညွှန်းသုံးစွဲနိုင်ပါတယ်။ တနည်းဆိုတော့ ဆက်စပ်မှုတခုခု ရှိနေတဲ့ သဘောဖြစ်ပါတယ်။ ဒီနေရာမှာ strike အစား touch = ထိတွေ့တယ် ဆိုတဲ့ ဝေါဟာရကို အစားထိုးပြီး touch a chord လို့လည်း အီဒီယံမှာ ပြောဆိုနိုင်ပါတယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
The program clearly has struck a chord with our listeners. We received a lot of letters from them saying how much they like it.

ဒီ အစီအစဉ်ကို ကျနော်တို့ သော်တာရှင်တွေ သိသိသာသာ အတော်လေးအကြိုက်တွေ့ကြတယ်လို့ ဆိုရမှာပါ။ အဲဒီ အစီအစဉ်ကို သူတို့ ဘယ်လောက်ကြိုက်နှစ်သက်ကြသလဲဆိုရင် ကျနော်တို့ သူတို့ဆီက စာတွေအများကြီး လက်ခံရရှိခဲ့တယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike gold ဖြစ်ပါတယ်။ Strike = အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ ရှာတွေ့သည် လို့ အဓိပ္ပါယ်ယူထားပြီး၊ Gold = ရွှေ ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ရွှေကို ရှာဖွေတွေ့ရှိသည် ဖြစ်ပါတယ်။ ရွှေရှာဖွေ တွေ့ရှိတဲ့ တွင်းတူးသမားဆိုရင် သူဋ္ဌေးသူကြွယ် ဖြစ်ကိန်းလို့ ထင်ကြပါလိမ့်မယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ငွေရပေါက်တွေ့တာ၊ ချမ်းသာလာတာ၊ စီးပွားဖြစ်လာတာကို ဆိုလိုပါတယ်။ ကျမတို့ မြန်မာမှာလည်း ဘယ်သူဘယ်ဝါကတော့ ရွှေတွင်းကြီး တွေ့သွားပြီ၊ ပွပေါက်တိုးသွားပြီ ပြောတာတွေ ကြားဘူးပါလိမ့်မယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
Those business men who invested with the generals have struck gold.

ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေတော့ သူဋ္ဌေးတွေ ဖြစ်ကုန်ကြပြီ။
Strike gold နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးကို ငွေကြေးတင်မကပဲ တခုခုနဲ့ ပတ်သက်လို့ ကိုယ့်အတွက် သိပ်ကိုအသုံးဝင်တယ်၊ ကိုယ့်အတွက် အသုံးကျမယ်ဟာ ရလိုက်တယ်ဆိုရင်လည်း ဒီ အီဒီယံကို သုံးစွဲနိုင်ပါတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ strike while the iron is hot ဖြစ်ပါတယ်။ Strike = ရိုက်ခတ်သည်၊ ရိုက်ချသည်၊ While = အချိန်အတောအတွင်း၊ Iron = သံ၊ Hot = ပူသည် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က သံပူနေတုန်း ရိုက်ချလိုက်ပါ ဖြစ်ပါတယ်။ သံဆိုတဲ့ သတ္တုကို ပုံသွင်းချင်ရင် အပူပေးပြီး ပျော့လာတော့မှ လိုရာပုံကို သံတူနဲ့ ရိုက်ခတ်ပြီး လုပ်ရပါတယ်။ ပန်းပဲအတတ်ပညာ အလုပ်လို ဖြစ်ပါတယ်။

ပန်းပဲသမားတဦးက သံထည်ပစ္စည်းကို ပုံသွင်းချင်ရင် အရင်ဆုံး သံကို အပူပေးပြီး သံပြားက ပူလာတော့မှ ပန်းပဲသမားက ပန်းပဲတူနဲ့ ထုရိုက်တာကို တွေ့မြင်ဖူးမှာပါ။ အီဒီယံအသုံးကလည်း ဒီအတိုင်းပါပဲ - တခုခု လုပ်စရာရှိလျှင် အချိန်မနှောင်းခင်၊ အခွင့်အခါကောင်းတုန်းလုပ်ဖို့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ်။
Strike while the iron is hot က အီဒီယံအပြင် စကားပုံလည်း ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း မိုးရွာတုန်းရေခံ၊ လသာတုန်း ဗိုင်းငင်၊ အချိန်ရှိခိုက် လုံလစိုက် ဆိုတဲ့ စကားပုံမျိုးတွေလို ဖြစ်ပါတယ်။ ဒီနေရာမှာ အဓိကအချက်က အခွင့်အခါကောင်းတုန်း လက်လွတ်မခံဘို့ကို ပြောဆိုခြင်း ဖြစ်ပါတယ်။

ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။
You have to strike while iron is hot and invest in oil company’s stocks. Oil prices have skyrocketed because of a crisis in the Middle East.

