This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, 21 April 2012

Lunch စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများကတော့ a free lunch, power lunch, hand somebody his lunch နဲ့ out to lunch တို့ဖြစ်ပါတယ်။

ပထမတင်ပြပေးမယ့် အီဒီယံအသုံးက a free lunch ဖြစ်ပါတယ်။ A က တခု၊ Free က အလကား၊ အခမဲ့၊ Lunch က နေ့လည်စာ တို့ဖြစ်ပြီး စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အလကားစားရတဲ့ နေ့လည်စာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ အမေရိကန် ဆိုရင်စကားတခုကို ပထမဦးဆုံး ရှင်းပြလိုပါတယ်။

အဲဒီ အသုံးကတော့ "There is no such thing as a free lunch" ဖြစ်ပါတယ်။ ဆိုလိုတာကတော့ အလကားကျွေးမဲ့ နေ့လည်စာမျိုး ဘယ်တော့မှ မရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနက် တနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ သဟဇာတဖြစ်အောင် ကြိုးစားနေထိုင်ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာတော့ ဘာမှ အလကားမရပါဘူး။ ဆိုလိုတာကတော့ ထိုင်နေလို့တော့ ကိုယ့်ပေါင်ပေါ် ကျ, မလာဘူး၊ ဒီအတိုင်းနေလို့တော့ ဘာမှဖြစ်မလာဘူး၊ ကိုယ်လုပ်မှ ကိုယ်ရမယ့် သဘောမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် သူများကို မှီခို၊ သူများကိုကပ်စား လူပျော့၊ လူညံ့။ တနည်းအားဖြင့် ဆန်ကုန်မြေလေး လူမျိုးအတွက်တော့ ဒီနိုင်ငံမှာ နေရာမရှိဘူးဆိုတဲ့ သဘောဖြစ်ပါတယ်။

ကျမတို့ မြန်မာမှာတော့ ကြိုးစားမှ ဒိုးပြားရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ပညာရေးမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ် ကြိုးစားရမယ် ဖြစ်ပါတယ်။ တခါတရံ သူများကျွေးတဲ့ထမင်း စားပြီးတဲ့နောက်မှာ တခုခုကို ပြန်လုပ်ပေးရမဲ့ တာဝန်ရှိတဲ့သဘော၊ ကျေးဇူးတုန့်ပြန်ရတဲ့ သဘောကိုလည်း ရည်ညွန်းပြောဆိုနိုင်ပါတယ်။ အထူးသဖြင့် နိုင်ငံရေး နဲ့ စီးပွားရေးလုပ်ငန်းတို့မှာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ ဆိုရင် lobbyists ဆက်သွယ်စည်းရုံးဆော်သြော်သူတွေ ရှိပါတယ်။ သူတို့က လူစုလူဝေး အုပ်စုရှိကြပြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အုပ်စုတွေကိုယ်စား သူတို့က အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်တွေကို ချည်းကပ်ပြီးတော့ အကျိုးကိုရှေ့ ရှုဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ သူတို့က အဲဒီ အစိုးရတာဝန်ခံတွေကို ထမင်းဖိတ်ကျွေး၊ သွားလိုရာခရီးတွေကို အကုန်အကျခံပြီး လိုက်ပို့ပေး၊ မိတ်ဆွေအပေါင်းအသင်းတွေ လုပ်ပြီး ကျေးဇူးတုန့်ပြန် မျှော်ကိုးကြတာဖြစ်ပါတယ်။ အပေါင်းအသင်းနဲ့ အလုပ်ဖြစ်အောင် လုပ်ကြတာဖြစ်ပါတယ်။

လွှတ်တော်အမတ်တဦးအနေနဲ့ ဒီလိုချည်းကပ်လာမှုကို ရှောင်ရှားပုံနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"I've never let lobbyists buy me lunch, or do any favour for me. Early in my political career, I learned the truth as the old saying there is no such thing as a free lunch."

"ကျနော်အနေနဲ့ လာပြီးစည်းရုံးသူတွေထံကနေ ဘယ်တော့မှ (ထမင်း) အလကား မစားဘူး။ သူတို့ကိုလည်း ကျနော့်အတွက် ဘာမှမလုပ်ခိုင်းဘူး။ ကျနော်နိုင်ငံရေး လုပ်စကတည်းက အလကားစားရတာ ဘယ်မှာမှမရှိဘူးဆိုတဲ့ ဆိုရိုးစကားဟာ သိပ်မှန်တယ်ဆိုတာကို ကိုယ်တွေ့ သိခဲ့ရပါတယ်။"


ဒုတိယတင်ပြပေးမဲ့ အီဒီယံမှာ power lunch ဖြစ်ပါတယ်။ Power က စွမ်းအား၊ အာဏာ၊ Lunch က နေ့လည်စာ ဖြစ်ပါတယ်။ စကားစုတခုလုံးက လုံးကောက်အဓိပ္ပါယ်ကတော့ တန်ခိုးအာဏာရှိသူတို့ရဲ့  နေလည်စာ လို့ ပြောနိုင်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကတော့ အရေးပါ၊ တန်ခိုးအာဏာရှိတဲ့ အထက်အရာ ပုဂ္ဂိုလ်တွေက အတူတူ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ ကောင်းပေ့၊ ဈေးကြီးပေ့ ဆိုတဲ့ ပျော်ပွဲစားရုံးတွေမှာ စားကြသောက်ကြတာကို ဆိုလိုပါတယ်။ အဲဒီမှာ ခေါ်သွားသူ ကော်မတီဘက်က လုပ်ငန်းအသုံးစရိတ်ဆိုပြီး အကုန်ကျခံတာ ဖြစ်ပါတယ်။

ဒီလို စားသောက်ဆိုင်မှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေက အဲဒီမှာ အလုပ်လုပ်ရတာ အရမ်းကောင်းတယ်လို့ ပြောတဲ့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"My brother works in a place that is very popular for power lunches. And, he gets plenty of nice big tips because these people like to show off in front of each other."

"တန်ခိုးထွားသူတွေ လာစားကြတဲ့ဆိုင်တဆိုင်မှာ ကျနော့်ညီက အလုပ်လုပ်တယ်။ အဲဒီမှာ ဒီလိုစားသောက်သူတွေ ပေးတဲ့ ဘောက်ဆူးငွေတွေလည်း အများကြီးရတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီလူတွေက တဦးရှေ့ တဦး အပြိုင်ကြွားချင်လို့ ပြိုင်ပြီးပေးကြလို့ ဖြစ်ပါတယ်။"


တတိယ အီဒီယံအသုံးကတော့ to hand somebody his lunch ဖြစ်ပါတယ်။ To hand က ဒီနေရာမှာ ကြိယာအဖြစ် အသုံးပြုထားပြီးတော့ လက်ကမ်းပေးတာ ဖြစ်ပါတယ်။ Somebody က တဦးတယောက်သောသူ၊ His က သူ၏ နဲ့ Lunch နေ့လည်စာ ဆိုတော့ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က တစုံတယောက်သောသူကို သူရဲ့ နေ့လည်စာ ကမ်းပေးခြင်းလို့ ပြောနိုင်ပါတယ်။
တကယ်တော့ ဒီအီဒီယံ က ဒီလိုအဓိပ္ပါယ်မျိုးတော့ မဟုတ်ပါဘူး။ အားကစားပြိုင်ပွဲတခုမှာ ယှဉ်ပြိုင်သူကို အနိုင်ရရှိလိုက်ခြင်းလို့ အဓိပ္ပါယ်ဆောင်ပါတယ်။ ဒီလိုအဓိပ္ပါယ်ဆောင်လာရခြင်းရဲ့  အကြောင်းတရားကို ဘယ်သူကမှ စဉ်းစားလို့မရနိုင်သေးဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အားကစားသတင်းထောက်တွေ နဲ့ အားကစားပရိသတ်တွေလောကမှာဒီအသုံးက ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာမှာ
 နေ့လည်စားမဟုတ်ပေမဲ့ တဖက်ယှဉ်ပြိုင်ဖက်ကို ဆန်ပြုတ်တိုက်လိုက်ရင် ဆန်ပြုတ် ဆုတ်ပြန်ဆိုပြီး အနိုင်ယူလိုက်နိုင်တဲ့သဘော ပြောတဲ့စကားရှိတာ အများအသိဖြစ်ပါလိမ့်မယ်။

သူတို့ တက္ကသိုလ်အသင်းက အနိုင်ရရှိလိုက်လို့ ပျော်မဆုံးဖြစ်တဲ့ တက္ကသိုလ်ကျောင်းသားတဦးပြောတဲ့ George Crow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"We haven't been able to beat that school for more than ten years, but we sure handed them their lunch today. We buried them 35 to 7."

"ကျနော်တို့ ဒီကျောင်းကို အနိုင်မရနိုင်ခဲ့တာ ဆယ်နှစ်ကျော်သွားပြီ။ ဒါပေမဲ့ ဒီနေ့တော့ ကျနော်တို့ သူတို့အသင်းကို တကယ်ပဲ ဆန်ပြုတ်တိုက်လိုက်ပြီ။ ၃၅ မှတ် ၇ မှတ်နဲ့ အပြတ်အနိုင်ရလိုက်တယ်။"


နောက်ဆုံးတင်ပြမဲ့ အီဒီယံအသုံးကတော့ out to lunch ဖြစ်ပါတယ်။ Out က အပြင်မှာ ထွက်နေတာ၊ (to) Lunch က နေ့လည်စာ ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်က နေ့လည်စာ အပြင်ထွက်စားခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကတော့ သတိမေ့လွယ်တဲ့ အကျင့်ရှိလို့ ဗလုံးဗထွေးဖြစ်နေတဲ့အတွက်ကြောင့် လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့အခြေအနေကို ရောက်နေတဲ့ ကြောင်တောင်တောင် ဖြစ်နေတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်ပြီး အသက်အရွယ် အိုမင်လာပြီးဖြစ်တဲ့ စီးပွားရေးကော်မတီတခုရဲ့  အကြီးအကဲ တယောက်နဲ့ ပတ်သက်လို့ အမှုထမ်းတယောက်ရဲ့  ကောက်ချက်ချပြောကြားတဲ့ George Crows ဥပမာကို လေ့လာကြည့်ရအောင်။

"I am afraid it's time for our president to retire. He is so forgetful and mix it up these days. He doesn't know what is going on around here. In fact he has been out to lunch for years."

"ပြောရမှာတော့ ဝမ်းနည်းပါတယ် ကျနော်တို့ ဥက္ကဌကြီး အနားယူဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်။ အခု ရက်တွေအတွင်း မေ့လိုက်တာလည်း လွန်ပါရော။ လုပ်ငန်းခွင်မှာ ဘာတွေဖြစ်နေဆိုတာ သူလုံးဝ မသိတော့ဘူး။ တကယ်ဆို သူဟာ လက်တွေ့ဘဝနဲ့ ကင်းကွာနေပြီး ကြောင်တောင်တောင် ဖြစ်နေတာ
 နှစ်နဲ့ချီ ရှိနေပါပြီ။"


Ref: VOA Burmese
By Ni Ni Mar
Myanmar Network 

Water စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်း စကားလုံးများကတော့ hot water, to throw cold water, deep water, water of a duck's back, hold water, နဲ့ make mouth water တို့ ဖြစ်ကြပါတယ်။

Hot water (ရေနွေး), cold water (ရေအေး), deep water (ရေနက်) စသဖြင့် အသုံးအနှုန်းတွေဟာ ရိုးရိုးရေနီးပါး အသုံးများပါတယ်။ ထူးခြားတဲ့ အချက်တချက်ကတော့ ဒီအသုံးအနှုန်းတွေ အားလုံးဟာ အခြေအနေသိပ်မလှကြတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ကြပါတယ်။

ဥပမာအားဖြင့် in the hot water ဆိုတဲ့ အသုံးအနှုန်းဟာ ဒုက္ခ အကြီးအကျယ် ရောက်နေတယ်လို့ အဓိပ္ပါယ်ရပါတယ်။ In (အထဲမှာ)၊ Hot (ပူသော) Water (ရေ) တို့ဖြစ်ပြီး ရေနွေးထဲရောက်နေတယ်လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။

လက်တွေ့ဘဝမှာတော့ ဒုက္ခအကြီးအကျယ်ရောက်နေတယ်ဆိုရင် ဒီအသုံးအနှုန်းကို သုံးစွဲနိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"Joe is really in hot water now. His girlfriend just found out he is seeing another woman."

