This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, 10 January 2012

House စကားလုံး အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်း စကားလုံးများမှာ put your house in order နဲ့ to clean house တို့ ဖြစ်ကြပါတယ်။ ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနူန်းကတော့ put your house in order ဖြစ်ပါတယ်။ put ပြုလုပ်သည်၊ your သင်၏၊ in order စနစ်တကျရှိစေသည် တို့ ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင်ရဲ့  အိမ်ကို စနစ်တကျ သန့်သန့်ပြန့်ပြန့်ထားပါ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းကို အခြေအနေ နှစ်ရပ်နဲ့ ပတ်သက်ပြီး သုံးနိုင်ပါတယ်။ ပထမအသုံးကတော့ ကိုယ့်ရဲ...