ရေနံကုမ္မဏီတွေရဲ့  စတော့ဈေးတွေမှာ ရင်းနှီမြုပ်နှံဖို့ အကောင်းဆုံးအချိန်ကို လက်လွတ်မခံနဲ့။ အရှေ့ အလယ်ပိုင်း ပဋိပက္ခကြောင့် ရေနံဈေးနှုန်းတွေဟာ မိုးထိုးနေပြီ
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network 

Money စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ deep pocket, bet your bottom dollar, chicken feed နဲ့ cash cow တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ deep pocket ဖြစ်ပါတယ်။ Deep = နက်ရှိုင်းသော, Pocket = အိတ်၊ အိတ်ကပ် တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က နက်ရှိုင်းသောအိတ် တို့ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အိတ်ကကြီးတယ်၊ နက်တယ်ဆိုရင် ဘယ်လိုနေမလဲဆိုတာ လေ့လာသူများ စဉ်းစားနိုင်ပါတယ်။ တနည်းအားဖြင့် ဓနအင်အားကို အိတ်နဲ့ တင်စားပြောဆိုထားတဲ့အတွက်ကြောင့် အိတ်ကကြီးလေ၊ နက်လေ ပိုက်ဆံနှိက်သလောက် ထွက်လေဆိုတော့ deep pocket အီဒီယံအဓိပ္ပါယ်က ငွေရေးကြေးရေး အတော်ချမ်းသာကြွယ်ဝ၊ ငွေလုံးငွေရင်း အတော်ရှိတာကို ဆိုလိုပါတယ်။ ဒါကြောင့် လူတဦး၊ အဖွဲ့အစည်းတခု၊ ကုမ္မဏီတခုခုက deep pocket ရှိတယ်ဆိုရင် ငွေအင်အားအတော်လေး တောင့်တင်းတာကို ဆိုလိုတာဖြစ်ပါတယ်။

ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၇၀ ခုနှစ်တွေက စတင်လာတယ်လို့ ဆိုပါတယ်။ တခုခုကြောင့် တရားစွဲခံရတဲ့လူ သို့မဟုတ် ကုမ္မဏီအနေနဲ့ ရုံးတော်က ဆုံးဖြတ်ချက်အတိုင်း လျှော်ကြေးငွေကိုပေးဖို့ တတ်နိုင်တယ်ဆိုရင် deep pocket လို့ ရည်ညွှန်းပြောဆိုပါတယ်။ အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံတွေမှာ တရားစွဲလို့ နိုင်တယ်ဆိုရင် စီးပွားရေးကုမ္မဏီကြီးတွေအနေနဲ့ deep pocket ရှိတယ်ဆိုရင် ငွေအင်အားတောင့်တင်းတဲ့အတွက်ကြောင့် တရားသူကြီးက ချမှတ်တဲ့လျှော်ကြေးကို ပေးနိုင်တာဖြစ်ပါတယ်။ ဒေါ်လာသန်းနဲ့ချီလျှော်ကြေး ပေးရတာတွေကို တတ်နိုင်တာဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The oil company was sued for pollution, but since the company has deep pocket, it could pay the fine with no problem.

အဲဒီ ရေနံကုမ္မဏီဟာ ပတ်ဝန်းကျင်ညစ်ညမ်းမှုအတွက် တရားစွဲဆိုခံရတယ်။ ဒါပေမဲ့ အဲဒီ ကုမ္မဏီက ငွေကြေးအင်အား တောင့်တင်းတော့ ဒဏ်ငွေကို ပြဿနာမရှိဘဲ ပေးဆောင်နိုင်ခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် bet your bottom dollar ဖြစ်ပါတယ်။ Bet = လောင်းကစား, Your = သင်၏, Bottom = အောက်ဆုံး၊ နောက်ဆုံး, Dollar = ဒေါ်လာငွေ တို့ဖြစ်ကြပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အောက်ဆုံး၊ နောက်ဆုံး ဒေါ်လာငွေကို လောင်းကစားသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း နောက်ဆုံးလက်ကျန် ဒေါ်လာငွေ၊ မရှိမဲ့ရှိမဲ့ ဒေါ်လာနဲ့ လောင်းရဲတယ်ဆိုရင် တခုခုကို ရာနှုန်းပြည့်သဘောမှ လောင်းမှာဖြစ်တယ်ဆိုတာ လေ့လာသူများ သိပြီးဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာလည်း အကုန်အောပြီး လောင်းရဲတယ်ဆိုရင် တခုခုဟာ ရာနှုန်းပြည့် သေချာတာ၊ ဖြစ်ကိုဖြစ်မှာဆိုတဲ့ သဘောမျိုး ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
John is very lazy. You can bet your bottom dollar he will be sleeping now after having a heavy meal.