"Joe တယောက်တော့ ဒုက္ခအကြီးအကျယ်ရောက်နေပြီ။ သူ နောက်အမျိုးသမီးတယောက်နဲ့ တွဲနေတာ သူ့ရည်းစားက သိသွားပြီ။"

In the hot water က ဒုက္ခထဲရောက်နေတယ် ဆိုတဲ့ အဓိပ္ပါယ်ရလို့ ဆန်ကျင်ဖက်ဖြစ်တဲ့ cold water ဆိုတဲ့ ရေအေးကရော ကောင်းတဲ့ အဓိပ္ပါယ်ဆောင်မလားလို့ ယူဆစရာရှိပါတယ်။ ဒီလိုမှတ်ယူလို့ မရပါဘူး။ အထူးသဖြင့် to throw cold water ဆိုတဲ့ အသုံးအနှုန်းမှာ To Throw (ပစ်သည်) Cold (အေးသော) Water (ရေ) ဖြစ်ပြီး တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေအေးနဲ့ ပတ်လိုက်တယ် ဖြစ်ပေမယ့် အီဒီယံအဓိပ္ပါယ်ကတော့ "အကြံဥာဏ်တခုခု စွမ်းဆောင်ချက်တခုခုကို အားမပေးတဲ့ သဘော" ဖြစ်ပါတယ်။ တနည်းအားဖြင့် ထတောက်တော့မယ် ဟန်ပြင်နေတဲ့ မီးကို ရေနဲ့ပတ်ပြီးငြိမ်းလိုက်တဲ့ သဘောမျိုးဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်။

"Everybody in office thought my idea was great, but the boss threw cold water on it."

"ရုံးမှာ လူတိုင်းက ကျနော့်အကြံပေးချက်ဟာ တကယ့်ကိုကောင်းတယ်လို့ ယူဆကြပေမယ့် ဌာနအကြီးအကဲကတော့ သဘောကျပုံ မပေါ်လို့ အားမပေးဘူး။"

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ deep water ဖြစ်ပါတယ်။ Deep (နက်သော) water (ရေ) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရေနက် ဖြစ်ပေမယ့် သွယ်ဝိုက်ပြောဆိုတဲ့ အီဒီယံမှာတော့ အန္တရာယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ရအောင်။

"If Betty keeps going around with all those worthless men, she'd end up in deep water"

"Betty ဟာ အခုလို ပုံစံအတိုင်း အခြေတကျမရှိတဲ့ ယောက်ျားတွေနဲ့ တွဲသွားတွဲလာ လုပ်နေရင်တော့ သူမ တနေ့ ကောင်းကောင်းကြီး ဒုက္ခတွေ့လိမ့်မယ်။"

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးကတော့ water of a duck's back ဖြစ်ပါတယ်။ Water Off (တပါးသို့) Duck (ဘဲ) Back (ကျော) ဆိုတော့ ဘဲတကောင်ရဲ့  နောက်ကျောပေါ်ကရေ အောက်ကို ကျသွားတယ်လို့ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ အီဒီယံ ဘန်းစကားအသုံးမှာတော့ "အကျိုးမရှိ အရာမထင်" လို့ ဆိုနိုင်ပါတယ်။ ရေဘဲဝမ်းတွေရဲ့  အမွေးတွေက မိုးကာအင်္ကျီလို့ ရေတွေမတင်အောင် လုပ်နိုင်တဲ့ အစွမ်းရှိတဲ့အတွက်ကြောင့် အကျိုးမရှိ အရာမထင်တဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ရအောင်။

"I keep telling my friends it's foolish to gamble all his pay, but it likes water off a duck's back."

"သူရတဲ့ လခတွေ ပြောင်းအောင် လောင်းကစားလုပ်တာတော့ အရမ်းမိုက်မဲတယ်လို့ ကျနော့် မိတ်ဆွေသူငယ်ချင်းကို တဗြစ်တောက်တောက် ပြောခဲ့တယ်။ ဒီလိုလုပ်ဆောင်တာ ဘာမှအကျိုးမရှိဘူး။ သဲထဲရေသွန်းလိုက်သလိုပါဘဲ။"

နောက်ထပ် အီဒီယံအသုံးက hold water ဖြစ်ပါတယ်။ Hold (ထည့်ထားနိုင်သည်)၊ Water (ရေ) ဆိုတော့ ရေကို ထည့်သွင်းသိမ်းဆည်းထားခြင်းလို့ တိုက်ရိုက်အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။ တနည်းအားဖြင့်တော့ ထည့်ထားတဲ့ ခွက်ထဲက ရေက အပြင်ကို စိမ့်မထွက်ဘူးဆိုရင် ခွက်ကလုံတဲ့ သဘောဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ "ပြောဆိုတာ ယုံနိုင်စရာရှိတာကို ဆိုလိုပါတယ်"။ ဒါပေမယ့် သိမ်းဆည်းထားတဲ့ခွက်က မလုံခဲ့ရင် ရေစိမ့်ထွက်သလို ပြောဆိုတာလည်း ယုံစရာမရှိခဲ့ရင် "does not" ဆိုတဲ့ negative တွဲပြီး "does not hold water" ဆိုရင်တော့ ခွက်ကမလုံတာ၊ အပြင်ကို ရေစိမ့်ထွက်တယ်လို့ ဆိုနိုင်ပါတယ်။ အီဒီယံမှာတော့ ပြောတဲ့ဆင်ခြေစကားက မခိုင်လုံ၊ ယုံနိုင်စရာမရှိတာ၊ စောဒကတက်တာ၊ ဖြီးဖြန်းတာ စသဖြင့် အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။

"That excuse simply does not hold water."

"အဲဒီ ဆင်ခြေပေးတာကတော့ လုံးဝ ကလိမ်စေ့ငြမ်းဆင်တာဘဲ။"

နောက်ဆုံး ရေနဲ့ပတ်သက်တဲ့ အီဒီယံအသုံးကတော့ make mouth water ဖြစ်ပါတယ်။ Make (ပြုလုပ်သည်)၊ Mouth (ပါးစပ်)၊ Water (ရေ) ဆိုတော့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပါးစပ်ကရေထွက်ခြင်း ဖြစ်ပါတယ်။ အီဒီယံအသုံးမှာတော့ စားစရာမြင်ရင် သွားရည်ကျတယ် လို့ ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာတခုကို လေ့လာကြည့်ရအောင်။

"The roasted duck that restaurant serves is my favorite dish. Every time I think about it, it makes my mouth water."

"ဒီ ပျော်ပွဲစားရုံ စားသောက်ဆိုင်က ရောင်းတဲ့ ဘဲကင် ကတော့ ကျနော်အကြိုက်ပဲဗျာ။ ဒီ ဘဲကင်အရသာကို တွေးမိတိုင်း သွားရည်တွေ ကျမိတယ်။"

Ref: VOA Burmese Session
By Nay Lin Tun
Myanmar Network 

10 Common Errors in English Usage

ACCURATE/PRECISE
In ordinary usage, “accurate” and “precise” are often used as rough synonyms, but scientists like to distinguish between them. Someone could say that a snake is over a meter long and be accurate (the snake really does exceed one meter in length), but that is not a precise measurement. To be precise, the measurement would have to be more exact: the snake is 1.23 meters long. The same distinction applies in scientific contexts to the related words “accuracy” and “precision.”

BREAKUP/BREAK UP
A breakup is what happens when two people break up. The one-word form is the result, whereas the two-word form is the action that leads to it.

COMPLEMENTARY/COMPLIMENTARY
When paying someone a compliment like “I love what you’ve done with the kitchen!” you’re being complimentary. A free bonus item is also a complimentary gift. But items or people that go well with each other are complementary.

In geometry, complementary angles add up to 90°, whereas supplementary ones add up to 180°.

EVERYONE/EVERY ONE
“Everyone” means “everybody” and is used when you want to refer to all the people in a group: “Everyone in my family likes spaghetti carbonara.”

But if you’re referring to the individuals who make up a group, then the phrase is “every one.” Examples: “God bless us, every one” (may each individual in the group be blessed). “We wish each and every one of you a Merry Christmas” (every single one of you). In the phrase “each and every one” you should never substitute “everyone”).

HANDICAP/DISABILITY
In normal usage, a handicap is a drawback you can easily remedy, but a disability is much worse: you’re just unable to do something. But many people with disabilities and those who work with them strongly prefer “disability” to “handicap,” which they consider an insulting term. Their argument is that a disability can be compensated for by—for instance— a wheelchair, so that the disabled person is not handicapped. Only the person truly unable by any means to accomplish tasks because of a disability is handicapped. The fact that this goes directly counter to ordinary English usage may help to explain why the general public has been slow to adopt it; but if you want to avoid offending anyone, you’re safer using “disability” than “handicap.”

Many of the people involved also resent being called “disabled people”; they prefer “people with disabilities.”

IF/WHETHER
“If” is used frequently in casual speech and writing where some others would prefer “whether”: “I wonder if you would be willing to dress up as a giant turnip for the parade?” Revise to “I wonder whether. . . .” “If” can’t really be called an error, but when you are discussing two alternative possibilities, “whether” sounds more polished. (The two possibilities in this example are: 1) you would be willing or 2) you wouldn’t. In sentences using “whether” “or not” is often understood.) Don’t substitute the very different word “whither,” which means “where.”

MAYBE/MAY BE
“Maybe” is an adverb meaning “perhaps,” so if you are uncertain whether to use this word or the phrase “may be,” try substituting “perhaps”: “Maybe she forgot I said I’d meet her at six o’clock” becomes “Perhaps she forgot. . . .” When the substitution makes sense, go with one word: “maybe.” When you are wondering whether you may be waiting in the wrong cafe, you’re dealing with a verb and its auxiliary: “may be.” Two words.

PSYCHOLOGIST/PSYCHIATRIST/PSYCHOTHERAPIST/PSYCHOANALYST/
A psychologist is a person who has studied the mind and earned a Ph.D. or Psy.D. Although some definitions state that psychologists have undergone clinical training but cannot prescribe medicines, there are research psychologists who are not engaged in clinical work at all, but merely do experiments to discover how our minds work. Some of their work can concern animal rather than human minds.

A psychiatrist is technically an M.D. specializing in the treatment of mental problems who can prescribe medicines. They are licensed medical doctors, and get irritated when they are called “psychologists” and when psychologists are called “psychiatrists.”

Psychotherapist is not a technical term, and may be used by anyone claiming to offer therapy for mental problems. That someone is called a “psychotherapist” tells you nothing about his or her qualifications. But qualified clinical psychologists and psychiatrists can be properly called “psychotherapists.”

A psychoanalyst is a very specific kind of psychotherapist: a licensed practitioner of the methods of Sigmund Freud.

SAY/TELL
You say “Hello, Mr. Chips” to the teacher, and then tell him about what you did last summer. You can’t “tell that” except in expressions like “go tell that to your old girlfriend.”

THAT/WHICH
I must confess that I do not myself observe the distinction between “that” and “which.” Furthermore, there is little evidence that this distinction is or has ever been regularly made in past centuries by careful writers of English. However, a small but impassioned group of authorities has urged the distinction; so here is the information you will need to pacify them.

If you are defining something by distinguishing it from a larger class of which it is a member, use “that”: “I chose the lettuce that had the fewest wilted leaves.” When the general class is not being limited or defined in some way, then “which” is appropriate: “He made an iceberg Caesar salad, which didn’t taste quite right.” Note that “which” is normally preceded by a comma, but “that” is not.

Source: wsu.edu

Call စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီသတင်းပတ်အတွက် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းများမှာ call on the carpet, call the tune နဲ့ call it a day တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ call on the carpet ဖြစ်ပါတယ်။ Call on = ခေါ်ယူသည်၊ ဆင့်ခေါ်သည်၊ တောင်းဆိုသည်။ Carpet = ကော်ဇော တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ကော်ဇောကို ဆင့်ခေါ်သည်၊ တောင်းဆိုသည် ဖြစ်ပါတယ်။ Call on the carpet အသုံး
ဆင်းသက်လာခဲ့တာ ရာစုနှစ်ကြာခဲ့ပါပြီ။ နန်းတော်တွေ၊ အိမ်တော်တွေမှာ အိညက်နေတဲ့ ကဗ္ဗလာ ကော်ဇောကြီးတွေ ခင်းကျင်းထားတာကို ရုပ်ရှင်တွေ၊စာအုပ်တွေထဲမှာ တွေ့မြင်ဘူးကြပါလိမ့်မယ်။ အခုလို မင်းစိုးရာဇာတွေနေတဲ့နေရာတွေမှာ ကော်ဇောခင်းကျင်းထားပေမယ့် လက်အောက်ငယ်သား နေရာတွေမှာတော့ ရိုးရိုးကြမ်းပြင် ဖြစ်နေပါတယ်။ ဒါကြောင့် ကော်ဇော ဆီကို အခေါ်ခံရရင်အဆူအပူခံရဖို့ သဘောဖြစ်ပါတယ်။ ဒါကြောင့် call on the carpet ရဲ့  အီဒီယံအဓိပ္ပါယ်က အဆူခံရတဲ့သဘော အမိန့်ပေးခံရတဲ့သဘော ဖြစ်ပါတယ်။

အောက်ပါပေးထားတဲ့ ဥပမာမှာ Joe ဆိုသူ အရောင်းစာရေးတဦးက အလုပ်ကိုလာတာလည်းနောက် ကျ၊ ပြန်တဲ့အခါလည်း စောစောပြန်တော့ သူ့မန်နေဂျာ ဖြစ်သူက Mr. Lee ဒီအတိုင်း ကြည့်နေလို့တော့ မဖြစ်နိုင်တော့ဘူး တခုခုလုပ်တော့မှဆိုပြီးခေါ်ဆိုခဲ့တယ်။ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“Mr. Lee finally called Joe on the carpet. He told him he was a good salesman, but he has to start working a full eight hours a day like everybody else. If he didn’t, then the company will have to let him go and get someone else.”

“Mr. Lee က Joe ကို ခေါ်ပြီး ကြိမ်းတော့တယ်။ အရောင်းစာရေး အလုပ်မှာတော့ ခင်များက တော်ပါတယ်။ ဒါပေမဲ့ လူတိုင်းလို တနေ့ (၈) နာရီပြည့် အလုပ်လုပ်စေချင်တယ်။ တကယ်လို့ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ကုမ္မဏီအနေနဲ့ သူကို အလုပ်က ထုတ်ပြစ်ပြီး
တခြားလူတဦးဦးကို ငှားရလိမ့်မယ်လို့ သူဆရာက ပြောခဲ့တယ်။”
ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးက call the tune ဖြစ်ပါတယ်။ Call = ခေါ်သည်။ Tune = တေးသွား၊ သံစဉ် တို့ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က တေးသွား၊ သံစဉ်ကို ခေါ်ယူသည် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယက်က အဆုံးအသတ် ပေးနိုင်တဲ့ သြဇာညောင်းတာမျိုးကို ခေါ်ဆိုတာဖြစ်ပါတယ်။ ဘယ်လိုလုပ်၊ ဘယ်လိုကိုင် လိုအပ်သည်များကို ညွှန်ကြားနိုင်တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ ဒီ အီဒီယံ က ရှေးစကားပုံ တခုက
ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အဲဒီမှာ ပုလွေးမှုတ်သူကို အခကြေးငွေပေးပြီး
မှုတ်ခိုင်းတဲ့လူက သူနားထောင်ချင်တဲ့ တေးသံကို မှုတ်ခိုင်းတဲ့သဘော ဖြစ်ပါတယ်။
မိသားစုတနိုင် လုပ်နေတဲ့ ကုမ္မဏီတခုမှာ အမှုထမ်းတဦးအနေနဲ့ ပိုင်ရှင်ဖြစ်သူ ဖခင်က ကျန်းမာရေးချို့ တဲ့လို့ သားဖြစ်သူက အဖေရဲ့  နေရာကို ယူပြီးလုပ်နေတဲ့ အခြေအနေအကြောင်း George Crows ပေးတဲ့ ဥပမာကို
လေ့လာကြည့်ရအောင်ပါ။
“When the old man left, his young son got the job. Now he calls the tune and making a lot of changes. It’s too early to tell whether he can really handle the job, but so far he is doing just fine.”

“အဖိုးကြီး အလုပ်က အနားယူသွားတော့ သူနေရာကို သူ့ရဲ့  သားငယ်က ရယူလိုက်တယ်။ အခု
သူ့သားက သူ့ စိတ်ကြိုက် အမိန့်တွေထုတ်ပြီး ပြောင်းလဲမှုတွေ အကြီးအကျယ်
လုပ်ကိုင်နေတယ်။ ဒီအလုပ်ကို တကယ် ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်နိုင်မလုပ်နိုင်ဆိုတာကတော့ ပြောနိုင်ဖို့ အလွန်စောသေးပါတယ်။
အခုအချိန်အထိတော့ သူကြည့်ရတာ အဆင်ပြေနေသေးပါတယ်။”
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ call it a day ဖြစ်ပါတယ်။ Call = ခေါ်ဆိုသည်။ It = တခုခုကို ကိုယ်စားပြုတဲ့ နာမ်စား။ Day = နေ့ရက် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရက်တရက်လို့ခေါ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။ အီဒီယံ အဓိပ္ပါယယ်ကတော့ တခုခု လုပ်ကိုင်နေလို့
ဆက်မလုပ်နိုင်တော့တဲ့ အခြေအနေရောက်ပြီး ဒီလောက်နဲ့တော့ တော်ပြီလို့
ပြောခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ်သာမန် အလုပ်လုပ်နေကြလို့
အချိန်ပိုပြီး အလုပ်လုပ်ခဲ့လို့ ဆက်မလုပ်နိုင်တော့ အခြေအနေရောက်တဲ့အခါ ဒီ
အီဒီယံကို အသုံးပြုနိုင်ပါတယ်။
George Crows ပေးတဲ့ ဥပမာမှာတော့ စီးပွားရေးလုပ်ငန်းငယ်ကလေးတခု ဖွင့်ထားတဲ့ ပုဂ္ဂိုလ်တဦးနဲ့ သူရဲ့  လုပ်ဖော်ကိုင်ဖက် Mike က ငွေစာရင်းတွေ ကွာနေလို့ ဘယ်နေရာမှာ မှားနေသလဲဆိုပြီး ညဥ့်နက်တဲ့အထိ အဖြေလိုက်ရှာကြတာဖြစ်ပါတယ်။ ညပိုင်း ၁၀ နာရီလည်းခွဲနေပြီး ထမင်းကလည်း မစားရသေးဘူး၊
မောလည်းမောပြီဆိုတော့ သူ ပြောဆိုပုံက ~
“Hey Mike, look at the clock! It’s late. We are hungry and my eyes are so tired I can hardly see the numbers. Let’s call it a day and look for the mistakes in the morning after we had enough sleep.”

“Mike ရေ အချိန်နာရီကို ကြည့်လိုက်ပါအုန်း။ အတော်လေး နောက်ကျနေပြီ။
ဆာလည်းဆာနေပြီ၊ ကိုယ့်မျက်စိတွေလည်း အလွန်ညောင်းနေပြီ။ နံပါတ်တွေတောင်
ကောင်းကောင်းမမြင်တော့ဘူး။ ဒါကြောင့်မို့ တော်ကြပါစို့။ ဒီည
ကောင်းကောင်းအိပ်ပြီး မနက်ကျမှ အမှားတွေကို ရှာကြရအောင်ကွာ။”

Ref : VoA LearnEnglish
By Nay Lin Tun
Myanmar Network 

Fair စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

မေလ ၂၄၊ ၂၀၁၀ - အီဒီယံ အသုံးအနှုန်းများမှာ fair and square, fair shake, fair game နဲ့ fair haired boy တို့ ဖြစ်ကြပါတယ်။
Fair စကားလုံးကို အခြေခံပြီး ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးမှာ fair and square ဖြစ်ပါတယ်။ Fair = တရားမျှတသော၊ And = နှင့်၊ Square = စတုရန်လေးထောင့် တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ 
တိုက်ရိုက်အဓိပ္ပါယ်ကတော့ တရားမျှတပြီး ထောင့်လေးထောင့် ညီခြင်း ဖြစ်ပါတယ်။
အီဒီယံ အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ မှန်မှန်ကန်ကန် သန့်သန့်ရှင်းရှင်း၊ တရားမျှမျှတတ ဖြစ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။

Fair and Square နဲ့ အဓိပ္ပါယ်ဆင်တဲ့ နောက်အီဒီယံတခုကတော့ fair shake ဖြစ်ပါတယ်။ Fair ကို ဒီနေရာမှာ Shake = လှုပ်သည်၊ ရမ်းသည် ဆိုတဲ့ အဓိပ္ပါယ်ရတဲ့ စကားလုံးနဲ့ တွဲသုံးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်
စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ တရားမျှမျှတတ လှုပ်ရမ်းသည်
ဖြစ်ပါတယ်။ Fair shake ရဲ့  အီဒီယံ အဓိပ္ပါယ်ကတော့ လူတိုင်းကို အညီအမျှ အခွင့်အရေးပေးတာကို ဆိုလိုပါတယ်။ ဒီ အီဒီယံက ကြွေးအန်ကစားနည်း၊ အန်စာတုံး ကစားနည်း တို့မှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒိုင်လုပ်သူက အန်စာတုံးကို ခုံပေါ်မှာ လှိမ့်ချလိုက်တဲ့အခါ အပေါ်မျက်နှာစာမှာ တွေ့ရတဲ့ဂဏန်းနှစ်ခုပေါင်းဟာ ကိုယ်ထိုးထားတဲ့ ဂဏန်းနဲ့ သွားတူရင် အလျှော်အစားရတဲ့ကစားနည်း ဖြစ်ပါတယ်။အန်စာတုံးတွေကို ဒိုင်လုပ်သူက လှိမ့်မချလိုက်ခင် သူလက်ခုပ်ထဲမှာ (သို့မဟုတ်) ခွက်ထဲမှာ အန်စာတုံးကို လှုပ်ပေးရတာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရာမှာမှန်မှန်ကန်ကန် ဖြစ်ဖို့ကကစားသူတွေအားလုံး ကျေနပ်လောက်အောင် လှုပ်ပြီးမှလှိမ့်ချပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန်လှုပ်သင့်လှုပ်ထိုက်သလို လှုပ်ပေးတာမျိုးကို fair shake လို့ ဆိုလိုပါတယ်။Fair shake နဲ့ တွဲပြီး fair and square ကို သုံးထားတဲ့ Paulin Gary ပေးထားတဲ့ အောက်ပါ ဥပမာကို လေ့လာကြည့်ပါ။
“When I buy a new car, I buy it from Bill Green. He is always fair and square with customers. So, you can depend on him to give you a fair shake when
it comes to getting a good price.”