John က အလွန်ပျင်းတဲ့လူဖြစ်တယ်။ ကျနော် သတ္တိရှိရှိ လောင်းရဲတယ်။ ထမင်းအဝစားပြီးတော့ သူ အခုဆိုရင် အိပ်နေပြီဆိုတာ သေချာတယ်။

နောက် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ chicken feed ဖြစ်ပါတယ်။ Chicken = ကြက်များ, Feed = အစားအစာ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကြက်စာ ဖြစ်ပါတယ်။ ကြက်စာ၊ ငှက်စာ ဆိုတော့ အားလုံးသိတဲ့အတိုင်း မဆိုသလောက်ရှိတာဆိုတော့ အီဒီယံအဓိပ္ပါယ်ကလည်း တန်းဖိုးသိပ်မရှိတာ၊ သိပ်အရေးမကြီးတာ၊ မဖြစ်စလောက်ရှိတာမျိုးကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
Thanks goodness I got a job at the book store, but the pay is chicken feed. So, I have to do something.

တော်သေးလို့ပေါ့ စာအုပ်ဆိုင်မှာ ကျနော် အလုပ်ရလို့။ ဒါပေမဲ့ လစာက မဖြစ်စလောက်ဆိုတော့ ကျနော်အနေနဲ့ တခုခုလုပ်ရမယ့် အခြေအနေ ရောက်နေတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ Cash Cow ဖြစ်ပါတယ်။ Cash = ငွေကြေး၊ ငွေသား, Cow = နွား ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ငွေရမယ့်နွား ဖြစ်ပါတယ်။ နွားဆိုရင် နို့စားနွားဆိုရင် အမြဲဝင်ငွေရနေတာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း တီထွင်တဲ့ပစ္စည်း၊ ရင်းနှီးမြုပ်နှံမှု စသည်တို့မှာ ဝင်ငွေကောင်းစေမယ့် အလားအလာရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Apple တယ်လီဖုန်းတွေက Apple ကုမ္မဏီအတွက် cash cow လို့ ဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
The company’s latest invention of the phone turned out to be a real cash cow.

အဲဒီ ကုမ္မဏီက နောက်ဆုံး တီထွင်လိုက်တဲ့ တယ်လီဖုန်းဟာ တကယ်ပဲ ကုမ္မဏီအတွက် ဝင်ငွေကောင်းစေမယ့် တီထွင်မှု ဖြစ်နေတယ်။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ make a killing, make both ends meet, to be paid peanuts နဲ့ on a shoe string တို့ ဖြစ်ပါတယ်။ငွေနဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးသွားပါမယ်။ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ make a killing ဖြစ်ပါတယ်။ Make = တခုခုကို ပြုလုပ်သည်, A = တခု, Killing = သတ်တယ်လို့ အဓိပ္ပါယ်ရှိတဲ့ kill ဆိုတဲ့ ကြိယာက ဆင်းသက်လာပြီးတော့ noun နာမ်အဖြစ် killing က သတ်ခြင်းလို့ လုံးကောက်အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာတော့ အဓိပ္ပါယ်က အမြတ်အများကြီးရလိုက်တာ၊ ငွေအများကြီး ဝင်လာတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် make a killing လုံးကောက်အဓိပ္ပါယ်က ငွေအများကြီး ရရှိလိုက်ခြင်း ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဆင်တူတယ်လို့ ဆိုရမှာပါ။ လူတဦးဟာ လောင်းကစားရာမှာဖြစ်ဖြစ်၊ ရင်းနှီးမြုပ်နှံမှု တခုခုကြောင့်ဖြစ်ဖြစ် stock အရောင်းအဝယ်တွေကြောင့်ဖြစ်ဖြစ် တနည်းနည်းဖြင့် ငွေအတော်လေး ရလိုက်တယ်။ အမြတ်များများရလိုက်တယ်။ ကျမတို့မြန်မာ ဘန်းစကားအရဆိုရင် အပွကြီးပွလိုက်တယ်ဆိုရင်တော့ make a killing အီဒီယံကို ရည်ညွှန်းသုံးလို့ ရပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The business tycoon made a killing in the gas exploration project.

အဲဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးက သဘာဝဓါတ်ငွေ့ရှာဖွေရေး စီမံကိန်းကြီးမှာ အပွကြီးပွလိုက်တယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးက စောစောက make a killing နဲ့ တကမ္ဘာဆီခြားတယ်လို့ ဆိုရမယ့် အီဒီယံအသုံးအနှုန်းဖြစ်တဲ့ make both ends meet ဖြစ်ပါတယ်။ Make = ပြုလုပ်သည်, Both = နှစ်ဖက်စလုံး, Ends = noun နာမ်အဖြစ်အသုံးပြုထားပြီး အဆုံးနေရာတွေအဖြစ် သာမန်အားဖြင့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ ကိုယ့်ရဲ့ ဝင်ငွေ၊ ကိုယ့်ရဲ့  အသုံးစရိတ်ကို ရည်ညွှန်းတာဖြစ်ပါတယ်,  Meet = တွေ့ဆုံသည်၊ ကိုက်နေသည် ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်က အဆုံးနှစ်ဖက်ကိုက်ညီအောင် လုပ်ဆောင်သည်။ ဒါမှမဟုတ် ကိုယ့်ရဲ့ ဝင်ငွေ အသုံးစရိတ် ကိုက်ရအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ အဆုံးနှစ်ဖက်ဖြစ်တဲ့ ဝင်ငွေ နဲ့ ထွက်ငွေကို မျှအောင်လုပ်တာ၊ ကိုယ့်ရတာလေးနဲ့ လောက်အောင်စားတာကို ဆိုလိုပါတယ်။ ကျမတို့မြန်မာမှာတော့ တနေ့လုပ်မှ တနေ့စားရသလို မိသားစုဝင်ငွေ လောက်ငအောင် ခြိုးခြံချွေတာတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The taxi driver is trying hard to make both ends and meet for his family, so he cannot miss a day of work.

တက္ကစီကားမောင်းသမားက သူ့မိသားစု ဝမ်းရေးဖူလုံဖို့အတွက် မနည်းကြိုးစားချွေတာနေရတယ်။ ဒါကြောင့်လည်း သူ့အနေနဲ့ တနေ့မှ အလုပ်ပျက်ခံလို့ မရဘူး။

အခုဆက်လက် တင်ပြပေးမယ့် အီဒီယံအသုံးကတော့ to be paid peanuts ဖြစ်ပါတယ်။ To be ကို Pay စကားလုံးမှ ဆင်းသက်လာတဲ့ past tense အတိတ်ကိုပြတဲ့ paid နဲ့တွဲပြီး to be paid က လက်ခံရရှိတာကို ဆိုလိုတာဖြစ်ပါတယ်။ Peanuts က မြေပဲတွေ ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မြေပဲတွေကို လက်ခံရရှိတယ် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ် ရတာကလည်း မြေပဲတွေဆိုတော့ သိပ်တန်းဖိုးမရှိဘူး ဖြစ်ပါတယ်။ ဒါကြောင့် to be paid peanuts က ကျမတို့မြန်မာမှာ နှစ်ပြားတပဲ တင်စားပြောဆိုတာကို ဆိုလိုပါတယ်။ တနည်းတော့ မဖြစ်စလောက် သိပ်ကိုနည်းပြီးရတာ၊ မတန်တဆနည်းလွန်တာကို ဆိုလိုပါတယ်။ အထူးသဖြင့် လစာရတဲ့နေရာမှာ နည်းလွန်တာဖြစ်ပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mary has a Bachelor degree, but she is paid peanuts for her job. Her salary is very low.

Mary ဟာ ဘွဲ့ရတဦး ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့အလုပ်ကို သူကိုပေးတာ သိပ်ကိုနည်းလှတယ်။ သူ့လစာကလည်း အရမ်းနည်းတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ on a shoe string ဖြစ်ပါတယ်။ On = အပေါ်မှာ,  A = တခု, Shoe = ဖိနပ်၊ String = ကြိုး တို့ဖြစ်ပြီး shoe string က ဖိနပ်ကြိုး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်က ဖိနပ်ကြိုးပေါ်မှာ ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ၁၉၀၄ ခုနှစ်က shoe string gambler အသုံးကလို့ ဆိုပါတယ်။ Gambler က လောင်းကစားသူ ဖြစ်ပါတယ်။ ဒီလောင်းကစားသူဟာ ဖိနပ်ကြိုးသာသာလောက်ပဲ လောင်းကြေးတတ်နိုင်တာကို ဆိုလိုပါတယ်။ ဒါကြောင့် ဒီအသုံးရဲ့  အီဒီယံအဓိပ္ပါယ်ကတော့ သိပ်ကိုခြိုးခြံချွေတာ နေရတာကို ဆိုလိုပါတယ်။
ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

During my college days, I was living on a shoe string budget.

ကျနော် ကောလိပ်ကျောင်းသားဘဝတုန်းကဆိုရင် ကျနော့်အသုံးစရိတ်က သိပ်ကိုချွေတာပြီး နေရတယ်။

 
Ref : VOA LearnEnglish
By Ni Ni Mar
Myanmar Network