“ကျမ ကားသစ်ဝယ်တယ့်အခါ Bill Green ဆီက ဝယ်ပါတယ်။ အမြဲပဲ သူက ဝယ်သူတွေအပေါ် မှန်မှန်ကန်ကန် ဆက်ဆံပါတယ်။
ဒါကြောင့် ဈေးမှန်မှန်ကန်ကန်နဲ့ ဝယ်ယူချင်ရင် သူဆီမှာ
ဈေးမှန်မယ်ဆိုတာကတော့ စိတ်ချရပါတယ်။”
ဒုတိယ တင်ပြပေးမယ့် အီဒီယံကတော့ fair game ဖြစ်ပါတယ်။ Fair = တရားမျှတသော ဆိုတဲ့ စကားလုံးနဲ့ တွဲသုံးထားတယ့် Game မှာ အဓိပ္ပါယ်အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာတော့ တောလိုက်သားကောင် ကို
ဆိုလိုတာ ဖြစ်ပါတယ်။အပျော်တမ်းဖြစ်စေ၊အစားအတွက်ဖြစ်စေ တောလိုက်ရာမှာသတ်ဖြတ်ပစ်ခတ်ခံရတယ့်
 တောရိုင်းတိရစ္ဆာန်တွေကိုဆိုလိုပါတယ်။သဘာဝတောရိုင်းတိရစ္ဆာန်တွေကို ဘေးမဲ့ပေးထားသစ်တောကို
 စောင့်ရှောက်ဖို့
တာဝန်ပေးထားသူကို Game Keeper လို့ ခေါ်ဆိုပါတယ်။ Fair ဆိုတယ့် အဓိပ္ပါယ်ကဒီနေရာမှာ လုပ်ပိုင်ခွင့်ရှိသည် ဖြစ်ပါတယ်။ ဒါကြောင့် Fair Game ရဲ့ အဓိပ္ပါယ်က ပစ်ခတ်တိုက်ခိုက် ပိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။

အီဒီယံအဓိပ္ပါယ်ကတော့ နေ့စဉ်အသုံးမှာ လူအများရဲ့  ကဲ့ရဲ့  ပြောဆိုဝေဖန်မှုကို ခံရဖွယ် ရှိသူကို ဆိုလိုပါတယ်။ ဥပမာ public အများလူထုကိုယ်စားပြုတဲ့ သမ္မတ၊ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် စသဖြင့်
ရာထူးတွေကို ယူထားတယ့် လူတွေအပေါ်မှာဆိုရင် သတင်းမီဒီယာ စည်းမျဉ်းတွေအရ
သူတို့ ဘာလုပ်လုပ် စုံစမ်းစစ်ဆေး ရေးသားထုတ်ပြပိုင်ခွင့် ရှိကြပါတယ်။
အများပြည်သူတွေ တင်မြှောက်ထားတဲ့ နိုင်ငံရေး ရာထူးတွေမှာဆိုရင် အဲဒီ ပုဂ္ဂိုလ်တွေရဲ့  ကျင့်ဝတ်သိက္ခာ စောင့်စည်းမှုတွေကို သတင်းမီဒီယာတွေကစောင့်ကြည့်ရေးသားကြတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ Pauline Gary ပေးထားတယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“Politics is a tougher business now than used to be. These days a candidate is fair game for the press. They’re poking to every corner of his past
life to see what scandal they can dig out.”

“နိုင်ငံရေးဟာ အခုဆိုရင် အရင်ကထက် ပိုပြီးခက်ခဲ ကြမ်းတမ်းလာပြီ။ ဒီခေတ်ဒီအခါမှာတော့
ကိုယ်စားလှယ်လောင်းတဦးဟာ သတင်းစာနယ်ဇင်း လောကရဲ့  သားကောင်ဘဝ
ရောက်နေတော့တယ်။ သူတို့တွေက အဲဒီ ပုဂ္ဂိုလ်ရဲ့  နောက်ကြောင်းဟာဘယ်လိုနံမည်ပျက် အရှုပ်တော်ပုံတွေ ရှိသလဲဆိုတာကို သိလိုကြတဲ့အတွက်ချောင်ကြိုချောင်ကြား မကျန် ရှာဖွေကြတော့တယ်။”
နောက်ဆုံးတင်ပြပေးမယ့် အီဒီယံကတော့ fair haired boy ဖြစ်ပါတယ်။ Fair က ဒီနေရာမှာ ဖြူသည်၊ ရွှေဝါရောင်၊ ပြောင်းဖူးအမွှေးရောင် ထသည် ဖြစ်ပါတယ်။ Haired က ဆံပင်ကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် fair haired ကဆံပင်အဖြူရောင်၊ ရွှေဝါရောင်ဆံပင် ဒါမှမဟုတ်ပြောင်းဖူးမွှေးရောင်ဆံပင်မျိုးကို ဆိုလိုပါတယ်။ Boy ကတော့ ယောက်ျားလေးဖြစ်ပါတယ်။ ဒါကြောင့် တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရွှေဝါရောင်ဆံပင်ရှိတဲ့ယောက်ျားလေး ဖြစ်ပါတယ်။

အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ ဒီနေရာမှာ မိသားစုအတွင်းမှာဖြစ်စေ၊ လုပ်ငန်းမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ မျက်နှာသာ ပေးခြင်းခံရသူ၊ အရေးပေးခြင်း ခံရသူ၊ ဖူးဖူးမှုတ်ခံရသူကို ဆိုလိုတာဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဆရာမရဲ့  အချစ်တော်၊ အမေရဲ့  အသဲကျော်၊
ဆရာရဲ့  တပည်အရင်း တို့လို့ ဖြစ်ပါတယ်။

အောက်ပါ Pauline Gary ပေးထားတယ့် ဥပမာကို လေ့လာကြည့်ရအောင်ပါ။
“Larry is the teacher’s fair haired boy in our English class. He pretends to her face that she is the best teacher he has ever had, but he said
nothing, but nasty things behind her back.”

“Larry ဟာ ကျမတို့ အင်္ဂလိပ်စာအတန်းမှာ ဆရာမရဲ့  အသဲကျော် ဖြစ်တယ်။ သူက ဆရာမရှေ့ မှာဆို ဆရာမက
သူသင်ခဲ့ဘူးတဲ့ ဆရာ၊ ဆရာမတွေထဲမှာ အကောင်းဆုံးလို့ ဟန်လုပ်ပြီး
ပြောဆိုတယ်။ ဆရာမ နောက်ကွယ်မှာတော့ ဆရာမအကြောင်း ကောင်းတာတခုမှ မပြောဘူး။”

Ref; VOA Burmese
by Ni Ni Mar
Myanmar Network

အခက်အခဲ၊ အကြပ်အတည်ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ in a pretty pickle, in the dog house နဲ့ between a rock and a hard place တို့ ဖြစ်ကြပါတယ်။

ဘဝမှာ တခါတရံ ဝေခွဲမရတဲ့ လမ်းဆုံလမ်းခွရောက်တတ်ကြပါတယ်။ ဘယ်လမ်းကို လိုက်ရမလည်းဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရတယ်အခါတွေလို့ ဆိုရပါမယ်။ အခုလို ဆုံးဖြတ်ရမှာ တခါတရံလည်း လမ်းမှားကို လိုက်တတ်ပါတယ်။ အဲဒီလို အဖြစ်မျိုးနဲ့ ကြုံခဲ့ရင် ဒီနေ့တင်ပြပေးမယ့် အီဒီယံတွေက အသုံးတည့်လိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pretty pickle ဖြစ်ပါတယ်။ In = အထဲမှာ၊ A = တခု၊ Pretty = လှပသော၊ ချောသော အဓိပ္ပါယ်ဆောင်ပေမယ့် ဒီနေရာမှာတော့ ကျမတို့မြန်မာစကားမှာလို သိပ်ဒုက္ခရောက်နေတယ်ဆိုရင် ဒုက္ခလှလှကြီး တွေ့တယ်လို့ လွန်ကဲမှုကို လှလှဆိုတဲ့အသုံးနဲ့ ရည်ညွှန်းသုံတတ်ပါတယ်။ ဒီနေရာမှာ pretty က ဒီသဘောဖြစ်ပါတယ်။ Pickle ကတော့ သာမန်အားဖြင့် ဆားရေစိမ်၊ ရှာလကာရည်စိမ်ထားတဲ့ ချဉ်ဖတ် (သို့) သေနပ် ကိုခေါ်ပါတယ်။ စကားစုတခုလုံးရဲ့  လုံးကောက်အဓိပ္ပါယ်က အတော်လေး အခြေအနေဆိုးတဲ့ ချဉ်ဖတ်ကြီးထဲကို ရောက်နေတယ် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ အခြေအနေ မလှတာ၊ မျက်နှာပူ ရှက်ဖွယ်ရာ၊ မကောင်းလှတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

အခုလို နားခေါင်းရှုံစရာ အခြေအနေနဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“My brother Joe is in a pretty pickle. He got mixed up and asked two different girls to the same party Saturday night.”

“ကျမရဲ့ မောင်လေး Joe တယောက်တော့ ဒုက္ခလှလှကြီး တွေ့နေပြီ။ ယောင်မှားပြီးတော့ စနေနေ့ညအတွက် ပါတီတခုတည်းသွားဖို့ ကောင်မလေးနှစ်ယောက်ကို သူသွားပြီးဖိတ်လိုက်ခဲ့တယ်။”

ဒါကြောင့် Joe က သူမှားပြီးဖိတ်မိတယ့် ကောင်မလေးနှစ်ယောက်အနက် တယောက်ယောက်ကို ရွေးရမှာဖြစ်ပါတယ်။ ကျန်တယောက်နဲ့ Joe ဇာတ်လမ်းကတော့ ဒီမှာတင် တခန်းရပ်ဖို့ အခြေအနေရှိမှာတော့ ဧကန်မလွဲပါဘူး။ ကောင်မလေး နှစ်ယောက်ထဲက တယောက်က မကြည်တော့တဲ့ အခြေအနေမျိုးမှာ နောက်ကျန်တဲ့ တယောက်က Joe ကို စိတ်ဆိုးမယ်ဆိုလည်း ဆိုးစရာပါ။ ဒါကြောင့်မို့ Joe နဲ့ ကျန်ကောင်မလေး နှစ်ဦးရဲ့  ဆက်ဆံရေးအခြေအနေကို တင်စားပြောဆိုရမှာ နောက်ထပ်တင်ပြပေးမယ့် အီဒီယံနဲ့ လိုက်ဖက်ပါတယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံက in the dog house ဖြစ်ပါတယ်။ In = အထဲမှာ၊ Dog = ခွေး နဲ့ House = အိမ် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခွေးနေတဲ့ အိမ်ထဲမှာ ဖြစ်ပါတယ်။ တနည်းတော့ သိပ်စိတ်ဆိုးလွန်လို့ အိမ်ထဲအဝင်မခံဘဲ အိမ်မှာမွေးထားတဲ့ ခွေးနေတဲ့အိမ်မှာပဲ သွားနေ၊ အဲဒီနေရာနဲ့ပဲ တန်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဆက်ဆံတာ ဖြစ်ပါတယ်။ မြန်မာဆန်ဆန် ပြောရရင်တော့ အခုလို နှစ်ပေါက်တပေါက် ရိုက်တဲ့အတွက် ခွေးကတက်နဲ့ပဲ တန်တယ်လို့ တဖက်သားကို ဆက်ဆံတာမျိုး ဖြစ်ပါတယ်။ တပါးသူရဲ့  ညိုညင်မှုကို ဒီ အီဒီယံအသုံးအနှုန်းနဲ့ ရည်ညွှန်းပြောဆိုနိုင်ပါတယ်။

ကျောင်းသူတဦးရဲ့  ဖွင့်ဟချက်နဲ့ ပတ်သက်လို့ Pauline Gary ပေးတဲ့ဥပမာကို လေ့လာကြည့်ရအောင်ပါ။

“I have been in a dog house with my mother and dad ever since they saw my grades from the ast semester. I admit that I failed math, barely passed English. These are tough courses.”

“ပြီးခဲ့တဲ့ စာသင်နှစ်မှာ ကျမရတဲ့ အမှတ်စာရင်းကို မြင်ပြီးကတည်းက အမေနဲ့ အဖေက ကျမအပေါ်မှာ သိပ်စိတ်ဆိုးနေကြတယ်။ ကျမဝန်ခံပါတယ် သင်္ချာလည်းကျတယ်၊ အင်္ဂလိပ်စာကလည်း ကပ်ပြီးအောင်ခဲ့တယ်။ ဒါပေမဲ့ သင်ရိုးတွေကလည်း ခက်သလားမပြောပါနဲ့တော့။”

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းကတော့ between a rock and a hard place ဖြစ်ပါတယ်။ Between = နှစ်ခုကြားမှာ၊ A = တခု၊ Rock = ကျောက်ဆောင်၊ Hard = မာကျောသော၊ Place =နေရာ တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ တဘက်မှာ ကျောက်ဆောင် နဲ့ မာကျောနဲ့ နေရာကြားရောက်နေတဲ့ သဘော ဖြစ်ပါတယ်။ ဒီအသုံးဆင်းသက်လာတာကတော့ ရှေ့ နံမည်ကျော် စာရေးဆရာကြီး Homer ရဲ့  Odyssey ဆိုတဲ့ ဝတ္ထုမှာ Odyssey သင်္ဘောဟာ တဘက်မှာ ကျောက်ဆောင်ကြီး၊ တဘက်မှာ ပင်လယ်ဝဲကြီး ဖြစ်နေတော့ ကျဉ်းမြောင်းလာတဲ့လမ်းကြောင်းမှာ သဘောင်္ဟာ သတိထား ဖြတ်မောင်းရတဲ့အခြေအနေမှာ ဒီလိုတင်စားပြောဆိုခဲ့ရမှာ ဆင်းသက်လာတယ်လို့ ဆိုပါတယ်။ အီဒီယံသဘောအရတော့ မလူးသာမလွန်သာတဲ့ အခြေအနေ၊ အန္တရာယ်တွေ ပတ်ခြားဝိုင်းနေတဲ့ ဘေးကြပ်နံကြပ် ဖြစ်နေတဲ့ အခြေအနေ၊ ရွေးစရာ နှစ်လမ်းရှိရာမှာ ဘယ်လမ်းကမှ ကိုယ့်အတွက် အခြေအနေမလှတဲ့ ဘယ်ဘက်ကိုကြည့်ကြည့် မသက်သာတဲ့ ရွေးလမ်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာတော့ အကောင်းဆုံးက ခေါင်းအေးအေးထားပြီး စဉ်းစားဆုံးဖြတ်ပြီးတော့ လာမယ့်ဘေး ပြေးတွေ့ရုံကလွှဲလို့ တခြားဘာမှ မရှိတာကို ဆိုလိုပါတယ်။

အခု Pauline Gary ပေးမယ့် ဥပမာမှာတော့ စီးပွားရေး အကြပ်အတည်ကြီးကို ရင်ဆိုင်နေရလို့ ခေါင်းခဲနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။

“We lost so much that we are between a rock and a hard place. I can’t decide whether to try to borrow money and pay higher interests than we can afford or else sell out. And, probably lose a half of our investment.”

“ကျမတို့ သိပ်ကို အရှုံးပေါ်နေပြီ။ ဘယ်လိုပဲလုပ်လုပ် ဘယ်ဘက်ကမှ သက်သာပုံမပေါ်ဘူး။ ကျမတို့အနေနဲ့ တတ်နိုင်တာထက် ပိုပေးပြီး အတိုးနှုန်းမြင့်မြင့်နဲ့ ငွေဘဲချေးမလား၊ ဒါမှမဟုတ် ဆိုင်ကို ရောင်းပစ်မလား။ အဲဒီလို လုပ်ရင်လည်း ကျမတို့ ရင်နှီးထားတဲ့ ငွေတဝက်လောက်တော့ အရှုံးပေါ်မှာ ဖြစ်တဲ့အတွက် ဘာလုပ်ရမယ်ဆိုတာကို ဆုံးဖြတ်လို့ မရတော့ဘူး။”

Ref: VOA Burmese
By Myanmar Network

Lock, Hook and Salt အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ lock, stock, and barrel; hook, line, and sinker နဲ့ to take it with a pinch (grain) of salt တို့ ဖြစ်ကြပါတယ်။

ပထမ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက lock, stock, and barrel ဖြစ်ပါတယ်။ ဒီစကားလုံးသုံးလုံးတွဲ အီဒီယံက လုံးဝဥသုံ၊ တခုလုံး၊ အပြီအပြတ်နောက်ထပ်လုံးဝမရှိ စတဲ့ အဓိပ္ပါယ်များဆောင်ပါတယ်။ ဒီ အီဒီယံ
အသုံးအနှုန်းဖြစ်ပေါ်လာခဲ့တာ နှစ်ပေါင်းရာနဲ့ချီရှိခဲ့ပါပြီ။ သေနတ်ကိုအကြောင်းပြပြီးတော့ ဆင်းသက်လာတဲ့ အီဒီယံအသုံးအနှုန်း ဖြစ်ပါတယ်။
သေနတ်မှာပါတဲ့ အပိုင်း (၃) ပိုင်းကို ရည်ညွှန်းတာဖြစ်ပါတယ်။ Lock ကသေနတ်မောင်းခလုတ်၊ Stock က သေနတ်ဒင်၊ Barrel သေနတ်ပြောင်း တို့ဖြစ်ပါတယ်။သေနတ်တလက်မှာ ပါရမယ့် အင်္ဂါရပ်တွေ အပိုင်းအပြည့်အစုံ သဘောအတိုင်း ဒီအသုံးကရည်ညွှန်းသုံးထားတာ ဖြစ်တဲ့အတွက်ကြောင့် lock stock and barrel လို့ ဆိုရင်အားလုံးအကုန် လုံးဝဥသုံပါတယ်လို့ အဓိပ္ပါယ်ဆောင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"Mr. Rockefeller bought the whole oil company lock, stock, and barrel"
"ရေနံကုမ္မဏီတခုလုံး အားလုံးကို မစ္စတာ ရော့ခ်ကဖဲလား က ဝယ်ယူလိုက်တယ်။"

ဒီ အီဒီယံ အသုံးကတော့ ကော်ပိုရေးရှင်းတခုလုံးကို ဝယ်လိုက်တဲ့နေရာမှာ အဆောက်အဦးအားလုံး၊
 ရေနံတွင်းအားလုံး နဲ့ တခြားရပိုင်ခွင့်အားလုံးကို အကြုံဝင်တဲ့ အသုံးအနှုန်းအနေနဲ့ သုံးလိုက်တာဖြစ်ပါတယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက hook, line, and sinker ဖြစ်ပါတယ်။
မြန်မာဆိုရိုးစကားတွေဟာ ဓလေ့ကို အခြေခံသလို အင်္ဂလိပ်ဘာသာမှာလည်း ဓလေ့ကို
အခြေခံပြီး ဆင်းသက်လာတဲ့ အသုံးအနှုန်းတွေ ရှိပါတယ်။ Hook က ငါးမျှားချိတ်၊
Line က ငါးမျှားကြိုး နဲ့ Sinker က ခဲသီး တို့ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက ငါးမျှားသူများဆီက ဆင်းသက်လာတာဖြစ်ပါတယ်။ ငါးမျှားစာကို ဟပ်မိတဲ့ငါးအနေနဲ့ ငါးမျှားချိတ်ကိုသာမက ငါးမျှားကြိုးကို ရေထဲနစ်အောင်လေးစေတဲ့ခဲသီးကိုပါ မြိုချမိတဲ့ ငါးတကောင်ရဲ့  ဥပမာလို ပြောသမျှ၊လိမ်သမျှအားလုံးကို ယုံနေတတ်တာကို hook, line and sinker ဆိုတဲ့အသုံးအနှုန်းနဲ့ တင်စားပြောဆိုနိုင်ပါတယ်။ ဒါကြောင့် only a fool will swallow such a big lie hook, line and sinker လို့ ပြောလေ့ရှိကြပါတယ်။ဥဏှောက်မရှိတဲ့ လူနလူအတွေဘဲ အခုလို ဗြောင်လိမ်တာကို မစဉ်းမစားလုံးဝယုံမှာဖြစ်တယ်လို့ အဓိပ္ပါယ်ရပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"I warned Sally not to believe that man's story about how rich he was, but she swallowed them hook, line and sinker. After she married him, she
found out he owed money to everybody in his office."

"ကျနော် Sally ကို သတိပေးခဲ့တယ်။ ဒီလူက သူဘယ်လောက် ချမ်းသာသလဲဆိုတာကို
ပြောပြတဲ့ဇာတ်လမ်းတွေကို မယုံပါနဲ့လို့။ ဒါပေမဲ့ Sally တယောက်ကတော့သူပြောတာတွေကို အကုန်ယုံခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ လက်ထပ်ပြီးတဲ့နောက်သူ့ရုံးရှိ လူတွေကို အကြွေးတင်ပေးရမှာကို သိခဲ့ရတယ်။"

တကယ်တော့ အခုလို ညာလုံးဖြီးလုံးတွေကို ချင့်ချိန်ပြီးယုံသင့်ပါတယ်။ အင်္ဂလိပ်ဘာသာမှာ ချင့်ချိန်ပြီး ယုံသင့်တာကို to take it with a grain (pinch) of saltဖြစ်ပါတယ်။ To take က ယူပါ၊ It က ဒီနေရာမှာ နာမ်စား တခုဖြစ်ပြီး With ကနှင့်၊ Pinch က တတို့ နဲ့ Salt က ဆား တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ 
လုံးကောက်အဓိပ္ပါယ်က ဆားတတို့နဲ့ အဲဒါကို ချင့်ယုံပါ ဖြစ်ပါတယ်။
ဒီအသုံးဆင်းသက်လာတဲ့ သမိုင်းကတော့ ရှေးတုန်းက အဆိပ်အတောက်ကို ပြေစေတဲ့ ဆေးဖော်နည်းမှာ တခြားဆေးဖက်ဝင်တဲ့ ဆေးပစ္စည်းတွေအပြင် ဆားတတို့လည်းပါတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်မို့ ဘယ်လိုဘဲ အန္တရာယ်ဖြစ်စေမဲ့အဆိပ်ကိုဘဲ ခပ်ခပ် ဆားတတို့၊ ဆားတမှုန် နဲ့ တွဲစားနိုင်ရင် အန္တရာယ်ကိုပေါ့စေတဲ့သဘော ဖြစ်ပါတယ်။

ဒါကြောင့် ပြောသမျှကို မယုံနဲ့ ဆားတတို့လောက်နဲ့ ယှဉ်ပြီးတော့ ယုံပါ။ ဆားတတို့က ဥာဏ်အမြော်အမြင် ကို
ဆိုလိုခြင်း ဖြစ်ပါတယ်။ ဥာဏ်အမြော်အမြင်နဲ့ ချင့်ချိန်ယုံလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဆားတတို့အစား နောက်တမျိုးပြောနိုင်တာက to take it with a grain of salt ဖြစ်ပါတယ်။ ဒီနေရာမှာ grain က ဆားတပွင့် ဖြစ်ပါတယ်။
ဒီအတွက် pinch နဲ့ grain စကားလုံးကို အစားထိုးသုံးနိုင်ပါတယ်။ သင်္ကာမကင်းအခြေအနေ၊ အကြောင်းအရာတခုခုကို ဆားတပွင့် အသိပညာ ဆင်ခြင်ဥာဏ်နဲ့သုံးသပ်ပြီး ယုံသင့်တယ်လို့ သွယ်ဝှက်အဓိပ္ပါယ် ရပါတယ်။ မြန်မာမှာတော့လေလုံးထွားတတ်သူတွေရဲ့ ပြောစကားကို သုံးခွက်တခွက်ကြိုပြီးယုံပါလို့ပြောဆိုကြတယ် မဟုတ်လား။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
"Uncle Tom tells some great stories, but he sometimes makes things up. So, we take what he said with a grain of salt."

"ကျနော်တို့ ဦးလေး တွမ် ဇာတ်လမ်းတွေအများကြီး ပြောဆိုတတ်တယ်။ ဒါပေမဲ့ သူဇာတ်လမ်းတွေက တခါတလေ လုပ်ဇာတ်တွေ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က သူပြောသမျှကို
ချင့်ချိန်ယုံကြတယ်။"

Source: VOA Burmese section
By Myanmar Network

Pinch စကားလုံး အီဒီယံအသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ pinch pennies, in a pinch နဲ့ pinch hit တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက pinch pennies ဖြစ်ပါတယ်။
Pinch ကတော့ ၀ါကျအသုံးပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်အမျိုးမျိုး ရှိပါတယ်။
ဆိတ်တာ၊ လိမ်ဆွဲတာ၊ ညှပ်ဆွဲတာ စသည်တို့ ဖြစ်ပါတယ်။ ဒီနေရာမှာတော့
ငွေအသုံးနဲ့ ပတ်သက်လို့ စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Pennies ကတော့
ပြားစေ့ ဖြစ်ပါတယ်။ ဒါကြောင့် pinch pennies ရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့
ပြားစေ့တွေနဲ့ ပတ်သက်လာရင် စေ့စေ့စပ်စပ် ရှိတာကို ဆိုလိုပါတယ်။ Penny
ပြားစေ့ကတော့ အမေရိကန်သုံးငွေ အကြွေးတန်းဖိုး တပြား ကို ဆိုလိုပါတယ်။
တဒေါ်လာမှာ ပြားတရာ ရှိပါတယ်။ ဒါကြောင့် လူတဦးက ပြားစေ့တွေအသုံးမှာ
စေ့စေ့စပ်စပ် ရှိလာရင် ကျမတို့ မြန်မာစကားမှာ ပြောသလို တပြား၊ နှစ်ပြားကအစ
သိတတ်တယ်၊ တပြား၊ နှစ်ပြား ခွာသုံးခြင်း ကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ Joe ဆိုတဲ့ အိမ်နီးချင်းက ပစ္စည်းဥစ္စာ ပြည့်စုံပေးမယ့် သိပ်ကို ကပ်စေးနဲတဲ့အကြောင်း ပြောဆိုထားတာကို လေ့လာကြည့်ရအောင်ပါ။
"Joe and his wife certainly like to pinch pennies. They both have good jobs,
but they drive an old car, buy cheapest clothes they can find, never go
out to eat or see a movie, but one thing assure they have plenty of
money when they retire."

"Joe နဲ့ သူ့ဇနီးကတော့ တကယ့်ကို တပြားနှစ်ပြားခွာသူတွေပါ။ နှစ်ဦးစလုံး အလုပ်အကိုင်တွေ ကောင်းကြပေမယ့် မော်တော်ကားအဟောင်းကြီးကိုပဲ
စီးကြတယ်။ အ၀တ်ဆိုလည်း ဈေးပေါတာကို ရှာဝယ်ကြတယ်။ အပြင်မှာလည်း ၀ယ်မစား၊
ရုပ်ရှင်လည်း ထွက်မကြည့်။ ဒါပေမဲ့ တခုတော့ သေချာတာကတော့ သူတို့
ပင်စာစားကြတဲ့အခါကြရင် ငွေတွေ အများကြီး ရှိကြလိမ့်မယ်။"

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ in a pinch ဖြစ်ပါတယ်။ In အထဲမှာ၊ အချိန်အတောအတွင်း။ Pinch က ဒီနေရာမှာ အရေးပေါ် အခြေအနေ၊ အရေးကြီးတဲ့ အခြေအနေ၊ အကြပ်အတည်း တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ အရေးကြီးတဲ့အချိန်၊ အရေးပေါ်အချိန်၊ အကြပ်အတည်းနဲ့
ကြုံတွေ့နေရတဲ့အချိန် ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ဘေးကျပ်နံကျပ်နဲ့ ကြုံလာချိန်၊ အရေးပေါ်အချိန်မှာ ဖြတ်ထိုးဥာဏ်သုံးပြီး အလုပ်ဖြစ်အောင်၊ မဖြစ်ဖြစ်အောင် လုပ်နိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဥပမာ ဒဏ်ရာရလို့ ပတ်တီးစီးရဖို့ ရှိတဲ့အခါမှာ ပတ်တီးမရှိတဲ့အခါမှာ အ၀တ်စနဲ့ အစားထိုးစီးလိုက်ရတဲ့ သဘောဖြစ်ပါတယ်။ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ
အဆင်ပြေအောင် ပြုလုပ်နိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။


ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာမှာတော့ သူ့ကားမှာ တပ်ထားတဲ့ တာယာတွေက ဂတုံးနီးပါးဖြစ်နေ ကားအပိုဘီးလည်း မကောင်းတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။

"I'm afraid anyone of my tires will go flat any time. My spare tire is bald
and leak air, but I hope in a pinch it lasts long enough to let me get
to a nearest gas station where I can get some help."


"ကျနော့် ကားတာယာတွေဟာ ဘယ်အလုံးမှာ လုံးလုံးစိတ်မချရဘူး။ အချိန်မရွေး ပေါက်သွားနိုင်လို့ စိုရိမ်နေမိတယ်။ အပိုတာယာကလည်း
ဂတုံးဖြစ်နေပြီး လေကလည်း စိမ့်ထွက်နေတယ်။ ဒါပေမဲ့ ဒီအခြေအနေမှာတော့ အကူအညီ
ရနိုင်တဲ့ ဓါတ်ဆီဆိုင်အထိတော့ ဒီအပို ကားတာယာက ခံနိုင်လိမ့်မယ်လို့
မျှော်လင့်ပါတယ်။"

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးကတော့ pinch hit ဖြစ်ပါတယ်။ Pinch ကတော့ အထက်ပါ တင်ပြခဲ့တဲ့ အဓိပ္ပါယ်များအတိုင်း ဖြစ်ပါတယ်။ Hit ကတော့ ရိုက်နှက်သည် ဖြစ်ပါတယ်။ ဒီအသုံးအနှုန်းက အမေရိကန် ဘေ့စ်ဘော (baseball) ကစားနည်းက လာတာဖြစ်ပါတယ်။ ဘေ့စ်ဘောကစားသမားက တဖက်အသင်းကပေးတဲ့ ဘောလုံးကို ရိုက်ဖို့ ရိုက်တံကို လွှဲပြီးချိန်ရွယ်ထားပြီး ဘောလုံးကို အားနဲ့ရိုက်လိုက်လို့ ဘောလုံးက အဝေးကြီးရောက်သွားရင် သူ့အနေနဲ့ ကွင်းကို ပတ်ပြေးနိုင်ပြီး အသင်းအတွက် အမှတ်ရယူနိုင်တာ ဖြစ်ပါတယ်။ အဲဒါကတော့ Hitဖြစ်ပါတယ်။ Pinch hit ကတော့ အဲဒီလို ရိုက်တဲ့ ပုံမှန်အားကစားသမားကဒဏ်ရာရလို့ဖြစ်စေ၊ တခုခုဖြစ်လို့ဖြစ်စေ ဆက်မကစားနိုင်တော့ရင် သူ့နေရာကို အစားထိုးတဲ့လူ၊ သို့မဟုတ် နဂိုလူထက် ပိုရိုက်ချက်ကောင်းအောင် ကစားနိုင်တဲ့လူကို အစားထိုးရိုက်တာကို ခေါ်ဆိုပါတယ်။ နေ့စဉ်အသုံးမှာတော့ လုပ်ငန်းတခုခုမှာ အရေးပေါ် အခြေအနေကြောင့် အစားထိုးခံရတဲ့လူကို pinch hit လို့ ခေါ်ပါတယ်။

အခုပေးမယ့် ဥပမာမှာတော့ Mr. Warran ရဲ့  မန်နေဂျာက နှလုံးရောဂါ အတွက်
အရေးပေါ် ခွဲစိတ်ခံယူရမယ့် အခြေအနေကြောင့် ဖြစ်ပါတယ်။ George Crows ပေးတဲ့
အောက်ပါဥပမာကို လေ့လာကြည့်ရအောင်ပါ။

"Mr. Warran was out two months recovering from his operation. His assistant
Katie Lee was asked to pinch hit for it. She is very young, of course.
But, she did such a great job we thought she takes over his office when
he retires next year."


"Mr. Warran အနေနဲ့ ခွဲစိတ်ကုသမှု ခံယူပြီး နှစ်လအကြာ အနားယူရမှာ ဖြစ်ပါတယ်။ သူ့ရဲ့  လက်ထောက် Katie Lee ကို အရေးပေါ် သူ့အစား တာဝန်ယူဖို့
ပြောထားတယ်။ တကယ်တော့ သူက ငယ်ရွယ်ပေမယ့် အလုပ်မှာ သိပ်ကိုတော်လို့
နောက်နှစ် သူ့ဆရာ အနားယူရင်တော့ ဒီအလုပ်ကို သူမဆက်ပြီး
တာဝန်ယူရလိမ့်မယ်လို့ ကျနော်တို့ ထင်ပါတယ်။
Ref : VoA LearnEnglish
By Ni Ni Mar
Myanmar Network 

ရောက်တတ်ရာရာ အင်္ဂလိပ်စာ အသုံးအနှုန်းများ

ကျွန်တော့်ရဲ့ စိတ်ကူးရောက်ရာ လျှောက်ရေးထားတယ့် အင်္ဂလိပ်စာ အသုံးအနှုန်းလေးတွေပါ ။

(1) အချိန်တန်တော့ ဆိုတာကို In due course လို့ သုံးပါတယ် ။ ဒါနဲ့ပါတ်သတ်လို့ စကားပုံ တစ်ခုရှိပါတယ် ။
" At first a habit is like a cobweb . In due course it becomes a chain of steel "

(2) ဖြစ်များဖြစ်ခဲ့ရင် ( ဖြစ်ဖို့ခဲယဉ်းတယ် ဆိုတယ့် သဘောပါတယ်) ဆိုတာကို If ever လို့သုံးပါတယ် ။
If ever , I am late
ငါနောက်များနောက်ကျခဲ့ရင် ( နောက်ကျဖို့ ခဲယဉ်းတယ့် သဘောပါတယ် )

(3) လှိုက်လှိုက်လှဲလှဲ နက်နက်နဲနဲဆိုတာကိုတော့ from the bottom of one's heart လို့သုံးပါတယ် ။
I have a huge crush on her from the bottom of my heart .
*ဒီနေရာမှာ have a crush on ဆိုတာ အီဒီယမ်ပါ a strong feeling of love လို့ ဖွင့်ဆိုထားပါတယ် ။

(4) ဒီနေ့က စပြီးတော့ ဆိုတာကို from now on လို့သုံးပါတယ် ။
Never darken my door again from now on !!!
*ဒီနေရာမှာ darken one's door ဆိုတာ အိမ်ရိပ်နင်းတယ် ဆိုတယ့် အီဒီယမ်ပါ ။

(5) ဘာပဲဖြစ်ဖြစ်ဆိုတာကို at all costs လို့ သုံးပါတယ် ။ ဒီစကားလုံးပါတယ့် ဆိုရိုးစကားတစ်ခုရှိပါတယ် ။
Marry at all costs .If you get a good wife , you will become a happy man . If you get a bad
wife , you will become a philosopher .
*ဘာသာပြန်ပြနေစရာ မလိုဘူးထင်ပါတယ်နော်

by snm
Myanmar Network

Pass ရဲ့ အသုံးအနူန်းများ

(1) pass away                       (a) ကွယ်လွန်သည် ။
                                                  Thakin Kodaw Hmaing passed away in 1964 .
 (2) pass by                           (a) ဂရုမစိုက် ၊ လျစ်လျူရှုသည် ။
                                                   Don't let an opportunity pass by when it knocks at the door .
 (3) pass into                        (a) ( တက္ကသိုလ် ၊ ကျောင်း ) သို့ တက်ရောက်သည် ။


                                      I passed into the Yangon University in 2000 .

(4) pass on                      (a) လက်ဆင့်ကမ်းသည် ။


                                            We must pass on the good traditions to the next generation .


 (5) pass off                    (a) ( အနာ ၊ ရောဂါ ၊ အကြပ်အတည်း ) ပျောက်ကင်း ပြီးဆုံးသည် ။


                                            Has your headache passed off yet ?


(6) pass for                      (a) ........အဖြစ်လက်ခံသည် ။


                             Although he is a Chinese , he is so dark that he can pass for an Indian .

(7) pass out                      (a) သတိ မေ့မြော သွားသည် ။

                               The car pumped into him . He felt a piercing pain and then pass out .

(8) pass over                    (a) ရာထူးတိုးပေးရာတွင် တစုံတယောက်ကို ကျော်သွားသည် ။

                                    They passed him over in favour of a younger man .


 (9) pass through               (a) တွေ့ကြုံ ခံစားသည် ။

                              Last few years Myanmar had to pass through many bitter incidents .


(10) pass up                     (a)အခွင့်အရေး တစ်ခုကို လက်လွှတ် ဆုံးရှုံးခံသည် ။


                                         He passed up opportunity of a promotion .


by snm
Myanmar Network

PUT ရဲ့ ထူးထူးခြားခြား အသုံးများ

အင်္ဂလိပ် ကြိယာတွေကို preposition တွေနဲ့ တွဲလိုက်တယ့် အခါ ထူးထူးခြားခြား အဓိပ္ပာယ်တွေထွက်လာပါတယ် ကျွန်တော် စုဆောင်းထားတယ့် Phrasal verb အချို.ကို မျှဝေ ပေးလိုက်ပါတယ် ။

(1) put about (a) သင်္ဘော လမ်းကြောင်းပြောင်းသည် ။
The captain put about the ship .
(b) စိတ်ဒုက္ခရောက် ၊ စိတ်မချမ်းမသာ ဖြစ်သည် ။
It was very much put about by the loud music .
(c) သတင်း ကောလဟာလ ပြန့်သည် ။
Don't believe all the news that are being put about
nowadays .

(2) put aside (a) ဘေးသို့ဖယ်သည် ။ ချထားသည် ။
She put aside the magazine and went to open the door .
(b) ငွေ စုဆောင်းသည် ။
Mg Mg put aside some money for his birthday party .
(c) လျစ်လျူရှုသည် ။ ဂရုမစိုက်ပဲ နေသည် ။
You can't put aside the fact that Bo Aung San was the
father of the Armed Forces .

(3) put away (a) စွန့်လွှတ်သည် ။
He had to put away all ideas of joining the University
when his father died .
(b) အစားအသောက် အလွန်အကျူး စားသည် ။
That fellow is astonishing . He can put away five plates
of fried noddles in one sitting .
(c) လူကို စိတ္တဇဆေးရုံ ပို့သည် ။
He was put away because he was insane .
(d) တိရစ္ဆာန်ကို ( နာရျွ် ၊ အိုရျွ်) သတ်သည် ။
The horse was so old and weak that it had to be put away .
(e) သိမ်းသည် ။ နေရာတကျ ပြန်ထားသည် ။
The teacher told her pupils to put their books away .

(4) put back (a) ပြန်ထားသည် ။
Put the dictionary back on the shelf .
(b) တိုးတက်မှု နှောင့်နှေးစေသည် ။
The strike by the workers has put back production .
(c) သင်္ဘော ပြန်လာသည် ။
The ship put back to harbour .
(d) နာရီကို နောက်ပြန်ရွေ့သည် ။
The clock is fast . Put it back ten minutes .

(5) put by (a) အိုစာမင်းစာ အတွက် စုဆောင်းသည် ။
You should put by at least a quarter of your income .

(6) put down as (a) ထင်မြင်ယူဆသည် ။ (think နဲ့ တူပါတယ် ။)
Don't lie to me . Do you put me down as a fool ?

(7) put forward (a) အကြံအစည် အယူအဆကို တင်ပြသည် ။
The theory was put forward to the committee for consideration .
(b) နာရီကို ရှေ့သို့ ရွှေ့သည် ။
Your watch is slow . Put it forward five minutes .

(8) put down (a) စာဖြင့် ရေးမှတ်သည် ။
Here is my address . Put it down before you forget it .
(b) နှိမ်နှင်းသည် ။
The king ordered the general to put down the rebellion .

(9) put in (a) စကား ကြားဖြတ် ၀င်ပြောသည် ။
It was rude to put in while someone is talking .
(b) သင်္ဘော ဆိပ်ကမ်း တစ်ခုတွင် ၀င်နားသည် ။

(10) put off (a) အချိန် ရွေ့သည် ။
Don't put off going to the dentist .
The meeting was put off because the headmaster was ill .
(b) သင်္ဘော ထွက်ခွာသည် ။
The ship put off from the jetty on time . ( ဒီဝါကျမှာ on time ဆိုတာ
အချိန်မှန်တာကို ပြောတာပါ ။ in time ဆိုရင်တော့ အချိန်မှီပေါ့ ။ jetty ဆို
တာက သင်္ဘော ကပ်တယ့် ဘောတံတား ၊ ဆိပ်ခံ ဘောတံတားကို ပြောတာ
ပါ။ )

(11) put on (a) ၀တ်ဆင်သည် ။ (အင်္ကျီ ၊ ဦးထုပ် ၊ ဖိနပ် စသည် ။ )
She puts on her uniform before going to school .
(b) ဟန်ဆောင်သည် ။
Her modesty is all put on . ( modesty ဆိုတာ နှိမ့်ချတာ ၊
ပလွှားတာကို ဆိုတာပါ ။)

by snm
Myanmar Network

How to write Myanmar names in English နာမည်ရေးနည်း


မြန်မာဗျည်းသက်သက်(၃၂) လုံး
 
က = K      = Kh    K =     ဂ,ဃ = G  = Ng     
စ,ဆ = S    ဇ,စ် = Z   = Ny      
ဋ,တ = T       ထ,ဌ = Ht    ထ,႒ = T        ဒ,ဓ,ဍ, ဎ = D       န,ဏ = N   
= P    = Ph   ဗ,ဘ = B      = M    
= Y        = R     လ,ဠ = L   = W  = Th    = H

ဗျည်းတွဲ(၆)မျိုး

၁။  ဗျည်းတစ်လုံးနောက်မှ Y ဆက်ပေးလျှင် “ယပင့်” “ရရစ်” ဖြစ်၏။
ပုံစံ။  ။  Ky= က် ,ၾက    Py=ပ် ,ျပ  By=ဗ် ,ျဗ   Gy=ဂ်  Phy=ဖ် ,ျဖ   My=မ ် ,ျမ

၂။ ဗျည်းတစ်လုံးနောက်မှ W  ဆက်ပေးလျှင် “၀ဆွဲ”  ဖြစ်၏။
ပုံစံ။  ။  Kw=ကွ          Khw=ခွ     Gw=ဂွ    Sw=စွ,ဆွ     Zw=ဇွ ,ဈွ      Lw=လွ     Ngw=ငွ   Dw=ဒွ

၃။ဗျည်းတစ်လုံးရှေ့မှ H ထား၍ရေးလျှင် “ဟထိုး”ဖြစ်၏။
ပုံစံ။  ။  Hng=ငှ  Hny=ညှ   Hn=နှ,ဏှ  Hm=မှ

၎။ဗျည်းတစ်လုံးနောက်မှ Y,W  ဆက်ပေးလျှင် “ ယပင့် ၀ဆွဲ”   “ရရစ် ၀ဆွဲ” ဖြစ်၏။
ပုံစံ။  ။  Kyw= ကျွ , ကြွ   Pyw= ပျွ ,ပြွ       Myw= မျွ ,  မြွ

၅ ။ ဗျည်းရှေ့က H နှင့် ဗျည်းနောက်က Y  ဆက်ပေးလျှင် “ယပင့်ဟထိုး” “ရရစ်ဟထိုး” ဖြစ်၏။
ပုံစံ။  ။  Hmy=မျှ , မြှ        Hly=လျှ

၆။ဗျည်းရှေ့က H နှင့် ဗျည်းနောက်က W  ဆက်ပေးလျှင် “ဟထိုးဝဆွဲ”  ဖြစ်၏။
ပုံစံ။  ။  Hnw=နွှ    Hlw=လွှ       Hmw=မွှ

ကာရန်သရများ

a=အ , အာ, အား        i =  အိ, အီ , အီး               u= ဥ, ဦ, ဦး
  (ar=အာ, အား)        (ee= အီ, အီး)                 (oo= ဦ  ,ဦး)
e = အေ ,အေ့  , အေး         e =  အဲ , အဲ့ , အယ်
(ay-aye= အေ ,အေ့  , အေး)       (ai = အဲ , အဲ့ , အယ်)
aw =အော့  ,အော် ,  အော          an =အံ , အံ့

အက္ခရာအသတ်များ

et= က်        in=  င့်           it =စ်               i ,  ee  =  ည်          int = င့်           an = န် , မ်                        ai ( e ) = ယ်                  at =  တ်  ,  ပ်                  ant =   န် , မ့်

သရနှင့်အသတ်များ

eik =  -ိ တ် -ိပ် ( လုံးတင်တသတ်   လုံးတင် ပသတ်)
ein = -ိန်  -ိမ် ( လုံးတင်နသတ်   လုံးတင်မသတ်)
ok(oke)= -ုတ် , -ုပ် (ချောင်းငင်တသတ် ,ချောင်းငင်ပသတ်)
ont(one , ohn )= -ုန် , -ုမ် (ချောင်းငင်နသတ် ,ချောင်းငင်မသတ်)
auk=ေ-ါက်(သဝေထိုးရေးချကသတ်)
aung=ေ-ါင် (သဝေထိုးရေးချငသတ်)
aik=  -ိုက်(လုံးတင်ချောင်းငင်ကသတ်)
aine , (ine)= -ိုင် (လုံးတင်ချေင်းငင်ငသတ်)
o , ( oe , oh )= -ို (လုံးတင်ချောင်းငင်)

ဗျည်း - ဗျည်းတွဲ နှင့် သရပေါင်းပုံနမူနာ

Ka = က    ကာ    ကား              Ki =  ကိ    ကီ     ကီး                Ku= ကု     ကူ     ကူး          
Ke =ကေ   ကေ့   ကေး              Ke,=Kai  ကဲ     ကဲ့                  Kaw = ကော့   ကော်    ကော
 Kan =ကံ  ကံ့  (Kant  = ကံ့ )            Kya  = ကျ    ကျာ    ကျား     Kyi = ကျိ   ကျီ    ကျီး
 Kyu = ကျု     ကျူ     ကျူး              Kye  =  ကျေ့   ကျေ    ကျေး      Kye,(Kyai) =  ကျဲ    ကျဲ့ 
 Kyaw= ကျော      ကျော့    ကျော်         Kyan= ကျံ  ကျံ့ (Kyant =ကျံ့)    Kwa = ကွ   ကွာ    ကွား   
Kwai= ကြိ    ကြီ    ကြီး                        Kwe =ကွေ့   ကွေ    ကွေး          Kwe ,( Kwai )=ကွဲ , ကွဲ့
Kun=ကွံ , ကွံ့  (Kwan ဟုမရေးရ)

ဗျည်းနှင့် အသတ်ပေါင်းပုံနမူနာ

Ket = ကတ်                 Kin = ကင့်    ကင်     ကင်း ( Kint = ကင့် )             Kit = ကစ်    
Ki  (Kee)= ကည်  ကည့်  ကည်း           Kat =ကတ်   ကပ်      Kan =ကန့်  ကန်   ကန်း  , ကမ့်  ကမ်    ကမ်း
K (Kant= ကန့်    ကမ် )                     Kai,(Ke)=ကယ်     ကယ့်       Kyet =  ကြက် 
Kyin= ကြင်  ကြင့် ကြင်း       (Kyint) =ကြင့်              Kyit =ကြစ်           
Kyi , (Kyee) = ကြည့်  ကြည်   ကြည်း                       Kyat =ကြတ် ကြပ်       
Kyan =   ကြန် ကြန့် ကြန်း ၊ ကြမ် ကြမ့် ကြမ်း                    K (Kyant) = ကြန့် ကြမ့်
 Kyai , (Key) = ကြယ်  ကြယ့်

ဗျည်းနှင့်သရအသတ်ပေါင်းပုံနမူနာ

Keik =ကိတ် ၊ ကိပ်                    Kein = ကိန် ကိန့် ကိန်း ,  ကိမ် ကိမ့်  ကိမ်း                Keint  =ကိန့် ကိမ်
KoK , (Koke) =  ကုတ် ကုပ်                Kon , (Kone , Kohn ) = ကုန် ကုန့်ကုန်း ၊ ကုမ် ကုမ့် ကုမ်း
Kont = ကုန့်  , ကုမ့်                             Kauk=  ကောက်            Kaung= ကောင် ကောင့် ကောင်း
Kaik= ကိုက်                                       Kaing , ( Kine ) = ကိုင် ကိုင့် ကိုင်း   Ko ,( Koe ) =ကို ကို့ ကိုး             
Kyeik= ကြိတ် ကြိပ်                            Kyein = ကြိန် ကြိန့် ကြိန်း, ကြိမ်  ကြိမ့် ကြိမ်း ၊ (Kyeint =ကြိန့်  ကြိမ့်)၊
Kyok , (Kyoke)= ကြုတ်၊ ကြုပ်              Kyon , (Kyone , Kyohn) =  ကြုန် ကြုန့် ကြုန်း ,  ကြုမ် ကြုမ့်ကြုမ်း       
(Kyont= ကြုန့် ကြုမ်) ၊ Kyaik=  ကြိုက် ၊ Kyaing (Kyine) =  ကြိုင် ကြိုင့် ကြိုင်း ၊ Kyo ( Kyoe ) = ကြို ကြို့ ကြိုး ။

မှတ်ရန် ။   ။ (က)ချ ၊ ခြ ကို Khy    ဖြင့် မရေးရ ၊ Ch ဖြင့်ရေးရမည်။
                   (ခ) ယှ ၊ ရှ ကို Hy , hr  ဖြင့် မရေးရ ၊ Sh  ဖြင့်ရေးရမည်။
                   (ဂ) ၀ဆွဲ နသတ် အတွက် un  ကိုသုံးရမည်။ “ထွန်း” ကို Tun   ဟုရေးရမည်။Twan  ဟုမရေးရ။
                   (ဃ) ၀ဆွဲတသတ်ကို  ut   ဖြင့်ရေးရပည်။ “ထွတ်” ကို Kut ဟုရေးရမည်။ Twat ဟုမရေးရ။
                   (င) ထ = Ht အစား T  တစ်လုံးတည်းဖြင့် လည်း ရေးကြသည်။ ဖ= Ph အစား P  တစ်လုံးတည်း ဖြင့် လည်းရေးကြသည်။ ဥပမာ - မောင်ထင် = Mg   Tin   ။  ဦးဖေ = U   Pe  စသည်ဖြင့်ရေးသားကြသည်။ ခ = Kh အစား K တစ်လုံး တည်း ရေးသားကြသည်။ ဥပမာ - Ma   Kin =မခင်။
အထူးမှတ်ရန်။   ။

မြန်မာဘာသာတွင် စာရေး အမှန် ၊ စာဖတ်အသံ ဟုဆိုသည့်အတိုင်း ရေးသောအခါ သတ်ပုံ မှန်အောင်ရေး၍ ဖတ်သောအခါ အသံကို အများ ဖတ်နေကျအသံအတိုင်း ဖတ်ကြရသည်။
ဥပမာ။     ။
ညောင်လေးပင်       ကို           ညောင်လေးဘင်ဟုဖတ်၍
ရေကျော်               ကို          ရေဂျော် ဟုဖတ်၏။
မန္တလေး                ကို           မန်းဒလေး ဟုဖတ်၏။
ကြားတောရလမ်း     ကို          ဂျားတောရလမ်း ဟုဖတ်၏။
သို့ရာတွင်   အထက်ပါနာမည်များကို အင်္ဂလိပ် ဘာသာဖြင့် ရေး သား သောအခါသတ်ပုံအမှန်ကိုမကြည့် ဘဲအသံထွက် အတိုင်း (၀ါ) ဖတ်သည့် ပြောသည့် အသံအတိုင်း လိုက်၍ ရေးရကြောင်း အထူးသတိပြု ရပေမည်။

ဥပမာ။    ။
ညောင်လေးပင်    = Nyaunglebin
ရေဂျော်             =Yegyaw
မန္တလေး             =Mandalay
ကြားတောရလမ်း  = Gyatawya       Street
စသည်ဖြင့်သတ်ပုံမလိုက်ဘဲအသံကိုလိုက်၍ရေးရလေသည်။

မြန်မာနာမည်ရေးနည်း

၁။ မြန်မာလူနာမည်များကိုရေးရာ၌အသံထွက်စာလုံးတိုင်းကို Capital   Letter  ခေါ် စာလုံးကြီးဖြင့်စ၍ရေး ရမည်။စာလုံးပေါင်းတစ်ခုနှင့်တစ်ခု ဆက်မရေးရ။

ပုံစံ။   ။ Maung   Thaung   Lwin  =မောင်သောင်းလွင်
           Ma         Tin         Yee = မတင်ရီ
           U      Aye      Maung = ဦးအေးမောင်
           Daw     Mya     Kyi = ဒေါ်မြကြည်
           Khin       Soe    Myint = ခင်စိုးမြင့်
           Ma    Than     Hlaing = မသန်းလှိုင်

၂။ ဘုန်းကြီး သီလရှင်တို့ ဘွဲ့နာမည်များတွင် ရှေ့ဆုံး အက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေး၍ တဆက်တည်း စာလုံးပေါင်းရမည်။( လူကဲ့သို့ တစ်လုံးချင်းမရေးရ ၊ မှားတတ်သည်။)
ပုံစံ။    ။Ashin    Thumana =အရှင်သုမန
           U    Khemeinda = ဦးခေမိန္ဒ
ဆရာတော် ဦးဉာဏ ။  (Ven   U  Nyana ကို    Venerable - ဗင်း- န်ရ်ဘဲလ် ဟုပြောရဖတ်ရသည်။ ရိုသေလေးစားသောအားဖြင့် ဘုန်းကြီးဘွဲ့ရှေ့တွင် ထားရေးကြသည်။
           U   Khemeinda =ဦးခေမိန္ဒ
           Shin    Thawbana=ရှင်သောဘဏ
           Koyin    Zawana=ကိုရင်ဇ၀န
           Daw    Thilasari=ဒေါ်သီလစာရီ
           Ma    Nyanawadi=မဉာဏ၀တီ
          Ma   Kinsana=မကဉ္စန
          Ma  Kulawadi=မကုလ၀တီ
          Daw   Nyanasagi=ဒေါ်ဉာဏစာဂီ

၃။ ရာထူးအလုပ်အကိုင်တို့ကို နာမည်ရှေ့က ထည့်၍ ခေါ်ဝေါ်ရေးသားသောအခါ ၄င်းရာထူးအလုပ်အကိုင်၏ အစဆုံးအက္ခရာတစ်လုံးကိုသာ စာလုံးကြီးဖြင့်ရေးရ၍တဆက်တည်းစာလုံးပေါင်းရသည်။

ပုံစံ။  ။ ဆရာမ  Sayama     Ma     Tin       Yee =မတင်ရီ
Sayagyi    U      Aye     Maung = ဆရာကြီးဦးအေးမောင်
Saya   U    Kyaw    Tint= ဆရာဦးကျော်တင့်
 Bogyoke      Aung    San=ဗိုလ်ချုပ်အောင်ဆန်း
Yebaw     Kyaw   Win= ရဲဘော်ကျော်ဝင်း
Sayadaw   U    Zawtika= ဆရာတော်ဦးဇောတိက 
Phongyi    U      Khemeinda=  ဘုန်းကြီးဦးခေမိန္ဒ
Ubazin  U    Nyana=ဦးပဉ္စင်းဦးဉာဏ
Koyin    Shin      Kethara= ကိုရင်ရှင်ကေသရ    
Sayagyi     Daw    Thilasri = ဆရာကြီးဒေါ်သီလစာရီ
 Syalay     Daw   Nyanawadi=ဆရာလေး ဒေါ် ဉာဏ၀တီ

၎။မြို့ ရွာ လမ်း အဆောက်အအုံ၏ အမည်များတွင် အစဆုံးအက္ခရာတစ်လုံးကိုသာ  စာလုံးကြီးဖြင့်ရေး၍ တဆက်တည်းစာလုံးပေါင်းရသည်။အသံထွက်အတိုင်းစာလုံးပေါင်းရသည်။

ပုံစံ။     ။     Pyuntaza  = ပြွန်တန်ဆာ
                 Nyaunglebin= ညောင်လေးပင်
                 Bago= ပဲခူး
                 Yedashe= ရေတာရှည်
                 Kanyutkwin= ကညွတ်ကွင်း
                 Mandalay= မန္တလေး
                 Seikpyangyi   Village= ဆိတ်ပြန်ကြီးရွာ
                 Lay- ein    Zu    Village= လေးအိမ်စုရွာ
                 Ngabyema    Village=ငါးပြေမရွာ
                 Payangazu     Street=ဘုရားငါးဆူလမ်း
                 Theinpyu     Street=သိမ်ဖြူလမ်း
                 Gyatawya     Street =ကြားတောရလမ်း
                 Shwedagon      Pagoda=ရွှေတိဂုံဘုရား
                 Sulay  Pagoda= ဆူးလေဘုရား
                 Seindaungpyan= စိန်ဒေါင်းပျံ(သင်္ဘော)
                 Aungteza= အောင်တေဇ(သင်္ဘော)

၅။ အဓိပ္ပါယ်ရှိသည့် နာမ်ပုဒ်များကို စုပေါင်း၍မှည့်ခေါ်ထားသော အဆောက်အအုံ ၊ အသင်း ၊ရုံး ၊ ရာထူး အမည် များတွင် နာမ်ပုဒ် တိုင်း ကို စာလုံးကြီး ဖြင့် စရေးရမည်။

ပုံစံ ။     ။   Bahan       State    High      School   =ဗဟန်းအစိုးရအထက်တန်းကျောင်း။
                World     Peace     Pagoda= ကမ္ဘာအေးဘုရား
                Union    Bank    of     Myanmar=ပြည်ထောင်စုဘဏ်တိုက်
                National     Housing   Board= ပြည်သူ့အိုးအိမ်အဖွဲ့
                Buddhist    Scholar    Society=ဗုဒ္ဓ၀ါဒသုတေသနအဖွဲ့
               Head   Master=ကျောင်းအုပ်ဆရာကြီး
               Member    of   Parliament = ပါလီမန်အမတ်
               Deputy    Commissioner = အရေးပိုင်
               General    Secretary = အကျိုးဆောင်ချုပ်
               Prime   Minister =၀န်ကြီးချုပ်

ရုံးကိစ္စလျှောက်လွှာများတွင် လူနာမည် ၊ မြို့ ရွာအမည်များ ကို ပုံနှိပ် စာလုံးကြီး သက်သက်ဖြင့် သာရေးသားကြလေသည်။လျှောက်လွှာများ၌( In    Block    Letters ) စာလုံးကြီးဖြင့်ရေးပါဟု  အထူးမှာ ထားတတ်ကြသည်။

ပုံစံ ။      ။ MAUNG   WIN    MAUNG =မောင်ဝင်းမောင်
               MA   MYA    THAUNG = မမြသောင်း
               MAUNG   SEIN   WIN = မောင်စိန်ဝင်း
               MA    TIN    YEE= မတင်ရီ
               MANDALAY= မန္တလေး
               YANGON= ရန်ကုန်
               KYUAKSE   = ကျောက်ဆည်
               THAZI   =သာစည်


Reference : New   Method    English    Grammar     By    Ashin      Thumana( B  . A)

By Aung Naing Soe
Myanmar Network 

HUGO English Lessions 50-60